Thursday, May 30, 2013

လာရှိုးမြို့ဈေးဆိုင်တချို့ ပြန်ဖွင့်၊ လုံခြုံရေးတိုးမြှင့် Posted: 30 May 2013 02:29 AM PDT


လားရှိုးမြို့ပဋိပက္ခကြောင့် ၂ ရက်ကြာ ပိတ်ထားတဲ့ဈေးကို မေ ၃၀ ရက် ဒီနေ့မနက်က စတင် ဖွင့်လှစ် ရောင်းချနေပါတယ်။ ဈေးဆိုင်တိုင်း မဖွင့်ပေမယ့် နေ့စဉ်စားသောက်ကုန်တွေ လာရောက် ရောင်းချနေတာတွေ များပါတယ်။

ဈေးထဲမှာတော့ ကောလဟလတွေနဲ့ ပြန့်နေတဲ့အတွက် သတိထားရောင်းနေရတယ်လို့ ဆိုင်ဖွင့်တဲ့ ဈေးသည်အများစုက ပြောကြပါတယ်။

လားရှိုးမြို့မှာ ပဋိပက္ခဖြစ်ပွားပြီး ၃ ရက်မြောက်နေ့မှာတော့ ဈေးဆိုင်အချို့ စတင်ရောင်းချနေပြီး လုံခြုံရေးများ တိုးမြင့်ချထားတာကိုလည်း တွေ့မြင်ရပါတယ်။

 by ဒီဗွီဘီ 

(သတင်းဓာတ်ပုံ – အိမ်ခိုင်မြဲ)

0 comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...