Wednesday, May 29, 2013

လားရှိုးသတင်းယူနေသည့် ရုပ်သံသတင်းသမား ၂ ဦး တိုက်ခိုက်ခံရ Posted: 29 May 2013 04:55 AM PDT

လားရှိုးမြို့ မီးရှို့မှုတွေနဲ့ ပဋိပက္ခတွေအကြောင်း  လိုက်လံသတင်း ရိုက်ယူနေတဲ့ အိုင်စီဂျေ ရုပ်သံ အလွတ် သတင်းသမား ၂ ဦးကို ဒေါသထွက်နေတဲ့ လူအုပ်စုတစ်စုက လာရောက် ရိုက်နှက်သွားတဲ့ အတွက်  ဦးခေါင်းနဲ့နောက်ကျော ဘက်တွေမှာ ဒဏ်ရာရ သွားပါတယ်။

လားရှိုးမြို့  (၇) ရပ်ကွက် အနီးနားမှာ စားသောက်ဆိုင်တခုကို ဖျက်ဆီးနေတဲ့ သတင်းယူနေစဉ် ဒီကနေ့ညနေပိုင်းက အရိုက်ခံရ တာဖြစ်ပါတယ်။

အရိုက်ခံရတဲ့ အိုင်စီဂျေသတင်းသမားက “ကျနော်ကိုယ်တိုင် အရိုက်ခံရတယ်။ ခေါင်းကွဲသွားတယ်။ ရပ်ကွက် ၇ ထဲမှာပါ။ ကျနော်နဲ့အတူပါလာတဲ့သူက ကျောကုန်းမှာ အရိုက်ခံရတယ်။ ကျနော်တို့ ကင်မရာကို ဘေးမှာလွယ်ပြီး အခြေအနေကို ကြည့်နေတဲ့အချိန်မှာ ဆိုင်ကယ်အုပ်လိုက်ကြီးက လာတယ်။ ပြီးတော့ ပြေးဆင်းလာပြီး ကျနော့်ကင်မရာကို ဆွဲယူတယ်။ ကျနော့်ဘေးက သူငယ်ချင်းရဲ့ ကင်မရာကို ဆွဲယူတယ်။ မင်းတို့က မှတ်တမ်းရိုက်တာလားဆိုပြီး ဆွဲယူတော့ မဟုတ်ပါဘူးဆိုပြီးပြောတယ်။ အဲမှ ကင်မရာပေးဆိုပြီး ယူတယ်။ ကျနော်တို့က ကင်မရာတော့ မယူနဲ့၊ Memory Card မန်မိုရီကတ်ပဲ ယူသွားပါဆိုပြီး ကတ်တွေ ထုတ်ပေးလိုက်တယ်။”

လားရှိုးမြို့မှာ အစိုးရက ပုဒ်မ ၁၄၄ ထုတ်ထားပေမယ့် အခြေအနေက ဆိုးဝါးနေဆဲပဲလို့ ဆိုပါတယ်။

“လူအုပ်ကြီးက ဆိုင်ကယ်တွေ၊ ကားတွေ၊ သုံးဘီးတွေနဲ့ သွားနေတော့ ဒီဘက်မှာ လုံခြုံရေးချလိုက်ရင် ဟိုဘက်ကို သွားတယ်။ ဟိုဘက်မှာ လုံခြုံရေး ချလိုက်ရင် ဒီဘက်ကိုသွားတယ်။ ဟိုရွှေ့လိုက်ဒီရွှေ့လိုက် ဖြစ်နေတယ်။” 

နန်းမြနဒီ  (ဒီဗွီဘီ)

0 comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...