Saturday, May 25, 2013

ထောက်လှမ်းရေး အတွက် အလုပ်လုပ်ပေးဖို့ ကမ်းလှမ်းခဲ့ကြောင်း သူငယ်ချင်းဖြစ်သူ ထွက်ဆို Posted: 25 May 2013 01:10 AM P

 ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့တုန်းက လန်ဒန်တောင်ပိုင်းက လမ်းပေါ်မှာ စစ်သားတယောက်ကို သတ်ဖြတ်ခဲ့တဲ့ နှစ်ယောက်ထဲက တယောက် ဖြစ်တဲ့ မိုက်ကယ် အက်ဒ်ဘိုလာဂျို နဲ့ အမြဲတွဲနေတဲ့ သူငယ်ချင်း Abu Nusaybah က ဘီဘီစီကို ပြောကြားရာမှာ လုံခြုံရေး အဖွဲ့တွေက အက်ဒဘိုလာဂျို ကို သူတို့အတွက် အလုပ်လုပ်ပေးဖို့ ထပ်တလဲလဲ ကမ်းလှမ်းခဲ့ပြီး သတင်း အချက်အလက်တွေလည်း တောင်းခဲ့တယ်လို့ ဆိုပါတယ်။

ဒီပြောကြားချက်နဲ့ ပတ်သက်လို့ သီးခြား လွတ်လပ်တဲ့ အတည်ပြုချက်တွေ မရသေးဘဲ အဲဒီလို ပြောကြားလိုက်ပြီးတဲ့နောက် နူဆေးဘက်ဟာ အကြမ်းဖက်မှု နှိမ်နင်းရေး ရဲတွေရဲ့ ဖမ်းဆီးတာ ခံခဲ့ရပါတယ်။

မနှစ်က နှစ်ကုန်ခါနီး အချိန်လောက်မှာ ကင်ညာ လုံခြုံရေး တပ်ဖွဲ့တွေက အက်ဒ်ဘိုလာဂျိုကို ဖမ်းဆီး ထိန်းသိမ်းခဲ့ပြီးတဲ့နောက် ဗြိတိန်က လုံခြုံရေး အဖွဲ့တွေက သူ့ဆီ ချဉ်းကပ်ခဲ့တာ ဖြစ်တယ်လို့ မစ္စတာနက်ဆေးဘက်က ပြောပါတယ်။

ကင်ညာမှာ ဖမ်းဆီး ထိန်းသိမ်း ခံခဲ့ရစဉ် အတွင်း ကိုယ်ခန္ဓာရော လိင်ပိုင်း အရပါ မတရား ပြုကျင့် ခံခဲ့ရတယ်လို့ အက်ဒ်ဘိုလာဂျိုက ထွက်ဆိုခဲ့တယ်လို့ သိရပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

စစ်သား သတ်သူ နှစ်ယောက်ထဲက အက်ဒဘိုလာဂျိုရဲ့ သူငယ်ချင်း Abu Nusaybah

0 comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...