Tuesday, May 28, 2013

ဒီပဲယင်းဆယ်နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနား ကြည်ရွာတွင် ကျင်းပမည် Posted: 28 May 2013 03:36 AM PDT မုံရွာ၊ မေ ၂၇

ဒီပဲယင်းအရေးအခင်း ဆယ်နှစ်ပြည့်မြောက်မည့်ရက် ဖြစ်သည့် မေလ ၃၀ ရက်နေ့တွင် အောက်မေ့ဖွယ်အခမ်းအနား ကို ရွှေဘိုခရိုင် ဒီပဲယင်းမြို့နယ် ကြည်ရွာ၌ နံနက် ၈ နာရီတွင် ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း ယင်းအခမ်းအနား ဖြစ်မြောက်ရန် စီစဉ်နေသူတစ်ဦးက ပြောကြားသည်။

၂၀၁၃ ခုနှစ် မေလ ၃၀ ရက်နေ့တွင် ဆုံးပါးသွားခဲ့သူများကို ရည်မှန်း၍ သံဃာတော်အပါး ၃၀ အား ကြည်ရွာတွင် ဆွမ်းကပ်ရန် စီစဉ်ထားကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဒီပဲယင်းမှ တာဝန်ရှိသူ တစ်ဦးကဆိုသည်။

"ဒီပွဲကျင်းပရတဲ့ ရည်ရွယ်ချက်က ဒီလိုဖြစ်ရပ်မျိုး နောင်ဘယ်တော့မှ မဖြစ်စေ ချင်တော့လို့ပါ၊ အာဃာတတွေ ကင်းရပါ မယ်၊ ခွင့်လွှတ်နိုင်ရပါမယ်၊ အပြစ်ပြောနေရင်တော့ ပြီးဆုံးမှာ မဟုတ်ပါဘူး"ဟု ILO နှင့် အလုပ်သမားအရေး လယ်သမားအရေး ဆက်သွယ် ဆောင်ရွက်သူများကွန်ရက် အထက်မြန်မာပြည်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အခမ်းအနားကို ဒီပဲယင်းမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ILO အလုပ်သမားအရေး လယ်သမားအရေး ဆက်သွယ်ဆောင်ရွက်သူများ ကွန်ရက်နှင့် ၂၀၁၃ ခုနှစ် မေလ ၃၀ ရက်နေ့ ညပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည် လိုက်ပါလာသည့် မော်တော်ယာဉ်ကို မောင်းနှင်ခဲ့သည့် ဦးကျော်စိုးလင်း မိသားစုတို့က ပွဲဖြစ်မြောက်စေရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။

၂၀၀၃ ခုနှစ် မေလ ၂၉ ရက်နေ့တွင် စည်းရုံးရေးခရီးစဉ် အဖြစ် မုံရွာမြို့သို့
ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိခဲ့ပြီး မေလ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် မုံရွာမြို့မှ ရေဦးမြို့သို့ သွားရန်ထွက်ခွာခဲ့ကာ လမ်းခုလတ် ဘုတလင်မြို့တွင် ခေတ္တနားနေခဲ့ပြီး မေလ ၃၀ ရက်နေ့ ညဦးပိုင်းအချိန် ဒီပဲယင်းမြို့ အဝင် ကြည်ရွာတွင် ဒီပဲယင်းအရေးအခင်း ဖြစ်ပွားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ကို အဆိုပါကိစ္စ ဖြစ်ပွားပြီးနောက် နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူ များ၏ ဘေးရန်မှကာကွယ် စောင့်ရှောက်ရေး ဥပဒေဖြင့် ယခင်တပ်မတော် အစိုးရက ခြောက်နှစ်နီးပါးခန့် နေအိမ် အကျယ်ချုပ် ချမှတ်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ တတိယ အကြိမ် နေအိမ်အကျယ်ချုပ် သက်တမ်းကုန် ဆုံးရန် လပိုင်းများ အလိုတွင် ရဲတပ်ဖွဲ့ဝင်များ လုံခြုံရေးယူထားသော နေအိမ်ခြံဝင်း အတွင်းသို့ အမေရိကန်နိုင်ငံသား မစ္စတာ ဂျွန်ယက်တော ရေကူးဝင်ရောက်ခဲ့ခြင်းကို လက်ခံမိသဖြင့် ယခင်တပ်မတော်အစိုးရ၏ ထပ်မံတရားစွဲဆိုခြင်းကို ခံခဲ့ရပြီး ၂၀၁၀ ရွေးကောက်ပွဲကျင်းပပြီး တစ်ပတ်အကြာ နိုဝင်ဘာ ၁၃ ရက်နေ့တွင် ပြန်လည် လွတ်မြောက်ခဲ့သည်။

The Voice Weekly

ဓါတ်ပုံ - ဒီဗွီဘီ

0 comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...