Wednesday, July 31, 2013

PRO TUBER V2.0 V IPHONE ,I PAD ,I POD for ios


 

                                                      
                                657893473e6e7e141ddd652cc5c1a751
မင်္ဂလာပါခင်ဗျာ တော်ဝင်သစ္စာမိသားစုမှကြိုဆိုပါတယ် IOS မိတ်ဆွေသူငယ်ချင်းများကို youtube downloader တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ် တကယ်သုံးရတာအဆင်ပြေပါတယ် pro tuber ဆိုပီး apple store မှာ free ရယူနိုင်ပါတယ် ဒေါင်းပီးသား movie တွေကိုလဲ camera roll ထဲကို ထည့်ထားလို့ရပါတယ် FaceBook မှာ ပြန် share လို့လွယ်ပါတယ့်
သုံးနည်းကတော့ movie တစ်ကားဖွင့်လိုက်ရင် အပေါ်တန်းလေးမှာ download arrow ကိုနှိပ်လိုက်ပါ ဖွင့်ထားတဲ့ movie ကို hide or done ကိုနှိပ်ပါ အပေါ်ဘယ်ဘက်ထောင့်က သုံးတုံးဆင့် menu bar လေးကိုနှိပ်လိုက်ရင် downloads ဆိုတဲ့အထဲမှာ အစောက ဒေါင်းထားတဲ့ movies တွေရှိပါတယ် အဲ movie ကိုဖိထားလိုက်ရင်တော့ camera roll မှာ save လို့ရသလို အခြား ဖိုင်တွေမှာလဲ ထည့်လို့ရပါတယ် သုံးရတာအဆင်ပြေတဲ့အတွက် ပြန်လည်မျှဝေပေးတာပါ အသုံးပြုချင်ရင်တော့ အောက်ကလင်ခ်မှာဒေါင်းနိုင်ပါတယ်ခင်ဗျာ
လင့်ခ်နှစ်ခုရှိပါတယ်အဆင်ပြေသလိုဒေါင်းပါ

https://itunes.apple.com/us/app/protuber-best-player-for-youtube/id643857858?mt=8
နောက်တစ်ခု
https://itunes.apple.com/sg/app/protuber-best-player-for-youtube/id643857858?mt=8

Viber : Free Messages & Calls v 3.1.0 for android(latest version)


 


                                             

Wednesday, July 31, 2013 တရားရုံးက စီရင်လိုက်သည့်အမှုများကို ဝေဖန်နိုင်ပြီ


             

လွန်ခဲ့သော နှစ်ကိုးဆယ်နီးပါးက ပြဌာန်းထားသည့် ဥပဒေဟောင်းကို ဖျက်သိမ်းပြီး ဇူလိုင် ၂၉ ရက်တွင် အသစ်ပြဌာန်းလိုက်သည့် တရားရုံး မထီမဲ့မြင်ပြုမှုဥပဒေသစ်တွင် တရားသူကြီးက အမိန့်ချမှတ်ပြီးသည့် အမှုကို ဝေဖန်နိုင်ကြောင်း ထည့်သွင်းပြဌာန်းထားသည်။

တရားလွှတ်တော်ရှေ့နေ ဦးကိုနီက ယင်းပြဌာန်းချက်သည် “ စီရင်ချက် ချလိုက်လို့ အဲ့ဒီ စီရင်ချက်ကြီးက မမှန်ကန်ဘူး၊ မမျှတဘူး၊ တစ်ဖက်ဖက်ကို ဘက်လိုက်တဲ့အကြောင်း ရှိနေတယ်၊ ဘာညာ သုံးသပ်မယ်ဆိုရင် သုံးသပ်လို့ ရသွားပြီပေါ့ဗျာ။ အင်မတန် ကောင်းတဲ့အချက်ပါပဲ”ဟု မှတ်ချက်ပြုသည်။

အင်္ဂလိပ်တို့ မြန်မာနိုင်ငံကို ကိုလိုနီ ပြုလုပ်ထားသည့်အချိန် ၁၉၂၆ ခုနှစ်က ပြဌာန်းထားသည့် တရားရုံး မထီမဲ့မြင်ပြုမှုဥပဒေကို ပယ်ဖျက်ပြီး အသစ်ပြဌာန်းသည့် ယင်းဥပဒေ၏ ပုဒ်မ ၈ တွင် ထိုသို့ ပြဌာန်းထားခြင်းဖြစ်သည်။

စီရင်ချက်ချပြီးသည့် အမှုအပေါ် ဝေဖန်မှု၊ သုံးသပ်မှုများကိုလည်း ပုံနှိပ်ထုတ်ဝေခြင်း၊ ဖြန့်ချိခြင်းများလည်း လုပ်ဆောင်နိုင်ပြီး ထိုသို့ ပြုလုပ်မှုသည် တရားရုံးကို မထီမဲ့မြင် လုပ်မှုမမြောက်ကြောင်း ထိုပုဒ်မတွင်ထည့် သွင်းထားသေးသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ အထက်လွတ်တော်အမတ် ဦးအောင်ကြည်ညွန့်က ထိုအချက်သည် တရားစီရင်ရေး၏ အလားအလာကောင်း ဖြစ်သည်ဟုလည်း သုံးသပ် ပြောဆိုသည်။

ထို့ပြင် တရားစီရင်နေဆဲ ကာလတွင်လည်း အမှုနှင့်ပတ်သက်၍ မှန်ကန်တိကျ ခိုင်လုံသော အကြောင်းအရာ တစ်ရပ်ရပ်ကို နှုတ်ဖြင့်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ၊ ထုတ်ဖော်ကြေငြာခြင်း၊ သတင်းအဖြစ် ရေးသားခြင်း၊ ပုံနှိပ်ထုတ်ဝေခြင်းနှင့် ဖြန့်ချိခြင်းသည် တရားရုံးကို မထီမဲ့မြင်ပြုမှု မမြောက်စေရဟုလည်း အဆိုပါဥပဒေ၏ ပုဒ်မ ၇ တွင် ပြဌာန်းထားသည်။

တရားခွင်ကို အများပြည်သူ ၀င်ရောက်ခွင့်မရှိဘဲ သီးသန့် စစ်ဆေးသည့် အမှုများကိုပင်လျှင် ဥပဒေမချိုးဖောက်ဘဲ ရေးသားလျှင် လည်းကောင်း၊ တရားရုံးက အတိအလင်း ပိတ်ပင်မထားလျှင် လည်းကောင်း၊ တရားစီရင်ရေးတွင် အငြင်းပွားဆဲ လျှို့ဝှက်ကိစ္စ မဟုတ်လျှင်လည်းကောင်း ပုံနှိပ်ထုတ်ဝေ ဖြန့်ချိနိုင်သည်ဟုပင် ထိုဥပဒေက ကင်းလွတ်ခွင့်ပေးထားသည်ကိုလည်း လေ့လာတွေ့ရှိရသည်။

သို့သော် တရားရုံးကို မထီမဲ့မြင်လုပ်မှု မြောက်စေသော လုပ်ရပ်များကို ပြုလျှင်မူ အများဆုံး ငွေဒဏ် တစ်သိန်းနှင့် ထောင်တစ်နှစ် ချမှတ်နိုင်ပြီး၊ တရားမဆိုင်ရာ မထီမဲ့မြင်မှု ဖြစ်လျှင် ငွေဒဏ်တစ်သိန်းနှင့် ထောင်သုံးလ ချနိုင်ကြောင်းလည်း ဥပဒေတွင် ထည့်သွင်း ပြဌာန်းထားသည်။

မင်းမင်း
Mizzima - News in Burmese 

ednesday, July 31, 2013 မယ်တော်ဆေးခန်း ရေလွှမ်း၍ လူနာများ ရွှေ့ပြောင်းထားရ


              


မဲဆောက်မြို့နယ်အတွင်းရှိ ကျောင်းသားဆေးခန်းဟု လူသိများ သော မယ်တော်ဆေးခန်းဌာန အများ စုမှာ ရေလွှမ်းနေသဖြင့် အတွင်းလူနာ များကို အနီးအနားရှိ Child Development Centre များသို့ပြောင်း ရွှေ့ထား ရကြောင်း သိရသည်။

”ဆေးခန်းဝင်းထဲမှာတော့ နေရာ တိုင်းမှာ ရေတွေချည်းပဲ။ ဒါကြောင့်မို့ ၂၈ ရက်နေ့ကစပြီး အတွင်းလူနာ ၂ဝဝ လောက်ကို CDC ကျောင်းတွေ ဆီ ရွှေ့ ထားရတယ်”ဟု မယ်တော်ဆေးခန်းမှ မအိသဘော်က ပြောသည်။

ယနေ့ ဇူလိုင်လ ၃ဝ ရက်နေ့အ ထိ မိုးသည်းထန်စွာရွာသွန်းနေဆဲဖြစ် ပြီး ဆေးခန်းတွင်း ရေလွှမ်းမိုးမှု ပိုမို များ ပြားလာမည်ကိုစိုးရိမ်နေရသည်ဟု ၄င်း က ဆိုသည်။ မယ်တော်ဆေးခန်းကို ဒေါက်တာ စင်သီယာမောင်က ၁၉၈၉ ခုနှစ်တွင် ထိုင်း-မြန်မာနယ်စပ် မဲဆောက် မြို့အနီးတွင် စတင် တည်ထောင်ခဲ့ခြင်း ဖြစ်သည်။

ဇူလိုင် ၂၈ ရက်နေ့မှစ၍ ရက် ဆက်မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သောင်းရင်းမြစ်ရေ မြင့်တက်ကာ သုံး နှစ်အတွင်း အဆိုးရွားဆုံး ရေကြီးရေလျှံ မှုဖြစ်ပွားခဲ့ပြီး မြန်မာနိုင်ငံဘက်ရှိ မြဝ တီမြို့နှင့် ထိုင်းနိုင်ငံဘက်ရှိ မဲဆောက် မြို့နေရာအများစု ရေလွှမ်းမိုးမှုဖြစ်ပွား ခဲ့သည်။

ကျော်ရဲလင်း
Popular Myanmar News Journal 

Wednesday, July 31, 2013 ဗုဒ္ဓဂယာ မဟာဗောဓိစေတီနှင့် လုမ္ဗိနီတို့သို့ မိုဘိုင်းဖုန်းနှင့် ကင်မရာ ယူဆောင်ခွင့် မပြုတော့


          

ဗုဒ္ဓဂယာ ဘုရားဖူးခရီးစဉ်မှ မဟာဗောဓိ စေတီနှင့် နီပေါရှိလုဗ္ဗနီတို့သို့ မိုဘိုင်းဖုန်းနှင့် ကင် မရာ ယူဆောင်ခွင့်မပြုတော့ကြောင်းသိရသည်။

ယခုလ ၇ ရက်နေ့တွင် ဗုဒ္ဓဂယာ၌ ဖြစ်ပွား ခဲ့သည့် ဗုံးပေါက်ကွဲမှုကြောင့် အိန္ဒိယသံရုံးမှ လုံခြုံရေးများ တိုးချဲ့လိုက်ပြီး နေရာတိုင်းတွင် သတ္တုရှာဖွေ သည့်စက်များ ပိုမိုတပ်ဆင်ထား ကြောင်း သိရသည်။

”အတွင်းထဲကို မိုဘိုင်းဖုန်းတွေ၊ ကင်မရာ တွေ ယူဆောင်ခွင့်မပေးတော့ ပါဘူး။ အဲဒီ့ အတွက် အမှတ်တရဓာတ်ပုံရိုက်ဖို့ ခက်ခဲသွား ပါတယ်။ တစ်ဖက်မှာ လုပ်လိုက်တဲ့အတွက်လည်း လုံခြုံရေးအရ အရမ်းထူထပ်သွား တဲ့အတွက် စိတ်ချရတဲ့ အခြေအနေလည်း ဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းမှ အတွင်းရေးမှူးဦးနောင်နောင် ဟန်က ပြောသည်။

ဘုရားရှင် တရားဟောတော်မူရာ နေရာနှင့် ပရိနိဗ္ဗာန်စံတော်မူရာ နေရာနှစ်ခု တွင် မိုဘိုင်းဖုန်းနှင့် ကင်မရာယူဆောင်ခွင့် ပြုထား သော်လည်း လုံခြုံရေးအရ စစ်ဆေးမှုများကို နေရာတိုင်းတွင် ပြုလုပ်နေသောကြောင့် ဘုရား ဖူးခရီးသွားများအတွက် စိတ်ချရကြောင်း ဦးနောင်နောင်ဟန် က ပြောသည်။

”အတွင်းထဲမှာတော့ အနှောင့်အယှက် ဖြစ်စေမယ့် လုံခြုံရေးတွေ မရှိပါဘူး။ ဘုရားဖူး တဲ့လူတွေ လွတ်လွတ်လပ်လပ် ပူဇော်ဖူးမြော် နိုင်မယ့် အခြေအနေတွေ ရှိပါတယ်” ဟု ၄င်းက ဆက်ပြောသည်။

ယခုအခါ ဗုဒ္ဓဂယာသို့ ဘုရားဖူးသွားရန် အတွက် လေကြောင်းလိုင်းများ တိုးချဲ့ပျံသန်းသွား မည်ဖြစ်သဖြင့် ၂ဝ၁၂ ခုနှစ် ခရီးသွားရာသီတွင် ဘုရားဖူးခရီးသွား လေးသောင်းခန့် ရှိခဲ့ပြီး၊ ယခု နှစ် ခရီးသွားရာသီ တွင် ခြောက်သောင်းခန့် ဖြစ် လာနိုင်ကြောင်း သိရသည်။

ဗုဒ္ဓဂယာ၏ လုံခြုံရေးနှင့်ပတ်သက်၍ ဝန် ဆောင်မှုလုပ်ငန်းရှင်များကလည်း စိုးရိမ်လျက် ရှိသောကြောင့် သြဂုတ်ပထမပတ်တွင် အိန္ဒိယ သံရုံးနှင့် နီပေါသံရုံးမှတာဝန်ရှိသူများ မြန်မာနိုင် ငံခရီးသွားလုပ်ငန်းရှင်များအသင်း ရုံးခန်းသို့ လာရောက်၍ လုံခြုံရေးပိုင်းဆိုင်ရာများ တွေ့ဆုံ ရှင်းလင်း သွားမည်ဖြစ်ကြောင်း သိရသည်။

ခိုင်နွယ်ဦး
Popular Myanmar News Journal 

မန္တလေးမြို.တွင် မိုးရွာသွန်းမူ ယခင်နှစ်ထက်သုံးဆနီးပါး ပိုများပြား

မန္တလေး၊ ဇူလိုင် ၃၀  

မန္တလေးတိုင်းဒေသကြီး မန္တလေးခရိုင် ငါးမြို့နယ်တွင် ဇန်နဝါရီမှ ဇူလိုင်လအထိ မိုးရေချိန် တိုင်းတာချက်များအရ ယခင်နှစ်ထက် မိုးရွာသွန်းမှု သုံးဆနီးပါး ပိုများကြောင်း မန္တလေးတိုင်းဒေသကြီး မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူက The Voice သို့ ပြောကြားသည်။

၂၀၁၂ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လအထိ မန္တလေးမြို့၌ မိုးရွာရက် ၁၂ ရက် ရှိခဲ့ပြီး မိုးရေချိန်လက်မ ၅ ဒသမ ၃၅ လက်မ ရှိခဲ့ကြောင်း၊ ၂၀၁၃ ခုနှစ် ဇန်နဝါရီလမှ ဇူလိုင် ၂၉ ရက်နေ့အထိ မန္တလေးမြို့၌ မိုးရွာသွန်း ရက် ၁၈ ရက် ရှိခဲ့ပြီး မိုးရေချိန် လက်မ ၁၄ ဒသမ ၁၇ လက်မရှိကြောင်း အဆိုပါဌာနမှ တိုင်းထွာချက်များအရ သိရသည်။

မြန်မာနိုင်ငံ၏ မိုးရာသီ ကာလမှာ ဧပြီလတွင် မိုးကြိုကာလ ဖြစ်ပြီး နိုဝင်ဘာ လတွင် မိုးနှောင်းကာလ ဖြစ်ကြောင်း၊ မန္တလေးမြို့တွင် ၂၀၁၂ခုနှစ် ဧပြီလ၌ မိုးရေချိန် ၂ ဒသမ ၄၈ လက်မရှိခဲ့ပြီး ၂၀၁၃ ဧပြီလ ၌ မိုးရေချိန် ၁ ဒသမ ၀၂ လက်မ ရှိခဲ့ကြောင်း၊ ၂၀၁၂ခုနှစ် မေလ၌ မိုးရေချိန် ၀ ဒသမ ၅၉ လက်မ ရှိခဲ့ပြီး ၂၀၁၃ မေလ၌ မိုးရေချိန် ၆ ဒသမ၂၆ လက်မ ရှိခဲ့ကြောင်း၊ ၂၀၁၂ ခုနှစ် ဇွန်လ၌ မိုးရေချိန် ၁ ဒသမ ၅၃ လက်မ ရှိခဲ့ပြီး ၂၀၁၃ ဇွန်လ၌ မိုးရေချိန် ၅ ဒသမ၉၁ လက်မ ရှိခဲ့ကြောင်း အဆိုပါဌာနမှ တိုင်းထွာချက် များအရ သိရသည်။

ရာသီဥတု ပြောင်းလဲမှု တစ်နှစ်ထက် တစ်နှစ် မြန်ဆန် ဆိုးရွားလာ ရာ မြန်မာနိုင်ငံ တစ်ဝန်း ယခုနှစ် မိုးရာသီ ကာလတွင် မြန်မာနိုင်ငံ အောက် ပိုင်း ဒေသများ၌ မိုးများပြီး မြန်မာနိုင်ငံ အလယ်ပိုင်းနှင့် အထက်ပိုင်းဒေသ တို့တွင် မိုးနည်းလျက် ရှိကြောင်း၊ ထိုင်းနိုင်ငံဘက်တွင် မိုးရွာသွန်းမှု များပြီး ဆည်ရေ များ လွှတ်ချမှုကြောင့် မြန်မာနိုင်ငံ တောင်ပိုင်း နယ်စပ်မြို့ အချို့တွင် ရေနစ်မြုပ်နေကြောင်း အဆိုပါဌာနမှ တာဝန်ရှိသူက ဆိုသည်။

“မန္တလေးမှာ ဒီနှစ် မိုးပိုများတယ်ဆိုတာ ဟုတ်ချင် ဟုတ်မယ်။ ဒါပေမဲ့ ဒီနှစ် မန္တလေးမှာ မိုးခေါင်သလောက် ရှိနေပြီ။ အောက်ပိုင်းတွေက မိုးကြီးနေပေ မယ့် နေပြည်တော်ကျော်ပြီး အထက်ဘက်ကို မိုးက တက်မလာဘူး။ ဒီလမှာဆို ဒီရက် ဇူလိုင်လ ၃၀ ရက်က မိုးစရွာတဲ့ရက်လားတောင် ထင်ရတယ်” ဟု မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်နေ စားသောက်ဆိုင် လုပ်ငန်းရှင် ဒေါ်သန်းချစ်က ဆိုသည်။

The Voice Weekly

Sunday, July 28, 2013

Saturday, July 27, 2013 အင်တာနက်သုံးနိုင်ရန် ချင်းပြည်နယ် ကျေးရွာအချို့တွင် ၀ိုင်ဖိုင် အခမဲ့ တပ်ဆင်ပေး


             

ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်မြို့ရှိ ကျေးရွာအချို့တွင် ၀ိုင်ဖိုင်ဖြင့် အင်တာနက် အသုံးပြုနိုင်ရန်အတွက် အဆိုပါဒေသရှိ လူမှုအဖွဲ့အစည်းများက ဆောင်ရွက်ပေးနေပြီး ဇူလိုင် ၂၀ ရက်မှစတင်ကာ အခမဲ့အင်တာနက် သုံးစွဲနိုင်ပြီဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ယင်းသို့ဆောင်ရွက်ပေးခြင်းမှာ ကျေးလက်ဒေသအိုင်စီတီဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်ကူပြုစေရန် ဆောင်ရွက်ပေးခြင်းဖြစ် သည်ဟု အင်တာနက်သုံးစွဲနိုင်အောင် လုပ်ဆောင်ပေးသည့် လူမှုအဖွဲ့ အစည်းများက ပြောသည်။ လက်ရှိတွင် အင်တာနက်သုံးနိုင်ရန် ၀ိုင်ဖိုင်အလုံး ၂၀ တပ်ဆင်ပေးထားပြီး အိမ်ခြေများသော ကျေးရွာများတွင် နှစ်လုံးမှ သုံးလုံးအထိ တပ်ဆင်ပေး ထားသည်ဟုလည်း သိရသည်။

ယင်းသို့တပ်ဆင်ပေးခြင်းနှင့် ပတ်သက်ပြီး လူမှုအဖွဲ့အစည်းမှ နည်းပညာအကျိုးတော်ဆောင် မိုက်ကယ်ဟန်က “ဒီနှစ် ဧပြီလမှာ ကျရောက်တဲ့ ထုတ်လိုင်ကျေးရွာနှစ် (၁၀၀) ပြည့်ရတုသဘင်ပွဲတော်မှာ ၀ိုင်ဖိုင် စနစ်ကျင့်သုံးနိုင်ဖို့ ဆုံးဖြတ်ချက်ချကြပြီး အခုလို လက်တွေ့ အကောင်အထည် ဖော်ဆောင်ရွက်ကြတာ ပါ” ဟု ပြောသည်။

အင်တာနက်အသုံးပြုနိုင်သည့် ရွာများမှာ တီးတိန်မြို့နယ်ရှိ ထုတ်လိုင်၊ ပုမ်းဗာ၊ ဗန်တဲ့၊ ဇုန်း၊ ဖူနူမ်း၊ ဒိမ်ဇန်၊ ထန်နွဲ၊ စိုဇန်၊ ဘွင်၊ ဟေလေး၊ ပတ်ဇန်၊ ပန်ဆတ်ကျေးရွာများနှင့် အနီးဝန်းကျင်ရှိ ကျေးရွာအချို့တွင်လည်း သုံးစွဲနိုင်ပြီဖြစ်သည်ဟု သိရသည်။

ယင်းဒေသရှိ အခြေခံပညာအထက်တန်းကျောင်းများတွင်လည်း ကွန်ပျူတာဘာသာရပ်ကို ယခုစာသင်နှစ်မှ စတင်သင်ကြားပေးနေပြီဖြစ်သည်ဟုလည်း ဒေသခံတစ်ဦးကလည်း ပြောသည်။

ပြည်တွင်းအိုင်စီတီ ဖွံ့ဖြိုးတိုးတက်မှုအတွက် ကျေးလက်ဒေသများအထိ အိုင်စီတီ အသုံးပြုနိုင်ရေးမှာ များစွာအရေးကြီးလာပြီဖြစ်ပြီး အစိုးရဘက်မှလည်း အထောက်အကူပြုလုပ်ငန်းများ လုပ်ဆောင်ပေးရန်လိုကြောင်း အိုင်စီတီဖွံ့ဖြိုးတိုးတက်ရေးအတွက် နယ်မြို့များတွင် ကွန်ပျူတာသင်တန်းများအခမဲ့ လိုက်လံသင်ကြားပို့ချပေးနေသော MIDO (Myanmar ICT for Development Organi-zation) မှ အုပ်ချုပ်မှုဒါရိုက်တာ ဦးနေဘုန်းလတ်က သုံးသပ်ပြောကြားသည်။

၎င်းက “အသုံးပြုသူတွေက အပျော်မဟုတ်ဘဲ အကျိုးရှိရှိအသုံးပြုနိုင်ဖို့ သင်တန်းလေးတွေပါပေးသင့်တယ်”ဟု ပြောသည်။

နေစု(ချင်းရိုးမ)၊ ချိုကို
မဇ္ဈိမ 

Sunday, July 28, 2013 မူးယစ်ဆေးဝါးတွေ မြစ်ကြီးနားမှာ ဆက်တိုက်ဖမ်းမိ ခြင်း


            

၂၇-၇-၂၀၁၃ ရက်နေ့  ၁၂၀၀ အချိန်တွင် မြစ်ကြီးနား မူးယစ်(အထူး)အဖွဲ့ မှ တပ်ဖွဲ့ဝင်များသည် သက်သေ များနှင့်အတူ မူးယစ်ဆေးဝါး သတင်းအရ ၀ိုင်းမော်မြို့နယ်၊ ၀ါရှောင်ကျေးရွာ၊ ရပ်ကွက်(၁)နေ မအေးချို(ခ)မချို ၏ နေအိမ်အား ၀င်ရောက် စစ်ဆေးရှာဖွေရာ မအေးချို(ခ)မချိုနှင့် အတူ မူးယစ်ဆေးဝါး သုံးစွဲရန် ရောက်ရှိနေသူ ငွားဆာ(ကျား)တို့နှစ်ဦးအား တွေ့ ရှိရပြီး ငွားဆာဝတ်ဆင်ထားသော ရှပ်အင်္ကျီ အိတ်ကပ် အတွင်း ပလပ်စတစ်ဗူးငယ်ဖြင့် ထည့်လျက် ဘိန်းဖြူမှုန့် အလေးချိန်(၀.၃၅)ဂရမ်ခန့် (ကာလတန်ဖိုး နှစ်သောင်း ရှစ်ထောင်ကျပ်တိတိ)နှင့် ငွေ(၃)သိန်းကျပ်အား ရှာဖွေတွေ
့ရှိသဖြင့် စစ်မေးရာ အိမ်ရှင် မအေးချို(ခ) မချိုထံမှ ၀ယ်ယူထားခြင်း ဖြစ်ကြောင်း ထွက်ဆိုခဲ့သဖြင့်
ဝိုင်းမော်ရဲစခန်း  မယ(ပ) ၂၀၄/၂၀၁၃၊ မူးစိတ်ပုဒ်မ ၁၅/၁၆(ဂ)/၂၀(က)/၂၁ အရ အမှုဖွင့် အရေးယူဆောင်ရွက်ခဲ့ပါသည်။

၁၂၁၅ အချိန် အိမ်ရှင် ဒေါ်အေးချို(ခ)မချို၏ နေအိမ်အား ဆက်လက်ရှာဖွေရာ နေအိမ်အိပ်ခန်းကုတင်ဘေး တမံတလင်းပေါ်မှ ပလပ်စတစ်ဗူးငယ်ဖြင့်ထည့်ထားသော ဘိန်းဖြူမှုန့်အလေးချိန်(၀.၃)ဂရမ်ခန့် (ကာလတန်ဖိုး နှစ်သောင်း လေးထောင်ကျပ်တိတိ)နှင့် မူးယစ်ဆေးဝါး ရောင်းချရငွ(၂)သောင်း(၅)ထောင် ကျပ်အား ရှာဖွေတွေ့ ရှိသဖြင့် ၀ိုင်းမော်ရဲစခန်း  မယ(ပ)၂၀၅/၂၀၁၃၊
မူးစိတ်ပုဒ်မ ၁၅/၁၆(ဂ)/၂၀(က)/၂၁ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်ခဲ့ပါသည်။

အလားတူ ၂၇-၇-၂၀၁၃ ရက်နေ့  ၁၁၃၀ အချိန်တွင် မြစ်ကြီးနား မူးယစ်(အထူး)အဖွဲ့ မှ တပ်ဖွဲ့ဝင်များသည် သက်သေ များနှင့်အတူ မူးယစ်ဆေးဝါးများ ရောင်းချရန် သယ်ဆောင်လာမည်ဖြစ်ကြောင်း ကြိုတင်သတင်း ရရှိထားဖြင့် ၀ိုင်းမော် - မြစ်ကြီးနား သွားကားလမ်းပေါ်ရှိ ဗလမင်းထင်တံတားအနီးတွင် စောင့်ဆိုင်းနေစဉ် ၀ိုင်းမော်ဘက်မှ မြစ်ကြီးနားဘက်သို့  KENBO 125  အမျိုးအစား အနက်ရောင် မော်တော် ဆိုင်ကယ်အား စီးနင်းရောက်ရှိလာသူ မရွန်ဆိုင်း အား  ရပ်တန့် စစ်ဆေးရှာဖွေခဲ့ရာ မရွယ်ဆိုင်း၏ ၀ဲဘက်ပေါင်တွင် အ၀ါရောင်တိတ်ဖြင့်ပတ်လျက် သယ်ဆောင်လာသော Love is Flower စာတမ်းပါ ပန်းရောင် ဆပ်ပြာ ခွက်အတွင်း ပလပ်စတစ် အကြည်အိတ်ဖြင့်ထည့်လျက် ဘိန်းဖြူမှုန့်အလေးချိန်(၁၂.၅)ဂရမ်ခန့်ပါ(၁)ခွက်၊ (ကာလတန်ဖိုး  ဆယ်သိန်းကျပ်တိတိ)အား ရှာဖွေတွေ့ ရှိသဖြင့် ကွင်းဆက် ဖော်ထုတ်ချက်အရ ၀ိုင်းမော် မြို့ နယ်၊ ၀ါရှောင်ကျေးရွာ၊ ရပ်ကွက်(၁)နေ ဒေါ်မာတောင်(ခ)ဒေါ်နန်လတ်ထံမှ ၀ယ်ယူခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသဖြင့် ဆက်လက်ရှာဖွေရာ ဒေါ်နန်လတ်အား မူးယစ်ဆေးဝါးရောင်းချရငွေ (၄၅၀၀၀ိ/-)ဖြင့် ဖမ်းဆီး ရမိသဖြင့် ၀ိုင်းမော်ရဲစခန်းမယ(ပ)၂၀၃/၂၀၁၃၊
မူးစိတ်ပုဒ်မ ၁၅/၁၉(က)/၂၀(က)/၂၁ အရ အမှုဖွင့် အရေးယူဆောင်ရွက်ခဲ့ ပါသည်။

အလားတူ ၂၇-၇-၂၀၁၃ ရက်နေ့ ၁၀၃၀ အချိန်တွင် မြစ်ကြီးနား မူးယစ်(အထူး)အဖွဲ့ မှ တပ်ဖွဲ့ဝင်များသည် သက်သေ များနှင့်အတူ မူးယစ်ဆေးဝါးများ ရောင်းချရန် သယ်ဆောင်လာမည်ဖြစ်ကြောင်း ကြိုတင်သတင်း ရရှိထားဖြင့် ၀ိုင်းမော်မြို့ နယ်၊ ဗလမင်းထင်တံတားအနီးရှိ ပူးပေါင်းစစ်ဆေးရေး စခန်းတွင် စစ်ဆေး ရှာဖွေစဉ် ၀ိုင်းမော်ဘက်မှ မြစ်ကြီးနားဘက်သို့  မောင်းနှင်လာသော TOYOTA
HILUX အမျိုးအစား အစိမ်းပုပ်ရောင် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေခဲ့ရာ ယာဉ်နောက်ခန်းတွင် ၀ူယန်ကျေးရွာမှ မြစ်ကြီးနားဘက်သို့ခရီးကြုံလိုက်ပါ စီးနင်းခဲ့သော ဒေါ်လွမ်းနန်း နှင့်
သမီးဖြစ်သူ မတိန်မျှော် တို့ နှစ်ဦး ပိုင်ဆိုင်သယ်ဆောင်လာသော ကြိမ်ဆွဲခြင်း အတွင်းတွင် ကြက်မောက်သီးများဖြင့် လျှို့ ဝှက်ဖုံးအုပ် ထားသည့် Love is Flower စာတမ်းပါ ပန်းရောင်ဆပ်ပြာခွက်များဖြင့်ထည့်လျက် ဘိန်းဖြူမှုန့် အလေးချိန်(၁၂)ဂရမ်ခန့် စီပါ (၂)ခွက်(ကာလတန်ဖိုး
တစ်ဆယ့်ကိုးသိန်းနှစ်သောင်း ကျပ်တိတိ)၊ WY စာတမ်းပါ ပန်းရောင်စိတ်ကြွ ရူးသွပ်ဆေးပြား (၇၉၃)ပြား၊(ကာလတန်ဖိုး နှစ်ဆယ့်သုံးသိန်း ခုနှစ်သောင်းကိုးထောင်ကျပ်တိတိ) နှင့် မူးယစ်ဆေးဝါး ရောင်းချရငွေ(တစိသိန်း နှစ်သောင်းကျပ်တိတိ) တို့အား ရှာဖွေတွေ့ ရှိသဖြင့် ၀ိုင်းမော်ရဲစခန်းမယ(ပ)၂၀၂/၂၀၁၃၊ မူးစိတ်ပုဒ်မ ၁၅/၁၉(က)/၂၀(က)/၂၁ အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ခဲ့ပါသည်။

by Myanmar News Now

Sunday, July 28, 2013 ရှေ့နေကွန်ရက် က ရန်ကုန်တိုင်း အစိုးရအဖွဲ့ကိုတရားစွဲဆိုမယ်


              

ရန်ကုန်မြို့၊ ကမ်းနားလမ်းမှာရှိတဲ့ စုပေါင်းတိုင်းတရားရုံးနဲ့ ပန်းဆိုးတန်းလမ်းမှာရှိတဲ့ ရန်ကုန်တိုင်း တရားလွှတ်တော်ရုံးကို ပုဂ္ဂလိကလုပ်ငန်းရှင်တွေဆီ လွှဲပြောင်းရောင်းချလိုက်တာနဲ့ ပတ်သက်လို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှု ကော်မရှင်တို့ကို မြန်မာနိုင်ငံရှေ့နေများကွန်ရက်က တရားစွဲဆိုသွားမယ်လို့ ဒီနေ့ပြောကြားလိုက်ပါတယ်။

ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာ အစည်းအဝေးပြုလုပ်ပြီး ပြောကြားလိုက်တာဖြစ်ပါတယ်။

စုပေါင်းတိုင်းတရားရုံးနဲ့ တရားလွှတ်တော်ရုံးတွေကို ဟိုတယ်အဖြစ် လွှဲပြောင်းတာဟာ နိုင်ငံရဲ့ဂုဏ်သိက္ခာကို ထိခိုက်စေတာကြောင့် မကြာခင်မှာ တရားစွဲဆိုသွားမယ်လို့ မြန်မာနိုင်ငံရှေ့နေများကွန်ရက်က တရားလွှတ်တော် ရှေ့နေ ဦးကိုနီကပြောပါတယ်။

"အင်မတန် ခန့်ညားထည်ဝါတဲ့ ကျနော်တို့ရဲ့ ရန်ကုန်တိုင်းတရားရုံးကြီး ရှိနေပါလျှက်နဲ့ အင်မတန် ခန့်ညားထည်ဝါတဲ့ တရားရုံးကြီးကို ဟိုတယ်လုပ်ပြီးတော့ အင်မတန် သေးသိမ်တဲ့အဆင့်မှာရှိတဲ့ အဆောက်အအုံတွေမှာ ကျနော်တို့ရဲ့ တရားရေးယန္တရားကို အကောင်အထည်ဖော်နေတာဟာ ဝမ်းနည်းစရာကောင်းသလို တိုင်းပြည်ရဲ့ပုံရိပ်လည်း မကောင်းပါဘူး၊ အဲတော့ ဒီပြဿနာဟာ ကျနော်တို့ ရှေ့နေပြဿနာ၊ တရားသူကြီးပြဿနာ မဟုတ်ပါဘူး၊ ကျနော်တို့တိုင်းပြည်ရဲ့ပုံရိပ်ကို အများကြီးထိခိုက်စေတဲ့ ပြဿနာဖြစ်တဲ့အတွက် တစ်နိုင်ငံလုံးနဲ့ဆိုင်တဲ့ ပြဿနာဖြစ်တယ်ဆိုတာကို ကျနော်တို့ရှေ့နေများကွန်ရက်က တရားစွဲဖို့ဆုံးဖြတ်ထားပြီး မကြာခင်မှာ တရားစွဲဆိုမှာဖြစ်ပါတယ်”

တရားစွဲဆိုမယ့် အကြောင်းကြားစာကို ပြီးခဲ့တဲ့ ဧပြီလ(၉)ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှု ကော်မရှင်ထံ ပေးပို့ခဲ့ထားပြီးဖြစ်တယ်လို့ သိရပါတယ်။

ပုဂ္ဂလိကလုပ်ငန်းရှင်တွေဆီ လွှဲပြောင်းမယ့်ကိစ္စနဲ့ပတ်သက်ပြီး စုပေါင်းတိုင်းတရားရုံးရှေ့မှာ ပြီးခဲ့တဲ့ ၂၀၁၂ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက်နေ့ကလည်း မြန်မာနိုင်ငံရှေ့နေများကွန်ရက်က ဆန္ဒပြခဲ့ကြပါတယ်။

unday, July 28, 2013 မန္တလေးတွင် တရားမ၀င်အနှိပ်ခန်းများ ဖမ်းဆီစစ်ဆေးခြင်းများဖြစ်ပွား


             

နေပြည်တော်၊ ဇူလိုင် ၂၈

၂၆-၇-၂၀၁၃ ရက်နေ့ ၁၆၀၀ အချိန် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ခ)ရပ်ကွက်၊ ပျူစောထီးလမ်း၊ (၇၁x၇၂)လမ်းကြား၊ သ-၃/၂ ရှိ ““ထူးစတား”” Beauty Sloon ဆိုင်သို့ မန္တလေးခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှတပ်ဖွဲ့ဝင်များ၊ ပြည်ကြီးတံခွန်မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေများနှင့်အတူ ၀င်ရောက်စစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးရာ မန်နေဂျာ အောင်ဝင်း(၂၅)နှစ် ဦးစီးပြီး မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ အုတ်တံတားရွာနေ မဇင်ဇင်(၂၀)နှစ်ပါ အမျိုးသမီး ၉ ဦးနှင့်အတူ တရားမ၀င် အနှိပ်ခန်းလုပ်ကိုင်နေစဉ် ဖမ်းဆီးရမိသဖြင့် အောင်ဝင်းပါ ၁၀ ဦးအား ပြည်ကြီးတံခွန် မြို့မရဲခစန်း မှုသေးအမှတ် ၁၁/၂၀၁၃၊ ပြစ်မှုပုဒ်မ ၁၈၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရှိရသည်။

အလားတူ ၂၇-၇-၂၀၁၃ ရက်နေ့ ၁၃၄၅ အချိန် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၁၀)၊ ကားကြီးကွင်း၊ တိုက်တန်းအမှတ်(၂၀)တွင် တရားမ၀င်အနှိပ်ခန်းပြုလုပ်နေကြောင်း သတင်းအရ မန္တလေးတိုင်းရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ၀န်ထမ်းများပါဝင်သည့်အဖွဲ့မှ သွားရောက်စစ်ဆေးခဲ့သည်။

 ထိုသို့စစ်ဆေးရာ အနှိပ်ခန်းဦးစီးလုပ်ကိုင်သူ မစန်းစန်းကြည်(၄၁)နှစ်နှင့် သရက်မြို့၊ လှည်းတန်းရပ်နေ မဂျူးလိုင်မိုး(ခ)ချယ်ရီအောင်(၂၅)နှစ်ပါ ၆ ဦး၊ စုစုပေါင်း (၇) ဦးတို့အား အနှိပ်ခန်းပြုလုပ်ရာတွင် အသုံးပြုသည့်ပစ်္စည်းများ၊ ငွေကျပ် (၁၁၀၀၀၀ိ/-) နှင့်အတူ တွေ့ရှိဖမ်းဆီးရမိသဖြင့် မစန်းစန်းကြည်ပါ (၇) ဦးအား ပြင်ဦးလွင်မြို့မရဲစခန်း မှုသေးအမှတ် ၈/၂၀၁၃၊ ပြစ်မှုပုဒ်မ ၁၈၈ ဖြင့်အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည် 

Friday, July 26, 2013

Next Launcher 3D V1.51 for android

                 unnamed


မင်္ဂလာပါခင်ဗျာ  တော်ဝင်သစ္စာမိသားစုမှကြိုဆိုပါတယ် Next launcher အသုံးပြုတဲ့ မိတ်ဆွေ သူငယ်ချင်းများ အတွက်
7 လပိုင်း 26 ရက်နေ့ ထွက်Update လေးတင်ပေးလိုက်ပါတယ်ခင်ဗျာ 
အခုအပ်ဒိတ်မှာ အရင်ဗားရှင်းနဲ့မတူ တော်တော် ကိုလန်းပါတယ် အဆင်ပြေစွာနဲ.အသုံးပြုနိုင်ပါတယ်
အသုံးပြုတဲ့ သူငယ်ချင်းတွေအနေနဲ့ အကြိုက်တွေ့မယ်လို့ မျှော်လင့်ပါတယ် အသုံးပြုချင်ရင်တော့အောက်ကလင်ခ်မှာဒေါင်းနိုင်ပါတယ်ခင်ဗျာ
လင့်ခ်နှစ်ခုရှိပါတယ်အဆင်ပြေသလိုဒေါင်းပါ
                           

                                  

                             

Thursday, July 25, 2013

အသားအရေ ထိန်းနည်း (၈)မျိုး၏ လျှို့ဝှက်ချက်များ


                          

                         
ဘယ်အသက်ရွယ်ပဲ ရောက်ရောက် အသားအရေ ကျန်းမာပြီး ကြည့်ကောင်း နေစေဖို့ အောက်ပါ မြန်ဆန် ထိရောက်တဲ့ အလွယ်နည်းတွေရဲ့ လျှို့ဝှက်ချက် တွေကို ဖော်ပြ လိုက်ပါတယ်။
အသားအရေ ထိန်းနည်း (၁)
အသားအရေ ထိခိုက်စေသော အမှုအကျင့်များ ရှောင်ရှားခြင်း လျှို့ဝှက်ချက်-
အသားအရေ ထိခိုက်စေတဲ့ ဆေးလိပ် သောက်တာ၊ နေပူဆာ လှုံတာနဲ့ အရက်သောက် တာတို့လို အသား အရေထိခိုက် စေတဲ့ အမူအကျင့် သုံးရပ်ကို ရှောင်သင့် ပါတယ်။ နေပူထဲကို မဖြစ်မနေ သွားရတဲ့ အခါ SPF ပါတဲ့ နေကာ ခရင်မ်ကို လိမ်းပေး သင့်ပါတယ်။ ဆေးလိပ် သောက်တာနဲ့ အရက်ကို အလွန်အမင်း သောက်တာတွေက အသားအရေကို ထိခိုက်စေတဲ့ အပြင် အသက်အန္တရာယ် ကိုပါ ခြိမ်းခြောက် နေပါတယ်။
အသားအရေ ထိန်းနည်း (၂)
မျက်နှာကို တစ်နေ့ နှစ်ကြိမ် သန့်စင်ခြင်း လျှို့ဝှက်ချက်-
မျက်နှာနှင့် လည်ပင်းကို ပုံမှန် ဆေးကြောသန့်စင် ပေးတာကြောင့် အရေပြား ထိခိုက်စေတဲ့ အညစ်အကြေး၊ ဖုန်မှုန့်တွေကို ကင်းစင် စေရုံသာမက အရေပြားကို ကြည်လင်ဝင်းပ လာစေပါတယ်။
အသားအရေ ထိန်းနည်း (၃)
မျက်နှာကို လက်ဖြင့် ထိတွေ့မှု မရှိခြင်း လျှို့ဝှက်ချက် - လက်ဆိုတာ မျက်နှာပြင် အမျိုးမျိုးကို ထိတွေ့ကိုင်တွယ်တဲ့ အရာဖြစ်လို့ လူ့ခန္ဓာကိုယ်မှာ အညစ်ပတ်ဆုံး အင်္ဂါ အစိတ်အပိုင်းလို့တောင် တင်စား ခေါ်ဝေါ်ကြပါတယ်။ ဒီလို ညစ်ပတ်နေတဲ့ လက်နဲ့ မျက်စိကို ပွတ်တဲ့အခါ၊ မေးစေ့ကို ထိတွေ့တဲ့အခါ၊ ပါးပြင်ကို အုပ်မိုးပြီး ကိုင်တဲ့အခါ သင့်လက်က ပိုးတွေကို မျက်နှာပြင်ဆီ ရောက်အောင် ပို့ဆောင်သလို ဖြစ်စေပါတယ်။
အသားအရေ ထိန်းသိမ်းနည်း (၄)
အယ်လ်ကိုဟော ရှောင်ခြင်း လျှို့ဝှက်ချက် -အရက်ကို မသောက် တာ အကောင်းဆုံးပါ။ မနေနိုင်ပါက သင့် အသားအရေ ကျန်းမာလှပရေးအတွက် အယ်လ်ကိုဟောကို အနည်းဆုံး ပမာဏ သောက်ပါ။ အရက်ကို အလွန်အမင်း သောက်သုံး တာကြောင့် မျက်နှာအရေ ပြားအပေါ်ယံ လွှာနဲ့ ကပ်နေတဲ့ သွေးကြော တွေကို ကျယ်စေ နိုင်ပါတယ်။
အသားအရေထိန်းသိမ်းနည်း (၅)
အဆီများကို ကင်းစင်စေခြင်း လျှို့ဝှက်ချက် -
မျက်နှာပေါ်က အဆီ ပိုတွေ ကင်းစင်စေဖို့ရာ အတွက် ပေါင်ဒါမှုန့် လိမ်းပေးပါ။ ဒါမှမဟုတ် အဆီစုပ်တဲ့ စက္ကူနဲ့ သုတ်ပေးပါ။ အဆီပြန်တဲ့ အသားအရေအတွက် အဆီပါဝင်တဲ့ ပေါင်ဒါကို ရှောင်ပါ။
အသားအရေထိန်းသိမ်းနည်း (၆)
နှုးညံ့သော မျက်ဝန်း တစ်ဝိုက်ကို ပွတ်သပ်မှု မပြုခြင်း လျှို့ဝှက်ချက် -
မျက်နှာ အသားအရေ အထူးသဖြင့် မျက်ဝန်းတစ်ဝိုက် အရေပြား နေရာက အလွန့်အလွန် နူးညံ့သိမ်မွေ့ လွန်းပါတယ်။ ဒါကြောင့် မျက်ဝန်းတစ်ဝိုက် မိတ်ကပ် လိမ်းရင်လည်း ညင်ညင်သာသာ ပွတ်သပ်ပြီး လိမ်းသင့်ပါတယ်။ မျက်စိ ယားယံနေရင် မျက်ဝန်း တစ်ဝိုက်ကို အေးမြတဲ့ ပိတ်စ ဒါမှမဟုတ် ရေခဲဝတ်ကပ် ပေးပါ။
အသားအရေ ထိန်းသိမ်းနည်း (၇)
အသားအရေ ထိန်းပစ္စည်း အမျိုးအစားများကို သုံးခြင်း လျှို့ဝှက်ချက် -
အသားအရေထိန်း ပစ္စည်းအမျိုးမျိုးကို ဝယ်ပြီးသုံးရင် ပါဝင် ပစ္စည်းတွေက တစ်ခုနဲ့ တစ်ခု အဟန့်အတား ဖြစ်စေတာ၊ ဓာတ်မတည့်မှု ဖြစ်စေတာနဲ့ အာနိသင်ကို ယုတ်လျော့ စေတာတို့ ဖြစ်စေ နိုင်ပါတယ်။ အကောင်းဆုံး ရလဒ် လိုချင်ရင် အတူပေါင်းစပ် သုံးနိုင်အောင် ဖော်စပ်ထုတ် လုပ်ထားတဲ့ အသားအရေထိန်း ပစ္စည်းတွေကို သုံးသင့်ပါတယ်။ ဒါမှမဟုတ် ကျွမ်းကျင်သူရဲ့ ညွှန်ကြားချက် အရ သုံးပါ။
အသားအရေ ထိန်းသိမ်းနည်း(၈)
စပျစ်ဆီသုံးခြင်း လျှို့ဝှက်ချက် -
အသားအရေ ထိန်းသိမ်း ရေးအတွက် ချွေးပေါက်ကျဉ်း ဆေးရည် (Toner)ထဲမှာ စပျစ်ဆီ လက်ဖက်စား ဇွန်းတစ်ဇွန်း ထည့်သုံးပါ။ စပျစ်ဆီဟာ အရေပြားဆဲလ် တွေကို ပြန်လည်ပြုပြင် ပေးတာနဲ့ အားဖြည့်တာ တွေကို လုပ်ဆောင်ပေးတဲ့ အတွက် အိုမင်းမှု တားဆီခြင်း အနေနဲ့ အသုံးဝင် ပါတယ်။
ဇွန်

မြင်လွှာ ပျက်စီးမှုကို ကုသနိုင်မည့် မြင်းကြားငါး၏ ပင်မဆဲလ်


                           

                 မြင်လွှာ ပျက်စီးမှုကို ကုသနိုင်မည့် မြင်းကြားငါး၏ ပင်မဆဲလ်
မြင်းကြားငါး (Zebra fish) မှရရှိသော ပင်မဆဲလ်ကို မြင်လွှာ retina ပျက်စီး မှုတွင်
အသုံးပြု နိုင်ပြီး လူသားများ၏ အမြင်အာရုံကို ကာကွယ် နိုင်ကြောင်း သုတေသန တစ်ရပ်တွင် ဖော်ပြ ထားသည်။
မြင်လွှာတွင် ရှိသော သစ်တုံးပုံ ဆဲလ်(rods)နှင့် ကန်တော့ပုံ ဆဲလ်(cone) တို့သည် အမြင် အာရုံခံ receptor များ အတွက် အရေးပါသော ဆဲလ်များ ဖြစ်သည်။ rodsသည် ညဘက် အမြင် အာရုံကို ထောက်ပံ့ ပေးနိုင်ပြီး နေ့ဘက် အချိန်တွင် လောကကြီးကို မြင်တွေ့ နိုင်စေရန် coneက ကူညီ ပေးပါသည်။ University of Alberta မှ သုတေသီ Dr.Ted Allisonက အဆိုပါ ဆဲလ်များ ပျက်စီးပါက မြင်လွှာ ပျက်စီးမှု အပြင် အမြင် အာရုံကိုပါ ဆုံးရှုံး နိုင်ကြောင်း၊ ယခု လေ့လာမှုတွင် ပင်မဆဲလ်ကို အသုံးပြုပြီး ကုသမှုမှာ ကန်တော့ပုံ ဆဲလ် (cone)ကို အစားထိုးရန် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။
ယခု သုတေသနသည် လူသားများ၏ အမြင်အာရုံနှင့် ဆိုင်သဖြင့် အရေးပါသော တွေ့ရှိမှု တစ်ရပ် ဖြစ်ကြောင်း၊ အမြင်အာရုံခံ receptor များကို ကုသရာတွင် coneများ ပျက်စီးနေမှုကို ကုသပေး နိုင်ရန် အရေးကြီးကြောင်း သိရသည်။ နေ့ဖက် အမြင်အာရုံကို ကူညီပေးသော အမြင် အာရုံခံ ဆဲလ်ဖြစ်နေခြင်း ကြောင့်ပင် ဖြစ်သည်။
သုတေသီ များသည် မြင်းကြားငါး (Zebra fish)မှ ရရှိသော ပင်မဆဲလ် အစိတ် အပိုင်းများက ပျက်စီးနေသော ကန်တော့ပုံ ဆဲလ်များ၏ မူလ တာဝန် ထမ်းဆောင် နိုင်စေရန် အသုံးပြု နိုင်သည်ကို တွေ့ရှိခဲ့ကြောင်း၊ ယခု အချက်သည် မျိုးဗီဇ ဆိုင်ရာ အချက် ပေါ်တွင် အခြေခံပြီး တွေ့ရသော ရလဒ် ဖြစ်ကြောင်း၊ မိမိတို့ အဖွဲ့သည် မြင်းကြားငါး၏ ပင်မဆဲလ်က ညဘက် အလင်းရောင်ကို အာရုံခံ နိုင်သော rods များတွင်လည်း အဆိုပါ အာနိသင်ရှိ မရှိကို ဆက်လက် လေ့လာ နေကြောင်း ရှင်းပြ ထားသည်။
ယခု လေ့လာမှုကို Journal Public Library of Science ONE တွင်ဖော်ပြထားခြင်း ဖြစ်သည်။
သက်နှင်း

အမျိုးသမီးများ ကိုယ့်ဖာသာကိုယ် ဆန္ဒ ဖြေဖျောက်တဲ့ အကျင့် (အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ)


                           

ကျန်းမာရေး အမြင်နဲ့ပဲ ကြည့်ကြပါနော်…
ဆရာရှင့် ကျမ အခု ရောဂါတခု ခံစားနေရလို့ စိတ်ပူလို့ ဆရာ့ကို မေးတာပါ ရင်ဖွင့်တာ ပါရှင့်။
ကျမ အသက်က ၃၂ နှစ် ရှိပါပြီ။ အပျိုပါရှင့်။ ကျမ အရမ်းချစ်တဲ့ ချစ်သူတယောက် ရှိပါတယ်။ ပြောချင်တာက ကျမ တခါမှ ယောက်ျားနဲ့ တူတူ မနေဘူးပါဘူး။ ချစ်သူရှိတယ် ဆိုတာကလည်း သူက အဝေးမှာပါရှင့်။ ကျမမှာ မကောင်းတဲ့ အချက်တခု ရှိပါတယ်။ ကျမ လိင်ဆက်ဆံ ချင်တဲ့စိတ် ခဏခဏ ဖြစ်ပါတယ်။
ဒါကြောင့် လွန်ခဲ့တဲ့ ၅ နှစ်လောက် တည်းက ကိုယ့်ဖာသာကိုယ် ဆန္ဒ ဖြေဖျောက်တဲ့ အကျင့် ဖြစ်သွား ခဲ့ပါတယ်။ ကျမ သွားတိုက်တံ လက်ကိုင်ထူထူနဲ့ ဟာမျိုးနဲ့ ၁ နှစ်လောက်ထိ လုပ်ခဲ့ပါတယ်။ ဒါပေမယ့် အခုနောက်ပိုင်း ကိုယ့်လက်နဲ့ ကိုယ်ပဲ လုပ်ပါတယ်။ မလုပ်ရင်လည်း ကျမ တကယ် မနေနိုင်တော့လို့ပါရှင့်။ အမှန်ဆိုရင်တော့ အဲလိုမျိုးကို မလုပ်ချင်ပါဘူး။ အဲလိုလုပ်တာ အပြစ်ရှိလားရှင့်။ အခု ကျမပြောချင်တာက ကျမရဲ့ သားအိမ်လို့ ထင်ရတဲ့ ဘယ်ဘက်ဆီးခုံ အထက်နားက တခါတခါဆိုရင် အရမ်းနာပါတယ်။ ဆိုင်ကယ် စီးတဲ့ အခါမျိုးမှာလည်း နာပါတယ်။ နောက်ပြီး လိင်ဆက်ဆံချင်တဲ့စိတ် ဖြစ်ရင် အခုနောက်ပိုင်း ကြောက်လို့ ဘာနဲ့မှ မလုပ်ဖြစ် ပါဘူးရှင့်။ အဲဒါဆိုလည်း အဲလိုစိတ် ဖြစ်လာတော့လည်း နာပါတယ်ရှင့်။
အဲဒါ ကျမ သားအိမ်မှာ ရောဂါများ ရနေတာလား၊ ကျမ လိင်ဆက်ဆံချင်တဲ့ စိတ်က ခဏခဏ ဖြစ်တာလည်း ရောဂါလားရှင့်။ နောက်ပြီး ကျမ ရည်းစားနဲ့ အိမ်ထောင်ကျခဲ့ ရင်ကော ကျမ အဲလိုမျိုးတွေ လုပ်ခဲ့ဖူးတာ ပြောပြရမှာလားရှင့်။ ကျမကို ဖြေကြားပေးပါရှင့်။
မိန်းမဖြစ်ဖြစ် ယောက်ျားဖြစ်ဖြစ် လိင်ဆက်ဆံ ချင်တဲ့စိတ် ခဏခဏဖြစ်တာနဲ့ ကိုယ့်ဖာသာကိုယ် ဆန္ဒဖြေဖျောက်တဲ့ အကျင့် ရှိတယ်ဆိုတာ ပုံမှန်စိတ်ဖြစ်တယ်။
အဲလိုမဖြစ်ရင်သာ ဆေးကုဘို့ လိုပါတယ်။ ၁၉၅ဝ တုံးက Alfred Kinsey (အဲလ်ဖရက်-ကင်ဆေး) လုပ်တဲ့ သုတေသန အရ ယောက်ျား ၉၂% နဲ့ မိန်းမ ၆၂% ဟာ ဘဝ တသက်တာမှာ ဖါသာ-အာသာဖြေတာ လုပ်ကြတာကို သိရတယ်။ ၂ဝဝ၇ ခုနှစ် ဗြိတိန်မှာ လေ့လာမှု လုပ်တော့လဲ အသက် ၁၆ နှစ်ကနေ ၄၄ နှစ်ကြား ယောက်ျား ၉၅% နဲ့ မိန်းမ ၉၁%
လုပ်ဖူးကြတာ သိရတယ်။
၂ဝဝ၉ ခုနှစ်မှာ ဗြိတိန်၊ နယ်သာလင် နဲ့ ဥရောပနိုင်ငံတွေက ဆယ်ကျော်သက် တွေကို နေ့တိုင်း Masturbation (မာစတာဘေးရှင်း) လုပ်စေဘို့ အားပေးခဲ့တယ်။ Orgasm (အော်ဂဇင်မ်) လိင်ဆန္ဒပြည့်ဝမှု ဆိုတာ အခွင့်အရေး တရပ် ဖြစ်တယ်လို့တောင် လက်ကမ်း ကြော်ညာမှာ ပါသေးတယ်။ ဒီလိုလုပ်ရတဲ့ ရည်ရွယ်ချက်တခုက Teen pregnancy ဆယ်ကျော်သက်- ကိုယ်ဝန်ရမှာနဲ့ STDs လိင်ကတဆင့် ကူးစက်ရောဂါ တွေကို ကာကွယ် စေဘို့ ဖြစ်ပါတယ်။ ဒီခေတ်မှာ Safe sex လို့ လူသုံးများလာပြီ။ စိတ်ချရတဲ့ လိင်မှုရေးရာလို့ ပြောချင်တာပါ။ HIV-AIDS ရောဂါ၊ အသဲရောင် ဘီ-စီ တွေပါ မကူးစက်နိုင်ပါ။
Benefits ကောင်းကျိုးတွေ
• Intercourse တကယ်တန်း လိင်ဆက်ဆံဘို့ အဆင်မပြေချိန်မျိုးမှာ လုပ်နိုင်လို့ တခြား မသင့်တာမျိုး အားကိုးစရာ မလိုတဲ့ အစားထိုးနည်းကောင်း ဖြစ်တယ်။
• Masturbation လုပ်တာကြောင့် လိင်ဆက်ဆံရာမှာ Fertility မျိုးပွါးစေရေး အားပေးတယ်။ ၂ဝဝ၉ ခုနှစ် သြစတြေးလျ လေ့လာမှုတခုအရ နေ့တိုင်း သုက်လွှတ်ခြင်းဟာ သုက်ပိုး-ကျန်းမာရေးကို အားပေးတယ်။
• Female masturbation အမျိုးသမီးတွေ ဖါသာ-အာသာဖြေတာကြောင့် ဗဂျိုင်းနာ၊ သားအိမ်ဝနဲ့ သားအိမ်တွေမှာ အပြောင်းအလဲတွေ ဖြစ်စေတယ်။ ဒါတွေကနေ သန္ဓေရစေဘို့ ပိုပြီး အဆင်ပြေစေမယ်။ ကလေးမရလို့ သုက်ပိုးကို အပြင်ကနေ ထည့်ပေးနည်း လုပ်အပြီး ၁-၄၅ မိနစ် အတွင်းမှာ Orgasm ရစေအောင်လုပ်နိုင်ရင် သုက်ပိုးက လိုရာခရီးကို ကောင်းကောင်း ရောက်စေတယ်လို့ သိရတယ်။ မ-မျိုးဥနဲ့တွေ့စေဘို့ ဖြစ်ပါတယ်။
• Female masturbation ကြောင့် သားအိမ်ဝက အချွဲကို အက်စစ်ဓါတ် ပိုစေတာမို့ ရောဂါပိုး ဝင်မှာကို အဟန့်အတားပြုရာ ကျတယ်။
• Relieve depression စိတ်ကျတာကို သက်သာစေပြီး၊ Higher sense of self-esteem ကိုယ့်ကိုယ်ကို ကျေနပ်မှု ပိုစေတယ်လို့ စိတ်ကျန်းမာရေး အရေးအသား တွေမှာ ဖတ်ရမယ်။
• Mutual masturbation ဆိုတာ နှစ်ဦးသား အပြန်အလှန် လိင်စိတ် ဖြေပေးကြတာ ဖြစ်တယ်။ ဘယ်လိုနေရာကို ဘယ်လို လုပ်တာကို တဖက်သား သဘောကျတယ် ဆိုတာကို
ဖေါ်ထုတ် ပေးမယ်။
• (STDs) လိင်ကတဆင့်-ကူးစက်ရောဂါတွေ ဖြစ်မှာကိုပါ နည်းစေတယ်။
• Masturbation လုပ်ပြီး Sexual climax ရစေတယ်ဆိုရင် Relaxed ကိုယ်ရောစိတ်ပါ ပြောလျှော့ သွားပြီး Contented state ကျေနပ်မှုရစေမယ်။ Drowsiness and sleep
အိပ်ပျော်စေမယ်။
• တချို့ဆရာဝန်တွေက (မာစတာဘေးရှင်း) လုပ်တာဟာ Cardiovascular workout နှလုံး- သွေးကြောဆိုင်ရာ လေ့ကျင့်ခန်းလို့ ယူဆကြတယ်။ သွေးတိုးကို ကျစေတယ်။
• ကိုယ်ဝန်မရစေဘူး။
Risks ဘာတွေကို ဂရုစိုက်ရမလဲ
• လက်ကို မတိုင်ခင် အသေအခြာ ရေဆေးပါ။ လက်သည်း ဖြတ်ထားရမယ်။ လက်မှာ အနာအဆာ မရှိရဘူး။
• အသုံးပြုတဲ့ ကိရိယာ ပစ္စည်းကြောင့် ဘေးဖြစ်မှာ သတိထားပါ။ ဂျာမနီမှာ တခါက အမျိုးသမီး တယောက် ခဲတန်က ဆီးအိမ်ထဲ ရောက်နေတာ ဖြစ်ဘူးတယ်။ ဗဂျိုင်းနားနဲ့ ဆီးသွားပေါက် မှားသွားလို့ ဖြစ်တယ်။
• စအိုကို ထိကိုင်ရင် ပိုသတိကြီးရမယ်။ စအိုသုံးသူတွေဆိုရင် Latex gloves (လေးတက်စ်) လက်အိပ် သုံးရမယ်။ ရေကိုအခြေခံလုပ်တဲ့ Lubricant ချောဆီသုံးရမယ်။ စအိုနဲ့ ဗဂျိုင်းနား အပြန်အလှန် လက်သွားတာ မကောင်းဘူး။
• Finger cot (Finger condom) လက်ဖျားထိပ် (ကွန်ဒွမ်) ဆိုတာလဲရှိတယ်။ အထဲမှာ ကျွတ်ကျန် နေမှာကို သတိထားရတယ်။
Methods နည်းလမ်းတွေ
“ဘယ်နည်းက အကောင်းဆုံးသလဲ မပြောနိုင်ပါ” လို့ Paul Joannides စိတ်အထူးကု ဆရာဝန်က ဆိုပါတယ်။ အများဆုံး သုံးကြတာက (၁) Fingers နဲ့ (၂) Vibrators ကိရိယာ ဖြစ်တယ်။ အမေရိကား မှာတော့ လေ့လာမှုတခုထဲက “အသက် ၁၈ ကနေ ၆ဝ နှစ်ကြားရှိ အမျိုးသမီးပေါင်း ၂ဝ၅၆ ယောက်ထဲမှာ တဝက်ကျော်က Vibrator သုံးတယ်”လို့ Indiana University အင်ဒီယာနာ-တက္ကသိုလ် Center for Sexual Health Promotion က တွဲဖက်-ဒါရိုက်တာ Debby Herbenick ကဆိုပါတယ်။ သူတို့ဟာ Masturbation ဖါသာ-အာသာဖြေတာ မှာရော Intercourse လိင်ဆက်ဆံ ရာမှာပါ သုံးကြတယ်။
Fingering လက်ကိုသုံးတဲ့နည်း
• Vaginal fingering ဗဂျိုင်းနာထဲ လက်ချောင်းထည့်ခြင်း ဆေးစကားလဲဖြစ်၊ ဥပဒေသုံးလဲ ဖြစ်တယ်။ လက်ချောင်း တချောင်း၊ တချောင်းမက ဖြစ်နိုင်တယ်။
လက်တခုလုံးဆိုတာလဲ ရှိသေးတယ်။
• Clitoris မ-အစိ၊ Vulva မိန်းမကိုယ်၊ Vagina (ဗဂျိုင်းနား) တွေကို လက်နဲ့ ပွတ်သပ်တာ၊ ကလိတာ၊ ထိုးသွင်းတာတွေ ပါမယ်။
• ရည်ရွယ်ချက် ၂ ခုရှိတယ်။ Sexual arousal and stimulation လိင်စိတ်ဖြစ်စေ၊ ကဲစေဘို့နဲ့ Orgasm လိင်ဆန္ဒ ပြည့်ဝစေဘို့ ဖြစ်တယ်။
• ဒီလို လုပ်တာချည်းနဲ့ အဆုံးသပ်တာရှိသလို တကယ့် လိင်ဆက်ဆံမှုရဲ့ အစိတ်အပိုင်း အဖြစ်လဲ Foreplay အစပိုင်းမှာ ဖြစ်ဖြစ် Sexual activities ကြားကာလမှာ ဖြစ်ဖြစ် လုပ်နိုင်တယ်။
• Mutual masturbation နှစ်ယောက်သား အပြန်အလှန် အာသာဖြေ ပေးတာမှာလဲ သုံးနိုင်သလို Finger oneself တယောက်ထဲလဲ လုပ်နိုင်တယ်။
• မိန်းမတယောက် Orgasm (အော်ဂဇင်မ်) ရစေဘို့ရာ Massage of the vulva မိန်းမကိုယ် နေရာကို ပွတ်သပ်ခြင်းနဲ့ အထူးသဖြင့် Clitoris မ-အစိကို ပွတ်သပ်ခြင်းဟာ အဓိက အရေးပါတယ်။
• Clitoral body မ-အစိကိုယ်ရော Shaft အရင်နေရာပါ သုံးနိုင်တယ်။ အများအားဖြင့် Skin of the clitoral hood မ-အစိ အထက်နေရာ အရေပြားကို ထက်-အောက်၊ ဘယ်-ညာ၊ စက်ဝိုင်းလို ကြိုက်သလို လုပ်နိုင်တယ်။
• Labia မိန်းမကိုယ် နှုတ်ခမ်းသားတွေနဲ့ ကျန်နေရာ မှန်သမျှကိုလဲ အသုံးပြုနိုင်တယ်။
Fingering the vagina (ဗဂျိုင်းနား) ထဲကို လက်ထည့်တာလဲ လုပ်ပါတယ်။
• G-Spot ဆိုတာကို ထိမိစေရတယ်လို့လဲ ပြောကြတယ်။ (ဗဂျိုင်းနား) ရဲ့ရှေ့ (ရှေ့ဆိုတာ ပက်လက် အိပ်နေရင် အပေါ်ကိုပြောတာပါ) ၅ စင်တီမီတာ နေရာမှာလို့ ဆိုတယ်။
• A-spot က သူ့ထက် ပိုနက်တဲ့နေရာမှာ ရှိတယ်။
• ဒါပေမဲ့ အဲဒီနေရာတွေ တကယ်ရှိ-မရှိ ငြင်းနေကြဆဲ ဖြစ်တယ်။
• ကိုယ့်ဖါသာကိုယ် လုပ်သူတွေက ဘယ်နေရာကို ဘယ်လိုလုပ်ရင် ကျေနပ်မှု ပိုစေမယ် ဆိုတာ ကိုယ်တိုင် သိပါတယ်။ ဆရာဝန်မလိုပါ။ သာယာမှုရရင် အရည်ပိုစို စွပ်လာမှာ အမှန်ပါ။
• G-Spot ejaculation ဆိုတာ ကျေနပ်မှု ကောင်းလွန်းပြီး အရည်ဟာ Urethra ဆီးထွက် လမ်းကနေ ထွက်တယ်။ Urine ဆီးတော့ မဟုတ်ဘူး။
• အမျိုးသမီးတွေ Orgasm ပြီးတဲ့အခါ ထွက်တဲ့အရည် Female ejaculate ထဲမှာ Antibodies (အင်တီဘော်ဒီ) တမျိုးပါတယ်။ အဲဒါဟာ ယောက်ျားတွေ Prostate ဆီးကျိတ်က ထွက်တာနဲ့ အလားတူတယ်။ အတွင်းကျကျ အထိ လက်ထည့်ရမှာမို့ လက်ချောင်းသုံး တာကြောင့် A-spot ကိုထိစေဘို့ နည်းတယ်။
Vibrator တုန်ခါမှုရှိတဲ့ ကရိယာနည်း
• (ဗစ်တိုးရီးယား) ခေတ်က Female hysteria အမျိုးသမီး (ဟစ်တီးရီးယား) ရောဂါ ကုသနည်း တခုထဲမှာ Masturbation နည်းပါတယ်။ Pelvic massage လို့သာ ခေါ်သေးတယ်။ ခေတ်ပေါ် Vibrators နဲ့ Sex toys တွေဟာ ၁၉၈ဝ နောက်ကစပြီး ပေါ်ပြူလာ
ဖြစ်လာတယ်။
• ၂ဝဝ၉ လေ့လာမှုတခုအရ အမေရိကားမှာ ၁၈-၆ဝ နှစ်အရွယ်ရှိ ယောက်ျား ၄၆% နဲ့ မိန်းမ ၅၃% ဟာ Vibrator သုံးသတဲ့။
• မိန်းမ ၃ဝ% ကသာ ပုံမှန် ဖိုမ ဆက်ဆံရာကနေ (အော်ဂဇင်မ်) ရတယ်။ အဲဒါအတွက် Vibrators ကို သုံးဘို့ ဆရာဝန်တွေက ညွှန်တယ်။ Masturbation အတွက်ရော Intercourse အတွက်ပါ အသုံးခိုင်းတာ ဖြစ်ပါတယ်။
• Clitoral vibrator ဆိုတာ သပ်သပ်လာသေးပေမဲ့ အားလုံးဟာ ဒီနေရာကို ထိမိ စေရတာ ဖြစ်တယ်။ ဒီဇိုင်းကတော့ အမျိုးမျိုးရှိတယ်။
o G-Spot Vibrator ဆိုတာလဲ လာသေးတယ်။ ခပ်ကောက်ကောက်ပုံ ရှိတယ်။
o Dildo-shaped ဆိုတာ ယောက်ျား-အင်္ဂါပုံ အတိုင်း အရွယ်တူ လုပ်ထားတဲ့ ကစားစရာမျိုး ဖြစ်တယ်။ Plastic (ပလပ်စတစ်)၊ Silicone (စီဘီကွန်)၊ Rubber (ရာဘာ)၊ Vinyl (ဗီနိုင်းလ်) နဲ့ Latex (လေးတက်စ်) ပစ္စည်းတွေနဲ့ လုပ်ထားတယ်။
o Waterproof လဲရှိတယ်။ ရေချိုးခန်းမှာ သုံးနိုင်ဘို့ ဖြစ်တယ်။
o Egg-shaped vibrator နဲ့ Rabbit ဆိုတာတွေက ဗဂျိုင်းနာရော (ကလိုက်တောရစ်)
ကိုပါ ထိမိစေဘို့ လုပ်တားတယ်။
• ကနေဒါနိုင်ငံက (တိုရွန်တို) လေ့လာမှုအရ ဖါသာ-အာသော ဖြေရာမှာ (ဘိုင်ဗရေတာ) ကို အသုံးများရင် တကယ်တန်း ခင်ပွန်း-အဖေါ်နဲ့ဆက်ဆံချိန်မှာ (အော်ဂဇင်မ်) ရတာကို Desensitize ပြောင်ပြန်အကျိုး သက်ရောက် စေနိုင်တယ်လို့ သတိပေးတယ်။ အဲဒီ ဆရာဝန်က
သူ့လူနာတွေကို (အိုက်စ်ခရင်မ်) ကို နေ့တိုင်း မစားချင်ကြသလို နေသင့်တယ်လို့ အကြံပေးတယ်။ Autonomic nervous system အလိုအလျှောက် သက်ရောက်တဲ့ အာရုံကြော စနစ်က အကျင့် ရသွားစေမယ်လို့ ပြောတာ ဖြစ်ပါတယ်။
• Vibrator သုံးရင် လိင်အင်္ဂါနေရာမှာ နာတာ-ထုံတာ ဖြစ်မလား သတိထား သင့်တယ်။
Herbenick's vibrator survey သုတေသနအရ ၃ဝ% မှာ အဲလိုဖြစ်တယ်။
တခြားနည်းတွေ
• တချို့က Back of a vibrating toothbrush head တုံခါမှု လုပ်ပေးနိုင်တဲ့ သွားတိုက်တံ ခေါင်းရဲ့ နောက်ဖက်၊
• တချို့က Handle of a hairbrush ခေါင်းဘီး လက်ကိုင်ရိုး၊
• တချို့က Water jets in the bathtub ရေချိုးခန်းက ရေပန်း ထိပ်ဖျား သုံးကြတယ်။
• တခြားနည်းနာတွေလဲ ရှိမှာပါ။
ရောဂါမဟုတ်ပါ
• မိန်းကလေးတွေလဲ ယောက်ျားလေးတွေလိုဘဲ ဖါသာအာသာ ဖြေဖျောက်တာ လုပ်မိတာကို Feel guilty အပြစ်လုပ်သလို ခံစားတတ်ကြတယ်။ Sex therapists လိင်အထူးကု ဆရာဝန် တွေကတော့ အဲလို မထင်မြင်သင့်ဘူးလို့ ဆိုပါတယ်။
• Mood စိတ်မူ၊ Spirits စိတ်ဓါတ် တက်စေမယ်။ စိတ်ကျနေသူတွေကို သက်သာရာ ရစေမယ်။
Solo sex တယောက်ထဲစခန်းသွားတာမို့ ကိုယ့်အဖေါ် ဘယ်လိုနေမလဲ ဆိုတာ စိတ်ကူး ထည့်စရာလဲ မလိုဘူး။
• အဲလိုလုပ်တာဟာ ကိုယ့် ခင်ပွန်း-အဖေါ်ကို မချစ်လို့လဲ မဟုတ်ဘူး။ ကိုယ့်အတွက် ကိုယ်လုပ်တာသာ ဖြစ်တယ်။ သူနဲ့နေတဲ့ အခါမှာလဲ ပိုပြီးသာလွန် ကောင်းမွန် စေနိုင် သေးတယ်။ သူ့ကိုကိုယ်ကနေ ဘယ်လိုကဘယ်လိုဆိုတာ ဆရာလုပ်နိုင်တယ်။
• ယောက်ျားနဲ့နေလို့ (အော်ဂဇင်မ်) မရတတ်သူတွေ ဒီနည်းနဲ့ကူနိုင်တယ်။ Lubrication စိုစွပ်မှု၊ Desire ဆန္ဒဖြစ်ပေါ်မှု၊ Arousal စိတ်နိုးထမှု နဲ့ Orgasm (အော်ဂဇင်မ်) တွေမျာ ပိုကောင်း စေတယ်။
• Pain နာတတ်တာလဲ သက်သာစေမယ်။ မနာတတ်သူတွေလဲ သုံးကြတာပါဘဲ။
• သိတဲ့အတိုင်း အမျိုးသမီးများဟာ စိုးရိမ်မှုများတတ်တယ်၊ ဖိစီးမှုများ တတ်တယ်။ ဒါ့ကြောင့် စိတ်ဖြေ လျှော့ပေးဘို ပိုလိုမယ်။ (မာစတာဘေးရှင်း) ကနေ ကူညီနိုင်တယ်။
• Migraine (မိုင်ဂရင်း) ခေါင်းမူး-ခေါင်းကိုက်ရောဂါ ရှိသူတွေကိုလဲ သက်သာရာ ရစေနိုင်တယ်။ ခပ်ရှားရှား တချို့လူနာတွေမှာ (အော်ဂဇင်မ်) ကနေ (မိုင်ဂရင်း) ထတတ်တယ်။
• Menstrual cramps ရာသီလာရင်နာတာ နဲ့ Premenstrual syndrome (PMS) ရာသီအလာခင် ဖြစ်ချင်တာတွေ ကိုပါ သက်သာ စေမယ်။
From:ဒေါက်တာ တင့်ဆွေ

အိပ်မပျော် သူများ အတွက် လျင်မြန်စွာ အိပ်ပျော်စေမည့် နည်းလမ်းငါးသွယ်


                           

                     
                               
အိပ်စက်ချိန် လုံလောက်စွာ မရခြင်းဟာ  အာရုံစူးစိုက်မှု မရခြင်း၊  လုပ်ငန်းခွင် စွမ်းဆောင်ရည် ကျဆင်းခြင်းနဲ့  လိင်ဆက် ဆံမှု စတဲ့ ဘဝရဲ့ကျန်းမာရေး ဆိုင်ရာ ကိစ္စအဝဝကို ထိခိုက်စေပါတယ်။
အမျိုးသမီးတွေမှာ ဆိုရင်ရန်လိုခြင်း၊ စိတ်ဓာတ် ကျခြင်းနှင့် ဒေါသထွက် လွယ်ခြင်းတွေ နဲ့လည်း ဆက်စပ်နေပါတယ်။ ဒါ့အပြင် သွေးတိုးနဲ့ နှလုံးရောဂါ ဖြစ်ပေါ်မှု အန္တရာယ်တွေ ကိုလည်းမြင့်တက် စေပါတယ်။ အဲဒီလိုဖြစ်ပေါ်မှုကို ရှောင်ရှားနိုင်မယ့် နည်းလမ်းတွေကို တင်ပြ လိုက်ပါ တယ်။
၁။  စိတ်ညစ်ညူးဖွယ် ဆူညံသံများ မရှိပါစေနှင့်
ဟောက်တတ်တဲ့  အိမ်ထောင်ရှင် ယောက်ျားဘေးမှာ ရှိနေရင် သာယာနာပျော်ဖွယ်  တေးသံကို နားကြပ်နဲ့ နားထောင်ရင်း အိပ်စက် နိုင်ပါတယ်။ နူးညံ့တဲ့ အကာအကွယ်ပါပြီး  ပါးလွှာတဲ့ စပီကာတွေပါတဲ့ နားကြပ်ကို အသုံးပြုနိုင်ပါတယ်။
၂။သင့်ရဲ့ခန္ဓာကိုယ်ကို ပြင်ဆင်ပါ
ခြေချောင်းလေးတွေကို ကွေးကျုံ့ပြီး နံပါတ်စဉ်တစ်ကနေ  ခုနစ်အထိရေတွက်ပါ။ သင့်ရဲ့ခြေချောင်းတွေကနေ လည်ပင်း အထိ  ကြွက်သားအုပ်စု အသီးသီးကို အဲဒီလို ထပ်တလဲလဲ ပြုလုပ်ပါလို့ အမေရိကန် ပြည်ထောင်စု ဆီယက်တယ်မြို့က အိပ်စက်ခြင်း ဆေးပညာ ဆိုင်ရာ သိပ္ပံညွှန်ကြားရေးမှူး ကက်သရင်းဒါလေက အကြံပေးခဲ့ပါတယ်။
၃။မအိပ်မီ မှတ်စုများရေးသားပါ
သင့်ရဲ့နေ့စဉ်လုပ်ငန်း ဆောင်တာတွေဟာ သင်ဘယ်လောက် ကောင်းကောင်း အိပ်စက်နိုင်မလဲ ဆိုတာကို သက် ရောက်မှု ရှိပါတယ်။ အိပ်စက်ခြင်းနဲ့ ပတ်သက်တဲ့ မှတ်စုတွေကို ပြုစုထားသင့်တယ်လို့ ''အိပ်မပျော်ခြင်း ဆိုင်ရာ လုပ်ငန်းစာအုပ်'' ကိုရေးသားသူ စတက်ဖနီ ဆေးလ်ဗားမင်းက ဆိုခဲ့ပါတယ်။ 
၎။အိပ်ခန်းပတ်ဝန်းကျင်ကို အေးချမ်းအောင် ထားပါ
အခန်းဟာ  အပူချိန်အေးတဲ့ ဘက်ကိုရောက်နေရင်  ပိုမို အိပ်ချင်စိတ်ဖြစ် လာပြီး ကောင်းမွန်စွာလည်း အိပ်ပျော်နိုင် ပါတယ်။  ဒါကြောင့် အခန်းအပူချိန်ကို ၆၅ ဒီဂရီ သို့မဟုတ် သူ့ထက်နိမ့်အောင် ထားသင့်ပါတယ်။ အေးမြတဲ့ အိပ်ရာခင်း ထားရှိပြီး အသက်ရှူလို့ကောင်းတဲ့  ညဝတ်အင်္ကျီတွေ ဝတ်ဆင်သင့်ပါတယ်။
၅။ မှန်ကန်စွာ အပန်းဖြေပါ
နေ့ဘက်မှာ လှုပ်ရှားဆောင်ရွက် ခဲ့သမျှတွေကို ပြန်လည် တွေးနေမယ့်အစား အိပ်ရာဝင်တဲ့အခါ ဂျာနယ်တစ်စောင်ကို  အနည်းဆုံး နှစ်နာရီလောက် ဖတ်ပြီး သက်သက်သာသာ အပန်းဖြေသင့်ပါတယ်။ မအိပ်ခင်မှာ သက်သောင့် သက်သာရှိတဲ့ လေ့ကျင့်ခန်း တစ်ခုကို စိတ်ကူး ထဲမှာ လုပ်သင့်ပါတယ်။  ဒီလိုလုပ်ဆောင်ခြင်း အားဖြင့် သင့်ရဲ့ ဦးနှောက်ကို သက် သာ စေနိုင်ပါတယ်။      ။     
ကျော်ဇင်ထွဋ်

Wednesday, July 24, 2013

BLACKMARKET ( latest version) App freedownload market






မင်္ဂလာပါခင်ဗျာ  တော်ဝင်သစ္စာမိသားစုမှကြိုဆိုပါတယ် BLACKMARKET  လေးကတော့ App free ရရှိ နိုင်မယ့် Market တစ်ခုပါ  ကျွန်တော်တို စက်ရုပ်သမားတွေအတွက်….
အရမ်းသုံးလိုးကောင်းတဲ. Market လေးပါ။ Play Store က ဈေးကြီးပေးဝယ်ရသော….app ၊ ဂိမ်း များ ကို  free Download ယူနိုင်ပါတယ်ခင်ဗျာ …နောက်ဆုံးဘား၇ှင်းလေးပါ။ အသုံးပြုချင်ရင်တော့ အောက်ကလင်ခ်မှာဒေါင်ယူပါခင်ဗျာ။
အသုံးပြုချင်ရင်ဒီနေရာမှာဒေါင်းပါ

အပေါ်ညာဘက်ဒေါင်.နားတွင် Skip ကို ကလစ်ပြီးဒေါင်းပါ။
skop

Air Call-Accept v1.1 apk for Android


 





မင်္ဂလာပါခင်ဗျာ  တော်ဝင်သစ္စာမိသားစုမှကြိုဆိုပါတယ် နာမည်ကြီးတဲ့ Samsung Galaxy S4 မှာ ဖုန်းလာတဲ့အခါ ဖုန်းကိုလက်နဲ့ထိစရာမလိုဘဲ ဖုန်းမျက်နှာပြင်ပေါ်ကိုလက်နဲ့ဝှေ့လိုက်ရုံနဲ့ ဖုန်းကိုင်ပြီးသား (accept) ဖြစ်သွားစေတဲ့ Air Call Accept ဆိုတဲ့ function ကိုသိကြမှာပါ။ ဒီApp လေးကတော့  Samsung Galaxy S4 ရဲ့Air Call-Accept Function လေးကို တခြားဖုန်းတွေမှာအသုံးပြုနိုင်စေမယ့် Android ဖုန်းဆော့ဝဲလေးဖြစ်ပါတယ် ခင်ဗျာ ။ ဆော့ဝဲရဲ့နာမည်ကတော့ Air Call Accept ဖြစ်ပါတယ်။ Proximity Sensor (ဖုန်းလာလို့ကိုင်လိုက်ရင် Screen auto မှိတ်သွားတဲ့ features) ပါတဲ့ Android တိုင်းလိုလိုမှာ အသုံးပြုနိုင်မယ်လို့ထင်ပါတယ် ခင်ဗျ။ Air Call Accept for Android ကိုအောက်က လင်ခ်မှာဒေါင်းရယူနိုင်ပါတယ်။
လင့်ခ်နှစ်ခုရှိပါတယ်အဆင်ပြေသလိုဒေါင်းပါ

Air Call-Accept v1.1 apk for Android (Link 1)
Air Call-Accept v1.1 apk for Android (Link 2)


၂၅.၇.၂၀၁၃ တွင်ဖြန့်ချိမည့် တန်ဖိုးနည်း GSM နှင့် CDMA သတင်းထုတ်ပြန်ချက်များ မိုဘိုင်းဖုန်းသုံးစွဲသူများသိရှိစေရန်








၁။ ဆက်သွယ်ရေးနှင့် သတင်း အချက်အလက်နည်းပညာ ၀န်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ လစဉ် တန်ဖိုးနည်းမိုဘိုင်းဖုန်း(၃၅၀၀၀၀)စီကို ပြည်နယ်နှင့်တိုင်းဒေသကြီး အစိုးရအဖွဲ့များ၏အစီအစဉ်ဖြင့် ၂၀၁၃ ခုနှစ်၊ ဧပြီလမှ စတင်၍ပြည်သူများ အလွယ်တကူ အဆင်ပြေချောမွေ့စွာ ဆက်သွယ်အသုံးပြုနိုင်ရေး အတွက် ခွဲဝေရောင်းချပေးခဲ့ပြီးဖြစ်ပါသည်။
၂။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် CDMA 800 MHZ (MEC Tel) မိုဘိုင်းဖုန်းနှင့် GSM မိုဘိုင်းဖုန်းများကို ၂၀၁၃ခုနှစ် ဇူလိုင်လတွင် ဆက်လက်ရောင်းချပေးသွားရန် စီစဉ်လျှက်ရှိရာ လက်ရှိတပ်ဆင်ပေးထားသော လိုင်းအင်အားနှင့် အမှန်တကယ် သုံးစွဲနေသောအခြေအနေ များအရ ကယားပြည်နယ်နှင့်ချင်းပြည်နယ်တို့တွင် တပ်ဆင်ပြီး GSM ရေဒီယို လက်ကျန်လိုင်းအင်အား နည်းပါးနေပါ၍အဆိုပါဒေသတွင် လိုင်းကျပ်မှုများကြောင့် ဆက်သွယ်မှု အဆင်မပြေမှုများ မဖြစ်ပေါ်စေရန် အတွက် GSM SIM Card အရေအတွက် လျှော့ပေါ့ရောင်းချသွားမည်ဖြစ်ပြီး ၊ ကျန်ပြည်နယ်နှင့် တိုင်း ဒေသများတွင် မိုဘိုင်းဖုန်းများကို လက်ရှိထပ်မံတပ်ဆင်ပေးနိုင်မည့် လိုင်းအင်အားအခြေအနေအရ အချိုး ကျခွဲဝေပြီး တပ်ဆင်ပေးရန် လျာထားတွက်ချက်ထားပါသည်။
၃။ ၂၀၁၃ခုနှစ်၊ ဇူလိုင်လ(၂၅)ရက်နေ့တွင် ပြည်နယ်နှင့်တိုင်းဒေသကြီး အစိုးရအဖွဲ့များ၏အစီအစဉ် ဖြင့် တယ်လီဖုန်းခေါ်ဆိုခ ၃၀၀ကျပ် ကြိုတင်သွင်းထားသော CDMA 800 MHZ (MEC Tel) မိုဘိုင်းဖုန်း (၁၅၀၀၀၀)နှင့် GSM မိုဘိုင်းဖုန်း (၂၀၀၀၀၀)၊ စုစုပေါင်း(၃၅၀၀၀၀)ကို SIM Card တစ်ခုအတွက် ၁၅၀၀ ကျပ်နှုန်းဖြင့်ရောင်းချပေးသွားမည်ဖြစ်သည်။
၎။ ပြည်သူများသက်သာသောနှုန်းထားဖြင့် အမှန်တကယ်အသုံးပြုနိုင်ရန်ရည်ရွယ်၍ ရောင်းချခြင်း ဖြစ်ပါ၍ဖုန်းကဒ်ဝယ်ယူထားသည့် နေ့မှစ၍
(၁၅)ရက်အတွင်း တယ်လီဖုန်း SIM Card တွင် မူလထည့်သွင်း ပေးထားသည့်တယ်လီဖုန်းခေါ်ဆိုခ ၃၀၀ကျပ်မကုန်မီ တယ်လီဖုန်းသုံးစွဲသူသည် အနည်းဆုံး ၅၀၀၀ကျပ် တန် ကြိုတင်ငွေဖြည့်ကဒ်ဖြင့် ငွေဖြည့်သုံးစွဲရမည်။ SIM Card ကို အခြားသူတစ်ဦးဦးသို့ လက်ဆင့်ကမ်း ရောင်းချခြင်းမှကာကွယ်ရန်အတွက် ၁၅ရက်အတွင်းအသုံးပြုခြင်းမရှိပါက အဆိုပါဖုန်းကဒ်သည် အလို အလျောက်လိုင်းပိတ်သွားမည်ဖြစ်ပါသည်။
၅။ ဤတန်ဖိုးနည်း မိုဘိုင်းတယ်လီဖုန်းများကို လစဉ်ကြိုတင်ငွေဖြည့်ကဒ်ဖြင့် ပြောဆိုခကျပ် ၂၅၀၀ အနည်းဆုံး သုံးစွဲရန် သတ်မှတ်ထားပြီးဖြစ်ပါ၍နှစ်လပြည့်သော်လည်း ကြိုတင်ငွေဖြည့်ကဒ်မှ ၅၀၀၀ကျပ်ကို အပြည့်မသုံးစွဲပါက အလိုအလျောက်ကျပ် ၅၀၀၀ပြည့်သည်အထိ ဖြတ်တောက်သွားမည်ဖြစ်ပြီး ဖြည့်သွင်း ထားသောငွေကုန်ဆုံးပြီးနောက် ၁၅ရက်အတွက် ငွေထပ်မံဖြည့်သွင်းခြင်းမရှိပါက အဆိုပါဖုန်းကဒ်သည် အလိုအလျောက်လိုင်းပိတ်သွားမည်ဖြစ်ပါသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း

Battery Doctor (Battery Saver) 4.0.0 For android


 


                               Cover art
မင်္ဂလာပါခင်ဗျာ  တော်ဝင်သစ္စာမိသားစု မှကြိုဆိုပါတယ် July 23, 2013 ရက်နေ့ ကထွက်ရှိလာတဲ့ battery doctor (battary saver) လေးပါခင်ဗျာ တော်တော်လေးစုံလင်စွာပါလာ ပါတယ်
ဒီဇိုင်းလေးအသွင်အပြင်လေးပြောင်းလဲလာပါတယ်ဗျာ.. အရင်ထက်စာရင် Featureတော်တော်လေးကောင်းလာပါတယ်အသုံးပြုချင်ရင်အောက်ကလင့်ခ်မှာဒေါင်းနိုင်ပါတယ်
… 
Over 150 million downloads over Android and iOS worldwide.
Battery Doctor,the professional power manager,is the best free battery saving app which is capable of extending your battery life.
FEATURES:
•Accurately estimates battery remaining time
•Task Killer that terminates apps that suck up power while not in use
•Unique 3 charge cycle that boosts battery life
•Widgets that improves battery performance
•Accelerates the speed of your device
•Indicates how much battery power will be extended if you shut down Bluetooth/WiFi/etc
•Gives device software and hardware information
Accurately Estimates Remaining Battery Time
Tells how long battery will last under a variety of situations (playing games, wifi on or off, etc)
This Smart Saver Defends Your Juice
This essential app does everything battery related from giving tips of when to charge (and more importantly when not to) to more advanced battery longevity features such as disabling unnecessary apps/hardware that suck up power and using our unique 3 stage charging system. Battery Doctor efficiently protects your battery conveniently.
Professional Charging
This app regulates the manner in which your device is charged with a 3 stage system to ensure you get the most out of your battery and reminds you not to over charge. It also has features that can monitor and regulate power consumption.
Widget Included
“Task Killer” widget will optimize your power consumption conveniently. 4×1 widget which make you easier to manage Wifi, Data, Brightness…etc, and set the saving mode.
Q&A
Q: Can Battery Doctor save power and extend battery life?
A: Yes
Tap the circle at the home screen (Save Juice) to kill power hog apps that are not currently in use to improve battery life
Run our app while charging to let Battery Doctor manage the process with its unique 3 stage charging system that ensures a longer battery life
Use the “Tasks Killer” widget to optimize your power consumption conveniently
Q: What is a full charge and why does it matter?
A: Batteries have memories, these memories are manipulated by charging habits so the manner in which you charge your device is very important. Plug in your phone when the battery has about 20% remaining and continue to charge until Battery Doctor tells you the 3rd stage of trickle charging is complete. Do not overcharge by keeping your device plugged in nor undercharge by charging in short bursts whenever convenient.
Q: How does “Saving Mode” work?
A: “Saving Mode” is an extreme setting that shuts down all non-essential functions of your phone with exception of making phone calls and sending/receiving text messages. Wifi, Data, GPS, etc will all be shut down to ensure battery life and defend your juice.

Q: How do I set up the widgets?
A: The “Tasks Killer” widget will automatically appear on your home screen with installation. The other widget that monitors wifi/gps/etc can be installed just as any other widget on your device would be set up.

Battery Doctor (Battery Saver) - screenshot Battery Doctor (Battery Saver) - screenshot
Battery Doctor (Battery Saver) - screenshot Battery Doctor (Battery Saver) - screenshot
Battery Doctor (Battery Saver) - screenshot Battery Doctor (Battery Saver) - screenshot
Battery Doctor (Battery Saver) - screenshot Battery Doctor (Battery Saver) - screenshot
အောက်ကလင့်ခ်မှာဒေါင်းယူပါခင်ဗျာ
dropbox   (OR)    mediafire

Tuesday, July 23, 2013

ပင်လုံစိတ်ဓါတ်ဆိုတာ တိုင်းရင်းသားအချင်းချင်းတစ်ဦးနဲ့ တစ်ဦး သစ္စာရှိရမယ်ဆိုတဲ့ စိတ်ဓာတ်ကိုဆိုလိုတာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြာ


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဗမာလူမျိုးအပါအဝင် တိုင်းရင်းသားအားလုံး ပင်လုံစိတ်ဓာတ်ကို ပြန်လည်ထူထောင်ဖို့ လိုအပ်တယ်လို့ ဒီကနေ့ ပြောကြားလိုက်ပါတယ်။

ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာ တိုင်းရင်းသားလူငယ်များကွန်ရက်က ဦးစီးကျင်းပတဲ့ ပြည်ထောင်စုတိုင်းရင်းသား သက်ကြီးဝါရင့်နိုင်ငံရေးခေါင်းဆောင်ကြီးတွေကို ဂါရဝပြုတဲ့အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်ဂါရဝပြုရင်း ပင်လုံစာချုပ်နဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။

ပင်လုံစိတ်ဓါတ်ဆိုတာ တိုင်းရင်းသားအချင်းချင်းတစ်ဦးနဲ့ တစ်ဦး သစ္စာရှိရမယ်ဆိုတဲ့ စိတ်ဓာတ်ကိုဆိုလိုတာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။

ဒီနေ့တိုင်းရင်းသားခေါင်းဆောင်တွေရဲ့ သက်ကြီးပူဇော်ပွဲဟာ ပထမဆုံးအကြိမ် ကျင်းပတာ ဖြစ်ပါတယ်။ ဒီနေ့ပွဲကို ရှမ်းပြည်တိုးတက်ရေးပါတီ နာယက ဗိုလ်ချုပ်ဆေထင် မွန်ဒီမိုကရေစီအဖွဲ့ ချုပ် ဥက္ကဌ ဦးနိုင်ငွေသိမ်း၊ ရခိုင်ဒီမိုကရေစီအဖွဲ့ ချုပ်က ဦးသာဘန်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင် ဦးဝင်းတင်၊ ရှမ်းပြည်လူမျိုးပေါင်းစုံ လွတ်မြောက်ရေးအဖွဲ့ ဥက္ကဌ ဦးခွန်စိန်ရွှေ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦး၊ ဦးပူးကျင့်ရှင်းထန်စတဲ့ ဝါရင့်နိုင်ငံရေးခေါင်းဆောင် ၂ဝ က တက်ရောက်ကန်တော့ခံခဲ့ပါတယ်။

ဖိတ်ကြားထားတဲ့ ဝါရင့်နိုင်ငံရေးခေါင်းဆောင် ၃၁ ဦးမှာ ဆရာကြီး ဒဂုန်တာရာနဲ့ သခင်သိန်းဖေတို့တော့ တက်ရောက်နိုင်ခြင်းမရှိပါဘူး။ ကန်တော့ခံ နိုင်ငံရေးခေါင်းဆောင်ကြီးတွေကလည်း ပင်လုံစာချုပ်၊ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး၊ ပြည်ထောင်စုစနစ်ဖော်ဆောင်ရေးနဲ့ ပြည်တွင်းစစ်ရပ်စဲရေး အကြောင်းတွေကို ဒီအခမ်းအနားမှာ ဆွေးနွေးပြောကြားခဲ့ပါတယ်။

RFA Burmese 

အမျိုသားဒီမိုကရေစီ အင်အာစုပါတီ ၏ကချင်ပြည်နယ်တောင်ဝန်ခံဒေါ်ဘောက်ဂျာကို လူသေစေမူဖြင့် တရားစွဲဆို


အမျိုးသားဒီမိုကရေစီ အင်အားစု NDF ပါတီ၏ ကချင်ပြည်နယ်တာဝန်ခံ ဒေါ်ဘောက်ဂျာကို လူသေစေမှု၊ မှတ်ပုံတင်မရှိဘဲ ဆေးပစ္စည်း ကိုင်ဆောင်မှု၊ လိုင်စင်မရှိဘဲ ဆေးဝါးများ ကိုင်ဆောင်ထားမှုတို့ဖြင့် စွဲဆိုထားသည့် အမှုကို ယနေ့ ဖားကန့်တရားရုံးတွင် ရုံးထုတ် စစ်ဆေးမည်ဖြစ်သည်။

ဒေါ်ဘောက်ဂျာကို ကာမိုင်းမြို့နယ်မှ ဒေသခံ ဒေါ်ခမ်းဆိုင်၊ ကာမိုင်းရဲအုပ် သန်းထွန်းဝင်းနှင့် ဥာဏ်ဝင်းတို့နှစ်ဦးတို့က တရားလိုအဖြစ် ပြုလုပ်ပြီး ၂၀ဝ၉ကတည်းက တရားစွဲဆိုထားခြင်းဖြစ်သည်။

၂၀ဝ၉ ခုနှစ်အတွင်းက ဒေါ်ဘောက်ဂျာက ဖားကန့်မြို့နယ်မှ ဒေသခံတစ်ဦးကို ဆေးကုသပေးနေစဉ် သေဆုံးခဲ့သည်ဟု စွပ်စွဲကာ
တရားစွဲဆိုခြင်းဟု ဒေါ်ဘောက်ဂျာ၏ ရှေ့နေ ဦးမြင့်သွင်က ပြောသည်။

“တောင်သူတွေမှာ ကျန်းမာရေးအတွက် လိုအပ်တဲ့အခါ ဆေးကုတာ လူတစ်ယောက် သေတယ်လို့ ပြောတယ်။ အဲဒီအမှုတွေကို
၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကျတာ့ ဗိုလ်ချုပ်အုန်းမြင့်နဲ့ပြေလည်သွားတဲ့အခါမှာ အဲဒီအမှုတွေကို ဖွင့်ပြီးတော့ ရပ်ထားလိုက်တယ်” ဟု ပြောသည်။

အဆိုပါမှုကို ရပ်ဆိုင်းထားပြီးနောက် ယခုတွင် ထိုအမှုများဖြင့် ဇူလိုင်လ ၁၈ ရက်တွင် ပြန်လည် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟုလည်း
ဦးမြင့်သွင်က ပြောသည်။

“အမှုကို မပိတ်ထားဘူး။ ဒါပေမဲ့ အဲဒီ အမှုတွေမှာ ပုဒ်မ ၃၃ (လိုင်စင်မရှိဘဲ ဆေးဝါးများ ကိုင်ဆောင်မှု)၊ (မှတ်ပုံတင်မရှိဘဲ ဆေးပစ္စည်းများ ကိုင်ဆောင်မှု ဆေးကောင်စီ အက်ဥပဒေ) ပုဒ်မ ၄၁ ကျန်နေသေးတယ်။ အဲဒီရုပ်သိမ်းလွာတင်တာကို မချပေးဘူး။ အခုကျမှာ အဲဒီအမှု သုံးမှုနဲ့ ပြန်ဖမ်းတယ်လို့ သိရတယ်” ဟု ပြောသည်။

ဒေါ်ဘောက်ဂျာကို မြစ်ကြီးနားမြို့နေအိမ်တွင် ဖမ်းဆီးခဲ့ပြီး ဖားကန့်မြို့ အချုပ်တွင် ထားရှိသည်။ “မြစ်ကြီးနား ရဲစခန်းမှူးနဲ့ ကျွန်တော် ဖုန်းပြောရပါတယ်။ ဘာလို့ အမှုနဲ့ ဖမ်းတာလည်းလို့ မေးကြည့်တော့ အရင် အမှု သုံးမှုဖွင့်ထားတာတဲ့၊ တရားရုံးမှာတော့ အမှုတွေရောက်နေပြီ။ တရားခံပြေးနဲ့ ရှိနေတာမို့လို့ သူတို့ကို ဖမ်းခိုင်းတာကြောင့် ခိုးဖမ်းတာပါလို့ ပြောပါတယ်” ဟုလည်း ရှေ့နေ ဦးမြင့်သွင်က ပြောသည်။

၂၀၁၀ ရွေးကောက်ပွဲတွင် ဖားကန့်မြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ ဒေါ်ဘောက်ဂျာသည် သူ၏ ပြိုင်ဘက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှ အငြိမ်းစားဗိုလ်ချုပ်ဟောင်း သမဝါယမဝန်ကြီး ဦးအုန်းမြင့်ကို မဲလိမ်သည်ဟု နေပြည်တော်ရွေးကောက်ပွဲ ခုံရုံးသို့ တိုင်တန်းခဲ့ပြီးနောက် အမှုကို ပြန်လည်ရုပ်သိမ်းသည်။

ထိုစဉ်က ဦးအုန်းမြင့်နှင့် ညှိနှိုင်းရာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ပေးမည်ဟု ကတိပေးပြောဆိုခြင်းကြောင့် အမှုကို ရုပ်သိမ်းပေးခြင်းဟု ဒေါ်ဘောက်ဂျာက မဇ္ဈိမနှင့် အင်တာဗျူးများတွင် ပြောဆိုထားသည်။

“ဒါတွေကို သူလုပ်ပေးပါမယ် ဆိုပြီးတော့ ကတိပေးပါတယ်။ ကျွန်မကိုလည်း အခုကစပြီးတော့ လွတ်လွတ်လပ်လပ်လုပ်ပါဆိုပြီးတော့ ကတိပေးတဲ့အတွက် ကျွန်မလည်း အခုလိုရုပ်သိမ်းတာပါ” ဟု ဒေါ်ဘောက်ဂျာက မဇ္ဈိမကို ပြောဆိုထားသည်။

ဖနိဒါ
Mizzima - News in Burmese 

အစိုးရတပ်ဖွဲ. နှင့် ကေအိုင်အေ တပ်ရင်း (၈) တိုတိုက် ပွဲဖြစ်ပွား


ရှမ်းပြည်မြောက်ပိုင်း ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်မဟာ (၄) နယ်မြေ နမ်ဖတ်ကာမြို့နယ် တပ်ရင်း ၈ ဒေသတွင် အစိုးရတပ်များ လှုပ်ရှားလာသောကြောင့် ဇူလိုင်လ ၁၈ ရက် ကြာသပတေးနေ့ နံနက်တွင် နှစ်ဖက်တပ်မှ တွေ့ဆုံပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့သည်။

၎င်းအစိုးရတပ်များသည် နမ္မတူမြို့နယ် မုန်းမောဘက်မှလှုပ်ရှားလာသည့် အင်အား ၇၀ ခန့်ရှိသော အစိုးရတပ်များနှင့် KIA တပ်ရင်း (၈) အောက် ပြည်သူ့စစ် (MHH) တပ်ခွဲ(၂) တပ်ဖွဲ့မှ အောင်နန်ရွာ အောက်ရှိ နားရောင်းရွာဟောင်းတွင် နာရီဝက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း တပ်မဟာ ၄ မှ အုပ်ချုပ်ရေးအရာရှိ တဦး KNG ကချင်သတင်းဌာန သို့ပြောသည်။

“အစိုးရတပ်တွေ စစ်ကြောင်းထွက်လာတာနဲ့ ကျွန်တော်တို့နဲ့ တွေ့ပြီး ပစ်ကြတာ။ တွေ့ရင်တော့ နှစ်ဖက်တပ် ကနေ ပစ်တာ။ အစိုးရတပ်တွေ လှုပ်ရှားလာရင်တော့ သေနတ်သံကဆက်ပြီး အသံတွေကြားနေရမှာဘဲ” ဟု ဆိုသည်။

ထိုအစိုးရတပ်များသည် ရွှေရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းစောင့် တပ်ဖွဲ့များဖြစ်ပြီး KIA တပ်ရင်း ၈ နယ်မြေများသို့ လှုပ်ရှားလာခြင်းကြောင့် တိုက်ပွဲဖြစ်ပွားလာခြင်းဖြစ်သည်ဟု ဆိုသည်။

ယခုချိန် မုန်းမော (Mung Maw) အစိုးရစခန်းတွင် ခြေလျင်တပ် ခလရ (၄၁) ရှိပြီး ယင်းနေ့ တိုက်ပွဲတွင် နှစ်ဖက်တပ်မှ ပစ်ခတ်ပြီးနောက် အစိုးရတပ်များ ပြန်ဆုတ်သွားခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် သတင်းပတ်အတွင်း KIA တပ်မဟာ (၄) မုန်းဂိုးဒေသ၊ တပ်ရင်း (၃၆) ပန်ဆိုင်း (ကြူကုတ်) ဒေသတွင် နမ့်ခမ်းဘက်မှ စစ်ကား ၂ စင်း အင်အား ၅၀ ကျော်သည် ပန်ဆိုင်း (ကြူကုတ်) စခန်းတွင် စစ်အင်အား တိုးချဲ့ထားပြီး မုန်ဂိုးဘက်မှလည်း အစိုးရတပ် ခြေလျင်တပ်ရင်း (ခလရ ၁၂၃) စစ်အင်အား ၁၀၀ ကျော်တိုးချဲ့ထားကြောင်း KIA ပြည်သူ့စစ် MHH တပ်ခွဲ (၅) တပ်ခွဲမှူး ဇော်ဆိုင်း KNG ကချင်သတင်းဌာန သို့ပြောသည်။

နှစ်ဖက်တပ်မှ စစ်ရေးလျှော့ရန် သဘောတူညီခဲ့သောကြောင့် ရင်ဆိုင်တိုက်ပွဲများ ပြင်းထန်မှု မရှိသော်လည်း နှစ်ဖက်လှုပ်ရှားမှုများကြောင့် တင်းမာမှုအရှိန်လျှော့သွားခြင်း မရှိသေးကြောင်း သိရသည်။

ကချင်သတင်းဌာန 

ရက်စက်ကာ ခေါင်းဖြတ်သက်ခဲ့သည့် တရားခံများအားဖမ်းမိ



၁၅.၇.၂၀၁၃ ရက်နေ့ ၁၉၀၀ အချိန် တွံတေးမြို့နယ်၊ ကြည်တန်းရွာနေ ဒေါ်သန်းမြင့်(ခ)ဒေါ်သန်းစိန် သည် ၎င်း၏လယ်တော အိမ်အနီးရှိ ကွမ်းခြံအတွင်း ဦးခေါင်းပြတ်လျက် သေဆုံးနေသဖြင့် ခင်ပွန်းဖြစ်သူ ဦးကြီးမောင်မှ စုံစမ်းအရေးယူ ပေးပါရန်တိုင်တန်းခဲ့၍ ခလောက်ချိုက် နယ်မြေရဲစခန်း (ပ)၆၃/၂၀၁၃၊ ပုဒ်မ ၃၀၂ ဖြင့် အရေးယူ စုံစမ်းဖော် ထုတ်ဆောင်ရွက်ခဲ့ပါသည်။

အမှုမှတရားခံ ဖော်ထုတ်ရရှိရေး အတွက် ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူး၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် တိုင်း/ခရိုင်၊ မြို့နယ်များမှ တပ်ဖွဲ့ဝင်များပူပေါင်း၍ စုံစမ်း ဖော်ထုတ်ခဲ့ရာ သေဆုံးသူ ဒေါ်သန်းမြင့်
(ခ)ဒေါ်သန်းစိန်နှင့် တဲနီးချင်း ကပ်နေထိုင်သော ယခင်ကလယ် ပြဿနာ ဖြစ်ခဲ့ဘူးသည့် ထူးနိုင်၊(၂၉)နှစ်၊ (ဘ)ဦးစိုးမြင့်၊ သံဖြူ ရုံကျေးရွာ၊ တွံတေးမျြိ့နယ်နေသူမှ တွံတေးမျြို့နယ်၊ ဘုရားငုတ္တို ကျေးရွာ နေသူများ ဖြစ်သည့် အရှည်ကြီး(ခ)ကိုဇော်၊(၃၇)နှစ်၊ (ဘ)ဦးချစ်သိန်း နှင့်ထွန်းမင်းလတ်(ခ)မောင်ထွန်း(ခ)ထော်ကြီး၊ (၂၅)နှစ်၊ (ဘ)ဦးအေးလွင်တို့(၂)ဦးအား ငွေပေးစေခိုင်းပြီး ၎င်းမှလည်း ပြစ်မှုကျူးလွန်ရာတွင်အတူ ပါဝင်ခဲ့ကြောင်း စစ်ဆေး ပေါ်ပေါက်ခဲ့ပါသည်။ 

၎င်းပြစ်မှုအား အရှည်ကြီး(ခ)ကိုဇော်နှင့် ထွန်းမင်းလတ်(ခ)မောင်ထွန်း(ခ)ထော်ကြီး တို့မှလည်း ကျူးလွန် ခဲ့ကြကြောင်း ၀န်ခံထွက်ဆိုကြပြီး အသုံးပြုခဲ့သည့် သက်သေခံဓါးနှင့် ပြစ်မှုကျူးလွန်ရန်အတွက် ထူးနိုင်မှ ပေးအပ်ထားသည့် ကြိုတင်ငွေ များအား အပ်ပေးသဖြင့် သိမ်းဆည်း ရမိခဲ့ပါသည်။

အဆိုပါအမှုအား အချင်းဖြစ်ပြီး (၆) ရက်အကြာတွင် စုံစမ်းစစ်ဆေး ဖော်ထုတ်နိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။

Yangon Police  

မန္တလေးမြို.တွင်ဖြစ်ပွားခဲ့သောဗုံးပေါက်ကွဲမူ အစွန်းရောက်လက်ချက်ဟုပြောဆို


မန္တလေးမြို့ မဟာအောင်မြေမြို့နယ်မှာ ကျင်းပခဲ့တဲ့ ဆရာတော် ဦးဝီရသူ ရဲ့ တရားပွဲအနီး လက်လုပ်ဗုံးလို့ ယူဆရတဲ့ ဗုံးပေါက်ကွဲခဲ့တဲ့ ဖြစ်ရပ်ဟာ အစ္စလာမ်အစွန်းရောက်တွေရဲ့လုပ်ရပ်ဖြစ်တယ်လို့ ဦးဝီရသူက မိန့်ဆိုပါတယ်။

ဒီလုပ်ရပ်ဟာ အစ္စလာမ် အစွန်းရောက်တွေရဲ့လုပ်ရပ်ပါ၊ သာမန်ရိုးရိုး မွတ်စလင်ဘာသာဝင်တွေက ဒီလိုမျိုးမလုပ်ပါဘူးလို့ ဆရာတော် ဦးဝီရသူ က မိန့်ကြားကြောင်း AP သတင်းက ဖေါ်ပြပါတယ်။

ပေါက်ကွဲမှုဖြစ်ပွားခဲ့အပြီး RFA က ဆက်သွယ်လျှောက်ထားခဲ့ရာမှာ ပြီးခဲ့တဲ့ သီတင်းပတ်လောက်က ခြိမ်းခြောက်တဲ့ စီဒီခွေ တစ်ခွေ ထွက်လာတာ တွေ့ရတယ်လို့ ဦးဝီရသူက မိန့်ခဲ့ပါတယ်။

ဦးဝီရသူ တရားဟောတဲ့နေရာနဲ့ အနည်းဆုံး ကိုက်တစ်ရာအကွာမှာဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုကြောင့် ကားတစ်စီး ထိခိုက်ပျက်စီးမှု ရှိခဲ့ပြီး၊ လူ (၅) ယောက် ဒဏ်ရာအနည်းငယ်စီ ရခဲ့ကြပါတယ်။

ပေါက်ကွဲခဲ့တဲ့ဗုံးဟာ အသေးစား လက်လုပ်ဗုံးဖြစ်မယ်လို့ရဲက ခန့်မှန်းပြောဆိုခဲ့ပေမဲ့၊ အသေးစိတ်စစ်ဆေးမှုတွေ ဆောင်ရွက်ပြီးမှသာ အသေးစိတ်ပြောနိုင်မယ်လို့ ဆိုပါတယ်။

RFA Burmese 

နိုင်ငံရေးအကျဉ်းသား ၆၈ ယနေ.နေ.လည်၃နာတွင်ပြန်လွတ်

                   

ယနေ့ နေ့လည် (၃)နာ ရီ ခန့် က နိုင်ငံတော် လွတ်ငြိမ်းချမ်းသာခွင့် နှင့် မြန်မာနိုင်ငံ အကျဉ်းထောင် အချို့မှ အကျဉ်းသား စုစုပေါင်း (၇၃)ဦးတို့အား လွှတ်ပေးလိုက်သည်။ 

ယခု လွက်မြောက်လာသော အကျဉ်းသားများမှာ အင်းစိန် အကျဉ်းထောင် မှ (၆) ဦး၊ ရွှေဘိုအကျဉ်းထောင်မှ (၅) ဦး၊ င်္ဟသာတအကျဉ်းထောင် မှ (၁) ဦး၊ မော်လမြိုင် အကျဉ်းထောင် မှ (၁) ဦး သာယာဝတီ အကျဉ်းထောင် မှ (၈)ဦး၊ မြစ်ကြီးနား အကျဉ်းထောင် မှ (၁၆)ဦီး ၊ မန္တလေးအကျဉ်းထောင်မှ (၈)ဦး၊ လှေ လှော်အင်း ရဲဘက်စခန်း အကျဉ်းစခန်းမှ (၁)ဦး၊ တို့ဖြစ်ပြီး ကြပြီး ယင်းသို့ နိုင်ငံတော် လွက်ငြိမ်း ချမ်းသာခွင့် ဖြင့် လွက်မြောက်လာသော အကျဉ်းသားများတွင် နိုင်ငံရေး အကျဉ်းသား (၆၈)ဦးတို့ ပါဝင်ကြသည်ဟုသိရသည်။ 

ယနေ့ နိုင်ငံတော် လွတ်ငြိမ်းချမ်းသာခွင့် နှင့် လွက်မြောက်လာသော နိုင်ငံရေးအကျဉ်းသားများ ကို နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ မှသွားရောက်ကြိုဆို့ နှုတ်ဆက် အားပေးစကားများပြောကြား ပြီး လိုအပ်သော ကူညီထောက်ပံမှုများကိုပေးအပ်ခဲ့

Former Political Prisoners


Monday, July 22, 2013

၁၅၀၀ တန်ဖုန်းများချထားပေးမည်ဈေနူန်းများပြောင်းလည်းမူမရှိ

                                  
   ၁၅၀၀ တန် GSM ဆင်းကတ် နှစ်သိန်း နှင့် CDMAဆင်းကတ် တစ်သိန်းခွဲကို ဇူလိုင်လ ၂၅ ရက်နေ.တွင်ချထာပေးမည်း ဟုအစိုးရမီဒီယာဖြစ်သောမြ၀တီ တီဗီလိုင်းတခုမှသတင်းရရှိသည် မည်သို.မည်ပုံရောင်းချမည်ကိုမူ မသိရသေး ။အရင်ကဲ့သို.အုပ်ချူပ်မူများ ထံတွင်ရောင်းချနိုင်ချေရှိသည်ဟု
သတင်းရက်ကွက်မှ ကြားသိရသည် မန္တလေးပြည်သူများက အရင်ကဲ့သို.ရောင်းချခြင်းကို မနှစ်သက်ကြောင်း ဒေသခံပြည်သူများမှသိရှိရသည်

LinkWithin

Related Posts Plugin for WordPress, Blogger...