Tuesday, May 28, 2013

မြန်မာနိုင်ငံမှာ ဘီပိုး လူခြောက်သန်းခန့် ရောဂါကူးစက်ခံရ Posted: 28 May 2013 01:15 AM PDT


မြန်မာလူထုကို အခြိမ်းခြောက်ဆုံးရောဂါ ဆေးသုတေသန စစ်တမ်းများအရ လူ ၁၀ ဦးလျှင်တစ်ဦး အသည်း ရောင်အသားဝါ ဘီပိုး ကူးစက်ခံ နေရသောကြောင့် မြန်မာနိုင်ငံတွင် ခန့်မှန်းခြေ လူခြောက်သန်းခန့် ရောဂါကူးစက်ခံရ

အသက် (၅၀)အရွယ် ဒေါ်မီမီအတွက် အကြောက်ဆုံးအချိန်သည် ၎င်း၏ မြေးကလေးများ ဖျားနာသည့်အချိန်ပင်ဖြစ်သည်။ ခန္ဓာကိုယ်အတွင်းတွင်ရှိနေသည့် ပိုးကောင်များ အကြောင်းတစ်ခုခုဖြင့် သူ့မြေးကလေးများထံ မကူးစက်စေရန် ဂရုပြုနေထိုင်ရန် ဆုံးဖြတ်ချက်သည် ၎င်းအတွက်ကြီးမားသည့် ခံယူချက်တစ်ခုလည်းဖြစ်သည်။

“သူတို့နေထိုင်မကောင်းတဲ့အခါတိုင်း ငါ့ဆီကများ ပိုးတွေကူးသွားသလားဆိုပြီး အရမ်းကိုထိတ်လန့်မိတယ်။ အရာရာတိုင်း အရမ်းကို ဂရုစိုက်ထားပြီး ကာကွယ်ဆေးထိုးထားတာတောင် အခုထိ သူတို့တစ်ခုခုဖြစ်တိုင်း အသည်းရောင်အသားဝါစစ်တာပါ တွဲလုပ်တယ်” ဟု ဒေါ်မီမီက ပြောသည်။

မည်သို့သောနည်းလမ်းဖြင့် အသည်းရောင်အသားဝါ ဘီပိုးကူးစက်ခံရမှန်း ဒေါ်မီမီမသိသော်လည်း ရောဂါပိုးရှိကြောင်း သိရှိသည့် လွန်ခဲ့သည့် လေးနှစ်ခန့်မှစ၍ ဆေးဝါးကုသမှု မှန်မှန်ပြုလုပ်ခဲ့ကာ ယခုအချိန်ထိ ဆေးစစ်သည့် အဖြေများကြောင့် ဒေါ်မီမီတွင် အသည်းထိခိုက်မှုတော့ မရှိသေးချေ။

ဆေးသုတေသနဦးစီးဌာနမှ ပြုလုပ်ထားသည့် စစ်တမ်းများအရ မြန်မာနိုင်ငံရှိ လူ ၁
...

0 comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...