Sunday, June 30, 2013

အဝတ်အစားများပေါ်မှ ဖားဥနှင့် မှိုစော်နံခြင်းကို ဖယ်ရှားနည်း


                မူရင်း                      
မိုးတွင်းတွင် စိုထိုင်းဆကြောင့် အဖြစ်များတတ်သောအဝတ်များ ပေါ်မှ ဖားဥသည် လတ်ဆတ်သော နေ၊လေနှင့်နေရောင်ခြည်တွင် မဖြစ် ပွားနိုင်ပါ။ သို့ဖြစ်၍ ဖားဥများစွဲလာ ပါက အိမ်အပြင်တွင် နေထုတ်လှမ်း ပါ။ အရင်ဆုံး (၁)ရက်လုံး နေလှမ်းပြီး အခြောက်ခံပါ။ ထို့နောက် ခြောက် သည့်အချိန်တွင် ဖားဥများကို Brush ဝက်မှင်ဘီးခပ်ကြမ်းကြမ်းဖြင့် တိုက် ပစ်ပါ။ ပြီးလျှင် ဆပ်ပြာရည်တွင် စိမ်၍ လျှော်ပါ။
ဗနီကာသည် သဘာဝမှိုသတ် ဆေးဖြစ်ပြီး ဖားဥ ၈၅%ကို ပယ်ရှား ပေးနိုင်သည်။ ဗနီကာကို သုံးခြင်းဖြင့် အဝတ်များကို ပျက်စီးမှု မရှိစေပါ။ ပြုလုပ်နည်းမှာ
ရေသန့်သန့် (၁)ဂါလံတွင် ဗနီကာ (၁)ခွက်ရောပြီး အဝတ်များကို စိမ်ပါ။ (၁)နာရီခန့်အကြာတွင် ရေသန့်သန့် ဖြင့် ဆေး၍ နေရောင်တွင် ထုတ်လှမ်း ပါ။ မှိုစော်နံသည့်အဝတ်များကို မည် သည့်အခါမှ လေမှုတ်ခြောက်စက် (dryer)နှင့်မှုတ်၍ အခြောက်မခံပါ နှင့်။ အကယ်၍ စိတ်ထဲတွင် မှိုနံ့ကျန် နေသေးသည်ဟု ထင်ပါက ဗနီကာ တွင် ထပ်မံစိမ်ပေးပါ။ မုချအနံ့ဆိုးများ ကင်းသွားပါမည်။

လိင် ဆက်ဆံစဉ် ကွန်ဒုံး အသုံးပြုပုံ မှားယွင်းမှု များကို သုတေသန ပညာရှင် များက ဖော်ထုတ်


By Good Health 

ကွန်ဒုံးကွန်ဒုံးများ သည် သန္ဓေတား ဆီးရန် နှင့် လိင် ဆက်ဆံ ခြင်း မှတစ်ဆင့် ကူးစက် သော ရောဂါ များကို ကာကွယ်တားဆီးရာ၌ ၉၈ ရာခိုင်နှုန်း ထိရောက်မှုရှိသော်လည်း ယင်းကို စနစ်တကျ မှန်ကန်စွာ အသုံးပြုတတ်ရန် လိုအပ်ကြောင်း ပညာရှင်များက ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် သတိပေးလိုက်သည်။ ကင်းဆေးတက္ကသိုလ် ကွန်ဒုံးအသုံးပြုမှု သုတေသနအဖွဲ့က ၁၉၉၅ ခုနှစ်မှ ၂၀၁၁ ခုနှစ်အတွင်း ထုတ်ဝေခဲ့သည့် ဆောင်းပါး ၅၀ ကျော်အပြင် ဗြိတိန်၊ အမေရိကန်နှင့် ကနေဒါတို့အပါအဝင် နိုင်ငံပေါင်း ၁၄ နိုင်ငံမှ လေ့လာချက်များကို လေ့လာခဲ့ကြသည်။
သူတို့သည် ကွန်ဒုံးအထုပ်ကို ဖောက်ရာတွင် ချွန်ထက်သောပစ္စည်းများကို အသုံးပြုခြင်း၊ ကွန်ဒုံးကို အလွန်နောက်ကျမှ ချွတ်ခြင်း၊ ကွန်ဒုံး ကို အလွန်စောစွာချွတ်ခြင်းနှင့် ရေကို အခြေခံသော ချောဆီများ အသုံးပြုရန် ပျက်ကွက်ခြင်းတို့အပါအဝင် မှားလေ့မှားထရှိသည့် အမှားများစွာကို တွေ့ရှိခဲ့ကြသည်။ ယခု လေ့လာချက်များတွင် တစ်လင်တစ်မယားစနစ်ကျင့်သုံးသည့် လက်ထပ်ထားသည့်စုံတွဲ များမှသည် ပြည့်တန်ဆာများအထိ ပါဝင်ကြောင်း သိရသည်။
ယင်းသို့ လေ့လာချက်အရ ကွန်ဒုံးများကို လိင်ဆက်ဆံနေစဉ်တစ် လျှောက်လုံး အသုံးပြုလေ့မရှိကြောင်း၊ ၁၇ မှ ၅၁ ဒသမ ၁ ရာခိုင်နှုန်းသည် လိင်ဆက် ဆံမှုစတင်ပြီး နောက်မှသာ ကွန်ဒုံးစွပ်လေ့ ရှိပြီး ၁၃ ဒသမ ၆ မှ ၄၄ ဒသမ ၇ ရာခိုင် နှုန်းသည် လိင်ဆက်ဆံခြင်းပြီးမြောက်မှု မရှိမီ ကွန်ဒုံးကို စောစောစီးစီးချွတ်ပစ် လေ့ရှိကြောင်း တွေ့ရှိရသည်။
အမျိုးသား များအနေဖြင့် ကွန်ဒုံးကို အသုံးပြုရာ၌ ကွန်ဒုံးအတွင်း၌ သုက် ရည်အတွက် နေရာလပ်ချန်ပေးမထားကြောင်း၊ ကွန်ဒုံးကို တပ် ဆင်ခြင်းမရှိမီ မမှန်မကန်အလိပ်ဖြေလေ့ရှိကြောင်း၊ ကွန်ဒုံး တစ်ခုလုံး၌ မည်သည့်ပြဿနာရှိကြောင်း စစ်ဆေးခြင်းမရှိဘဲ ကွန်ဒုံးကို ကောက်စွပ်လိုက်ကြောင်း တွေ့ရှိရသည်ဟုဆိုသည်။ ၅၀ ရာခိုင်နှုန်းသော အမျိုးသားနှင့် အမျိုးသမီးတို့သည် ကွန်ဒုံး ကို စွပ်ပြီးနောက် လေထုတ်ပစ်လေ့မရှိကြောင်း တွေ့ရှိရသည်။
လိင်ဆက်ဆံစဉ် ကွန်ဒုံးပေါက်ပြဲခြင်းနှင့် ယိုစိမ့်မှု ဖြစ်ပွားခြင်းတို့ မှာလည်း ဖြစ်လေ့ဖြစ်ထရှိကြောင်း တွေ့ရသည်။ ပညာရှင်တို့က ကွန်ဒုံးကို စနစ်တကျ ထိရောက်စွာ အသုံးပြုနိုင်မှု တိုးတက်လာ ခြင်းအားဖြင့် ရောဂါကူးစက်မှုပေါင်း သန်းနှင့်ချီလျက်ကို ရှောင် ရှားနိုင်လိမ့်မည်ဖြစ်ကြောင်း သတိပေးခဲ့သည်။

ကျောက်ဖြစ် ရုပ်ကြွင်း ငှက်


                                                       
Rate this item
(0 votes)
ဦးတိုး (တက္ကသီလ)
လွန်ခဲ့သည့် နှစ်ပေါင်း သန်း ၁၅ဝ က တောကျီးကန်း အရွယ် သတ္တဝါတစ်ကောင်ကို သူ၏ သစ်ကိုင်းနားခိုရာ သို့ ပြန်တင်ပေးနိုင်ပြီ ဖြစ်ကြောင်း လေ့လာမှု အသစ် တစ်ရပ်အနေဖြင့် တင်ပြလိုက်သည်။
အဆိုပါငှက်ကို ARCHAEOP TERYX (arh-kee-AHP-teh-rihx) ''အာကီးအပ်-တီရာဇ်''ကို အစောဆုံး သိရှိရသည့်ငှက် ဟု ကျယ်ကျယ်ပြန့်ပြန့် သတ်မှတ် ပေးခဲ့ကြသည်။ လွန်ခဲ့သည့် နှစ်နှစ်ခန့်က တရုတ် သိပံ္ပပညာရှင်များက ဆင့်ကဲ ပြုပြင်ပြောင်းလဲ လာသည့် ငှက်မိသားစု ဇယားမှ ''ငှက်'' အခွဲ မဟုတ်ကြောင်း အကြံပြုတင်ပြ ခဲ့ဖူးသည်။ ၎င်းသည် ငှက်ကဲ့သို့သော ဒိုင်နိုဆော သတ္တဝါ အဖြစ် အနီးဆုံး ဆက်စပ်မှုသာ ရှိသည်ဟု ကောက်ချက် ဆွဲချခဲ့သည်။ ယခု အခါတွင် Royal Belgian Insrtitute of Natural Sciences သည် နိုင်ငံ တကာအဖွဲ့ကို ဦးဆောင်ပြီး Archaeop Teryx ကျောက်ဖြစ်ရုပ်ကြွင်းကို ငှက်တစ်ကောင် အဖြစ် တကယ်ပင် ယူဆသင့်သည်ဟု ယုံကြည် နေပေသည်။
အဆိုပါ ကျော်ကြားခဲ့သည့် ကျောက်ဖြစ်ရုပ်ကြွင်းကို ၁၈၆၁ ခုနှစ်တွင် ဂျာမနီ နိုင်ငံ၌ တွေ့ရှိခဲ့ရပြီး ချက်ချင်း ဆင့်ကဲ ပြောင်းလဲမှု၏ အမွှန်းတင်ခံ တစ်ခုဖြစ် လာခဲ့ရပေသည်။ Archaeopteryx တွင်ငှက်ကဲ့သို့ အစိတ်အပိုင်း များနှင့် တွားသွား သတ္တဝါကဲ့သို့ အစိတ်အပိုင်းများ နှစ်မျိုးစလုံး ထူးခြားသော ကြန်အင် လက္ခဏာများ အဖြစ်ပါရှိ နေပေသည်။ ငှက်တစ်ကောင် ကဲ့သို့သော အမွေး အတောင်များ ရှိသည့် ကျယ်ပြန့် သော တောင်ပံများဖြင့် ကြော့ရှင်း လှပနေပြီး ၎င်းတွင် ခြေသည်းသုံးချောင်း၊ ချွန်ထက်သော သွားများနှင့် ရှည်လျားသော အရိုးဆက် ကလေးများ ပါရှိသည်။ အမြီးရှည်ကြီးတစ်ခု ပါရှိသော ဒိုင်နိုဆော တစ်ကောင် ကဲ့သို့ ဖြစ်သည်။ ငှက်များ၏ ဆင့်ကဲ ပြောင်းလဲမှု ဖြစ်စဉ်တွင် လွန်ခဲ့သည့် နှစ် ၂ဝ ခန့်က တရုတ်ပြည် အရှေ့ မြောက်ပိုင်း၌ အမွေးတောင်များနှင့် ကျောက်ဖြစ် ရုပ်ကြွင်းများ ကို တွေ့ရှိရသဖြင့် Archaeopteryx ၏ နေရာကို စိန်ခေါ်မှု ဖြစ်လာခဲ့သည်။
နောက်ဆုံး တွေ့ရှိချက်များမှ နေ၍ Archaeopteryx ကို အကောင်း ပကတိအတိုင်း တွေ့ခဲ့ရ၍ ငှက်များဖြင့် ပိုမိုနီးစပ်ပြီး ဆင်တူကြောင်း ညွှန်းဆို ပြသ နေပေသည်။ ယခင်က မသိရှိသေးသော ဒိုင်နိုဆောကို Auronis Xui ဟု နာမည်မှည့် ခေါ်ခဲ့သည်။ ၎င်း၏ အရိုးစုကိုလည်း အကောင်းပကတိအတိုင်း ရှိနေသည်ကို တွေ့ရှိခဲ့ ရသည်။ ၎င်းသည် Jurassic ခေတ် အလယ်ပိုင်းတွင် တရုတ်ပြည်၏ လီယာအိုနင်း ပြည်နယ် (Liaoning province) တွင် အသက်ရှင် နေထိုင်ခဲ့ကြောင်းနှင့် အဆိုပါ ဒေသ၌ ရှေးဦးငှက်များနှင့် အမွေးအတောင်ပါ ဒိုင်နိုဆောများ လှည့်လည် ကျက်စား သွားလာ နေခဲ့ကြသည်ဟု ဆိုသည်။
ဘဲလ်ဂျီယန် သုတေသန ပညာရှင် ပါစကယ်လ် ဂေါ့ဒီဖရော့ (Pascal Goddroit) နှင့် သူ၏ အဖွဲ့သားများ သည် နောက်ဆုံး တွေ့ရှိခဲ့သည့် ဒိုင်နိုဆော၏ ကျောက်ဖြစ်ရုပ်ကြွင်း ခန္ဓဗေဒကို ငှက်အမျိုးမျိုးဖြင့် လည်းကောင်း၊ ဒိုင်နိုဆောများဖြင့် လည်းကောင်း နှိုင်းယှဉ်လေ့လာကာ သူတို့၏ ဆက်နွှယ်မှုကို ဆုံးဖြတ်ရန် ဆောင်ရွက်ခဲ့သည်။ Archaeopteryx  ကျောက်ဖြစ်ရုပ်ကြွင်းမှ ထိုသတ္တဝါကို ငှက် အမျိုးအစားတွင် ပြန်လည် ထည့်သွင်းကြောင်း မေ ၃ဝ ရက်ထုတ် Nature ဂျာနယ်တွင် ရေးသား တင်ပြထားသည်။ သိပံ္ပပညာရှင်များ၏ ခွဲခြားစိတ်ဖြာ လေ့လာချက်သည် အလွန် စိတ်ဝင်စားဖွယ်ရာ ကောင်းကြောင်း အိုဟိုင်းယိုး တက္ကသိုလ်မှ ငှက်များ၏ ဆင့်ကဲ ပြောင်းလဲမှု အကြောင်း ကျွမ်းကျင်သော ပညာရှင် လောရင်းဝတ်တနာ (Lawrence Witner) က ပြောကြားခဲ့သည်။ သို့သော်လည်း ဤကျောက်ဖြစ် ရုပ်ကြွင်းတို့၏ မိသားစု ဆင်းသက်လာပုံ တို့ကို ဆက်လက်၍ အဖြေထုတ်ယူ ရဦးမည် ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။ ''အမွေးအတောင်ပါ ဒီသတ္တဝါတွေ တောင်ပံခတ် ပြေးလွှား နေကြတာဟာ အားလုံးလိုလို ဆင်တူ နေကြပါတယ်''ဟု ၎င်းက ပြောကြားသည်။



တံတောင်ဆစ် မဲမဲလေးတွေ ဖြူသွားအောင်လှပသောနည်လမ်း

သံပုရာသီး တစ်ခြမ်းကို ယူပြီး တံတောင်ဆစ်ကို ငါးမိနစ်ခန့် ပွတ်ပါ။ ၃-၄နာရီလောက် ထားပေးပါ။
ထို့နောက် အ၀တ်ကြမ်းဖြင့် ပွတ်သပ်ပေးပြီး ရေနွေးနွေးဖြင့် ဆေးပေးပါ။ တစ်ပတ်ကို နှစ်ကြိမ် သုံးကြိမ် ပြုလုပ်ပေးပါ။
နို့ချဉ် နှစ်ဇွန်းနှင့် ရှာလကာရည်နှစ်အား သမအောင် မွှေပြီး တံတောင်ဆစ် ပေါ်တွင်လိမ်းပေးပါ။ ထို့နောက် အ၀တ်တစ်ခုဖြင့် ထုတ်ထားပေးပါ။ ၂၀-၃၀ မိနစ်ခန့် ထားပေးပါ။ပြီးလျှင် ရေနွေးနွေးဖြင့် ဆေးပေးပါ။
သံပုရာလေးဇွန်းနှင့် နနွင်းနှစ်ဇွန်းခန့် ရောမွှေပါ။ ပြီးလျှင် တံတောင်ဆစ်ပေါ် မိနစ် ၃၀ခန့် ထားပေးပါ။ ရေနွေးနွေးဖြင့် ဆေးပေးပါ။
တစ်နေ့လျှင် ရေ၈-၁၀ခွက် သောက်ပေးပါ။ ရေသည် အသားအရေအား ဆိုပြေ စေသည်။
အလှအပရေးရာမှ ဘာသာပြန်သည်
by-အလှအပရေးရာဆွေးနွေးကြမယ် (Beauty talk)

iPhone တွေကို Lock ဖုန်းလား/Unlock ဖုန်းလားနဆိုတာအလွယ်စစ်ကြည့်ချင်သူတွေအတွက်နည်းလမ်းများ



                          
မင်္ဂလာပါခင်ဗျာ တော်ဝင်သစ္စာမိသားစုမှကြိုဆိုပါတယ်ဒီနည်းလမ်းလေးကတော့IOSးသမားများအတွက်ပါခင်ဗျာမိမိတို့ဝယ်လာတဲ့ iPhone/ ၀ယ်မယ့် iPhone ဟာ Lock ဖုန်းဖြစ်နေသလား ဆိုတာကိုသံသယရှိနေသူတွေအတွက်စစ်ဆေးကြည့်နိုင်ဖို့နည်းလမ်းလေးပါ။
ဂျပန်ကနေပါလာတဲ့ဖုန်းတွေ ၊ အမေရိကန် ဖုန်းအများစုဟာ Lock ဖုန်းတွေပါပဲ။ Lock ဖုန်းတွေဆိုရင် မြန်မာပြည်မှာသုံးလို့မရပါဘူး ။ သုံးလို့ရအောင်လုပ်မယ်ဆိုရင်လည်း Unlock လုပ်ရဘာလုပ်ရနဲ့ အလုပ်တော်တော်ရှုပ်ပါတယ်။ ဒါကြောင့် ကိုယ်ဝယ်မယ့်ဖုန်းက Lock/unlock စစ်ချင်တဲ့အခါ ဒီနည်းလေးသုံးလို့ရပါတယ်။ ဒါကြောင့် အဲဒီကဖုန်းတွေဝယ်မယ်ဆိုရင် အခုပြောမယ့်နည်းလေးနဲ့အရင်စစ်ဆေးကြည့်ပါ။ အောက်မှာဆက်လက်ဖတ်ရှုကြရအောင်။
- ဖုန်းရဲ့ Setting > General > About ထဲကိုဝင်ပါ။
- About ထဲကိုရောက်ပြီဆိုရင် အောက်ဘက်ကိုအနည်းငယ် Scroll ဆွဲပါ။ IMEI ဆိုတာလေးတွေ့ပါလိမ့်မယ်။ အောက်ပုံမှာပြထားတဲ့အတိုင်းပါ။


IMEI number ကိုသိရပြီဆိုရင် အဲဒါကိုမှတ်ထားပြီး အောက်မှာပေးထားတဲ့ link ထဲကိုဝင်ပါ။
=>iPhone Lock/Unlock စစ်ရန် <=
အောက်ပါအတိုင်းပေါ်လာပါမယ်။




Enter iPhone IMEI number ဆိုတဲ့နေရာမှာ ခုနတုန်းက ဖုန်းထဲမှာကြည့်ခဲ့တဲ့ IMEI number တွေကိုရိုက်ထည့်ပေးလိုက်ပါ ။ ပြီးရင် Enter ခေါက်ပါ။



ကိုယ့်ဖုန်းနဲ့ပတ်သက်တဲ့ Information အပြည့်အစုံပေါ်လာပါမယ်။ ပေါ်လာတဲ့အထဲကအောက်ဆုံးစာကြောင်းမှာ SIM Lock : ဆိုပြီး ဖုန်းက lock/unlock ဖြစ်ကြောင်း တွေ့ရပါလိမ့်မယ်။ အောက်ပုံအတိုင်းပါ။


ဒီလောက်ဆိုရင် ကိုယ်ဝယ်မယ့် iPhone ဟာ Lock ဖုန်းလား / Unlock ဖုန်းလား ဆိုတာကိုသိရှိနိင်ကြပါပြီ။
အားလုံးပဲအဆင်ပြေကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
မူရင်း

Gita Myanmar Music App v1.2 for Ios




မင်္ဂလာပါခင်ဗျာ  တော်ဝင်သစ္စာမိသားစု မှကြိုဆိုပါတယ်ဒီAppလေးကတော့IOSသမားတွေအတွက်ပါ Jailbreak လုပ်မထားတဲ့ iPhone/Pad/Pod touch တွေကိုင်ဆောင်သူတွေအတွက် အသုံးဝင် မြန်မာဆော့ဝဲလေးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဆော့ဝဲလေးရဲ့နာမည်ကတော့ Gita Myanmar (ဂီတမြန်မာ) လို့ခေါ်ပါတယ်။
ဒီဆော့ဝဲလေးက ဘာတွေကောင်းလဲဆိုတော့ သီချင်းနာမည်ကို မြန်မာလိုပေးထားတာတွေဆိုရင် ဒီဆော့ဝဲလေးထဲကနေကြည့်ရင် မြန်မာလိုရေးထားတဲ့ သီချင်းနာမည်များကို မြန်မာလိုမြင်ရပါတယ်။ Jailbreak လုပ်မထားလို့ မြန်မာစာမသွင်းရသေးတဲ့ဖုန်းတွေအတွက်အဆင်ပြေစေမှာပါ။ ဒါ့အပြင် သီချင်းထဲမှာ သီချင်းစာသား (Lyrics) ထည့်ထားမယ်ဆိုရင်လည်း ဒီ ဂီတမြန်မာဆော့ဝဲလေးက သီချင်းစာသားကိုပါဖော်ပြပေးနိုင်ပါသေးတယ်။ မြန်မာနာမည်နဲ့ရေးထားတဲ့သီချင်းတွေကိုရှာဖို့အတွက်လည်း Built-in မြန်မာကီးဘုတ်တစ်ခုလည်းထည့်သွင်းပေးထားပါတယ်။ ဆော့ဝဲရဲ့ဒီဇိုင်းကလည်း တော်တော်လေးလန်းပါတယ်။ iOS ရဲ့မူရင်း Play နဲ့တော်တော်လေးတူအောင် ဖန်တီးပေးထားပါတယ်။ တခြား features တွေလည်းအများကြီးပါဝင်ပါသေးတယ်။ ဒီဆော့ဝဲလေးကိုဖန်တီးသူကတော့ iOS Developer ကိုဇော်မင်းစိုး (Initial Studio) ဖြစ်ပါတယ်ခင်ဗျာအသုံးပြုချင်ရင်တော့အောက်လင့်ခ်မှာဒေါင်းနိုင်ပါတယ်ခင်ဗျာ ကျွန်တော်တင်သမျှတွေအဆင်မေပြေမူတွေရှိခဲ့ရင်CBOXမှာအကြံညဏ်လေးများပေးခဲ့နိုင်ပါတယ်ကျေးဇူးတင်ပါတယ်



Movie Editor v1.0.3 APK(9MB) for android OS 2.2 and up


                                                 me
မင်္ဂလာပါခင်ဗျာ  တော်ဝင်သစ္စာမိသားစု မှကြိုဆိုပါတယ်ဒီအပ်လေးကတော့Android ဖုန်းကိုင်ဆောင်သူတွေအတွက် မိမိတို့ဖုန်းထဲမှာ အမှတ်တရရိုက်ထားတဲ့ဗီဒီယိုဖိုင်တွေကို တစ်စုတစ်စည်းထဲပေါင်းပြီး
Long Length ဗီဒီယိုတစ်ဖိုင်းတည်းအဖြစ်ဆက်ပြီး မိမိနှစ်သက်ရာသီချင်းတွေကိုနောက်ခံတေးသံအဖြစ်ဖန်တီးနိုင်တဲ့ apk လေးပါ
တစ်နေရာတစ်မျိုးမှတ်တမ်းတင်ထားပြီးပြန့်ကျဲနေတဲ့ဗီဒီယိုအပိုင်းအစလေးတွေ တစ်ပေါင်းတစ်စည်းထဲပြုလုပ်နိုင်ဖို့ အကောင်းဆုံး
apk လေးပါ……ဒါ့အပြင် အခြား Movie  ဖိုင်များနှင့်မိမိကိုယ်ပိုင် ဗီဒီယိုဖိုင်လေးတွေကိုလည်းဆက်လို့ရပါသေးတယ်……
အမှတ်တရပုံရိပ်လေးတွေကို ပေါင်စည်းပြီး သူငယ်ချင်းတွေဆီကို Facebook , Email တွေကနေတစ်ဆင့် upload လုပ်ပေးနိုင်လို့အသုံးဝင်
ပါတယ်ခင်ဗျာကျွန်တော်တင်တာတွေအဆင်မပြေတာလေးများရှိခဲမယ်ဆိုရင်CBoxမှာအကြံညဏ်လေးများ
ပေးခဲ့နိုင်ပါတယ်ကျေးဇူးတင်ပါတယ်
အသုံးပြုချင်ရင်တော့အောက်ကလင့်ခ်မှာဒေါင်းနိုင်ပါတယ်ခင်ဗျာ……………..
b cd
e  

အသုံးပြုချင်ရင်ဒီနေရာမှဒေါင်းပါ <<<<<<<

Friday, June 28, 2013

Flash Transfer for android version( 1.3.0125) 2.41 MB

                                                              
                                       

မင်္ဂပါခင်ဗျာ  တော်ဝင်သစ္စာမိသားစုမှကြိုဆိုပါတယ်ဒီအပ်လေးကတော့ကျွှန်တော်အကိုMin Ma Har Facebook ကနေ
ရှယ်ထားတာပါ zapya ထက်မြန်တဲ့ဆော့ဝဲလေးပါ zapya ကဲ့သို့လုပ်ဆောင်ချက်တူပါတယ် ဒါပေမဲ့လုပ်ဆောင်ချက်ကတော့zapya ထက်မြန်တာကိုတွေ့ရပါလိမ့်မယ် တစ်ယောက်နဲ့တစ်ယောက် ဆော့ဝဲပဲပို့ပို့ သီချင်းပဲကူးကူး video / photo ပဲပို့ပို့အချင်းချင်းရှာဖွေရာမှာလည်းအလွန်မြန်ဆန်တဲ့ဆော့ဝဲလေးပါ အသုံးပြုမယ်ဆိုအောက်က link မှာ down လိုက်ပါ

အသုံးပြုချင်ရင်ဒီနေမှာဒေါင်းပါ

Air Heroes for iPhone, iPod touch, and iPad 35MB



မင်္ဂလာခင်ဗျာ  တော်ဝင်သစ္စာမိသားစု မှကြိုဆိုပါတယ်ဒီအပ်လေးကတော့ထူးဆန်းတဲ့ အကောင်တွေစီးပြီး ကောင်းကင်မှာ ရန်သူတွေကို နိုမ်နှင်းရတဲ့ ဂိမ်းလေးပါ IOS သမားတွေအတွက်ပါ

ကစားမယ်ဆို အောက်ကလိပ်စာမှာ၇ယူနိုင်ပါတယ်ခင်ဗျာ
လင့်ခ်ခုတင်ပေးထားပါတယ် အဆင်ပြေသလိုဒေါင်းနိုင်ပါတယ်
Dwonload>>> ဒီနေရာမှာဒေါင်းပါ (or)ဒီနေရာမှာဒေါင်းပါ (or)ဒီနေရာမှာဒေါင်းပါ






Bounty Hunter: Black Dawn for android Game



မင်္ဂလာခင်ဗျာတော်ဝင်သစ္စာမိသားစုမှကြိုဆိုပါတယ်ဒီဂိမ်းလေးကတော့အရမ်းလန်းလို.တင်ပေးလိုက်တာ
ပါခင်ဗျာတော်တော်လေးကိုကစားကောင်းပါတယ် ရုပ်ထွက်ကုလည်းလန်းမှလန်းအပစ်ခက်ကိုဝါသနာပါသူတွေအတွက်တော့အကြိုက်တွေ.မှာပါအသုံးပြုချင်ရင်
တော့အောက်ကလင့်ခ်မှာဒေါင်းနိုင်ပါတယ်ခင်ဗျာ
အောက်မှာဒေါင်းယူပါ
data ဖိုင်ကိုအောက်မှာဒေါင်းပါ
  • Install APK
  • Copy ‘com.ifreyrgames.blackdawn’  folder to  ‘sdcard/ Android/  Obb/’

Friday, June 28, 2013 ကလေးအလုပ်သမားကိစ္စဟာ စိန်ခေါ်မှုတစ်ရပ် ဖြစ်နေတဲ့မြန်မာနိုင်ငံ


မြန်မာနိုင်ငံမှာ နိုင်ငံရေးး စီးပွားရေး ပြောင်းလဲ ပွင့်လင်းလာနေပေမယ့် ကလေးအလုပ်သမားကိစ္စဟာ အဓိက ပြဿနာတစ်ရပ် ဖြစ်နေဆဲပဲလို့ ပြင်သစ်သတင်းဌာန တစ်ခုက ဖော်ပြပါတယ်။

၂၀၁၂ ခုနှစ် နိုင်ငံတကာအလုပ်သမားအဖွဲ့ချုပ် ( ILO ) ရဲ့ ညွှန်းကိန်းတွေအရ အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေ အလုပ်ခိုင်းစေခံရမှု အခြေအနေမှာ မြန်မာနိုင်ငံဟာ မြောက်ကိုရီးယား၊ ဆိုမာလီယာ၊ ဆူဒန် နိုင်ငံတွေနဲ့အတူ အဆိုးရွားဆုံးနိုင်ငံများစာရင်းမှာ ပါဝင်နေဆဲဖြစ်ပါတယ်။

အသက် (၁၅)နှစ်အောက် ကလေးတွေကို အလုပ်မခိုင်းရ၊ (၁၅) နှစ် နဲ့ (၁၈) နှစ်ကြားကလေးတွေကို (၄) နာရီသာ အလုပ်လုပ်ခွင့်ပြုရမယ်လို့ ဥပဒေပြဌာန်းထားပေမယ့် ဒီဥပဒေဟာ မြန်မာနိုင်ငံမှာ အသက်မ၀င်ဘဲ ဖြစ်နေတယ်လို့ France 24 သတင်း က ဆိုပါတယ်။

မြန်မာနိုင်ငံလူဦးရေ ရဲ့သုံးပုံတစ်ပုံ နီးပါးဟာ (၁၅) နှစ်အောက်ကလေးတွေဖြစ်ပြီး၊ ကျောင်းမနေနိုင်ဘဲ စားဝတ် နေရေးအတွက် အလုပ်လုပ်ခိုင်းခံနေရတာ၊ စစ်တပ်ထဲ ဆွဲသွင်းခံနေကြရပါတယ်။

မြန်မာနိုင်ငံရဲ့ လက်ရှိ ပြုပြင်ပြောင်းလဲမှုတွေဟာ အဲဒီကလေးတွေ ဆီမရောက်သေးဘူးလို့လည်းဖော်ပြပါတယ်။

ကမ္ဘာလှည့် ခရီးသွားတွေ ထူပြောရာ လဘက်ရည်ဆိုင်တွေ၊ စားသောက်ဆိုင်တွေ၊ ကာရာအိုကေဘားတွေ အနှိပ်ခန်း တွေမှာ အလုပ်လုပ်နေကြတဲ့ ကလေးငယ်တွေကို မမြင်ချင်အဆုံး တွေ့နေရတယ်လို့ ရေးသားပါတယ်။ 
                              
RFA Burmese                   

Friday, June 28, 2013 ကလေးနဲ့တမူးခရိုင်တွေမှာ အရာရှိသစ်တွေနဲ့ အစားထိုးတာဝန်ပေး


ကလေး ၊ ဇွန်  ၁၉ -  ကလေးမြို့ နဲ့ တမူး မြို့က  မြို့နယ်ရဲတပ်ဖွဲ့မှူး နဲ့    ခရိုင်  ရဲတပ်ဖွဲ့မှူး  တွေကိုယခုလ ၁၅ ရက်နေ့ကစတင်စုံစမ်းစစ်ဆေး  နေပြီး သူတို့နေရာကို အခြား ရဲတပ်ဖွဲ့ဝင်တွေနဲ့တာဝန်ပေးထားတယ်လို့  သိရပါတယ်။

အရင်မြို့နယ်မှူး နဲ့ခရိုင်ရဲ မှူးကို ခရိုင်ရုံးထဲမှာပဲ  လွတ်လွတ်လပ်လပ် ထားပြီး စုံစမ်းစစ်ဆေးနေပါတယ်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကပဲစစ်ဆေးနေ တာဖြစ်ပြီး ရဲတပ်ဖွဲ့ ခုံရုံးကပဲစီရင်ချက်ချမှာပါလို့ ကလေးခရိုင် ရဲတပ်ဖွဲ့ မှူးအသစ် အဖြစ်တာဝန်ယူနေတဲ့ ဒုရဲမှူးကြီး သိန်းဝင်းကပြောပါတယ်။

သူကပဲ တမူးရဲတပ်ဖွဲ့ကခရိုင်မှူးဆိုလဲတမူးမြို့နယ် ရဲစခန်းမှာတွဲဖက် တာဝန်ချထားပေးတယ်လို့  ပြောပါတယ်။

အခုလက်ရှိ စစ်ဆေးခံနေရတဲ့သူတွေကခရိုင်ရဲတပ်ဖွဲ့မှူး၊ မြို့နယ် ရဲတပ်ဖွဲ့ မှူး၊ ခရိုင်ရဲတပ်ဖွဲ့ရုံးက ဒုစရိုက်နှိမ်နင်းရေးခေါင်းဆောင်၊ ရဲစခန်းကနယ်ထိန်း ခေါင်းဆောင်နဲ့ တာဟန်းရပ်ကွက်က စခန်းမှူး တို့ပါတယ်လို့သိရပါတယ်။ ဦးက မကွေးက ပြောင်းလာတာ ၊မြို့နယ်မှူးက ရေဦးက ပြောင်းလာတာလို့ ကလေးခရိုင်ရဲတပ်ဖွဲ့ မှူးအသစ်က ပြောပါတယ်။

ခေမဏီ                

သတင်းသမားတွေက တကယ်တာဝန်ရှိတဲ့ အစိုးရကို မေးရမယ် – ဒေါ်အောင်ဆန်းစုကြည်

Friday, June 28, 2013


မီဒီယာတွေက ချောင်ပိတ်စေနိုင်မယ့် မေးခွန်းတွေ မေးလာရင် နိုင်ငံရေးသမားတွေ ရင်ဆိုင် ဖြေဆိုရမှာဖြစ်ပြီး တကယ်တာဝန်ရှိတဲ့ အစိုးရကိုလည်း မေးရမယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

ဒီနေ့ ပြည်သူ့လွှတ်တော်ထဲမှာ ဒီဗွီဘီသတင်းထောက် အောင်ထွန်းမြင့်က မေးမြန်းရာမှာ ဖြေကြားလိုက်တာပါ။

ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ပတ်သက်ပြီး သမ္မတက ဖော်ဆောင်နေတယ်၊ ဒါပေမယ့် ဖော်ဆောင်မှုတွေက လွှတ်တော်နဲ့ သီးခြားဖြစ်နေတယ်လို့ ပြောတဲ့အပေါ် ဘယ်လိုမြင်မိပါလဲ။

“ဝေဖန်မှုတွေရှိနေလို့လည်း ပိုနီးစပ်အောင်လုပ်နေတယ်လေ။ မနက်တုန်းကတောင် လွှတ်တော်ဥက္ကဋ္ဌကြီးရဲ့ တောင်းဆိုချက်အရ လာရှင်းပြတာတွေ ရှိတယ်။ ပို ပူးပေါင်းဆောင်ရွက်ဖို့ လိုတယ်လို့ ထင်တယ်။ ဒီမိုကရေစီအစိုးရဆိုတာ လွှတ်တော်ကမပါဘဲ လုပ်လို့မရဘူး။ အစိုးရဆိုတာ လွှတ်တော်လည်းပါတယ်။ ၀န်ကြီးအဖွဲ့တင် မဟုတ်ဘူး။ နောက် အန်တီတို့မှာ သိပ်မရှိသေးတဲ့ တရားရေးမဏ္ဍိုင်ဆိုတာလည်း ပါရမယ်။ အားလုံး ၀ိုင်းဝန်းဆောင်ရွက်မှ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်မယ်။”

ပြည်တွင်း၊ ပြည်ပ မီဒီယာတချို့က အန်တီကို မေးခွန်းတွေနဲ့ ချောင်ပိတ်စေနိုင်မယ့်အဖြစ်မျိုးတွေ ဖန်တီးနေတယ်လို့ တချို့ကမြင်တယ်။ အဲဒီအပေါ် ဘယ်လိုမြင်ပါလဲ။

“ဒါက နိုင်ငံရေးလုပ်ရင် ဒီလိုမေးတဲ့ မေးခွန်းတွေဖြေရမယ်၊ နိုင်ငံရေးသမားတွေ ရင်ဆိုင်ရမှာပဲ။ တခုတော့ ရှိတယ်။ သတင်းသမားတွေက တကယ်တာဝန်ရှိတဲ့ အစိုးရကို မေးဖို့ လိုတယ်။ ဒါမှ သတင်းသမားတွေအနေနဲ့ ချိန်ခွင်လျှာညီမျှတယ်လို့ လူတွေက မြင်မှာ။ နိုင်ငံရေးသမားတွေဆိုတာ နိုင်ငံရေးလုပ်တာမှန်တယ်။ တကယ်တော့ တိုင်းပြည်ထဲမှာ အုပ်ချုပ်ရေးအာဏာရှိတာ မဟုတ်ဘူး။ တိုင်းပြည်ထဲဖြစ်နေတဲ့ကိစ္စနဲ့ ပတ်သက်လို့ အဓိကတာဝန်ရှိတာက အစိုးရဖြစ်တယ်။ အဓိက တာဝန်ရှိသူတွေကို မေးဖို့က ပထမဆုံး လုပ်ရမယ့်ကိစ္စလို့ မြင်တယ်။”

တရုတ်အစိုးရက မြစ်ဆုံနဲ့ပတ်သက်လို့ ပြန်စချင်တဲ့အရိပ်အယောင်တွေ ပြောနေတယ်။ ဒါနဲ့ ပတ်သက်လို့ရော။

“အဲဒီဟာက အစကတည်းက အန်တီပြောတယ်။ ရပ်လိုက်တယ်၊ ဆိုင်းငံ့လိုက်တယ်ဆိုတာ ငါးနှစ်။ ဆိုင်းငံ့လိုက်တာ ၅ နှစ်ဆိုကတည်းက အန်တီတို့အနေနဲ့ ဘယ်လို စာချုပ်တွေချုပ်ထားပြီး ဘယ်လို သဘောတူညီမှုတွေ ယူထားမှန်းမသိဘူး။ ပွင့်လင်းမြင်သာမှု မရှိဘူး။ ပွင့်လင်းမြင်သာမှုမရှိတဲ့အပေါ်မှာ အန်တီတို့ကနေပြီး မှတ်ချက်ချဖို့ အင်မတန်ခက်တယ်။ အဲအတွက်လည်း အစိုးရကို မေးရမယ်။ ဘယ်လို သဘောတူညီချက်တွေရှိလဲ။ ဘယ်လိုသဘောတူညီချက်တွေနဲ့ ဒီဟာကို သဘောတူထားတာလဲ။ အခု ဘယ်လိုဆက်လုပ်ဖို့ အစီအစဉ်ရှိလဲဆိုတာ။ ဆိုင်းငံ့တာက ဆိုင်းငံ့တာပဲ။ ဒါက ရပ်သွားတာမဟုတ်ဘူး။ နောင် ဘယ်လိုအစီစဉ်ရှိလဲဆိုတာ မေးရမှာ။ ဆိုင်းငံ့လိုက်တဲ့ အစိုးရကို မေးရမှာ။” 

by ဒီဗွီဘီ                      

Friday, June 28, 2013 မိုဘိုင်းဖုန်း မြန်မြန် သုံးနိုင်အောင် လုပ်မယ်လို့ Telenor ပြောကြား


မြန်မာ နိုင်ငံအတွင်းမှာ ဆက်သွယ်ရေး လုပ်ငန်းတွေမှာ လာရောက် ရင်းနှီးမြှုပ်နှံဖို့ ပြည်ပက ကုမ္ပဏီ ၂ ခုကို တင်ဒါ စိစစ်ရေးအဖွဲ့က ခွင့်ပြုလိုက်တဲ့ အထဲမှာ နော်ဝေးနိုင်ငံက တယ်လီနော ကုမ္ပဏီလည်း ပါဝင်ပါတယ်။

ဒီ တယ်လီနော ကုမ္ပဏီ အနေနဲ့ အခုလိုင်စင် ရရှိပြီးနောက်မှာ ဘာတွေ ဆက်ပြီးလုပ်သွားကြမလဲ ဆိုတာကို အဲဒီ တယ်လီနော ကုမ္ပဏီက အာရှဒေသတွင်း ဆက်သွယ်ရေး ဆိုင်ရာ ညွှန်ကြားရေးမှူး Glenn Mandelid ကို ဘီဘီစီက ဆက်သွယ် မေးကြည့်တော့ ပထမ အဆင့်အနေနဲ့ ဒီလိုင်စင် အတွက် လိုအပ် တာတွေကို မြန်မာ အာဏာပိုင်တွေနဲ့ ဆွေးနွေးမှာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

တချိန်ထဲမှာ မြန်မာ ပြည်သူတွေ မိုဘိုင်းဖုန်း တွေ အမြန်ဆုံး သုံးစွဲ နိုင်အောင် ဝန်ဆောင်မှုတွေ ပေးနိုင်ဖို့ မြန်နိုင်သမျှ မြန်မြန် အကောင်အထည် ဖော်သွားမှာ ဖြစ်တယ် လို့လည်း သူက ပြောပါတယ်။

အဲဒီအတွက် အရေးကြီးဆုံးဖြစ်တဲ့ ဝန်ထမ်း ခေါ်ယူ ခန့်ထားမှုတွေကို လုပ်မှာဖြစ်ပြီး ဝန်ထမ်း အများစုကလည်း ပြည်တွင်း ထဲကပဲ ဖြစ်မှာပါလို့ သူက ဆိုပါတယ်။

ဒါ့အပြင် မြန်မာ နိုင်ငံတွင်းမှာ မိုဘိုင်းဖုန်းတွေကို တွင်တွင်ကျယ်ကျယ် သုံးစွဲ သွားနိုင်အောင် လုပ်ဖို့ကို ရည်ရွယ်ထားတဲ့ အတွက် ဈေးနှုန်းတွေ ကျလာမှာပါလို့ သူက ပြောပါတယ်။

အခုလက်ရှိ ပေးဆောင်နေရတဲ့ ဝန်ဆောင်မှု ဈေးနှုန်းတွေထက်ကို အများကြီး ပိုပြီးသက်သာ သွားမှာဖြစ်ပြီးတော့ တယ်လီနော အနေနဲ့ အာရှဈေးကွက်ထဲမှာ လုပ်ကိုင်လည်ပတ် နေခဲ့တာဟာ ၁၅ နှစ် ရှိနေပြီ ဖြစ်လို့ အတွေ့အကြုံ တော်တော် ရှိနေပါပြီလို့ မစ္စတာ မန်ဒီလစ်ဒ့်က ဆိုပါတယ်။

အာရှ ဈေးကွက်ရဲ့ ၉၅ ရာခိုင်နှုန်းဟာ ကြိုတင် ငွေဖြည့် စနစ်နဲ့ ထပ်ပြီး ငွေထပ်ဖြည့်တဲ့ စနစ် မျိုးတွေကိုသာ အသုံးများတဲ့ အတွက်ကြောင့် ဒီလို စနစ်တွေကို လူတိုင်း သုံးစွဲနိုင်အောင်လို့ ဘယ်လို လုပ်ရမလဲ ဆိုတာကို သူတို့ အနေနဲ့ နားလည်ကြောင်း သူက ရှင်းပြခဲ့ပါတယ်။

ဒါ့အပြင် ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်လို့ ပြောရရင်တော့ ကနဦး ဘယ်လောက်လဲ ဆိုတာ အတိအကျ ပြောဖို့ ခက်ပြီး မိုဘိုင်းဖုန်း ဝန်ဆောင်မှု ပေးတဲ့ ကုမ္ပဏီ တိုင်းကတော့ ရင်းနှီးမြှုပ်နှံမှုကို တော်တော် ထည့်ရမှာ ဖြစ်သလို ဝန်ဆောင်မှုတွေ ပေးဖို့ လိုအပ်တဲ့ ကွန်ယက် တည်ဆောက်မှု၊ ဖြန့်ဖြူးမှု နဲ့ ဈေးကွက်ထဲ ထိုးဖောက်ဖို့တွေ အတွက် လုပ်ရမှာပါလို့ သူက ပြောပါတယ်။

မြန်မာ နိုင်ငံအတွင်းမှာ ဆက်သွယ်ရေး နဲ့ ပတ်သက်တဲ့ ဥပဒေတွေ လက်ရှိ အချိန်မှာက မရှိသေးတော့ နောက်ပိုင်း ပြဌာန်း လာတဲ့ အခါမှာရော အဲဒီအပေါ်မှာ ဘယ်လို ဆောင်ရွက်သွားမလဲ ဆိုတဲ့ ဘီဘီစီရဲ့ မေးမြန်းချက်ကို သူက ပြန်လည် ဖြေကြားရာမှာ ဘယ်နိုင်ငံမှာပဲ လုပ်ငန်း လုပ်လုပ် အဲဒီ နိုင်ငံရဲ့ ဥပဒေတွေကို လိုက်နာ ဆောင်ရွက်ရမှာ ဖြစ်တဲ့ အကြောင်း ၊ ပြည်ပကနေ လာပြီး ရင်းနှီးမြှုပ်နှံသူ ဖြစ်တဲ့အတွက် မြန်မာ နိုင်ငံအတွင်း ရေရှည်မှာပါ တည်တည် တန့်တန့်ရှိနေအောင် အာမခံ ပေးနိုင်မယ့် ဥပဒေ တခု ရှိနေစေချင်ပါတယ်လို့ သူ့သဘောကို ပြောကြားခဲ့ပါတယ်။

အဲဒါကြောင့်လည်း တကယ်လို့ မြန်မာဘက်ကနေ ဆက်သွယ်ရေး လုပ်ငန်းတွေနဲ့ ပတ်သက်လို့ ဥပဒေ ရေးဆွဲ ပြဌာန်းရေးမှာ အကူအညီ လိုမယ်ဆိုရင်လည်း ပူးပေါင်း ကူညီဆောင်ရွက် ပေးသွားမှာ ဖြစ်တယ်လို့ တယ်လီနော ကုမ္ပဏီက အာရှဒေသတွင်း ဆက်သွယ်ရေး ဆိုင်ရာ ညွှန်ကြားရေးမှူး Glenn Mandelid က ဆိုသွားခဲ့ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

ဖေ့စ်ဘွတ်ကြောင့်မုန်းတီးမှု ဖြစ်စေသည့် ပြောဆိုချက်များဖြစ်ပေါ်စေသည်ဟု ဦးရဲထွဋ်ပြော


မြန်မာပြည်မှာ မုန်းတီးမှုကို ဖြစ်ပေါ်စေတဲ့ ပြောဆိုရေးသားချက်တွေဟာ ဖေ့စ်ဘွတ်အင်တာနက်စာမျက်နှာတွေက သွားနေတာဖြစ်ပြီး ပြည်တွင်းမှာ ဖေ့စ်ဘွတ်အကောင့် ၈ သိန်းလောက်တဲ့ထဲက ထက်ဝက်ဟာ အကောင့်အတုတွေ ဖြစ်တယ်လို့ သမ္မတပြောခွင့်ရ ပြည်ထောင်စုဒုဝန်ကြီး ဦးရဲထွဋ်က ပြောပါတယ်။

ရန်ကုန်မြို့က ချက်ထရီရမ်ဟိုတယ်မှာ ဒီနေ့မနက်ပိုင်းက ပြုလုပ်ခဲ့တဲ့ အမုန်းတရားကာကွယ်ရေးစကားဝိုင်းမှာ သူက ပြောလိုက်တာပါ။

မြန်မာနိုင်ငံမှာ အင်တာနက်သုံးစွဲသူ ၁.၀၅ သန်းရှိပြီး ဖေ့ဘုတ်အကောင့်အသုံးပြုသူ ၈ သိန်းနီးပါးမှာ ၅၀ ရာခိုင်နှုန်းက အကောင့်အတုတွေ သုံးကြတယ်လို့ ဦးရဲထွဋ်က ပြောပါတယ်။

“အင်တာနက်အသုံးပြုသူတွေဟာ ဖေ့ဘွတ်အကောင့်ရှိတယ်လို့ ပြောလို့ရတယ်။ ဘာကြောင့် အကောင့်အတုတွေထားလဲ၊ အရင်အစိုးရလက်ထက်မှာ အင်တာနက်အသုံးပြုတာကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားခဲ့တယ်။ အီလက်ထရောနစ်လို ဥပဒေတွေနဲ့ အပြစ်ပေးတာတွေရှိတော့ လူတွေမှာ ကိုယ်ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကို ဖုံးကွယ်တဲ့ အကျင့်စွဲလာတယ်လို့ ယူဆပါတယ်။ ဒီလို ဖုံးကွယ်ပြီး ပြောဆို ဆွေးနွေးလာတာတွေဟာ စိုးရိမ်စရာကောင်းတဲ့အခြေအနေလို့ ပြောချင်တယ်။”

အင်တာနက်အသုံးပြုပြီး လူမှုကွန်ရက်မီဒီယာတွေမှာ မုန်းတီးမှုကို ဖြစ်စေတဲ့ ပြောဆိုချက်တွေ တဖြည်းဖြည်း များလာတယ်လို့ ဆိုပါတယ်။

“တဖက်က အစိုးရကနေ အင်တာနက်ဆက်သွယ်ရေးလိုင်းတွေ တိုးချဲ့နေတယ်။ မိုဘိုင်းဖုန်းတွေ နောက်လာမယ့် ၂ နှစ်အတွင်း ၆ ဆတိုးချဲ့ပြီး၊ ဒီကနေ့ ဖုန်းသုံးစွဲသူ ၇.၃ သန်း၊ လူဦးရေအားဖြင့် မနှစ်က ၇ ရာခိုင်နှုန်းရှိရာက အခုအချိန်မှာ ၁၁. ၄၃ ရှိလာတယ်။ ၂၀၁၅-၁၆ မှာ အစိုးရဟာ မိုဘိုင်းဖုန်း ၄၅ သန်း၊ လူဦးရေရဲ့ ၇၅ ရာခိုင်နှုန်း မိုဘိုင်းဖုန်းသုံးနိုင်အောင် ရည်မှန်းဆောင်ရွက်နေတယ်။ အဲထဲက ထက်ဝက်ဟာ အင်တာနက်အသုံးပြုပြီး လူမှုကွန်ယက်မီဒီယာမှာ သွားနေတဲ့ မုန်းတီးမှုကိုဖြစ်စေတဲ့ ပြောဆိုချက်တွေဟာ တဖြည်းဖြည်းနဲ့ အင်တာနက်၊ လူမှုကွန်ယက်မီဒီယာတွေကို ရွှေ့သွားမယ်။ အဲလိုရွှေ့သွားတာဟာ မိမိ မည်သူမည်ဝါဖြစ်တယ်ဆိုတာ ဖုံးကွယ်ထားလို့ရတယ်၊ မိမိပြောချင်တဲ့ သတင်းအချက်အလက်တွေကို အင်မတန်မြန်ဆန်တဲ့ အရှိန်နှုန်းနဲ့ ဖြန့်လို့ရတယ်။”

ဖေ့စ်ဘွတ်အင်တာနက်စာမျက်နှာတွေပေါ်က အမုန်းတရားကို ဖြစ်ပေါ်စေတဲ့ ရေးသားဖော်ပြချက်တွေကြောင့် သာမန်ရာဇ၀တ်မှုတွေကနေ အင်မတန်ကြီးကျယ်တဲ့ ပြဿနာတွေ ဖြစ်ပွားတာလို့လည်း ဦးရဲထွဋ် က ဆက်ပြောပါတယ်။

“အဓိကတွေ့နေရတာဟာ မသန်စွမ်းသူတွေ၊ အလုပ်အကိုင်တွေ၊ အသားအရောင်တွေအကြောင်းပြောတာမဟုတ်ဘဲ ဘာသာရေး၊ လူမျိုးစုအပေါ်မူတည်ပြီးပြောနေကြတာတွေ၊ ဒီထက်အန္တရာယ်ကြီးတာက အင်တာနက်ပေါ်မှာ ခွဲခြားဆက်ဆံမှုတွေဖြစ်စေတာကို ပြောနေသူတွေသည် နိုင်ငံရေးလောကမှာ အဓိကထားပြောနေတဲ့ အကြောင်းအရင်းတွေကို သုံးပြီး သပ်လျှိုတယ်။ သာမန်အားဖြင့် ဖြစ်နေတဲ့ ရာဇ၀တ်မှုတွေလေးကနေ အင်မတန်ကြီးတဲ့ ပြဿနာဖြစ်လာတယ်။ ဒါဟာ ဘာလို့်ဆိုတော့ လူတွေဟာ အင်တာနက်ပေါ်မှာ လူမှုကွန်ယက်မီဒီယာသွားနေတယ်။ ဒီကိစ္စတွေကို ဖတ်ရင်းနဲ့ တဦးချင်းစီရဲ့ စိတ်ထဲမှာ ကိစ္စတိုင်းကို ကြိုတင်ဆုံးဖြတ်တဲ့ပုံရိပ်က မသိစိတ်ထဲ သွားရှိနေတယ်။ တခုခုပြဿနာဖြစ်တိုင်း သူတို့ မသိစိတ်ထဲ လွှမ်းမိုးနေတဲ့ ကြိုတင်ဆုံးဖြတ်ထားမှုတွေကနေ၊ ပုံရိပ်တွေကနေ ပြင်းထန်တဲ့ တုံ့ပြန်မှုတွေဖြစ်လာတယ်။ ကိစ္စအများစုမှာ ဒီလိုပဲဖြစ်နေတယ်လို့ ယုံကြည်တယ်။”

ပြည်တွင်းမှာ ဖြစ်ပွားနေတဲ့ပဋိပက္ခတွေကို အစိုးရက လုပ်နေတာ မဟုတ်သလို စစ်တပ်က လုပ်နေတာလည်း မဟုတ်ဘူးလို့ ဦးရဲထွဋ်က အခိုင်အမာ ပြောဆိုလိုက်ပါတယ်။

“ဒီလိုဖြစ်ပျက်နေတာတွေနဲ့ ပတ်သက်လို့ နောက်ကွယ်မှာ ဘယ်သူတွေရှိနေလဲဆိုပြီး ပြောဆိုတာတွေ ရှိတယ်။ ခန့်မှန်းချက်တွေလည်း အမျိုးမျိုးရှိတယ်။ ရှိချင်လဲ ရှိချင်မယ်။ ရှိတဲ့သူရှိရင်လည်း ကျနော်တို့ကဖော်ထုတ် အရေးယူသွားမယ်။ သို့သော် အခိုင်အမာပြောချင်တာက အစိုးရအနေနဲ့ ဒီနောက်မှာ ကြိုးကိုင်မှုတွေရှိနေတယ်။ တပ်မတော်အနေနဲ့ ဒါတွေဖြစ်အောင် လုပ်တယ်ဆိုတာ လုံးဝမဟုတ်ဘူး။ ပြဿနာတွေဖြစ်လာရင် အရင်ဆုံးခေါင်းခဲရတာ၊ ဖြေရှင်းရတာ အစိုးရအဖွဲ့နဲ့ တပ်မတော်ပဲဖြစ်တယ်။”

စစ်တပ်ဟာ ဆိုင်ဘာစစ်ဆင်ရေးလုပ်နေတယ်ဆိုတာကိုလဲ သူက ငြင်းဆို ပြောကြားပါတယ်။    လက်ရှိအစိုးရဟာ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေး ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေမှာ အားလုံး ပါဝင်အောင် လုပ်နေကြောင်းလည်း ဦးရဲထွဋ်က ပြောပါတယ်။

 by ရွှေအောင်  (ဒီဗွီဘီ)

LinkWithin

Related Posts Plugin for WordPress, Blogger...