Friday, May 31, 2013

NetGuide ဂျာနယ် အတွဲ (၂) အမှတ် (၈၆) (၁.၆.၂၀၁၃)



မင်္ဂလာတော်ဝင်သစ္စာမိသားစုမှကြိုဆိုပါတယ်အပတ်စဉ်တင်ဆက်ပေးနေကျဖြစ်သော NetGuide ဂျာနယ် အတွဲ (၂) အမှတ် (၈၆) (၁.၆.၂၀၁၃) နေ့ထုတ်ကိုအောက်က link မှာရယူနိုင်ပါပြီ။Mirror link: NetGuide ဂျာနယ် အတွဲ (၂) အမှတ် (၈၆) (၁.၆.၂၀၁၃)

U8815 root ချင်သူများအတွက်rootလုပ်နည်း


huawei-g300-all-sides
မင်္ဂလာပါတော်ဝင်သစ္စာမိသားစုမှကြိုဆိုပါတယ်ကျွန်တော်တို့ U8815 လေးကို လွယ်လွယ်ကူကူပဲ root လုပ်ကျရအောင်
ဒီကောင်လေးကို ဒေါင်းလိုက်ပါဦး

အသုံးပြုချင်ရင်ဒီနေရာမှာဒေါင်းပါ
ဖုန်းရဲ့ USB debugging လေးကို on ထားပါ။ ပီးရင် ဖုန်းကို computer နဲ့ကြိုးချိတ်လိုက်ပါ။
ဒေါင်းလုပ် လုပ်ထားတဲ့ exe လေးကို run လိုက်ပါ။
root your phone ကိုတစ်ချက်နှိပ်ပါ။ cmd box အလုပ်လုပ်သွားတာ မြင်တွေ့ရမှာပါ ။
ခဏစောင့်လိုက်ပါ ပြီးရင် super user ပေါ်လာတာကို မြင်တွေ့ရမှပါ။
reboot တစ်ခေါက်ချပေးလိုက်ပါ။
ဆက်ပြီးတော့ နောက်တစ်ဆင့်အနေနဲ့ USB debugging on ပီးတော့ Unlock bootloader ဆိုတာလေးကို တစ်ချက်နှိပ်ပေးပါ။
ပြီးသွားရင် နောက်တစ်ခါ reboot ထပ်ချပေးလိုက်ပါ။
ကဲ U8815 လေးကို root လုပ်ခြင်း ပီးဆုံးပါပြီ။
အားလုံးပဲအဆင်ပြေကြပါစေ။
အဆင်မပြေလျှင် comment ထားခဲ့ခြင်းဖြင့် ကူညီပါ ။
ref : http://forum.xda-developers.com/showpost.php?p=30639062
Post By Hein Maung

Piranha 3DD: The Game v1.0.0(အသားစားငါးများ)

Tags
မင်္ဂလာပါတော်ဝင်သစ္စာမိသားစုမှကြိုဆိုပါတယ်ဒီဂိမ်းလေးကတော့
Piranha 3DD ဇာတ်ကားကြည့်ဘူးကြတဲ့အတိုင်းကြောက်မက်ဖွယ်
အသားစားငါးကိုသတိရမြင်ယောင်မိမှာပါဒီငါးက….
ကိုက်အားကောင်းပြီးစက္ကန့် ပိုင်းအတွင်းအရိုးအတိဖြစ်အောင်းမြန်ဆန်စားသောက်ကြ
တဲ့ငါးဘီလူးတွေပါ……
ကိုယ်က အဲငါးဘီလူးနေရာက ပါဝင်သရုပ်ဆောင်ဆော့ကစားရမှာပါ….
ဆော့ရတာအသဲတယား၂နဲ့ စိတ်လှုပ်ရှားစေမှာပါအသုံးပြုချင်ရင်တော့အောက်ကလင့်ခ်မှာဒေါင်းနိုင်ပါတယ်
အသုံးပြုချင်ရင်ဒီနေရာမှာဒေါင်းပါ
FEATURES
FEEDING FRENZY – Feed more and reach higher scores and multipliers.
2 GAME MODES – Guide your monstrous school in the Caves tearing your way to a new high score or
Spring Break where everything in the lake is on the menu.
DEADLY HAZARDS – Look out for prey that fights back, poisonous jelly fish, exploding oil drums and much more!
GROW YOUR SCHOOL – Collect eggs to add more PIRANHAS and watch the flesh fly.
COLLECTIBLES – Find cool stuff for big points
2 CONTROL MODES – Use Tilt or Touch controls to chomp your way to terror.
UPGRADES AVAILABLE!

App Screenshots

1 2
3 4

မြန်မာစာဆိုလာထား one Browser4.1.2.2 apk


one browser 3.0(2)

One Browser ဒေါင်းရန် >>
မင်္ဂလာပါတော်ဝင်သစ္စာမိသားမှကြိုဆိုပါတယ်ဒီBrowserလေးကမြန်မာစာကိုမိမိတို.ဖုန်းနှင့် အင်တာနက်ကြည့်တဲ့အခါ မြန်မာwebsiteတွေကိုဝင်ကြည့်တဲ့အခါ မြန်မာစာကိုအမှန်ပေါ်အောင်လုပ်ဆောင်နိုင်စွမ်းရှိပါတယ်
အသုံးပြုချင်ရင်တော့အောက်ကလင့်ခ်မှာဒေါင်းနိုင်ပါတယ်
အသုံးပြုချင်ရင်တော့ဒီနေရာမှာဒေါင်းပါ

မြန်မာစာအမှန်ပေါ်အောင်ကြည့်နိုင်တဲ.Browser Aurora

မင်္ဂလာပါခင်ဗျာတော်ဝင်သစ္စာမိသားစုမှကြိုဆိုပါတယ် ဒါလေးကတော့Android  သုံးတဲ့Browserလေးပါမိတ်ဆွေတို.ကြုံဖူးမှာပါ  အင်တာနက်သုံးတဲ့အခါ ဘလော့တွေကြည့်ရင်စာတွေမပီသတာတို. အမှန်မပေါ်တာ တို့ကိုဒီအပ်လေးကဖြေရှင်းပေးမှာပါအသုံးပြုချင်ရင်တော့အောက်ကလင့်ခ်မှာဒေါင်လုပ်ယူနိုင်ပါတယ်ခင်ဗျာ

ride-the-firefox-development-wave-with-aurora-pre-release-builds_1
Aurora Browser
Aurora Browser ဒေါင်းရန်>>အသုံးပြုချင်ရင်ဒီနေရာမှာဒေါင်းပါ

အမျိုးသမီးကို ဓာတ်ဆီပက်မီးရှို့သူမှာ ပဋိပက္ခဖြစ်ရန် အကြိမ်ကြိမ်ကြိုးပမ်းခဲ့ဟု သမ္မတရုံးဝန်ကြီးဆို

Friday, May 31, 2013


ရန်ကုန်၊ မေ ၃၀

ရှမ်းပြည်နယ် လားရှိုးမြို့တွင် ပဋိပက္ခဖြစ်ပွားအောင် ဖန်တီးခဲ့သူသည် ကျိုင်းတုံ၊ တောင်ကြီး၊ မန္တလေးတို့တွင် ပဋိပက္ခဖြစ်ပွားအောင် အကြိမ်ကြိမ် ကြိုးပမ်းခဲ့သူဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက မြစ်ကြီးနား မြို့တွင် ပြုလုပ်နေသည့် ကေအိုင်အေနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ပြောကြားသည်။

လားရှိုးမြို့တွင် ဓာတ်ဆီပက်မီးရှို့သူမှာ ပဋိပက္ခဖြစ်ရန်အတွက် ကျိုင်းတုံတွင် ပထမဆုံးကြိုးပမ်းခဲ့ရာ မအောင်မြင်ခဲ့ ကြောင်း၊ တောင်ကြီးနှင့် မန္တလေးမြို့ တို့တွင် ထပ်မံကြိုးပမ်းရာ မအောင်မြင် ခဲ့သဖြင့် လားရှိုးမြို့ တွင် ဓာတ်ဆီပက်မီးရှို့ရာမှ ပဋိပက္ခ ထပ်မံဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ဦးအောင်မင်းကဆို သည်။
"ဘယ်သူက ခိုင်းတယ်။ ဘာရည်ရွယ်ချက်နဲ့ လုပ်တယ်ဆိုတာကို စုံစမ်းစစ်ဆေး နေတယ်" ဟု ၄င်းက ထပ်မံပြောကြားသည်။

ဓာတ်ဆီပက် မီးရှို့ခဲ့သူဟုဆိုသူ ဦးနေဝင်း၏ ခန္ဓာကိုယ်တွင် WY စိတ်ကြွဆေးပြား တွေ့ရှိခဲ့ရကြောင်း လားရှိုးမြို့ အမှတ် (၁) ရဲတပ်ဖွဲ့စခန်းထံမှ သိရှိရသည်။

မေလ ၂၈ ရက်နေ့ ညနေ ၄ နာရီ ကျော်က လားရှိုးမြို့၌ အမျိုးသမီးတစ်ဦးကို ဦးနေဝင်း ဓာတ်ဆီပက်မီးရှို့ခဲ့ရာမှ ပဋိပက္ခများ စတင်ဖြစ်ပွားခဲ့ပြီး ယင်းပဋိပက္ခများတွင် လူ့အဖွဲ့အစည်းနှစ်ခု အပြန်အလှန် တိုက်ခိုက်သဖြင့် တစ်ဦးသေဆုံးကာ ငါးဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ အကြမ်းဖက်မှု များတွင် ပါဝင်ပတ်သက်ခဲ့သူဟု ယူဆရသော လူ ၃၉ ဦးကို ဖမ်းဆီး အရေးယူနေကြောင်း လားရှိုးမြို့ ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လားရှိုးမြို့တွင် မေလ ၂၈ ရက်နေ့မှ စတင်ခဲ့သည့် ပဋိပက္ခများသည် ၂၈ ရက်နေ့နှင့် ၂၉ ရက်နေ့တို့တွင် ပြင်းထန်ခဲ့သော် လည်း မေလ ၃၀ ရက်နေ့တွင် ပြန်လည် တည်ငြိမ်မှု ရရှိခဲ့ကြောင်း ၄င်းကဆိုသည်။

မေလ ၂၈ ရက်နေ့ ည ၁၁ နာရီတွင် လားရှိုးမြို့ရှိ အစ္စလာမ်ဘာသာဝင်များမှာ မနေဝံ့တော့သဖြင့် တပ်မတော်အကူအညီ တောင်းခံခဲ့ရာ ယနေ့ညတွင် အစ္စလာမ် ဘာသာဝင် ၂၀၀ ကျော်ကို မန်ဆူရှမ်း ကျောင်း ပရဟိတစာသင်တိုက်သို့ ပို့ဆောင် ပေးခဲ့ပြီး မေလ ၃၀ ရက်နေ့တွင်လည်း တပ်မတော် အကူအညီဖြင့် ပို့ဆောင်ပေးခဲ့ရာ အစ္စလာမ်ဘာသာဝင် ၆၀၀ ကျော် အပါအဝင် ဒုက္ခသည် ၁၀၀၀ ခန့်ရှိနေပြီ ဖြစ်ကြောင်း အဆိုပါကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော်ဦးပုညကမိန့်ကြား သည်။

လာရှိုးမြို့တွင် ပဋိပက္ခများပြန်လည် တည်ငြိမ်သွားသော်လည်း မြို့မဈေးအပါအဝင် ပုဂ္ဂလိကဈေးဆိုင် အများအပြား ပိတ်ထားဆဲဖြစ်ပြီး အဓိကနေရာများ တွင်လည်း လူသူနည်းပါးနေကြောင်း၊ လုံခြုံ ရေးအင်အား ကိုလည်း အထူးတိုးမြှင့်ထား ပြီး အစ္စလာမ်ဘာသာဝင်များ နေထိုင်သည့် နေရာများသို့ သွားလာခွင့် ပိတ်ပင်ထားကြောင်း ဒေသခံရှေ့နေတစ်ဦးက ဆိုသည်။

ပဋိပက္ခများ ရပ်တန့်ရေးအတွက် မန္တလေးတိုင်းဒေသကြီးမှ ဘာသာပေါင်းစုံ ပဋိပက္ခဖန်တီးမှုများ ကြိုတင်ကာကွယ် တားဆီးရေးကော်မတီက လာရှိုးမြို့သို့ မေလ ၃၀ ရက်နေ့တွင် လာရောက်ကာ အကြမ်းဖက်ရန်စမှုများ ရပ်တန့်ရေး၊ ဥပဒေ မဲ့တုံ့ပြန်မှုများ မပြုလုပ်ရန်၊ လူသား အချင်းချင်း စာနာမှုများထားရှိရန် ကြေညာချက်တစ်စောင်ကို ထုတ်ပြန်ခဲ့သည်။

The Voice Weekly

ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်သမက်ကို လွတ်ငြိမ်းခွင့်ပေးရန် တင်ပြ

Friday, May 31, 2013


ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်နဲ့ စစ်ထောက်လှမ်းရေးတွေကို ဖမ်းဆီး အရေးယူစဉ် ၂၀၀၄ ခုနှစ်ကတည်းက ထောင်ဒဏ် ၁၄၆ နှစ် ချမှတ်ခံထားရတဲ့ သမက်ဖြစ်သူ ဦးတင်ထွဋ်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့ စာရင်းထဲ ထည့်သွင်းပေးဖို့ နိုင်ငံရေး အကျဉ်းသား ကော်မတီ စိစစ်ရေး ကော်မတီဆီ တင်ပြထားတယ်လို့ နိုင်ငံရေး အကျဉ်းသား ဟောင်းများအဖွဲ့ဝင် ဦးရဲအောင်က ဒီဗွီဘီ ကို ပြောပါတယ်။

ဒီစာကို ဦးတင်ထွဋ်ရဲ့ ဖခင် ဦးပေါ်ခန်သန်းက သမ္မတရုံးစာရင်းကနေတဆင့် တင်ပြခဲ့တာ ဖြစ်ပါတယ်။ ဦးတင်ထွဋ်ဟာ သာမန်စီးပွားရေး လုပ်ငန်းရှင်တယောက်ဖြစ်ပြီး သွင်းကုန်၊ ထုတ်ကုန်လုပ်ငန်း ဥပဒေတွေနဲ့ ခုလို ပြစ်ဒဏ်ချမှတ် ခံထားရတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်က သမ္မတရဲ့  လွတ်ငြိမ်းခွင့်ပေးခဲ့စဉ်မှာ ဦးခင်ညွန့်နဲ့ သားတွေ လွတ်မြောက်လာခဲ့ပေမယ့် သမက်ဖြစ်သူကတော့ လွတ်မြောက်လာခြင်း မရှိခဲ့ပါဘူး။

လက်ရှိ နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးကော်မတီမှာ ပါဝင်နေတဲ့ အဖွဲ့ ၅ ဖွဲ့ရဲ့ စာရင်းအရ နိုင်ငံရေးအကျဉ်းသား ၆၆၄ ယောက်ရှိပြီး ၂၀၀ လောက်ကတော့ အကျဉ်းထောင် ထဲမှာ ရှိနေတယ်လို့ အာဏာပိုင်တွေဘက်က အကြောင်းပြန်ကြားထားပါတယ်။

ကော်မတီမှာပါတဲ့ အဖွဲ့ပေါင်းစုံ ပေါင်းလိုက်ရင်တော့ အကျဉ်းသားဦးရေ စုစုပေါင်း ၂၀၀၀ ၀န်းကျင်လောက်ရဲ့ နာမည်တွေ လက်ခံရထားတယ်လို့ ဦးရဲအောင်က ပြောပြပါတယ်။ 

by ဒီဗွီဘီ

မန္တလေးတွင် မီးလောင်၊ အိမ် ၄ လုံး ဆုံးရှုံး Posted: 31 May 2013 01:04 AM PDT


မန္တလေးမြို့ ၈၉ လမ်းနဲ့ လမ်း ၉၀ ကြား၊ ၁၇ လမ်းနဲ့ ၁၉ လမ်းကြား ရတနာ မဉ္ဖူဘုရားလမ်းမှာ ဒီနေ့ မနက် ၉ နာရီဝန်းကျင်က မီးလောင်မှုဖြစ်ပွားပြီး အိမ် ၄ လုံး မီးသင့်ခံရပါတယ်။ မီးစတင်လောင်တဲ့အိမ်မှာ လူရှိမနေပဲ မနက်ကတည်းက ခရီးထွက်သွားတယ်လို့ သိရပါတယ်။ မီးစတင်လောင်တဲ့အကြောင်းရင်းကို စုံစမ်းနေဆဲ ဖြစ်ပါတယ်။ by ဒီဗွီဘီ

သတင်းဓာတ်ပုံ – ချစ်ကို

ဒေါ်လာဖြင့် အခွန်ကောက်မှုများ ရုပ်သိမ်း

Friday, May 31, 2013


ပြည်တွင်းမှာ ဒေါ်လာငွေ လိုအပ်ချက်ပမာဏ မြင့်မားစေပြီး ပြည်တွင်းသုံး ကျပ်ငွေရဲ့ အသုံးဝင်မှု အခန်းကဏ္ဍကို လျော့နည်းစေတဲ့အတွက် အစိုးရဌာနအသီးသီးရဲ့ ဒေါ်လာငွေနဲ့ အခွန်ကောက်ခံမှု မှန်သမျှ ဖျက်သိမ်းပြီး မြန်မာကျပ်ငွေနဲ့ပဲ ကောက်ခံဖို့ ဒီနေ့ ထုတ်ပြန်တဲ့ နိုင်ငံတော်သမ္မတရုံး ညွှန်ကြားချက်အရ သိရပါတယ်။

သာသနာရေးဝန်ကြီးဌာနက လွဲပြီး ၀န်ကြီးဌာနအားလုံးနဲ့ အုပ်ချုပ်ရေးဌာနအားလုံးက လိုက်နာကြရမယ့် ဒီ ညွှန်ကြားချက်ကို ၀န်ကြီးဌာနအပါအ၀င် ပြည်နယ်နဲ့ တိုင်းအစိုးရအဖွဲ့ အားလုံးကို ညွှန်ကြားပြီးဖြစ်တယ်လို့ သိရပါတယ်။

ဒီညွှန်ကြားချက် မတိုင်ခင်အထိ အစိုးရဟာ မော်တော်ယာဉ် မှတ်ပုံတင်ကြေး၊ နိုင်ငံခြားသားများရဲ့ အိမ်ခြံမြေငှားရမ်းမှု၊ နိုင်ငံခြားသား လက်ခံနိုင်တဲ့ ဟိုတယ်နဲ့ လုပ်ငန်းတွေ အားလုံးအပါအ၀င် ၀န်ဆောင်မှုနဲ့ အခွန်အခ အတော်များများမှာ ဒေါ်လာငွေ၊ ဒါမှမဟုတ် ဒေါ်လာငွေ ဘဏ်စာရင်းတွေကနေ ကောက်ခံပါတယ်။

အခုလို အခွန်အခ ၀န်ဆောင်မှုကို ဒေါ်လာငွေနဲ့ ကောက်ခံမယ်ဆိုတာကြောင့် မြန်မာကျပ်ငွေ တန်ဖိုး တက်လာနိုင်ကြောင်း ရွှေဘုံသာနိုင်ငံခြားငွေဈေးကွက် အရောင်း အ၀ယ်သမားတွေက ဒီဗွီဘီကို ပြောပါတယ်။

World War Z အထူးပွဲပြသမှုသို့ ဂျိုလီ တက်ရောက်မည် Posted: 31 May 2013 01:11 AM PDT


အန်ဂျလီနာ ဂျိုလီ အနေဖြင့် သူမ၏ ရင်သား ခွဲစိတ်ဖြတ်တောက်မှု ခံယူကြောင်း တရားဝင် ကြေညာခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် လူအများ မြင်ကွင်းရှေ့ ပြန်လည် ထွက်ပေါ်လာမည်ဟု သိရသည်။

ရင်သားကင်ဆာ ဖြစ်နိုင်သည့် ဗီဇဆဲလ် ရှာဖွေ တွေ့ရှိမှုကြောင့် သားမြတ် ခွဲထုတ် ဖြတ်တောက် ကုသမှု ခံယူခဲ့ပြီး ယင်းအချက်ကို (၃)လကြာ လျှို့ဝှက်ထားသော ဂျိုလီသည် ယခုလအတွင်း တစ်ကမ္ဘာလုံးသို့ အဆိုပါ ကိစ္စအား အသိပေး ကြေညာခဲ့သည်။

ထို့နောက်တွင်မူ သူမသည် ချစ်သူ ဘရတ်ပစ်တ် ရိုက်ကူးထားသည့် World War Zရုပ်ရှင် အထူးပွဲ ပြသမှု အခမ်းအနားသို့ တက်ရောက်ရန် စီစဉ်ထားသည်။ ထို့ကြောင့် ယခုသီတင်းပတ်ကုန်တွင် လန်ဒန်သို့ ဂျိုလီ ရောက်ရှိ လာမည်ဟု E! News က ဖော်ပြခဲ့သည်။

Planet Myanmar Network


ဇွန်လ ၇ ရက်တွင် ရဲတိုက်ကို ရုံးထုတ်မည်

Friday, May 31, 2013


သရုပ်ဆောင် ရဲတိုက်အား ဇွန်လ ၇ ရက်တွင် ဗိုလ်တထောင်မြို့နယ် တရားရုံးသို့ ရုံးထုတ်စစ်ဆေးမည်
ဖြစ်ကြောင်း ရဲတိုက် ၏ သူငယ်ချင်းဖြစ်သူ ကိုဇင်နောင် မှ မဇ္ဈိမ သို့ ပြောကြားခဲ့ပါသည်။

''ပြီးခဲ့တဲ့ မေလ ၂၉ ရက် မွန်းလွဲ ၁၁ နာရီအချိန်ကလည်း ဗိုလ်တထောင် တရားရုံးကို ရုံးထုတ်ခဲ့တယ်လို့ သိရတယ်။ အခု ထက်ထိတော့ အခြေအနေစောင့် ကြည့်နေ ရသေးတယ်။ အာမခံလည်း လောလော ဆယ် မရသေးပါဘူး။ ရဲတိုက်ဘက်က ခုချိန်ထိတော့ ရှေ့နေခေါ်တာ မတွေ့ရသေးပါဘူး။ ဥပဒေအတွင်းကနေပြီး ကူညီပေးလို့ရတာ မှန်သမျှ ကူညီပေးသွား မှာပါ။ အခု လက်ရှိ အချိန်ထိ သူ့ရဲ့ ကျန်းမာရေး အခြေအနေ ကောင်းတယ်လို့ သိရပါတယ်'' ဟု ဆိုသည်။

ရဲတိုက်သည် မေလ ၂၈ ရက် မွန်းလွဲပိုင်းက စိန့်မေရီကာသီဒြယ်ဘုရား ကျောင်းရှေ့အတွင်းသို့ ဒုတိယအကြိမ် ဝင်ရောက်ရန် ကြိုးစားရာတွင် ဝင်ခွင့်မပြုသဖြင့် ၁ နာရီ ၃ဝ မိနစ်ကြာ တစ်ကိုယ်တော်ဆန္ဒပြသခဲ့သဖြင့် ဗိုလ်တထောင်ရဲစခန်းမှ အရေးယူထားရသူ တစ်ဦး ဖြစ်သည်။

ဘုန်းနေလ (ဒဂုံတက္ကသိုလ်)
by Mizzima - News in Burmese

လားရှိုးမြို့၌ ပဋိပက္ခများ ထိန်းသိမ်းရန် ပုဒ်မ ၁၄၄ ထုတ်ပြန်ထား သော်လည်း လုံခြုံရေး ချထားမှု လိုအပ်နေဆဲ

Friday, May 31, 2013


ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့၌ ယခုလ ၂၈ ရက်နေ့က ဓာတ်ဆီအရောင်းအ၀ယ်မှ အစပြုခဲ့
သော ပဋိပက္ခများ ထိမ်းသိမ်းရန်အတွက် မေလ ၂၈ ရက်နေ့ ည ၉ နာရီခန်မှ စတင်ပြီး ပုဒ်မ ၁၄၄
အား ည ၇ နာရီမှ နံနက် ၅ နာရီအတွင်း ထုတ်ပြန်ထားသော်လည်း လုံခြုံရေးချထားမှုမှာ လိုအပ်
နေဆဲ ဖြစ်ကြောင်း သိရသည်။

ယခုလက်ရှိ လုံခြုံရေးထားရှိမှုမှာ အစ္စလာမ်ဘာသာဝင် အများစုနေထိုင်သော နေရာများနှင့် မီးရှို့ခံခဲ့
ရသော နေရာများတွင်သာ လုံခြုံရေးချထားပြီး အခြားနေရာများအတွက် လုံခြုံရေးချထားမှုမှာ
နည်းပါးနေဆဲဖြစ်သည်။

"လုံခြုံရေးက ဗလီရှိတဲ့နေရာနဲ့ မီးလောင်တဲ့နေရာတွေကိုပဲ ကောင်းကောင်းပေးထားတဲ့အတွက်
လှုံ့ဆော်ပြီး သွေးကြွနေတဲ့သူတွေက ဆိုင်ကယ်တွေနဲ့ အဖွဲ့လိုက် ပတ်သွားနေတာ အကုန်လုံးက
တုတ်တွေ၊ ဓားတွေ ကိုင်ပြီး မီးရှို့ဖျက်ဆီးတာတွေ လုပ်နေကြတာ။

"အခုလေးတင်ပဲ လူအင်အား ၂၀၀ လောက်ပါတဲ့ အဖွဲ့ကပဲ သီတာအေး ရုပ်ရှင်ရုံကို ဖျက်ဆီးသွား
ကြတယ်။ လူအင်အားလည်း တော်တော်များတယ်။ အဲလို အဖွဲ့သုံးလေးဖွဲ့လောက်တော့ တွေ့နေ
ရတယ်"ဟု မေလ ၂၉ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် လားရှိုးမြို့ခံ တစ်ဦးက မြန်မာတိုင်း(မ်)ကို
ပြောသည်။

လုံခြုံရေး အဓိကချထားသောနေရာ ရပ်ကွက်များမှာ ရပ်ကွက် ၁၊ ၂၊ ၃၊ ၄ နှင့် ရပ်ကွက် ၉ တို့တွင်
သာ လုံခြုံရေးချထားသေးကြောင်း တွေ့ရသည်။

လုံခြုံရေးချထားမှုအခြေအနေနှင့် တပ်ဖွဲ့ဝင်အင်အားကို သက်ဆိုင်ရာ လုံခြုံရေးနှင့် နယ်စပ်ရေးရာ
ဝန်ကြီးအား မြန်မာတိုင်း(မ်)မှ မေးမြန်းရာ ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပါ။

ပဋိပက္ခ လှုံ့ဆော်ဆောင်ရွက်နေသူများအား သက်ဆိုင်ရာ လုံခြုံရေးများ မှ ဖမ်းဆီးမှုများကိုလည်း
ဆောင်ရွက်နေဆဲဖြစ်ကြောင်း၊ မေလ ၂၉ ရက်နေ့ မွန်းလွဲ ၁ နာရီဝန်းကျင်တွင် အကြမ်းဖက်သူ
ရှစ်ဦးအား ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်ထားကြောင်း လားရှိုးမြို့ အမှတ်(၁)ရဲစခန်းမှူးက ပြောသည်။

"လုံခြုံရေးတွေ ချပေးထားတဲ့အတွက် လူအသေအပျောက်မဖြစ်ဘဲ၊ ကြီးကြီးမားမား မဖြစ်တော့ပါ
ဘူး။ သာမန်ဈေးအရောင်းအ၀ယ်က စတဲ့နေရာမှာ မိန်းကလေးက ဗမာဖြစ်ပြီး ပြုလုပ်သူက
အစ္စလာမ်ဘာသာဝင်လည်း ဖြစ်တော့ လူငယ်တွေရဲ့ စိတ်မြန်ဆန်မှုတွေကြောင့် အခုလို ဖြစ်သွားရ
တာပါ။ ဘာသာရေးလှုံ့ဆော်တယ်လို့တော့ မယူဆပါဘူး"ဟု သာသနာရေး ၀န်ကြီးဌာန၊
ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်က သာသနာ့ဗိမာန်၌ မေလ ၂၉ ရက်နေ့က သတင်းထောက်များ
ကို ပြောကြားခဲ့သည်။

အဆိုပါသတင်းများကို ရယူနေသော မြို့ခံ သတင်းထောက်နှစ်ဦး၏ ကင်မရာများအား အကြမ်းဖက်
လှုံ့ဆော်သူများမှ ဖျက်ဆီးခြင်းနှင့် ရန်မူခြင်းတို့ကြောင့် တစ်ဦးမှာ ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံသို့
ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။

မေလ ၂၉ ရက်နေ့ ညနေပိုင်းအချိန်အထိ လူအသေအပျောက်မရှိဘဲ၊ လှုံ့ဆော်သူများမှ အစ္စလာမ်
ဘာသာဝင်များ၏နေအိမ်များ မီးရှို့ဖျက်ဆီးခြင်းများကိုသာ ဆောင်ရွက်နေကြကြောင်း သိရသည်။

"အခုချိန်ထိ ဒုက္ခသည်စခန်းရယ်လို့ မရှိသေးပါဘူး။ မြို့ထဲမှာလည်း အစ္စလာမ်ဘာသာဝင်တွေ
မတွေ့ဘူး။ တစ်နေရာတည်းမှ ပုန်းခိုနေပုံရတယ်။ မြို့အ၀င်အထွက်တွေမှာလည်း ပြည်ထဲရေး
ဒုတိယ၀န်ကြီး ဦးဆောင်ပြီးတော့ လုံခြုံရေးတွေ ချထားပေးတဲ့အတွက် အ၀င်အထွက်လုပ်နေတာ
လည်း မတွေ့ရဘူး"ဟု ရှမ်းတိုင်းရင်းသား ဒီမိုကရက်တစ်ပါတီ၊ အမျိုးသားလွှတ်တော်
ကိုယ်စားလှယ် ဦးစိုင်းစံမင်း က မြန်မာတိုင်း(မ်)ကိုပြောသည်။

ညနေ ၅ နာရီခန့်တွင် ဒဏ်ရာရသူငါး ဦးခန့် ဆေးရုံသို့ရောက်ရှိလာသည်ကို သိရှိရသည်ဟု ၎င်းက
ပြောသည်။

မန္တလေးမြို့မှ ပဋိပက္ခဖန်တီးမှုများ ကြိုတင် ကာကွယ်တားဆီးရေး ကော်မတီမှ လက်ရှိပဋိပက္ခများ
ဖြစ်ပွားနေသော လားရှိုးမြို့သို့ သွားရောက်ပြီး ပြေလည်ငြိမ်းချမ်းမှုများရရှိအောင် ဆောင်ရွက်သွား
မည်ဖြစ်ပြီး၊ အကြမ်းဖက်မှုများအတွက် အဆိုပါကော်မတီမှ အကြမ်းဖက်ရန်စမှုများ ရပ်တန့်ရန်၊
ဥပဒေမဲ့ တုံ့ပြန်မှုများ ချက်ချင်းရပ်ကြရန်နှင့် လူသားအချင်းချင်း စာနာစိတ်များ ထားရှိကြရန်
စသော အချက် သုံးချက် ပါဝင်သည့် သဘောထား ကြေညာချက်ကိုလည်း မေလ ၂၉ ရက် နေ့က
ထုတ်ပြန်ကြေညာခဲ့သည်။

ယခုကဲ့သို့ ပြဿနာများအစပြုခဲ့ရ ခြင်းမှာ ဓာတ်ဆီရောင်းသော အသက် ၂၉ နှစ်အရွယ်
မအေးအေးဝင်းအား အစ္စလာမ်ဘာသာဝင်ဖြစ်သူ အသက် ၄၈ နှစ်အရွယ်ရှိ ကိုနေ၀င်းတို့ထံမှ
အစပြုခဲ့ခြင်းဖြစ်သည်။

"ကိုနေ၀င်းက ၂၆ ရက်နေ့ကမှ ကျိုင်းတုံမြို့ကနေ လားရှိုးကို ရောက်လာတာ။ ၂၈ ရက်နေ့ နံနက်
ကတည်းက ဓာတ်ဆီရောင်းတဲ့နေရာက ကလေးတွေနဲ့ စကားပြေဆိုနေခဲ့တာ၊ ညနေပိုင်းမှ
မအေးအေးဝင်း ဆီရောင်းနေတာကို သွားပြီး အခုလို ပြဿနာတွေဖြစ်ရတာပေါ့"ဟု လားရှိုးခရိုင်
အုပ်ချုပ်ရေးမှူး ဦးကျော်ခိုင်ဦးက ပြောသည်။

ကိုနေ၀င်းအား နီးစပ်ရာမှ ၀ိုင်းဝန်းဖမ်းဆီးခဲ့ပြီး သက်ဆိုင်ရာရဲစခန်းသို့ ပို့ဆောင်ကာ တာဝန်ရှိသူများ
မှ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ၎င်း၏ အိတ်အတွင်းမှ WY တံဆိပ်ပါ စိတ်ကြွဆေးပြားနှစ်ပြား
တွေ့ရှိရပြီး ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၇ တစ်ပါးသူအား သေကြောင်းကြံစည်မှု၊ ပုဒ်မ ၄၃၆ မီးရှို့မှု၊
ပုဒ်မ ၃၂၆ အပြင်းအထန်နာကျင်စေမှုတို့အပြင်၊ မူးယစ်ပုဒ်မ ၁၅/၁၆ (ဂ) တို့ဖြင့် အရေးယူဆောင်
ရွက်ထားကြောင်း ပြန်ကြားရေးဝန်ကြီး ဌာန၏ တရားဝင်ဝက်ဘ်ဆိုက်၌ ထုတ်ပြန်ကြေညာထား
သည်။

ငွေအလွယ်ရှာရအောင်

Friday, May 31, 2013


မာဂျေ   | မြန်မာတိုင်း(မ်)

"ဒီမိုကရေစီခေတ်မှာ ငွေတွင်းကလည်းနက်လိုက်တာ။ ချစ်သူက ရှင် ကျွန်မကို ကြိုက်တာတော့
ဟုတ်ပါပြီ။ တစ်လ ၀င်ငွေ ဘယ်လောက်ရှိသလဲဆိုပြီး မေးနေတယ်။ သူ ကွမ်းယာရောင်းတာက
တစ်နေ့ ၁၀,၀၀၀ လောက်ကျန်သတဲ့။ သူ့ထက်ပိုပြီး ၀င်ငွေရှိမှ စဉ်းစားမယ်လည်း ပြောသေးတယ်။
အစ်ကိုကြီးဆီမှာ ငွေအလွယ်ရမယ့် ရေခွင်လေး ဘာလေးရှိရင် မျှပါဦးဗျာ"လို့ အမေးတော်ရှိလာသူ
ကတော့ တပည့်မောင်ကြွက်နီ ပေါ့ခင်ဗျာ။

အရွယ်တော် တစ်ဆိတ်ဟိုင်းမှ ကောင်မလေးတစ်ယောက် (အမှန်ကတော့ ကောင်မလေးလို့သာ
ပြောရတယ် အသက်က ၃၀ နားကပ်နေပြီ) ကို ပထမဆုံးအကြိမ်ချစ်ဖို့ ကြိုးစားနေတဲ့ လူပျိုမှိုတက်
ကြီးပေါ့။

အရင်တုန်းက ညနေဆိုရင် သူရာ ရည်လေး သောက်၊ လမ်းဘေးဆိုင် ထမင်းစားရာက အခုတော့
သတ္တဘာဂီလို့ခေါ်တဲ့ မြားနတ်မောင် လက်သရမ်းတာကိုခံလိုက်ရပြီထင်ပါ့။ ဒါပေသည့် အမေးရှိရင်
အဖြေက ရှိရမယ်လေ။

"မောင်ကြွက်နီရယ်၊ မင်းက အခု ပိုက်ဆံလိုချင်မှ ဆရာ့အနား ပြန်ကပ်တာကိုး။ လောကကြီးမှာ
လူနပ်ချမ်းသာဆိုတဲ့စကား ကြားဖူးတယ်မဟုတ်လား။ ပိုက်ဆံအလွယ်ရတဲ့နည်းတွေက များလွန်း
လို့ မင်းကို ဘာပြောရမှန်းတောင် မသိဘူး"

"ဒါဆိုလည်း မြန်မြန်ပြောစမ်းပါဗျာ။ ခင်ဗျားကို ကျွန်တော် ဂါပါ့မယ်။ သိတတ်ပါတယ်ဗျ"တဲ့။

ဘယ်လောက်တောင် ပိုက်ဆံလိုချင်နေသလဲမသိဘူး၊ သူ့ပါးစပ်က ချက်ချင်းထွက်လာတယ်။

"အေး ဒါပေသည့် မင်းပိုက်ဆံရှာရမယ့်နေရာက ရိုးမထဲမှာနော်"

"ဗျာ ဘာလဲ၊ ရိုးမထဲမှာ ကျားအရှင် ဖမ်းခိုင်းမလို့လား"

"ဟာ ဟာ ဟ၊ ရိုးမထဲမှာ ကျားမပြောနဲ့၊ တောကြောင်တောင် မရှိတော့ဘူး။ ဒါပေသည့် ငွေတွေ
တော့ အများကြီးရှိတယ်"

"ဒါဆိုလည်း ပြောဗျာ"

"မင်း ပထမဆုံးလုပ်ရမှာက စွမ်းအင်ဝန်ကြီးဌာနက ရေနံပိုက်လိုင်းဖြတ်မယ့်နေရာကို သိအောင်လုပ်
ရမယ်။ ဒါကလည်း သိပ်မခက်ပါဘူး။ အလံအနီတွေ ထောင်ထားတာပဲ။ ပြီးရင် သူတို့ ရိုးမထဲမှာ
ပိုက်လိုင်းချနေတဲ့နေရာနဲ့ သုံးရက်ခရီးလောက်မှာ"

"ဘာလဲ၊ လူတွေစုပြီး ပိုက်လိုင်း ဒီနားကနေ မဖြတ်ရဘူးလို့ ဆန္ဒပြရမလား"

"ဟေ့ကောင်၊ ငါစကားပြောနေတုန်း ဖြတ်ဖြတ်မပြောနဲ့။ ငါက မင်းကို ဒီလိုအောက်တန်းကျကျ
အကြံပေးမယ့်သူမျိုးလား။ အဲဒီလိုဆန္ဒပြရင် မင်းဘယ်က ပိုက်ဆံရမှာလဲ" ဆိုပြီး ဟောက်လိုက်မှ
မျက်နှာသေလေးနဲ့

"နို့ဆန္ဒပြရင် ပိုက်ဆံရတယ် ကြားဖူးလို့လေ။ သမ္မတကြီးလားမသိဘူး ပြောတာ။ ကဲပါ အစ်ကိုကြီး
ပြောတာကို နားထောင်ပါမယ်"

"ပိုက်လိုင်းဖြတ်ဖို့ အလံနီတွေ ထောင်ထားတဲ့နေရာရဲ့ ဘေးတွေမှာမင်းက သစ်ပင်တွေစိုက်ရမယ်"

"ဒါဆိုရင် စွမ်းအင်ဝန်ကြီးဌာနက ကျွန်တော့်ကို သစ်ပင်စိုက်ခ ပေးမှာပေါ့နော်၊ တစ်ပင် ဘယ်ဈေး
ပေးမှာလဲဟင်"

"ဒီတစ်ခါ ဖြတ်ဖြတ်ပြောရင် အကြံတော့ မပေးတော့ဘူး။ မင်းကို နားရင်းပဲ ထအုပ်တော့မယ်။
မင်းကို သစ်ပင်ရှင်အောင်စိုက်ခိုင်းနေတာမဟုတ်ဘူး။ သစ်ပင်အတု စိုက်ခိုင်းမှာ"

"ဗျာ ကျွန်တော် နားမလည်တော့ဘူး"

"ဘယ်နားလည်မလဲ၊ မင်းလိုကောင်မျိုးတွေနားလည်ရင် အားလုံး ဒီလိုလုပ်စားနေကြတော့မှာပေါ့။
သေသေချာချာ နားထောင်၊ ပိုက်လိုင်းတူးရင်မြေစာ တွေထွက်မယ်။ မြေစာတွေကို ဘက်ဟိုး နဲ့
ကော်ပြီး လမ်းဘေးမှာ စွန့်ပစ်နေကျ။ မင်းက အဲဒီပိုက်လိုင်းဘေးမှာ သစ်ပင်စိုက်ရင် မင်းစိုက်တဲ့
သစ်ပင်တွေအပေါ် မြေစာတွေပိမယ်"

"သဘောပေါက်ပြီ။ ဒီတော့မှသတင်းစာရှင်းလင်းပွဲလုပ်ပြီး လျော်ကြေးတောင်းဖို့ မဟုတ်လား။
ဒါဆိုရင် မင်းဓမ္မလမ်း ပျိုးပင်ဆိုင်တွေက အပင်ပေါက်တွေ ပြေးဝယ်လိုက်မယ်"

"ရေးရေးတော့ မင်းသဘောပေါက်လာပြီမဟုတ်လား။ ဒါပေသည့် ပိုက်ဆံများများရဖို့က လိုသေး
တယ်။ သစ်ပင်ထဲမှာ ဈေးကြီးတဲ့ သစ်မွှေးလို၊ ကော်ဖီလိုအပင်တွေဝယ်ပြီး စိုက်ရမယ်။ ပြီးရင် အခုမှ
စိုက်တာမဟုတ်ကြောင်း ဆွဲနုတ်ရင် ပါမလာအောင် လုပ်ရမယ်"

"ဒါတော့ မလွယ်ဘူးထင်တယ်။ ကျွန်တော်က သုံးလေးရက်အလိုလောက် ကပ်စိုက်တာဆိုတော့
လက်နဲ့ ဆွဲကြည့်ရင် ပါလာမှာဗျ"

"အေးလေ၊ မင်းမတွေးတတ်တာကို သိနေလို့ ငါက မင်းရဲ့ဆရာဖြစ်နေတာပေါ့ တပည့်ကြီးရ" ဆိုပြီး
ကြုံတုန်း နှိမ်လိုက်ရသေးတယ်။

"ဟုတ်ပါပြီ၊ ခင်ဗျားကို လုံးဝ ဥဿုံ ဆရာတင်ပါတယ်။ ဆရာစားမချန်ဘဲပြောပြစမ်းပါ"

"အေး မင်းစိုက်မယ့် သစ်ပင်တွေ ဆွဲနုတ်ရင် ပါမလာအောင် သံချောင်းလေးတွေကို သွပ်နန်းကြိုးနဲ့
သစ်ပင်မှာ တွဲချည်ပြီး မြေကြီးထဲထိုးထည့်ရမကွဲ့"

"အတော်တော့ လက်ဝင်မှာနော်"

"ဒါတွေ မင်းလုပ်စရာမလိုဘူး။ လိုက်ပြီး ကန်ထရိုက်စနစ်နဲ့ လုပ်ပေးနေတဲ့ သစ်ပင်အတုစိုက်အဖွဲ့
တွေ ရှိတယ်။ သူတို့က လျော်ကြေးဘယ်လောက် လိုချင်ရင် ဘယ်လိုအပင်မျိုးကို အရေအတွက်
ဘယ်လောက် စိုက်ရမလဲအထိသိတယ်။ ရော့ ဆက်သွယ်ဖို့လိပ်စာ"

"ခင်ဗျားကတော့ တကယ့်ကျေးဇူးရှင်ကြီးပါပဲဗျာ။ ပုသိမ်က အဖေ့အိမ်ကို ပေါင်ပြီး ရသမျှနဲ့ ရခိုင်ရိုးမ
ထဲမှာ သစ်ပင်အတုတွေ သွားစိုက်တော့မယ်။ ရရင် ဆရာသမားအတွက် ၁၀ ရာခိုင် နှုန်း ကန်တော့
ပါမယ်"ဆိုပြီး ပြန်သွားလေရဲ့။

အဆင်တော့ ပြေမယ်ထင်တာပဲ။ မာဂျေလည်း အဖွဲ့တစ်ဖွဲ့က အဲဒီလို လုပ်တာ တိုးတိုးတိတ်တိတ်
ကြားလာလို့ ပြောပြလိုက်တာ။

မောင်ကြွက်နီ အလှည့်ရောက်မှ လျော်ကြေးမရဘဲ အရိုက်ခံရရင်တော့ ကိုယ်လည်း မတတ်နိုင်ပေ
ဘူး။ ငွေတွင်းက နက်တာကိုးဗျ။

မုံရွာတွင်လက်ပစ်ဗုံးနှင့် ကျည်ဆန်များတွေ့

Friday, May 31, 2013


မုံရွာ၊ မေ ၃၀ / The Voice Weekly

မုံရွာမြို့ ဝင်းယူနတီဟိုတယ်နှင့် ကွေ့ကြီးတံတားကြား ကန်သာယာ အနောက်ဘက်ခြမ်းတွင် မေလ ၃၀ ရက်နေ့ နံနက်ပိုင်းက လက်ပစ်ဗုံးနှစ်လုံး၊ ကျည် ၁၇ တောင့်နှင့် နိုကီယာဖုန်း ဟန်းဆက်တစ်လုံးကို တွေ့ရှိခဲ့၍ သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့ကြောင်း ကွေ့ကြီးရပ်ကွက် ဒေသခံများက ပြောကြားသည်။

ကွေ့ကြီးရပ်ကွက်မှ အမျိုးသားတစ်ဦးသည် ကြက်စာအတွက် ကန်စွန်းရွက် ဆင်းခူးရာမှ အထုပ်တစ်ထုပ်ကို နင်းမိပြီး ကုန်းပေါ်သို့ ဆယ်ယူဖွင့်ကြည့်ရာ လက်ပစ်ဗုံးနှစ်လုံး၊ ကျည်ဆန်များ တွေ့ရှိသောကြောင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးကို အကြောင်း ကြားခဲ့ခြင်း ဖြစ်ကြောင်း ကန်သာယာအနီး တွင် ကွမ်းယာရောင်းချသူ တစ်ဦးက ပြောကြားသည်။

ယင်းတွေ့ရှိခဲ့သော လက်ပစ်ဗုံး နှင့်ကျည်တောင့်များကို စစ်ဆေးရာ လက်ပစ်ဗုံးမှာ ဖျူးစ်မပါတော့ဘဲ ၉၁ ဗုံးသီးအမျိုးအစားဖြစ်ပြီး ကျည်ဆန် ၁၇ တောင့်မှာ ၅ ဒသမ ၅၆ကျည်များ ဖြစ်ကြောင်း၊ နိုကီယာ အမျိုးအစား ဖုန်းဟန်းဆက်မှာ အပြာရောင်ဖြစ်ပြီး ဆင်းကတ်ပါရှိကာ ဘက်ထရီ မပါရှိတော့ ကြောင်း ယင်းနေရာသို့ သွားရောက် စစ်ဆေးမှုတွင်ပါဝင်ခဲ့သည့် အရာရှိတစ်ဦးက ဆိုသည်။

လက်ပစ်ဗုံးနှစ်လုံးနှင့် ကျည်ဆန် ၁၇ တောင့်ကို ခမရ (၁၆) မှ တာဝန်ရှိ တပ်မတော်သား တစ်ဦးက သိမ်းဆည်း သွားပြီး နိုကီယာဟန်းဆက်ကိုမူ စစ်ဆေးမှု ပြုလုပ်နိုင်ရန် မုံရွာရဲစခန်းက သိမ်းဆည်း ထားခဲ့ကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။

အုပ်စုဖွဲ့ ပြိုင်ကားမောင်း လူသတ်မှုတွင်ပါဝင်သူ သိန်းတစ်ရာဖြင့် အာမခံရ

Friday, May 31, 2013


ရန်ကုန်၊ မေ ၃၀ / The Voice Weekly

ဗဟန်းမြို့နယ် ကမ္ဘာအေးဘုရား လမ်းမပေါ် နှင်းဆီကုန်းဘိုးဘွားရိပ်သာ ရှေ့ရှိ ဟာမစ်တစ် ကားမှတ်တိုင်တွင် ၂၀၁၂ ခုနှစ် အောက်တိုဘာ ၂၃ ရက်ညက ဖြစ်ပွားခဲ့သည့် ပြိုင်ကားနှင့် လူတစ်စု၏ အုပ်စုဖွဲ့ လူသတ်မှုမှ တရားခံဟု ယူဆရသူတစ်ဦး ဖြစ်သည့် မအိန္ဒြာချိုအား ငွေကျပ်သိန်း ၁၀၀ တန် ခံဝန်ကို ဝန်ခံသူနှစ်ဦးဖြင့် အာမခံ ခွင့်ပေးလိုက်ကြောင်း ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးထံမှ စုံစမ်းသိရှိရသည်။

တရားလိုပြသက်သေ စစ်ဆေးဆဲ အဆင့်တွင် မအိန္ဒြာချိုမှာ ကိုယ်ဝန်ရှိနေပြီး ကျန်းမာရေး ချို့တဲ့လွန်းသူ ဖြစ်သဖြင့် အင်းစိန်ထောင်တွင်း မွေးဖွားပါက အသက်အန္တရာယ် ရှိသောကြောင့် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ-၄၉၇ ( ၁ ) အရအချုပ်မှ အာမခံခွင့် လျှောက်ထားခဲ့ ကြောင်း၊ ထိုသို့လျှောက်ထားဆဲကာလ အတွင်း ထပ်မံစစ်ဆေးခဲ့ရာ ကလေးမှာ အသက်မရှိကြောင်း စစ်ဆေးတွေ့ရှိရ၍ အင်းစိန်ဆေးရုံသို့ တင်ပို့ကုသလျက် ရှိကြောင်း အဆိုပါတရားရုံးထံမှ သိရှိရသည်။

ထိုအမျိုးသမီးသည် ရန်ကုန် အင်းစိန်အကျဉ်းထောင်မှ ဆရာဝန်၏ဆေးလက်မှတ် ထောက်ခံချက်အရ ကိုယ်ဝန်ဆောင်အမျိုးသမီးဖြစ်ပြီး ပြင်ပမှ ဆေးကုသ ခွင့်ခံယူရမည့် လူနာဖြစ်ခြင်း၊ စွဲဆိုထား သောပြစ်မှုမှာ သေဒဏ်၊ တစ်သက် တစ်ကျွန်းဒဏ်စီရင်ထိုက်သည့် ပြစ်မှု မဟုတ်ခြင်း ယင်းအပြင် အာမခံပေးခွင့်မရသည့် ပြစ်မှုတွင် အာမခံ ပေးသင့်မပေးသင့်ကို အခြေအနေအရပ်ရပ်ပေါ် မူတည်၍ အချုပ်လွတ် ထုချေလွာတင်နိုင်သည်ဟု ပြစ်မှု ဆိုင်ရာကျင့်ထုံး ဥပဒေ ၄၉၇ ( ၁ ) တွင် ပြဋ္ဌာန်းထားခြင်းတို့ကြောင့် ကန့်ကွက်ရန် မရှိကြောင်း နိုင်ငံတော်ကိုယ်စား လိုက်ပါ ဆောင်ရွက်သည့် ဒုတိယခရိုင်ဥပဒေ အရာရှိက လျှောက်လဲခဲ့သည်။

အင်းစိန်ထောင်ဆေးရုံမှ ဒေါက်တာ အောင်ကိုဦးက လူနာ၏ကိုယ်ဝန်မှာ ၁၆ ပတ်ကျော်နှင့် ၁၇ ပတ်ကြားသန္ဓေသားရှိနေ ပြီး အင်းစိန်ထောင်တွင် မွေးဖွားချိန်ထိ ကုသမှုခံယူရန် မသင့်တော်ကြောင်း၊ ယခု ချိန်မှစ၍ ကုသခြင်းမပြုပါက ကလေးနှင့် မိခင်၏အသက်အန္တရာယ်ကို ထိခိုက်နိုင် ကြောင်း အဆိုပါတရားရုံးတွင် ထွက်ဆိုခဲ့သည်ဟု သိရှိရသည်။

အဆိုပါဖြစ်စဉ်မှာ ၂၀၁၂ ခုနှစ် အောက်တိုဘာ ၂၃ ရက် ည ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် ကမ္ဘာအေးဘုရားလမ်းပေါ် ဟာမစ်တစ်မှတ်တိုင်၌ လူငယ်ငါးဦးပါ ပြိုင်ကားတစ်စီး စတန့်ထွင် မောင်းနှင်နေခဲ့ရာမှ ကားပျက်၍ ရပ်ထားစဉ် သေဆုံးသူ ရဲကျော်သူနှင့် သူငယ်ချင်း သုံးဦးက အနီးမှ သီချင်းဆို၍ ဖြတ်လျှောက်သွားသောကြောင့် ပြိုင်ကားမောင်းသူများက မကျေနပ်၍ မေးမြန်းခဲ့ရာ သေဆုံးသူကိုရဲကျော်သူက ပြန်လည်တောင်းပန် ခဲ့သော်လည်း ပြိုင်ကားနှင့်အဖွဲ့မှ လူတစ်ဦးက အနီးရှိ သောက်ရေအိုးဖြင့် ဦးခေါင်းကိုရိုက်ခဲ့ပြီး ခိုက်ရန်ဖြစ်ပွားနေစဉ် နောက်ထပ် လူလေးဦးခန့် ထပ်မံရောက်လာကာ ရဲကျော်သူကို ဝိုင်းဝန်းကန်ကျောက်ခဲ့ ကြောင်း မျက်မြင်တွေ့ရှိသူ အသက် ၃၀ ကျော်အရွယ် အမျိုးသားတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ပြောင်းလဲပေမယ့် လူနေမှုမြင့်မလာတာက ၂ဝ၁၅ ရွေးကောက်ပွဲအပေါ် သက်ရောက်မှုရှိနိုင်

Friday, May 31, 2013


သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် မြန်မာနိုင်ငံမှာ စီးပွားရေးတိုးတက်မှုတွေ ရရှိလာတယ်ဆိုပေမယ့် ပြည်သူအများစုရဲ့ လူနေမှုအဆင့် သိသိသာသာ မြင့်တက်မလာသေးတဲ့အတွက်၊ ဒီအခြေအနေဟာ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲအပေါ် သက်ရောက်မှုတွေရှိလာလိမ့်မယ်လို့ မြန်မာနိုင်ငံအရေးလေ့လာသူပညာရှင်တွေက ပြောပါတယ်။

အမေရိကန်ပြည်ထောင်စုအခြေစိုက် Carnegie Endowment for International Peace အဖွဲ့က ကမကထပြုပြီး ၀ါရှင်တန်ဒီစီမှာ မနေ့ကကျင်းပခဲ့တဲ့ Myanmar: What’s Next? ဆိုတဲ့ ဆွေးနွေးပွဲမှာ အရှေ့တောင်အာရှရေးရာကျွမ်းကျင်သူ စီးပွားရေးပညာရှင် Lax Rieffel က ဘာပဲဖြစ်ဖြစ် အစိုးရသစ်အနေနဲ့ နိုင်ငံရေး၊ စီးပွားရေး မျက်နှာစာတွေမှာ တိုးတက်မှုတွေရရှိနေပါတယ်၊ တချိန်တည်းမှာ မြန်မာပြည်လူဦးရေ သန်းငါးဆယ် ခြောက်ဆယ်ရဲ့ (၈၀) ရာနှုန်းကတော့ပြီးခဲ့တဲ့ (၂) နှစ်အတွင်း သူတို့ရဲ့လူနေမှုအဆင့်တိုးတက်မှု အနည်းအကျဉ်းသာ တွေ့ရှိခဲ့ကြရပါတယ်၊ ဒါဟာ ဦးသိန်းစိန် အစိုးရအတွက် လာမယ့် ၂၀၁၅ ရွေးကောက်ပွဲအတွက် ကြီးမားတဲ့ စိန်ခေါ်မှုဖြစ်လာနိုင်ပါတယ်၊ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကနေ ထင်ရှားတဲ့စီးပွားရေးတိုးတက်မှုတွေ မပြနိုင်ဘူးဆိုရင် မဲဆွယ်ရာမှာ အခက်တွေ့နိုင်ပါတယ်၊ ဒါ့ပြင်နောက်တက်မယ့် အစိုးရဟာလည်း မတည်ငြိမ်မှုတွေ၊ ဦးနင်းပဲ့ထောင်၊ ပဲ့နင်းဦးထောင် အနေအထားတွေနဲ့ကြုံရနိုင်ပါတယ် လို့ ပြောကြားခဲ့ပါတယ်။

ဒါ့ပြင် ရေနံ၊ ဓါတ်ငွေ့၊ သတ္တု၊ ကုန်စည်ထုတ်လုပ်ရေးနဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေဆိုင်ရာပြဿနာတွေ၊ ပညာရေး၊ ကျန်းမာရေး၊ ခရီးသွားလုပ်ငန်းဆိုင်ရာ စိန်ခေါ်ချက်တွေ၊ နိုင်ငံခြားအကူအညီတွေနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သတိထားစရာတွေအကြောင်းလည်း ပြောကြားခဲ့ပါတယ်။

ဆွေးနွေးသူ နောက်တစ်ဦးဖြစ်တဲ့ ဂျော့ခ်ျတောင်းတက္ကသိုလ် အာရှလေ့လာရေးဌာန ပါမောက္ခ Dadid Steinberg က ၂၀၀၈ အခြေခံဥပဒေဆိုတာ နိုင်ငံအုပ်ချုပ်ရေးမှာ စစ်တပ်ကဆက်လက်ပါဝင်ဖို့ဆိုတာကလွဲပြီး တခြားအဓိပ္ပါယ်မရှိပါဘူး၊ ဒီအခြေအနေဟာ အချိန်ကာလတစ်ခုတော့ ကြာဦးမှာပါ၊ တောင်ကိုရီးယား၊ ထိုင်း၊ အင်ဒိုနီးရှားတို့ကို ကြည့်ဖို့လိုပါတယ်၊ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲကို အမေရိကန်ပြည်ထောင်စုက ဘယ်လိုအကဲဖြတ်မလဲဆိုတာလည်း အရေးကြီးပါတယ် လို့ ပြောကြားခဲ့ပါတယ်။

RFA Burmese

မီးရှို့ခံရသူရဲ့ သတင်းစကား

ရေးသားသူ- မောင်တာ၊ ထွန်းခိုင် / 7Day News Journal

အမျိုးသားတစ်ဦးက ဓာတ်ဆီလောင်းကာ မီးရှို့သောကြောင့် ဒဏ်ရာများဖြင့် လားရှိုးဆေးရုံရောက်နေ
သည့် မအေးအေးဝင်းက ၎င်း၏ညီမထံ မေ ၂၈ ရက်ညဦးပိုင်းတွင် အကူအညီတစ်ခုတောင်းခံသည်။

မီးလောင်ဒဏ်ရာများကြောင့် သတိရတစ်ချက်မရတစ်ချက်မဖြစ်မီ ၎င်း၏ညီမ မခင်ဝင်းရီထံ တောင်း
သည့်အကူအညီမှာ ခံစားနေရသော ဒဏ်ရာများကို သက်သာစေရန် အတွက်မဟုတ်ပါ။ သူတက်နေသည့် ဆေးရုံမျက်စောင်းထိုးရှိ ဗလီအပါ အ၀င်မြို့ရှိအဆောက်အအုံ အချို့မီးရှို့ခံနေရခြင်းကို သွားရောက်တားဆီးပေးရန်ဖြစ်သည်။

“အဲဒီလို မဖြစ်ကြပါနဲ့လို့ တားပေးပါ” ဟု မအေးအေးဝင်းက ပြဿနာများမကြီးထွားအောင် တားပေးရန် ညီမဖြစ်သူကို ပြောခဲ့သော စကားတစ်ခွန်းဖြစ်သည်။ စကား အနည်းငယ်ပြောပြီးနောက် မအေးအေးဝင်းသည် ဒဏ်ရာများကြောင့် သတိရတစ်ချက် မရတစ်ချက်ဖြစ်ကာ စကားသိပ်မပြောနိုင်တော့။

သို့သော် သူ၏ဆနမပြည့်ခဲ့။ ဘယ်သောအခါကမှ ကြီးကြီးမားမားပြဿနာမဖြစ်ခဲ့ဖူးသည့် လားရှိုးမြို့တွင် မြန်မာနိုင်ငံ အလယ်ပိုင်းရှိ မိတ္ထီလာမြို့ကဲ့သို့ဖြစ်ရပ်မျိုးဖြစ်ပွားမည်လားဆိုသည်မှာ ဒေသခံများအကြား စိုးရိမ်စိတ်များဝင်လျက်ရှိသည်။

ရှမ်းတိုင်းရင်းသားများ အများစု နေထိုင်ရာ လားရှိုးမြို့တွင် ယခုကဲ့သို့သော ပြဿနာဖြစ်မည် ကို ဘယ်သောအခါမှ မျှော်လင့်မ ထားခဲ့ဟု ရှမ်းတိုင်းရင်းသား အင်အားစုများကပြောသည်။

“ကျွန်တော် တော်တော်ရှော့ ဖြစ်သွားတယ်။ ရှမ်းပြည်နယ်မှာ ဒါမျိုးဖြစ်မယ်လို့ မထင်ခဲ့ဘူး”ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းစံမင်းက ပြောကြားသည်။

သူကဲ့သို့ပင် မန်ဆူရှမ်းဘုန်းတော်ကြီးကျောင်းအတွင်းရှိ ကယ်ဆယ်ရေး စခန်းအတွင်း ခိုလှုံနေသည့်
မွတ်စလင်အမျိုးသားတစ်ဦးကလည်း ထိုအချက်ကိုသဘောတူသည်။

“၈၈ အရေးအခင်းမှာတောင် ဒီလိုမဖြစ်ဖူးဘူး” ဟု အမည်မဖော်လိုသူ ဒေသခံအမျိုးသားတစ်ဦးကပြောသည်။ အခုတော့ ယင်းကဲ့သို့ ပဋိပက္ခကို မကြုံဖူးခဲ့သည့် လားရှိုးတွင်လည်း ပြီးခဲ့သည့်လပိုင်းကဖြစ်ပွားခဲ့သည့် မိတ္ထီလာလိုပင် သွေးထွက်သံယိုမှုများ ဖြစ်ခဲ့ပြီဖြစ်သည်။

အမှုအခင်းတစ်ခု ကစတင်ပြီး မီးရှို့အကြမ်းဖက်သည်အထိ လူအုပ်ကြီးကို ဒေါသထွက်စေခဲ့သည်။ မိတ္ထီလာဖြစ်စဉ်လိုပင် ယင်းလူအုပ်ကြီး လက်ထဲ အသက်မဆုံးရှုံးစေရေးအတွက် အစ္စလာမ်ဘာသာဝင်များကို ဒေသခံ ရှမ်း၊ ဗမာ၊ တရုတ် စသည့် ဗုဒ္ဓဘာသာနှင့် အခြားဘာသာဝင်များက ၀ှက်ပေးခဲ့ကြသည်။

မိတ္ထီလာဖြစ်စဉ်လိုပင် အကြမ်းဖက်မှုကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးသူရာပေါင်းများစွာကို ဘုန်းတော်ကြီးများက ၎င်းတို့ ကျောင်းများထဲတွင် နေရာထိုင်ခင်းပေးကာ စောင့်ရှောက်ပေးခဲ့သည်။ ဒုက္ခသည်များကို ၎င်းတို့အသိမိတ်ဆွေ ရှမ်း၊ ဗမာ၊ တရုတ်စသည် ဗုဒ္ဓဘာသာနှင့် အခြားဘာသာဝင်များ လို အပ်သည့်အကူအညီများပေးခဲ့သည်။

မြို့ခံများအကြားရင်းနှီးသည့် ဆက်ဆံရေးရှိခဲ့သည့် မြို့သည် မေ ၂၈ရက်အဖြစ်အပျက်မှစတင်ကာ အပျက်ပျက်နှင့် နှာခေါင်းသွေးထွက် ခဲ့သည်။ ရပ်ကွက်ပေါင်း ၁၂ရပ် ကွက်ရှိသော မြို့တွင် တစ်ဝက်ခန့် ရှိ နေအိမ်အချို့သည် မီးရှို့ခြင်း၊ ဖျက်ဆီးခြင်းများခံခဲ့ရသည်။ ယင်းတိုက်ခိုက်မှုများအတွက် သီတာ အေးရုပ်ရှင်ရုံ မီးရှို့ခံရမှုအပါအ၀င် ရပ်ကွက်ခုနစ်နှင့် ကိုးတို့ရှိ နေအိမ်များဖျက်ဆီးခံခဲ့ရသည်။

မငြိမ်မသက်မှုများ ဖြစ်ပွားခဲ့ သည့် လားရှိုးမြို့ကို မေ ၃၀ ရက်မှ စတင်ပြီး တည်ငြိမ်မှုများပြန်လည် ရရှိအောင် အာဏာပိုင်များက ထိန်းသိမ်းနိုင်ခဲ့သည်။

အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည့် နေရာများ၊လမ်းဆုံလမ်းခွနှင့် မြို့အ၀င်အထွက်ဂိတ်
များတွင်လက်နက်ကိုင်တပ်မတော်သားများစောင့်ကြပ်နေပြီး တစ်မြို့လုံးတွင် လုံခြုံရေးကို အထူးတင်းကျပ်ထားသည်။

အကြမ်းဖက်မှုများ ဆက်လက်မဖြစ်ပွားစေရေးအတွက် ဒေသဆိုင်ရာအာဏာပိုင်များက မေ ၃၀ ရက်မှ စတင်ပြီး တရားဥပဒေ စိုးမိုးရေးကို ခြိမ်ခြောက်လာပါက ပစ်ခတ်ကာ အခြေအနေထိန်းသိမ်းမည် ဟု ၎င်းတို့ ကတိပေးထားကြောင်း ဒေသခံများကပြောသည်။

လုံခြုံရေးအရ စိတ်မချရသည့် ရပ်ကွက်များအတွင်း မွတ်ဆလင် ဘာသာဝင်များအား တပ်မတော်ပိုင်ကားများဖြင့် လုံခြုံရေးရယူကာ မန်ဆူရှမ်းဘုန်းတော်ကြီး ကျောင်းအတွင်းရှိ ကယ်ဆယ်ရေးစခန်းများသို့ ပို့ဆောင်ပေးလျှက်ရှိသည်။

အကြမ်းဖက်မှုများဖြစ်ပွားရန် လုပ်ဆောင်သည်ဟု သံသယရှိသူများကိုလည်း လိုက်လံထိန်းသိမ်းနေပြီး မေ ၃၀ ရက်တွင် သံသယရှိသူ ၁၃ ဦးကို ထပ်မံထိန်းသိမ်းသည်။ ထို့ကြောင့် ယခုအချိန်အထိ ထိန်းသိမ်း ခံရသူ ၃၈ ဦးရှိပြီဟု အာဏာပိုင်များ ကပြောသည်။ ဖမ်းဆီးထိန်းသိမ်းခံ ရသူများအားလုံးသည် အမျိုးသားများဖြစ်ပြီး ၎င်းတို့ကို လားရှိုးအကျဉ်းထောင်တွင် ထိန်းသိမ်းထားပြီး ပဋိပက္ခဖြစ်စဉ်များနှင့် မည်ကဲ့သို့ ပတ်သက်သည်ကို စစ်ဆေးနေကြောင်း နယ်မြေခံရဲအရာရှိကပြောသည်။

မအေးအေးဝင်း မီးရှို့ခံရသည့် အဖြစ်အပျက်သည် ကေအိုင်အေနှင့် အစိုးရအကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲကျင်းပသည့် အချိန်နှင့် တိုက်ဆိုင်ကာ ဖြစ်ပွားသောကြောင့် လည်း ရှမ်းတိုင်းရင်းသားနိုင်ငံရေး အင်အားစုများအကြားသတိဖြင့် စောင့်ကြည့် နေကြသည်။ ပဋိပက္ခများကြောင့် ငြိမ်းချမ်းရေလုပ်ငန်းစဉ်များ ထိခိုက်မည်ကို စိုးရိမ်မိကြောင်း ရှမ်တိုင်းရင်းသားနိုင်ငံရေး အင်အားစုများ ကပြောသည်။

“တိုက်ဆိုင်တာက ရိုးရိုးသားသားလား။ ကြံစည်ထားတာလား၊ စဉ်စားဖို့ ကောင်းတယ်။အကြံအစည်ရှိတဲ့သူတွေကြောင့် ဖြစ်တယ်ဆိုလည်း သူတို့ရဲ ကျော့ကွင်းထဲကိုမ၀င်ဖို့ လိုတယ်။ မသမာသူလူတစ်စုရဲ့ လက်ချက်ကြောင့် ငြိမ်းချမ်းရေးပျက် သွား နိုင်တယ်။ တော်တော်သတိထားသင့်တယ်”ဟု ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်ကပြောသည်။

မိတ္ထီလာဖြစ်စဉ်နှင့် ခြားနားမှုတစ်ခုမှာ အစိုးရဘက်မှ လုံခြုံရေးကို ထိထိရောက်ရောက်ချက်ခြင်းဆောင်ရွက်ခြင်း ဖြစ်ကြောင်း ဒေသခံများကဆိုသည်။ မိတ္ထီလာ ဖြစ်စဉ်နှင့် နောက်ထပ်ခြားနားမှု တစ်ခုဖြစ်စေရန်လည်း ဆုတောင်း နေမိကြောင်း မန်ဆူရှမ်းဘုန်းတော် ကြီးကျောင်းအတွင်းရှိ ကယ်ဆယ် ရေးစခန်းအတွင်းခိုလှုံ့နေသူများ ထံ လာရောက်ကြည့်ရှုသည့် အမျိုးသား တစ်ဦးကပြောသည်။

“လူတွေထပ်မသေစေဖို့ ဆုတောင်းနေတယ်”ဟု အဆိုပါ အမျိုးသားက ၎င်း၏ ဆနကိုပြောပြီး လူသူကင်းမဲ့နေသည့် လမ်းများအတိုင်း ပြန်သွားခဲ့သည်။

“လူလူချင်းဘာသာပဲ ကွဲသွားတယ်။ ကောင်းသူရှိသလိုဆိုးသူလည်းရှိတယ်။ အပြစ်မဲ့တဲ့ လူတွေ အခုလိုဖြစ်တော့ စိတ်မကောင်းဘူး”မေ ၂၈ ညနေက မအေးအေးဝင်း တစ်ယောက်ဇာတိမြို့၏ အဖြစ်အပျက်များ မြင်တွေ့ကြားသိရပြီးနောက် ပြောသောစကားဖြစ်သည်။ ၎င်းကတော့ မေ ၃၀ ထိ ဒဏ်ရာများကြောင့် ခုတင်ပေါ်တွင် လှဲလျောင်းနေဆဲ။

မင်းသားရဲတိုက် အာမခံနဲ့ ပြန်လွတ်လာပြီ Posted: 31 May 2013 03:11 AM PDT


မေလ၃၁ရက်၊ နေ့လည် ၃နာရီ ၀န်းကျင်က ရဲတိုက်ဟာ ဗိုလ်တစ်ထောင် ရဲစခန်းမှ အာမခံနဲ့
ပြန်လွတ်လာပြီလို့သိရပါတယ်။

ငြိမ်းချမ်းရေး သင်္ကေတနဲ့ မင်းသားရဲတိုက် သူဟာအာမခံနဲ့ ပြန်လွတ်လာပြီ ဖြစ်သော်လည်း လာမယ့်ဇွန် ၁၀ရက်မှာ ရုံးချိန်း ကို ပြန်လည် လာရောက်ဖို့ရှိတယ်လို့ သိရပါတယ်၊

Sunday Journal

photo-Credit သိမ်မွေ့ 



စိန့်မေရီ ဘုရားကျောင်း သာသနာ့အကျိုးတော်ဆောင် ဥက္ကဌနဲ့ အတူ လက်ဆွဲနုတ်ဆက်နေတာဖြစ်ပါတယ်၊

Friday, May 31, 2013 ကချင်စစ်ရှောင်ဒုက္ခသည်များ နေရပ်ပြန်ရေး မိုးလွန်မှစတင်နိုင်မည်


ကချင်စစ်ရှောင် ဒုက္ခသည်များ အားနေရပ်သို့ ပြန်လည်ပို့ဆောင်ရေး လုပ်ငန်းကို မိုးတွင်းပြီးမှသာ ဆောင် ရွက်နိုင်မည်ဟု ကချင်ပြည်နယ်အစိုးရ အဖွဲ့ လူမှုရေးဝန်ကြီး ဒေါ်ဘောက် ဂျာက ပြောသည်။

”အခုမိုးတွင်းထဲမှာ အကုန်လုံး ပြန်ပို့မယ်ဆိုရင်လမ်းပန်းဆက်သွယ်ရေး အခြေအနေအရ မဖြစ်နိုင်ဘူး”ဟု ၄င်း က ပြောသည်။ ကချင်ပြည်နယ် ရှိဒေသအချို့မှာ မိုးတွင်းကာလရောက်ရှိလာလျှင် သည်း ထန်သည့် မိုးကြောင့် လမ်းပန်းဆက် သွယ်ရေး ခက်ခဲတတ်ကြောင်း၊ ထို့အ ပြင် မြေမြှုပ်မိုင်း အန္တရာယ်လည်းရှိနေ သေးရာ မိုးကာလလွန်ပြီးမှသာ ပြန်ပို့ ရန် စီစဉ်သင့်ကြောင်းလည်းဝန်ကြီးက ထောက်ပြသည်။

ဗန်းမော်၊ ဝိုင်းေ မာ်၊ မြစ်ကြီးနား၊ မိုးကောင်း၊ မိုးညှင်း၊ ဆွမ်ပရာဘွမ်အစ ရှိသည် တို့၌ ခိုလုံနေကြသော စစ်ရှောင် ဒုက္ခသည်များအား မိုးကာလ အဆင် ပြေစေရန် ပြည်နယ်အစိုးရနှင့် နိုင်ငံ တကာအန်ဂျီအိုများက ဆောင်ရွက်ပေး နေပြီး ကျောင်းနေအရွယ် ကလေး ၁ဝဝဝဝ ကျော်တို့ကိုလည်း ကျောင်း အပ် ပေးနေကြောင်း သိရသည်။

ပြည်နယ်ဝန်ကြီး ဒေါ်ဘောက်ဂျာ က

”အခုကလေးတွေလည်း ကျောင်း အပ်ပေးပြီးနေပြီဆိုတော့ ခုနေခါ ပြန်ပို့ လိုက်ရင် ကျောင်းက ဟိုပြောင်း၊ ဒီ ပြောင်းနဲ့ လစ်ဟင်းသွားမှာလည်းစိုးရ တယ်” ဟု ပြောသည်။ကချင်ငြိမ်းချမ်းရေး ကွန်ရက်က ငြိမ်းချမ်းရေးရပြီးေ နာက် မူလနေရပ်သို့ ဒုက္ခသည်တို့ ပြန်ပို့ရေးမှာ မဖြစ်မနေ လုပ်ရမည့် အလုပ်ဖြစ်သည့်အတွက် လျင်မြန်စွာ လုပ်သင့်သော်လည်းပြန် ရောက်လာ သည့်အခါတွင် ဒေသခံတို့ အဆင်သင့် နေထိုင်နိုင်မှုရှိရမည့် အနေ အထားရှိသင့်ကြောင်း ထောက်ပြသည်။

နှစ်နှစ်ကျော်ကြာ၊ နှစ်ဖက်ပစ်ခတ် မှုများအရ ကချင်ပြည်နယ်အတွင်း အစိုးရ ထိန်းချုပ်နယ်မြေ၌ စစ်ရှောင် စခန်း ၁ဝ၅ ခုရှိနေပြီး၊ စစ်ရှောင်ဦးရေမှာ ၄ဝဝဝဝ ကျော်ရှိနေသည်။

မင်းသုအောင် - Popular Myanmar News Journal

ကိုးကွယ်ရာမဲ့ ဖြစ်နေတဲ့ ရဲတိုက်

ကျွန်တော် က ရဲတိုက်ရဲ့ ရင်းနှီးတဲ့ မိတ်ဆွေတွေထဲက တစ်ယောက်ပါ။ သူ့ ကို အင်တာဗျူးပြီး သူ့ဘ၀ အကြောင်းကို စာရေးဖူးတယ်။ အင်တာဗျူး ခဲ့တာ နဲ့ ပတ်သက်ပြီး ကျွန်တော့် ကို ပြောပြ သလောက် ဘယ်သူ့ကိုမျှ မပွင့်လင်းခဲ့ဖူးဘူး လို့ သူကပြန်ပြောတယ်။ သူ့ဘ၀ အကြောင်းကို တော်တော်ပြည့်ပြည့်စုံစုံ ကျွန်တော် သိခွင့်ရ ခဲ့တယ်။

ရဲတိုက် က တောင်ကြီးမြို့မှာ ကြီးပြင်းတယ်။ သူသိပ်ချစ်တဲ့ သူ့မိခင် သေဆုံးသွားတယ်။ သူ့ဖခင် နောက်အိမ်ထောင်ပြုတယ်။ မိထေွး နဲ့ သူ အဆင်မပြေဘူး။ သူ့ကို သူ့အဖေ က ပြင်ဦးလွင် ဘော်ဒါ ဆောင် ပို့ ပစ်လိုက်တယ်။ ဘော်ဒါ အုပ်က သူ့ကို မကြည်ဘူး။ သေရာပါ ဒဏ်ရာ ရအောင် ရိုက်တာ ခံရတယ်။ သူ့ အဖေ က သစ်စက် လုပ်တယ်။

 ရဲတိုက် ဆယ်တန်းအောင်ပြီးတော့ ရှမ်းပြည်နယ် အရှေ့ပိုင်းမှာ ရှိတဲ့ဖခင် ရဲ့ သစ်စက်မှာ အလုပ်ကူလုပ်ရတယ်။ အဲဒီအချိန်မှာ လက်နက်ကိုင်တွေက သူတို့သစ်စက်ကို မီးရှို့ ဖျက်ဆီး တာခံရတယ်။ အသက်လုပြီး သူပြေးခဲ့ရတယ်။ သူ့ဘ၀ ခရီးကို ပြန်ကြည့်ရင် စိတ်ဒဏ်ရာ ဖြစ်စရာတွေ သိပ်များပါတယ်။

ရဲတိုက် ရဲ့ အဖိုးဘက်က အာရပ်သွေးပါတယ်။ ဒါကြောင့် သူ့ရုပ်သွင်က ကုလားဆန်နေတယ်။ အကြောင်းမသိသူတွေက ရဲတိုက်ကို အစ္စလာမ် ဘာသာ ကိုးကွယ်သူ လို့ ထင်တယ်။ ရဲတိုက် က မိရိုးဖလာ ဗုဒ္ဓ ဘာသာ ဖြစ်ပါတယ်။ သူ ပဉ္ဇင်း ခံတယ်။ ၀ိပဿ နာ တရား အားထုတ်တယ်။ ဒါပေမယ့် သူမျှော်လင့်ထားတဲ့ အေးချမ်းမှု တော့ ရဲတိုက်မရသေးဘူး။

ဧရာဝတီ မြစ်ဆုံမှာ တရုတ်တွေ ရေကာတာဆောက်မယ်ဆိုတော့ ဧရာဝတီ ရဲ့တန်ဖိုး ကို သတိပြုမိအောင် ရဲတိုက် က မိတ်ဆွေတွေ နဲ့အတူ ကင်မရာကိုင်ပြီး ဧရာဝတီ ကိုမှတ်တမ်းတင်တယ်။ မှတ်တမ်းစာအုပ်တစ်အုပ် ထုတ်ခဲ့တယ်။ ဧရာဝတီ မှတ်တမ်း ဓာတ်ပုံတွေကို ပြပွဲခင်းတော့ ဒေါ်အောင် ဆန်းစုကြည်တက်ရောက်တဲ့ ဖွင့်ပွဲမှာ ရဲတိုက် က အခမ်းအနားမှူး လုပ်ခဲ့တယ်။ အဲဒီတုန်းက သမ္မတ က မြစ်ဆုံ ရပ်ပါ့မယ် မပြောသေးဘူး။ နောက်တော့ ရပ်ထားပါ့မယ် ပြောလာရတယ်။

ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ ဖြစ်၊ လူတွေ စစ်ဘေး တိမ်းရှောင်ပြေးကြရတယ်။ ဒုက္ခမျိုးစုံ ကြုံကြရတယ်။ စာနာစိတ် နဲ့ ရဲတိုက် က စစ်မြေပြင်က ဒုက္ခသည် စခန်းတွေကို ကိုယ်တိုင်သွားပြီး အကူအညီတွေ အများကြီးပေးခဲ့တယ်။ ကချင် ဒုက္ခသည် စခန်းတွေ က ရဲတိုက် ဆိုရင် အားကိုး ချစ်ခင်တယ်။

အမျိုးသား ဒီမိုကရေးစီ အဖွဲ့ချုပ် ရွေးကောက်ပွဲဝင်မယ်ဆိုတော့ ရဲတိုက် က နိုင်ငံချစ်စိတ် ရှိတဲ့ အခြားအနုပညာရှင်တွေ နဲ့ လက်တွဲပြီး စည်းရုံးရေး ခရီးတွေ မှာ ပါဝင်ခဲ့တယ်။

၂၀၁၂ ခု ဇွန် လ ကချင်စစ်ပွဲ တစ်နှစ်ပြည့် အဖြစ် ငြိမ်းချမ်းရေးတောင်းဆိုတဲ့ ဓာတ်ပုံပြပွဲတစ်ခု ရန်ကုန် တော်ဝင်နှင်းဆီ သီရိခန်းမ မှာ လုပ်တယ်။ ဓာတ်ပုံပြပွဲက အပြန်မှာ ရဲတိုက် က ကိုမျိုးဇော် (ဒါရိုက်တာ ရီဇော် ) ဆီက ငွေ နှစ်သိန်း တောင်းသွားတယ်။ သူဘာလုပ်တယ် ထင်ပါသလဲ။ ရွှေတိဂုံ ဘုရားသွားဖူးပြီး တစ်ပြားမကျန် ဘုရားကိုလှူပစ်ခဲ့တယ်။မြန်မာပြည် ငြိမ်းချမ်းပါစေ တဲ့။

ရဲတိုက်က သူ့မတည်ငွေတွေ ထည့် မိတ်ဆွေတွေကိုလည်း စည်းရုံ့းပြီး ရဲတိုက်ဖောင်ဒေးရှင်းကို တည်ထောင်တယ်။ သူ့ ရည်ရွယ်ချက် တစ်ခုကတော့ လေလွင့်လူငယ်လေးတွေ ကို အသက်မွေး ၀မ်းကျောင်း ပညာသင်ယူနိုင်အောင်ကူညီချင်တာ။ သူငယ်စဉ်က ဆင်းရဲဒုက္ခ အမျိုးစုံ ကြုံခဲ့ဖူးတာမို့ စာနာတယ်၊ ကူညီချင်တယ်လို့ ပြောတယ်။

ရဲတိုက် ရဲ့ လုပ်ရပ်တွေကို အခြေခံ ပြီး သူ့ စိတ် သဘာဝ ကို ကျွန်တော် သုံးသပ်ကြည့်မိတယ်။ သူ ဘ၀ နာခဲ့တယ်။ သူများတွေကိုသူ့လို ဘ၀ မနာစေချင်ဘူး။ သူငယ်စဉ်ကတည်းက စိတ်ဒဏ်ရာ တွေ ရခဲ့တယ်။ ဒါတွေက သူသက်သာ ချင်တယ်။မငြိမ်းချမ်းမှူတွေကြောင့် ဆင်းရဲနေရသူတွေ ကို သူစာနာတယ်။ ငြိမ်းချမ်းမှု လိုချင်တယ်။ ကိုးကွယ်ရာ ရှာဖွေနေတယ်။ အချို့က ရဲတိုက်ကို ဘာသာမဲ့ လို့ထင်တယ်။ တကယ်ကတော့ ဘာသာတရားတွေက သူ့ကို ငြိမ်းချမ်းမှု ပေးနိုင်မှာလား ၊သူရှာ ဖွေတယ်။ ကိုးကွယ်ရာ ရှာတယ်။

ဘုရားရှင် တွေကတော့ မဟာ ကရုဏာ ရှင်တွေ မို့ ရဲတိုက် ကို တစ်နေ့နေ့ မှာ ငြိမ်းချမ်းမှု ပေးသနားပါလိမ့်မယ်။ ယခု အထိတော့ ရဲတိုက်ဟာ ကိုးကွယ်ရာ မဲ့နေသေးသူသာဖြစ်ပါတယ်။ သူတတ်စွမ်းနိုင် သလောက် ကောင်းကျိုးပြုထားတဲ့ လောကကြီးကလည်း သူ့ကို စောင့်ရှောက် ပါ လိမ့်မယ်။
ခံဝန်ကတိစာချုပ်တွင် လက်မှတ်ရေးထိုးနေပုံ။ ဓါတ်ပုံ - St.Mary Cathedral

ရဲတိုက်ရဲ့ ဝန်ခံကတိစာချုပ်။ ဓါတ်ပုံ -

Thursday, May 30, 2013

firefox20.0.1 (20.33MB) android up 2.2

fFirefox Browser for Androidမင်္ဂလာပါခင်ဗျာတော်ဝင်သစ္စာမိသားစုမှကြိုဆိုပါတယ်firefox ဆိုရင်androidသုံးဖူးသူတိုင်းသိကြမှာပါဒီဗားရှင်းလေးကနောက်ထွက်ဗားရှင်းလေးမို.တင်ပေးလိုက်ပါတယ်
websiteများကိုအမြန်ဆုံးရှာဖွေနိုင်အောင်ဒီကောင်လေးကစွမ်းဆောင်ပေးမှာပါFeatureတွေလည်းပါဝင်တာမို.
သုံးသင့်တဲ. browser လေးပါပဲ အသုံးပြုချင်ရင်တော့အောက်ကလင့်ခ်မှာဒေါင်းနိုင်ပါတယ်ခင်ဗျာ


Change my Voice version 2.0 (1.28 MB) android up 2.2







မင်္ဂလာပါခင်ဗျာတော်ဝင်သစ္စာမိသားစုမှကြိုဆိုပါတယ် ဖုန်းဆက်ရင်းနောက်ပြောင်ကျီစယ်တတ် တဲ့လူအတွက်ကတော့ဒါလေးကအပျင်းပြေမှာပါ အသံကိုအမျိုးမျိုးဖျက်လို.ရပါတယ် ကိုယ့်အသံကိုသွင်းပြီးတော့လည်းကြိုက်မကြိုက်နားထောင်လို.ရပါသေးတယ်တကယ့် ကိုပျော်စရာကောင်းမှာပါအသုံးပြုချင်ရင်တော့အောက်ကလင့်ခ်မှာဒေါင်းနိုင်ပါတယ်ခင်ဗျာအသုံးပြုချင်ရင်ဒီနေရာမှာဒေါင်းပါ

Description

Record yourself and then change your voice.
Select many voices and effects.
★ Change your voice to CHIPMUNK, CAT, ROBOT, CHILD, MEGAPHONE, several WOMEN's and MEN's voices, and more
★ Add Effects: CHORUS, ECHO
★ Change your SPEECH SPEED
★ If you liked Ultra Voice Changer, Best Voice Changer and Voice Changer Deluxe you will like this app better
★ Instantly hear the modified voice Note:
* This app can not change the voice during a phone call
* The app has ads

App Screenshots

ကျေးရွာကျောင်းအုပ်ကို မကျေနပ်သဖြင့် ရွာလုံးကျွတ် ကျောင်းမအပ်

မန္တလေး၊ မေ ၂၉

စစ်ကိုင်းတိုင်းဒေသကြီး ပင်လယ်ဘူး မြို့နယ် ဆားတောင်ပုံကျေးရွာရှိ အခြေခံ ပညာ မူလတန်းကျောင်း ကျောင်းအုပ်ဆရာကြီးကို မကျေနပ်သဖြင့် ယင်းကျေးရွာ တစ်ရွာလုံးရှိ ကျောင်းသားမိဘများက ကျောင်းအပ်ကာလသို့ ရောက်ရှိ နေသော်လည်း ယခုအချိန်ထိ ကျောင်းမအပ်ကြသေး ကြောင်း အဆိုပါ ကျောင်းသားမိဘများနှင့် ကျောင်းအကျိုးဆောင် ကော်မတီ တာဝန် ရှိသူထံမှ စုံစမ်းသိရှိရသည်။
"ဒီကျောင်းမှာ ကျောင်းအုပ်ကြီး ဦးဇေယျရှိနေသရွေ့ တစ်ရွာလုံးက မိဘတွေက ကလေးတွေကို ကျောင်းမအပ်ကြ တော့ဘူးလို့ ပြောကြတယ်" ဟု ကျောင်းအကျိုးဆောင် ကော်မတီဝင် ဦးအုန်းကျော်မြင့် က ဆိုသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ဆားတောင်ပုံ ကျေးရွာ ရာအိမ်မှူး ဦးထွန်းရွှေထံ ဆက်သွယ် မေးမြန်းရာ ယင်းကိစ္စမှာ မှန်ကန်ကြောင်း၊ အဆိုပါကျေးရွာရှိ မည်သည့်မိဘကမှ ကျောင်း မအပ်ဟု ဆိုကြောင်း၊ ၄င်းအနေဖြင့် ကျောင်းသား မိဘများကို မေလ ၂၄ ရက်နေ့နှင့် မေလ ၂၅ ရက်နေ့များတွင် ခေါ်ယူတွေ့ဆုံ ညှိနှိုင်းပေးသော်လည်း ကျောင်းမအပ်လိုသော ဆန္ဒ သဘောထား ရှိကြောင်းကို လက်မှတ်ရေးထိုးကြကြောင်း ၄င်းက ပြန်လည်ဖြေကြားသည်။

အဆိုပါ အခြေခံပညာ ကျောင်းအုပ်ဆရာကြီးကို နှစ်လအတွင်း ကျောင်းပြောင်းရွှေ့ခြင်းမပြုပါက ကျောင်းသားမိဘများနှင့် ကျောင်းသားကျောင်းသူများက ဆန္ဒ ဖော်ထုတ်သွားမည် ဖြစ်ကြောင်း ယင်းကျေးရွာ ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

"ဒီကျောင်းအုပ်ကို ကျွန်တော်တို့ ကျေးရွာကနေ ပြောင်းပေးဖို့အတွက် မြို့နယ် ပညာရေးမှူးရုံးမှာ အဆင့်ဆင့်အသိပေး တိုင်ကြားထားပေမယ့် ဒီကနေ့အထိ ဘာမှမထူးပါဘူး။ ကျွန်တော်တို့ ဒီကျောင်းအုပ် ပြောင်ရွှေ့ရေး နှစ်လစောင့်မှာပါ။ ပြောင်းမပေးဘူးဆိုရင်တော့ မိဘတွေ ကျောင်းသား တွေအပါအဝင် ခွင့်ပြုချက်ရသည်ဖြစ်စေ မရသည်ဖြစ်စေ ပင်လယ်ဘူးမြို့နယ် ပညာရေးမှူးရုံး ရှေ့မှာ တစ်ရွာလုံး ဆန္ဒဖော်ထုတ်သွားမယ်" ဟု ဆားတောင်ပုံကျေးရွာ ဆယ်အိမ်မှူး ဦးညွန့်မောင်နှင့် ကျောင်းအကျိုးဆောင်ကော်မတီဝင် ဦးအုန်းကျော်မြင့် တို့က The Voice သို့ ပြောကြားသည်။

ယင်းဆားတောင်ပုံ အခြေခံပညာ မူလတန်းကျောင်းတွင် ကျောင်းသား ကျောင်းသူ ၁၃၀ ကျော်ရှိပြီး ကျောင်းအုပ်ဆရာကြီး အပါအဝင် ပညာရေးဝန်ထမ်း နှစ်ဦးသာ ရှိကြောင်း၊ ယခုအခါ ကျောင်း ဆရာမတစ်ဦးမှာ မီးဖွားခွင့်ပေးထားရပြီး ကျောင်းအုပ်ဆရာကြီး၏ စီမံသင်ကြားမှု များတွင် အားနည်းချက် များစွာရှိကာ တစ်လတွင် ၁၅ ရက်ခန့်သာ စာသင်ကြား ကြောင်းနှင့် အဆိုပါဆရာကြီးတွင် အခြားလူမှုရေး ပြဿနာများလည်း ရှိကြောင်း ၄င်းတို့က ပြောဆိုသည်။

"ဒီကနေ့ပဲ အစည်းအဝေး ထိုင်နေပါတယ်။ သူ့ကို ယာယီပြောင်းဖို့ ဆောင်ရွက်သွားမှာပါ။ ကျွန်တော်တို့ချည်းပဲ လုပ်လို့မရပါဘူး။ တိုင်းကို ဆက်လက် တင်ပြသွားမှာပါ" ဟု ယင်းကိစ္စနှင့် ပတ်သက်၍ ပင်လယ်ဘူးမြို့နယ် ပညာရေးမှူးထံ The Voice က ဆက်သွယ် မေးမြန်းရာ ၄င်းက အထက်ပါအတိုင်း ပြန်လည်ဖြေဆိုသည်။

ဆားတောင်ပုံကျေးရွာရှိ အခြေခံ မူလပညာကျောင်း ကျောင်းအုပ်ဆရာကြီး ထံသို့ The Voice က မေလ ၂၉ ရက်နေ့ တွင် ဖုန်းဆက်သော်လည်း ဖုန်းမှာစက်ပိတ် ထားပါသဖြင့် ဆက်သွယ်မေးမြန်းခွင့် မရသေးပေ။

ဆားတောင်ပုံကျေးရွာသည် ပင်လယ်ဘူးမြို့နှင့် ၂၄ မိုင်ခန့်ဝေးပြီး ကျောင်းအုပ်ကြီး ဦးဇေယျသည် ၁၉၉၇ ခုနှစ်တွင် ယင်း ကျေးရွာသို့ ရောက်ရှိခဲ့ကြောင်း၊ ၄င်းရောက် ရှိခဲ့သည်မှ ယနေ့အထိ ကျေးရွာတွင် တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား တစ်ဦးမျှမရှိသေးကြောင်း ကျေးရွာဒေသခံ များက တူညီစွာပြောကြားသည်။

The Voice Weekly

LinkWithin

Related Posts Plugin for WordPress, Blogger...