Tuesday, May 28, 2013

လက်ပတ်ကြိုးများဖြင့် အမျိုးသမီးနှင့် လူငယ်များကို ငြိမ်းချမ်းရေးဖြစ်စဉ်အတွင်း ရစ်ပတ် စည်းနှောင် ထားခြင်း Posted: 28 May 2013 03:02 AM PDT ရက်စွဲ၊ ၊ ၂၈.၅.၂၀၁၃



ဘန်ကောက်- Alternative ASEAN Network on Burma (Altsean- Burma) မှ အလုပ်သင် အမျိုးသမီးငယ်များသည် ယခုလက်ရှိ ဖော်ဆောင်နေသော မြန်မာနိုင်ငံ၏ အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အင်အားစုများအကြား ငြိမ်းချမ်းရေး ဖြစ်စဉ်အတွင်းတွင် အမျိုးသမီးနှင့် လူငယ်များ ပါဝင်မှု မြင့်တက်လာစေရန် အထောက်အပံ့ဖြစ်စေရေးအတွက် သုံးရောင်ပါ လက်ပတ်ကြိုး ၁၀၀၀ ကို ထုတ်လုပ်ခဲ့ပါသည်။ ထိုသုံးရောင်မှာ အဖြူ- လူငယ်၊ အပြာ- ငြိမ်းချမ်းရေးနှင့် ခရမ်း - အမျိုးသမီးတို့ကို ဖော်ဆောင်၍ အစိုးရအဖွဲ့အစည်းများ၊ လက်နက်ကိုင် အဖွဲ့ အစည်းများ၊ နိုင်ငံတကာ အဖွဲ့များနှင့် လူထုများကို လက်ရှိ ငြိမ်းချမ်းရေး ဖြစ်စဉ်အပေါ် ပိုမိုနိုးကြား သိရှိစေရန် ရည်ရွယ်ခြင်း ဖြစ်ပါသည်။

မြန်မာနိုင်ငံ ပြည်တွင်းစစ် စတင်ချိန်မှ စ၍ အစိုးရနှင့် လက်နက်ကိုင် အဖွဲ့များအကြား ငြိမ်းချမ်းရေး ဆွေးနွေးမှုများတွင် ပြည်သူလူထု၏ ဆွေးနွေးမှုများနှင့် ပါဝင်မှုများ အားနည်းခဲ့သည်။ ဗဟို အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အင်အားစု အကြား ငြိမ်းချမ်းရေး ဖော်ဆောင်မှုနှင့် လုပ်ငန်း ကော်မတီ အဖွဲ့ဝင်တွင် ဦးဆောင်မှု အဆင့်မဟုတ်သော နေရာ၌သာ အမျိုးသမီး အနည်းငယ် ပါဝင်သည်။

ထိုပြည်တွင်းစစ်နှင့် ပဋိပက္ခများအကြား အများအားဖြင့် အထိခိုက်ခံရသူများမှာ အမျိုးသမီး၊ လူငယ်နှင့် ကလေးများဖြစ်သည်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှ ထုတ်ပြန်ချက်အမှတ် ၁၃၂၅၊ ၁၆၇၄၊ ကုလသမဂ္ဂ အထွေထွေ ညီလာခံ ထုတ်ပြန်ချက်အမှတ် ၆၄၊ ၁၃၄ နှင့် စီဒေါ ခေါ် အမျိုးသမီးများ အပေါ် ဘက်စုံဖိနှိပ်မှု တားဆီးကာကွယ်ရေး သဘောတူ စာချုပ်က ပြဿနာရှူထောင့်အရနှင့် ကာကွယ်ခြင်း၊ စီမံခန့်ခွဲခြင်းနှင့် ဖြေရှင်းချက် များကို ပြုလုပ်ရာတွင် အမျိုးသမီးနှင့် လူငယ်များ ပါဝင်ရန် တိုက်တွန်းထားပါသည်။

“ အစိုးရ၊ လက်နက်ကိုင် အဖွဲ့အစည်းနှင့် နိုင်ငံတကာမှ ကိုယ်စားလှယ်များ ဒီစံချိန် စံညွှန်းများကို လိုက်နာဖော်ဆောင်သင့်တယ်။ အမျိုးသမီးနှင့် လူငယ်များ ပါဝင်မှု အားနည်းလျှင် ကျွန်မတို့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ရရှိမှာ မဟုတ်ပါဘူး။ အမျိုးသမီးနှင့် လူငယ်များရဲ့ ပါဝင်ခြင်းကသာလျှင် နိုင်ငံတကာနှင့် ပြည်သူလူထုများ၏ ယုံကြည်သက်ဝင်မှု ပိုမို ရရှိမှာ ဖြစ်ပါတယ်။ ဒီနည်းလမ်းတွေကသာ စစ်မှန်ပြီး ရေရှည်တည်တဲ့ ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးကို ရရှိစေမှာ ဖြစ်ပါတယ်“ လို့ နန်းရှရီ အလုပ်သင်အမျိုးသမီးငယ် တစ်ဦးမှ ရှင်းပြခဲ့ပါသည်။

“ပဋိပက္ခတွေကို ကြည့်မယ် ဆိုရင် အမျိုးသမီးနှင့် လူငယ်များဟာ အထိခိုက်အများဆုံး ဖြစ်ပါတယ်။ သူတို့ဟာ အစုလိုက် မုဒိမ်းကျင့်ခံရခြင်း၊ ညှင်းပန်းနှိပ်စက်ခံရခြင်း၊ မတရားရွေ့ပြောင်းခံရသူများ အဖြစ်သို့ ရောက်ရှိခြင်း စတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ခံရပါတယ်။ ဒီပဋိပက္ခတွေကြောင့် လူငယ်တွေဟာ ပညာသင်ခွင့်မရှိခြင်း၊ အလုပ်ကိုင် အခွင့်လမ်းမရှိခြင်းနှင့် အတင်းအကြပ် စေခိုင်းခြင်း စတဲ့ အကြောင်းအရာတွေကြောင့် နယ်စပ်တွေကို ထွက်ပြေးရပြီး ရွေ့ပြောင်း အလုပ်သမားများ အဖြစ်သို့ ရောက်ရှိကြပါတယ်။ သူတို့ရဲ့ အသံတွေကို နားထောင်သင့်ပါတယ်“ လို့ နန်းပုကိ အလုပ်သင်အမျိုးသမီးငယ် တစ်ဦးမှ ရှင်းပြခဲ့ပါသည်။

မတ်လ ၂၄ ရက် ၂၀၁၃ မှစ၍ ထိုင်းမြန်မာနယ်စပ်နှင့် ပြည်တွင်းရှိ အစိုးရ မဟုတ်သော အဖွဲ့အစည်းများမှ လက်ပတ်များကို ကူညီ၍ ဖြန့်ဝေပေးခဲ့ပါသည်။ ထိုအဖွဲ့အစည်းများမှာ အမျိုးသမီးအဖွဲ့ချုပ် မြန်မာနိုင်ငံ (WLB)၊ မြန်မာအမျိုး သမီးကွန်ရက် အဖွဲ့အစည်း၊ ထိုင်းနိုင်ငံ အခြေပြု ကချင် အမျိုးသမီးအဖွဲ့အစည်း၊ ကရင်နီ အမျိုးသမီး အစည်းအရုံး အဖွဲ့အစည်း နှင့် တအောင်း ကျောင်းသားလူငယ်အဖွဲ့ အစည်းများ ဖြစ်ပါသည်။ လက်ပတ်များကို လူမျိုးစု လက်နက်ကိုင် အဖွဲ့အစည်းမှ အဖွဲ့ဝင်များနှင့် နိုင်ငံရေး ပါတီများဖြစ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)နှင့် ၈၈ ကျောင်းသား အဖွဲ့ဝင်များသို့လည်း ပေးပို့နိုင်ခဲ့ပါသည်။ ထို့အပြင် လူငယ်အဖွဲ့များ၊ အမျိုးသမီးအဖွဲ့များ၊ ပြည်တွင်းရှိ လူထုများ၊ ထိုင်းနိုင်ငံ ရွေ့ပြောင်း မြန်မာအလုပ်သမားများနှင့် ကင်ဘရာနှင့် ဘရာဆဲာမှ လူ့အခွင့်အရေး ဖော်ဆောင်သူများထံသို့လည်း ဖြန့်ဝေပေးခဲ့ပါသည်။

“ကျွန်မတို့ကို အခုလို အဖွဲ့အစည်းများက ကင်ပိန်း (Campaign) လက်ပတ်တွေကို ကြိုက်ပြီး ဖြန့်ဝေ အသုံးပြုပေးတဲ့အတွက် အရမ်းပဲ ကျေးဇူးတင်ပါတယ်။ ထပ်ပေးပို့ဖို့ တောင်းဆိုမှုများ များလွန်းတာကြောင့်မို့လို့ လက်ပတ်လုပ်နည်း ဗီဒီယိုကို ပြင်ဆင်ပြုလုပ်ပြီး ထင်ထားပေးပါတယ်။ ဗီဒီယိုကို ကြည့်ပြီး ကိုယ်တိုင် လုပ်ဆောင်နိုင်ပါတယ်။ ကျွန်မတို့ရဲ့ လက်ပတ်ကို ခေါင်းဆောင်ကြီးများ ဖြစ်သော နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့်  ဦးဝင်းတင်ကို ပေးပို့နိုင်ခဲ့လို့ အထူးပဲ ၀မ်းသာပျော်ရွှင်မိပါတယ်“ လို့ နော်မူရီး အလုပ်သင်အမျိုးသမီး တစ်ဦးမှ ပြောခဲ့ပါတယ်။


Campaign ပစ္စည်းများကို အောက်ပါလင့်အတွင်းရရှိနိုင်ပါသည်။
https://www.facebook.com/pwomen and youth have the rights to participate in peace process 

ဆက်သွယ်ရန်လိပ်စာ       
နာမည်         - မိခမွမ်းဗလွယ် နှင့် နန်းပုကိ
အီးမေးလိပ်စာ- altseanintern26@gmail.com
ဖုန်း - +၆၆၉ ၂၀၁၉ ၆၃၉၆ (9:00 AM- 9:00 PM Bangkok time) 


0 comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...