Wednesday, May 29, 2013

လားရှိုးမြို့ မှာ ယနေ့  အကြမ်းဖက်မှုတွေ ဆက်လက်ဖြစ်ပွား တဦးသေဆုံး လေးဦး ဒဏ်ရာရ Posted: 29 May 2013 06:37 AM PDT မေလ(၂၉)

ညနေ နှစ်နာရီကျော်မှ လားရှိုးမြို့ နှစ်ဘက် အပြန်အလှန် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပါတယ်။ ကနဦးသတင်း အများအရ ဒဏ်ရာရရှိသူ လေးဦး၊ သေဆုံးသူ တစ်ဦးရှိကြောင်း သိရှိရပါတယ်။ ပြည်နယ်ဝန်ကြီးချုပ်နဲ့ ပြည်ထဲရေး ဒုတိယ၀န်ကြီးလည်း လားရှိုးမြို့ ကို ရောက်ရှိနေပါတယ်။ ရဲတပ်ဖွဲ့ကလည်း သေနတ်ပစ်ဖောက် လူစုခွဲခဲ့ရတယ်လို့လည်း သိရပါတယ်။

သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်နဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစ၀်အောင်မြတ်တို့ကလည်း ဘာသာရေးခေါင်းဆောင်များနဲ့ အတူ နှစ်ဘက်တိုက်ခိုက်မှုများ ရပ်တန့်အောင်ဆောင်ရွက်နေပါတယ်။

လားရှိုးမြို့ ဆူပူအကြမ်း ဖက်မှုများအား လုံခြုံရေးတပ်ဖွဲ့များမှ တားဆီးအရေးယူမှုများ ပြုလုပ် နေပါတယ်။ 

သတင်း - ဓါတ်ပုံ ။ ။ ပြန်ကြားရေး ဒု-၀န်ကြီး ဦးရဲထွဋ် (Facebook)





0 comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...