Thursday, September 26, 2013

smart booster for android

မင်္ဂလာပါခင်ဗျာ တော်ဝင်သစ္စာမိသားစုမှကြိုဆိုပါတယ် ကျွန်တော်တို.သုံးတဲ့Androd ဖုန်းတွေမှာ အင်တာနက်သုံးရင်- ပြီးတော့ App တစ်ခုခု သုံးလို.ဘဲဖြစ်ဖြစ် နောက်မှာကျန်ခဲ့တဲ့cache နဲ.Historyတွေလိုမျိုးအမြဲတမ်းကျန်နေခဲ့ပါတယ် ဒါတွေကိုကူညီဖြေရှင်းပေးနိုင်မယ့်ရှင်းလင်းရေး လို.လဲခေါ်လို.ရတဲ့smart booster app လေးပါ ရှင်းတာကတော့တော်တော်ကိုရှင်းလင်းနိုင်ပါတယ်
အဆင်ပြေစွာသုံးနိုင်ပါတယ်ခင်ဗျာ အသုံးပြုချင်၇င်တော့အောက်ကလင့်ခ်မှာဒေါင်းနိုင်ပါတယ်ခင်ဗျာ

Photo

CallBlock Pro for android

                                            Photo
မင်္ဂလာပါခင်ဗျာ တော်ဝင်သစ္စာမိသားစုမှကြိုဆိုပါတယ် Android မိတ်ဆွေသူငယ်ချင်းများ အတွက် callblock pro လေးးကို ကျွန်တော်အကို.မင်းမဟာ Facebook page ကနေလင့်ခ်ယူပြီးတင်ပေးလိုက်ပါရစေ မိမိဆီ ကိုအနှောက်ယှက် နဲ. ကိုယ် ရှောင်ချင်တဲ့သူတွေ ဖုန်းမဆက်နိုင်အောင် ဖျက်တောက်ပေးနိုင်ပါတယ် အဆင်ပြေစွာအသုံးပြုနုင်မှာပါခင်ဗျာ 
အသုံးပြုချင်ရင်တော့အောက်ကလင့်ခ်မှာဒေါင်းနိုင်ပါတယ်ခင်ဗျာ


                                     Photo

Mp4,3Gp,AvI,Flv,All Music Video Player for android

                           

မင်္ဂလာပါခင်ဗျာ တော်ဝင်သစ္စာမိသားစုမှကြိုဆိုပါတယ် အခုတလောပိုင်းမတင်ဖြစ်တာတော်တော်ကြာတာကိုတောင်းပန်ပါတယ်ခင်ဗျာ ရေကြီးမီးမ မှန်တာတွေနဲ.ကြုံနေရလို.ပါ  ဒီအပ်လေးးကတော့ ကျွန်တော်အကိုဖြစ်တဲ့ မင်းမဟာ Facebook page ကနေ လင့်ယူပြီးတင်ပြပေးတာပါ ဒီကောင်လေးရဲ.စွမ်းဆောင်ရည် ကဘာလဲဆိုတော့ ကျွန်တော်တို.ဖုန်းတွေမှာ သီချင်းတွေရယ် ဗီဒီယို တွေရယ်ကြည်.မယ်ဆိုရင် video fomat မတူတာနဲကြည့်မရတာနဲ. ကွန်ပျူတာ လိုမျိုး သီချင်းဖိုင်မျိုးစုံကိုဖွင့်လို.ရမှာပါ ကျွန်တော်သုံးကြည့်တာတော့တော်တော်ကိုအဆင်ပြေပါတယ် အသုံးပြုချင်ရင်တော့အောက်ကလင့်ခ်မှာဒေါင်းနိုင်ပါတယ်ခင်ဗျာ
                     
                                 အသုံးပြုချင်ရင်ဒီနေရာမှာDownLoad ဒေါင်းပါ



                                            Photo
















                             

Tuesday, September 17, 2013

ရဲဝန်ထမ်းများအား ပြုပြုပြောင်းလဲရေးလုပ်ရာတွင် UNODC ကကူညီမည်


              

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များအား အမျိုးသားရဲအမှုထမ်းအဖြစ် အသွင်းပြောင်းရန် စီစဉ်နေပြီး ထိုသို့ပြုပြင်ပြောင်းလဲရေး လုပ်ရာတွင် လိုအပ်သောနည်းပညာပိုင်းနှင့် နိုင်ငံတကာ စံချိန်စံနှုန်းနှင့်သက်ဆိုင်သော အကူအညီများကို ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ရာဇ၀တ်မှုဆိုင်ရာရုံး- UNODC ကကူညီပေးမည်ဖြစ်ကြောင်း UNODC ၏ မြန်မာနိုင်ငံဆိုင်ရာ မန်နေဂျာ ဂျေဆန်အီလိုင်းက မဇ္ဈိမကိုပြောသည်။

“တစ်ခုကတော့ နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့ အခွင့်အရေးအခြေခံဥပဒေတွေကို လက်တွေ့ဆောင်ရွက်တဲ့ လုပ်ထုံးလုပ်နည်းတွေပေါ်မှာ အလေးပေးဆောင်ရွက်သွားမှာပါ” ဟု ဂျေဆန်အီလိုင်းကပြောသည်။

မြန်မာနိုင်ငံက ရဲတပ်ဖွဲ့ဝင်တွေကို ပြည်သူ့ရဲဝန်ထမ်းများအဖြစ်မှ အမျိုးသားရဲအမှုထမ်း (National Police Service) အဖြစ် အသွင်ကူးပြောင်းကာ ပြည်သူတွေရဲ့ ယုံကြည်မှုကိုရရှိတဲ့ ရဲအမှုထမ်းများအဖြစ်ပြောင်း လဲမှာဖြစ်ပြီး ပြည်သူ့ရဲများ၏ ၀န်ဆောင်မှုကဏ္ဍ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်က စတင်ခဲ့ပြီးဖြစ်ကြောင်း ၎င်းကဆက်လက် ပြောသည်။

“ကျွန်တော်အထင်တော့ အကယ်၍သာ ကျွန်တော်တို့က လက်တွေ့ကျတယ်ဆိုရင် အသွင်ပြောင်းလဲရေး လုပ်ငန်းစဉ် က နှစ်တွေအများကြီးကြာတယ်ဆိုတာ ကြည့်သင့်ပါတယ်” ဟု ဂျေဆန်အီလိုင်းကပြောသည်။ “အချိန်တွေ အများကြီး ကြာပြီးတဲ့နောက်မှာ မြန်မာနိုင်ငံက ပြောင်းလဲနေတဲ့ကမ္ဘာနဲ့ ပြန်လည်ပူးပေါင်းဖို့ တဖြည်းဖြည်းချင်း ဆောင်ရွက်နေ တာဆိုတော့ ရဲဌာနအပါအ၀င် အစိုးရအဖွဲ့အစည်းတွေကို ပြုပြင်ဖို့လိုတာပေါ့” ဟုပြောသည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၏ စီမံခန့်ခွဲမှု၊ ပဋိပက္ခများကို ဖြေရှင်းနိုင်မှုတို့တွင် အရည်အသွေးများစွာ နိမ့်ကျနေပြီး လေ့ကျင့်မှုအရည်အသွေးနှင့် သင်တန်းများလိုအပ်နေပြီဖြစ်ကြောင်း အငြိမ်းစားရဲမှူးများက ထောက်ပြမှုများရှိခဲ့သည်။

အငြိမ်းစား ရဲမှူးကြီး ဦးရာလျန်မုန်းက “ပြဿနာတွေကို မြန်မြန်ဆန်ဆန်နဲ့ အကောင်းဆုံး ဖြေရှင်းနိုင်ဖို့ အရည် အချင်းနဲ့ အရည်အသွေးလည်းလိုတယ်။ အဲလိုလုပ်ဖို့ လုပ်ကိုင်ခွင့်လည်းလိုတယ်။ အဲတော့ဒီမှာလည်း သင်တန်းတွေ အများကြီးလိုတယ်။ နိုင်ငံခြားထိသွားတက်ဖို့လည်း လိုအပ်တယ်။ အင်အားလည်း အများကြီးလိုအပ်တယ်။ ကျွမ်းကျင်မှု၊ နိုင်ငံတကာစံနှုန်းတွေ၊ ဥပဒေတွေလိုတာပေါ့” ဟုပြောသည်။

လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံမှရဲဝန်ထမ်းများအတွက် စွမ်းရည်မြင့်မားမှု လိုအပ်နေခြင်းအပြင်အခွင့်အရေး၊ အခွင့်အလမ်း၊ လစာနှုန်းထားနှင့် လိုအပ်သော အသုံးအဆောင်ပစ္စည်းရရှိမှုလည်း အားနည်းနေကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ရဲဝန်ထမ်းများအား စွမ်းရည်မြှင့်သင်တန်းများပေးရန်နှင့် မြန်မာနိုင်ငံရှိ ရဲဝန်ထမ်းများအား ပြုပြင်ပြောင်းလဲမှုများ လုပ်မည့်အကြောင်းကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ (နေပြည်တော်) မှ ရဲမှူးချုပ်ဦးဝင်းခေါင်အားမေးမြန်းရန် မဇ္ဈိမက စက်တင်ဘာလ ၁၀ ရက်မှ ယနေ့အထိ အကြိမ်ကြိမ်ဆက်သွယ်သော်လည်း အစည်းအဝေး တက်ရောက်နေခြင်းကြောင့် ပြန်လည်ဖြေကြားနိုင်ခြင်းမရှိခဲ့ပေ။

စွမ်းရည်မြှင့်သင်တန်းများနှင့်ပတ်သက်၍ သြဂုတ်လ ၂၅ ရက်က အောက်လွှတ်တော် အမတ် ဒေါ်လဲ့လဲ့ဝင်းဆွေ၏ မေးခွန်းအား ပြည်ထဲရေးဒု-၀န်ကြီး ရဲချုပ်ကျော်ကျော်ထွန်းက ယခုကဲ့သို့ ပြန်လည်ဖြေကြားခဲ့သည်။

၂၀၁၃၊ ၂၀၁၄ ဘဏ္ဍာနှစ်အတွင်း ပြည်တွင်းသင်တန်း ၂၄ မျိုးတွင် သင်တန်းသား ၁၇၅၂ ဦး တက်ရောက်ခဲ့ပြီး တက်ရောက်ဆဲ သင်တန်းသား ၂၇၈၇ ဦးတို့ရှိနေသည်ဟု ရဲချုပ်ကျော်ကျော်ထွန်းက ဖြေကြားသွားသည်။

ပြည်ပသင်တန်းများအတွက်မူ အမေရိကန်၊ တရုတ်၊ အိန်္ဒိယ၊ မလေးရှားတို့သို့ သင်တန်းသား ၅၂ ဦးစေလွှတ် သင်ကြား ပြီးဖြစ်သည်ဟုဆိုသည်။ အလားတူ ပြည်ပသင်တန်းခုနစ်ခုသို့လည်း သင်တန်းသား ၁၁ ဦး စေလွှတ် သင်ကြားနိုင်ရန် စီစဉ်လျက်ရှိသည်ဟုလည်း ဖြေကြားသွားသည်။

လက်ရှိတွင် မြန်မာနိုင်ငံမှ ရဲဝန်ထမ်းများ၏စွမ်းရည်၊ အရည်အသွေးနှင့်ပတ်သက်၍ ဝေဖန်မှုများရှိနေပြီး မတ်လ အတွင်းက ထုတ်ပြန်သည့် လက်ပံတောင်းတောင် စီမံကိန်းစုံစမ်းစစ်ဆေးရေးကော်မရှင်၏ အစီရင် ခံစာတွင်လည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၏ အရည်အသွေးနှင့် ပတ်သက်၍ ထောက်ပြပြောဆို ထားပြီး ပြုပြင်ပြောင်းလဲမှုများနှင့် လေ့ကျင့်သင်ကြားမှုများ ပြုလုပ်သင့်နေပြီဟု ရေးသားထားသည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံတကာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ လက်ထောက်ဝန်ကြီး Mr William R. Brownfield က တရားဥပဒေစိုးမိုးရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ အမေရိကန်မှ သင်တန်းများပေးရန်ရှိကြောင်း စက်တင်ဘာလ ၇ ရက်က ရန်ကုန်မြို့တက္ကသိုလ်ရိပ်သာလမ်းရှိ အမေရိကန် သံရုံးတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

သိင်္ဂီထွန်း
Mizzima - News in Burmese 

မြန်မာတွင် ဥပဒေအရ ကလေးလုပ်သားများ အသက်အရွယ်ကို တိကျစွာ သတ်မှတ်ထားခြင်း မရှိသေးဟုဆို


             

မြန်မာ နိုင်ငံတွင် ကလေးလုပ်သား များ၏ အသက်အရွယ်ကို ယခုအချိန်ထိ ဥပဒေအရ အတိအကျသတ်မှတ် ထားခြင်းမရှိသေးကြောင်း အပြည် ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂ အဖွဲ့ချုပ်မှ အကြီးတန်း မူဝါဒ ရေးရာ မန်နေ ဂျာ (မြန်မာနိုင်ငံ ရုံး) ဒေါက်တာမင်းညိုက ပြော သည်။ နိုင်ငံတကာတွင် ကလေး လုပ်သားများအား အသက်အ ရွယ်အပိုင်းအခြား သတ်မှတ်ထား ခြင်းရှိပြီး မြန်မာနိုင်ငံတွင် သတ် မှတ်ထားခြင်း မရှိသေးကြောင်း၊ ယင်း အတွက် သတ်မှတ်ရန် လိုအပ် ကြောင်း သိရသည်။

''မြန်မာ ကလေးလုပ်သား နဲ့ ကလေးစစ်သားတွေ ကို ဘယ် အသက်အရွယ်နဲ့ ဘယ်အသက် ကာလမှာ အလုပ်ခိုင်းရမလဲ ဆို တာ ပြတ်ပြတ်သားသားပြဋ္ဌာန်း ချက်မရှိသေးဘူး။ တချို့နိုင်ငံမှာ ဆို ၁၅ နှစ်၊ တချို့နိုင်ငံမှာ ၁၆ နှစ်ဆိုပြီး ရှိကြ တယ်။ မြန်မာ နိုင်ငံ မှာတော့ သတ်မှတ်ထားတာမရှိ သေးဘူး။ အဲဒါကိုသတ်မှတ်နိုင်ဖို့ အတွက် ကျွန်တော်တို့တိုက်တွန်း ဖို့ရှိတယ်''ဟု ဒေါက်တာမင်းညို က ပြောသည်။ ယင်းကဆက်လက်၍ အ သက် ဆယ့်ငါးနှစ်အောက်ကလေး များကို အလုပ် မခိုင်း ရဘဲ ပညာ များ ဆက်လက်သင်ကြားပေးရ မည်ဖြစ်ကြောင်း၊ ယင်းကိစ္စများ ကိုလည်း လုပ်ဆောင်ရန်ရှိကြောင်း ပြောသည်။

ဒေါက်တာမင်းညိုက ''အ ခု လမ်းပေါ်မှာကလေးတွေ စာမ သင်ဘဲ လမ်းပေါ်အလုပ် လုပ်နေ တာ အများကြီးရှိနေတယ်။ အဲဒီ ကလေးတွေကို စာသင်နိုင်ဖို့အ တွက် ပါတီတို့၊ အစိုးရပိုင်းတို့ကို လုပ်ပေးဖို့ တောင်းဆိုမှာ ဖြစ် တယ်'' ဟု ပြောသည်။ မြန်မာ နိုင်ငံ တွင် ကလေး စစ်သားများပပျောက်ရေး အ တွက် မြန်မာအစိုးရက စာချုပ် တွင် လက်မှတ်ထိုးရန်ရှိသည်ကို သိရကြောင်း၊ ကလေးလုပ်သား များအရေးနှင့်ပတ်သက်၍ ပြည် တွင်းမှာရှိတဲ့ အလုပ်သမားအဖွဲ့ များမှ တောင်း ဆိုရန် လိုအပ် ကြောင်းလည်း ဆက်လက်ပြော သည်။

အလုပ်သမား အရေး ဆောင် ရွက်သူတစ်ဦးက ''အသက်မပြည့် သေးတဲ့ ကလေးလုပ်သားနဲ့ ကလေး စစ်သားရှိတာ တိုင်းပြည်အတွက် မကောင်းဘူး။ ပညာသင်ရမယ့် အရွယ်မှာ ပညာသင်ရမှာဖြစ်တယ်။ ကလေးစစ်သားတွေ ပပျောက် ဖို့အတွက် ပြည်တွင်း ငြိမ်းချမ်း ရေးရှိဖို့ လဲလိုအပ်တယ်။ နောက် အလုပ်လုပ်နေတဲ့ ကလေးတွေ အတွက်လဲ ကျောင်းပြင်ပပညာ ရေးတွေလုပ်ပေးဖို့ လိုအပ်တယ်''ဟု ပြောသည်။

စိုင်းဟန်
The Yangon Times 

ကော့သောင်းအကျဉ်း ထောင်တွင်းဆူပူမှုဖြစ်စဉ်တွင် အဓိကတာဝန်ရှိသော ထောင်ပိုင်ကို ခုံရုံးဖွဲ့စစ်ဆေးနေ


                 

ကော့သောင်းအကျဉ်းထောင်၌ ဖြစ်ပွားခဲ့သော ထောင်တွင်းဆူပူမှုဖြစ်စဉ်တွင် အဓိကတာဝန်ရှိသော ထောင်ပိုင်ကို အထူးစုံစမ်းစစ်ဆေးရေး ခုံရုံးဖွဲ့ စစ်ဆေးနေပြီဖြစ်ကြောင်း သတင်းရရှိသည်။

စက်တင်ဘာ ၁၆ ရက်မှ စတင်ကာ စုံစမ်းစစ်ဆေးရေးခုံရုံးဖွဲ့၍ စစ်ဆေးနေခြင်းဖြစ်ပြီး အကျဉ်းထောင် တာဝန်ရှိသူအချို့ နှင့် အကျဉ်းသားများကြားတွင် ယခင်ကပင် မကျေလည်မှုအချို့ ရှိနေကြောင်း တနင်္သာရီတိုင်း ဒေသကြီး အစိုးရအဖွဲ့ရုံးနှင့် နီးစပ်သူတစ်ဦးကပြောသည်။

““၀န်ကြီးချုပ်နဲ့ အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးချူပ်အပြင် တိုင်းအဆင့် အုပ်ချုပ်ရေးတာဝန်ရှိသူတွေပါ မနေ့က ကော့သောင်းအကျဉ်းထောင်ကိုသွားပြီး စစ်ဆေးခဲ့တယ်။ လေ့လာမှုတွေအရ ထောင်ပိုင်နဲ့ အချုပ်သားတွေကြားမှာ ပြဿနာတချို့ရှိနေပုံရပါတယ်””ဟု ဆိုသည်။

ကော့သောင်း အကျဉ်းထောင်တွင် စက်တင်ဘာ ၁၃ ရက်ညက အကျဉ်းသားအချို့ ဆူပူမှုဖြစ်ပွားပြီး ယင်းအခြေအနေကို အသုံးချ၍ နှစ်ကြီးအကျဉ်းသားအချို့ အကျဉ်းထောင်ခေါင်မိုးကိုဖောက်ကာ ထွက်ပြေးရန် ကြံစည်အားထုတ်မှု ဖြစ်ပွားခဲ့ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ထောင်တွင်းဆူပူမငြိမ်သက်မှုကို အကျဉ်းထောင်ဝန်ထမ်းများ ထိန်းသိမ်းရာမှ အကျဉ်းသားတစ်ဦး သေဆုံးကာ ခုနစ်ဦး သေနတ်ဒဏ်ရာရရှိခဲ့သည်။ ဒဏ်ရာရရှိခဲ့သည့် အကျဉ်းသား ခုနစ်ဦးအား ကော့သောင်းခရိုင်ဆေးရုံကြီးသို့ တင်ပို့ကုသခဲ့ပြီး ယင်းတို့အနက် ဒဏ်ရာပြင်းထန်သော အကျဉ်းသားသုံးဦးမှာ မြိတ်နှင့် ထားဝယ်ဆေးရုံများသို့ ပြောင်းရွှေ့ကုသနေရကြောင်း ကော့သောင်းခရိုင် ဆေးရုံကြီးမှ သတင်းရရှိသည်။

ကော့သောင်း အကျဉ်း ထောင်တွင် အကျဉ်းသား ၇၀၀ ခန့် ရှိနေပြီး ထောင်တွင်းဆူပူမှု ဖြစ်စဉ်တွင် ပါဝင်ခဲ့သည့် အကျဉ်းသားအချို့မှာ စက်တင်ဘာ ၁၄ ရက် နံနက်မှ စတင်ကာ ၎င်းတို့အား သတင်းမီဒီယာများနှင့် တွေ့ဆုံခွင့်ပေးရေးနှင့် အကျဉ်းသားသေဆုံးသည်အထိ ပြစ်မှုကျူးလွန်ခဲ့သည့် ဖြစ်စဉ်တွင် အဓိကတာဝန်ရှိသူ ထောင်ပိုင်ကို ထိရောက်စွာ အရေးယူပေးရေး ကြွေးကြော်ကာ ထောင်တွင်းဆန္ဒပြမှု ပြုလုပ်နေကြောင်း သတင်းရရှိသည်။

ထောင်တွင်းဆူပူမှုဖြစ်စဉ်ကို အုပ်ချုပ်ရေးတာဝန်ရှိသူများအနေဖြင့် အချိန်မီထိန်းသိမ်းနိုင် ခဲ့ပြီး နောက်ထပ်ဆူပူမှုမဖြစ်ပွား စေရေးအတွက် အကျဉ်းထောင် ၀န်ထမ်း ၂၆ ဦးတိုးမြှင့်၍ စက်တင်ဘာ ၁၆ ရက်မှစတင်ကာ လုံခြုံရေး စောင့်ကြပ်လျက်ရှိကြောင်းသတင်းရရှိသည်။ကော့သောင်း အကျဉ်း ထောင်တွင် အကျဉ်းသား သေ ဆုံးသည်အထိ ဖြစ်ပွားခဲ့သော ဖြစ်စဉ်နှင့် ပတ်သက်၍ ပြင်ပ၌ သတင်းမျိုးစုံ ထွက်ပေါ်နေပြီး နှစ်ကြီးသမား အကျဉ်းသားအချို့ က ဆူပူမှုဖြစ်စေရန် လှုံ့ဆော်ခဲ့သည်ဟု ဒေသတွင်း အုပ်ချုပ်ရေးတာဝန်ရှိသူများက ဝေဖန်သလို ထောင်ပိုင်မှ အကျဉ်းသားအချို့ ကို ဥပဒေပြင်ပ ညှဉ်းပန်းနှိပ်စက်ခြင်းကြောင့် အကျဉ်းသားများဆူပူမှုဖြစ်ပွားခြင်းဖြစ်ကြောင်း သုံးသပ်ဝေဖန်မှုများလည်း ရှိသည်။

ယင်းအခြေအနေများနှင့် ပတ်သက်၍ သတင်းအမှန် ထုတ်ပြန်နိုင်ရေးအတွက် ဒီမိုကရက်တစ်ပါတီ (မြန်မာ)နှင့် ၈၈ မျိုးဆက်ကျောင်းသားများ ပွင့်လင်းလူ့အဖွဲ့အစည်း (ကော့သောင်း) မှ ဦးဆောင်ကာ စက်တင်ဘာ ၁၇ ရက်တွင် ကော့သောင်းမြို့ Garden ဟိုတယ်၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

7day daily 

အမျိုသား ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဒလိုင်လားမား တွေ့ဆုံ



ချက်သမ္မတနိုင်ငံကိုရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ တိဘက်ဘာသာရေးခေါင်းဆောင် ဒလိုင်လားမားနဲ့ မနေ့က တွေ့ဆုံခဲ့ပါတယ်။

ပရပ်မြို့ Forum 2000 ညီလာခံပြင်ပမှာ ဒလိုင်လားမားရဲ့ ဟောပြောပွဲအပြီး အလွတ်သဘေ...ာ တွေ့ဆုံခဲ့တာဖြစ်ကြောင်း ညီလာခံပြောခွင့်ရသူက အတည်ပြုပြောကြားပါတယ်။

တရုတ်အစိုးရကတော့ နိုင်ငံရေးအရ ထင်ရှားသူခေါင်းဆောင်တွေကို ဒလိုင်လားမားနဲ့ မတွေ့စေချင်ပါဘူး။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒလိုင်လားမားတို့ဟာ မနှစ်က လန်ဒန်မြို့မှာ တွေ့ဆုံခဲ့ကြဖူးပါတယ်။

ဒီနှစ်မှာတော့ ပရပ်မြို့က Forum 2000 ညီလာခံမှာ အတူဟောပြောခဲ့ကြပါတယ်။ နှစ်ဦးလုံးက ကွယ်လွန်သူ ချက်ဒီမိုကရေစီခေါင်းဆောင် သမ္မတဟောင်း Vaclav Havel ကို ချီးကျုးဂုဏ်ပြုစကားဆိုခဲ့ကြပါတယ်။

RFA Burmese

ဟန်းဆက် အရောင်းဆိုင်များမှ တန်ဖိုးနည်း ဆင်းကတ်များ ကို လျှော့ဈေးဖြင့် ရောင်းချလာ

                 



မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းသည် ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးများမှ တစ်ဆင့် ကန့်သတ် ရောင်းချသော ငွေကျပ် ၁၅ဝဝ တန်ဆင်းကတ်များကို ပိုမိုတိုးမြှင့် ချထားပေး ခဲ့ပြီးနောက် ယခင် မှောင်ခိုဈေးကွက် အဖြစ် ဈေးကြီးပေးဝယ် နေရသော တန်ဖိုးနည်း ဖုန်းဆင်း ကတ်များကို ဟန်းဆက် အရောင်းဆိုင်တို့မှ လျှော့ဈေးများဖြင့် ရောင်းချလာကြောင်း ဈေးကွက် အတွင်းမှ သိရသည်။

အဆိုပါငွေကျပ် ၁၅ဝဝ တန် ဆင်းကတ်များကို စတင်ထုတ် ပေးခဲ့စဉ်က (၆)ကြိမ်သာ ပေးမည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော်လည်း ယခုအခါတွင် လူတိုင်းရရှိနိုင်ရန် လတိုင်း ထုတ်ပေးတော့မည် ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေးမှ သတင်းထုတ်ပြန် ခဲ့ပြီးနောက် ဟန်းဆက်အ ရောင်းဆိုင်များမှ ယခင်မဲပေါက် သူများထံက သုံးလေးသောင်းဖြင့် ဝယ်ယူ ခဲ့သော ဖုန်းဆင်းကတ်များကို ယခင်ပေါက်ဈေး တစ်သိန်းကျော် ထက်လျှော့၍ ရောင်းချခြင်း များပြုလုပ် လာသည်ဟု မိုဘိုင်းလ် ဖုန်းသုံးစွဲသူ တစ်ဦးက ပြောကြားခဲ့သည်။

GSM မိုဘိုင်းလ် ဖုန်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးသို့ ဇူလိုင်လအတွက် လိုင်းကတ်နှစ်သိန်း၊ သြဂုတ်လအတွက် လိုင်းကတ် နှစ်သိန်း တစ်သောင်း ခွဲဝေ ရောင်းချခဲ့ပြီး ယခုလ ခွဲတမ်းတွင် ထပ်မံတိုးမြှင့် ရောင်းချပေးနိုင်ရန် စီစဉ်နေကြောင်း မြန်မာ့ ဆက်သွယ်ရေးမှ သတင်း ရရှိသည်။

မြ၀တီ 

Saturday, September 14, 2013

ဒေါ်အောင်းဆန်းစကြည်ုဝါဆော တက္ကသိုလ်မှာ မိန့်ခွန်းပြောမည်


               

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်း စုကြည်က ပိုလန် နိုင်ငံ ဝါဆော တက္ကသိုလ်မှာ Politics and Education နိုင်ငံရေးနဲ့ ပညာရေး ဆိုတဲ့ ခေါင်းစဉ်ကို ကြာသပတေး နေ့ ညနေက ဟောပြော ပို့ချခဲ့ ပါတယ်။

မနက်ပိုင်းကတော့ အစိုးရ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ ပါတယ်။

ပိုလန် လွှတ်တော် ဥက္ကဌ နဲ့ Lech Walesa Institute လက်ခ် ဗာဝင်ဆာ ဖောင်ဒေးရှင်းရဲ့ ပူးတွဲ စီစဉ်မှုနဲ့ ပိုလန် နိုင်ငံကို ရောက်ရှိ နေတဲ့ ဒေါ်အောင်ဆန်း စုကြည်ရဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီး ပိုလန်က ကျောင်းသားတွေ၊ ပညာတတ် အသိုင်း အဝိုင်းနဲ့ နိုင်ငံရေး သမားတွေက စိတ်ဝင် တစား ရှိကြတယ်လို့ ပိုလန်မှာ နေထိုင်တဲ့ ဒေါက်တာ သန်းထိုက်က ပြောပါတယ်။

တက္ကသိုလ် ဟောပြောပွဲ ကို တက်ရောက်ဖို့ မှတ်ပုံတင်သူ များလာတဲ့ အတွက် မူလက သတ်မှတ် ထားတဲ့ အခန်းနဲ့ မဆန့်လို့ ပိုကျယ်တဲ့ အခန်းကို ပြောင်းရွှေ့ ခဲ့ရတာကို ကြည့်ရင် စိတ်ဝင်စားသူ များတယ် ဆိုတာ သိ နိုင်တယ်လို့ သူက ပြောပါတယ်။

ဒေါ်အောင်ဆန်း စုကြည် စတင် ရောက်တဲ့ နေ့က ပိုလန် ပါလီမန်ကို သွားရောက်ပြီး လွှတ်တော် ဥက္ကဌ နဲ့ တွေ့ဆုံ ပြောဆိုတာတွေကို ပိုလန် သတင်း မီဒီယာတွေမှာ ဖော်ပြတာ တွေ့ရတယ်လို့လည်း သူက ပြောပါတယ်။

အရှေ့ ဥရောပ နိုင်ငံများ အနေနဲ့ ဒီမိုကရေစီ စနစ်ကို ပြောင်းလာတဲ့ အတွေ့ အကြုံတွေကို လေ့လာချင်တယ်လို့ ဒေါ်အောင်ဆန်း စုကြည်က ပြောတဲ့ အခါ ပိုလန် လွှတ်တော် ဥက္ကဌက ဒေါ်အောင်ဆန်း စုကြည် နှစ်ရှည်လများ ဖြတ်သန်း ခဲ့တဲ့ ဒီမိုကရေစီ တိုက်ပွဲကို အောင်မြင်စေဖို့ မျှော်လင့်ကြောင်း ပြောခဲ့တယ်လို့ ဒေါက်တာ သန်းထိုက်က ပြောပါတယ်။

ဗုဒ္ဒဟူးနေ့က ဒေါ်အောင်ဆန်းစုကြည်နဲ့ ပိုလန် သမ္မတဟောင်း လက်ခ် ဗာဝင်ဆာတို့ ပူးတွဲပြီး သတင်းစာ ရှင်းလင်းပွဲ လုပ်ခဲ့တယ်လို့လည်း သူက ပြောပါတယ်။

ဝါဆော တက္ကသိုလ်မှာ ဟောပြော ပို့ချမှု အပြီး ကြာသပတေး ညနေနှောင်း ပိုင်းမှာတော့ လက်ခ် ဗာဝင်ဆာ ဖောင်ဒေးရှင်းက ဒေါ်အောင်ဆန်း စုကြည်ကို ညစာ စားပွဲနဲ့ တည်ခင်းဖို့ စီစဉ်ထားပါတယ်။

ဘီဘီစီ (မြန်မာပိုင်း) 

စစ်တပ်မှ ဗိုလ်ကြီးတစ်ဦးလူကုန်ကူးမှုဖြင့် အမှုဖွင့်ခံရ


                

လူကုန်ကူးမှုဖြင့် စစ်တပ်မှဗိုလ်ကြီးတစ်ဦးကို စွပ်စွဲတိုင်တန်းသဖြင့် စက်တင်ဘာ ၁၁ ရက်တွင် မြောက်ဥက္ကလာပ ရဲစခန်းက အမှုဖွင့်ဆောင်ရွက်ပေးနေကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သတင်းထုတ်ပြန် ထားသည်။

အဆိုပါအမှုသည် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်၊ ဇွန်လက မြောက်ဥက္ကလာပမြို့နယ်၊ ပုရွက်ဆိတ်ကုန်းရပ်ကွက် တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က အသက် ၂၈ နှစ်အရွယ် အမျိုးသားတစ်ဦးကို တစ်ရပ်ကွက်တည်းနေ ဗိုလ်ကြီးတစ်ဦးက ထိုင်းနိုင်ငံတွင်တစ်နေ့လျှင် ဘတ်ငွေ ၃၀၀ ရမည့်အလုပ်လုပ်လိုပါက ၎င်းကိုယ်တိုင် လိုက်ပို့ပေးမည်၊ ကျပ်ငွေ ၁၆၀၀၀၀ ပေးရမည်ဟု ပြောဆိုခဲ့သည်ဟု တိုင်တန်းထားသည်ကို ရဲမှတ်တမ်းတွင် တွေ့ရသည်။

ထို့ကြောင့် အမျိုးသား၏ မိသားစုဝင်များက ဗိုလ်ကြီး၏ မိခင်ဖြစ်သူထံ ငွေကိုသွားရောက် ပေးချေခဲ့ကြောင်း ထိုသူ၏ မိခင်က ရဲစခန်း၌ ထွက်ဆိုထားသည်။

ထို့နောက် ၂၀၁၂ ခုနှစ် သြဂုတ် ၁၂ ရက်တွင် ထိုဗိုလ်ကြီးက သားဖြစ်သူအား အောင်မင်္ဂလာအဝေးပြေးဝင်းမှ မြ၀တီ သို့ ခေါ်ဆောင်သွားခဲ့ရာမှ ယနေ့တိုင် အဆက်အသွယ်မရရှိတော့ကြောင်း အမျိုးသား၏ မိခင်ဖြစ်သူက ဆိုထားသည်။

အဆိုပါ ဗိုလ်ကြီးထံသွားရောက် စုံစမ်းရာတွင်လည်း ၎င်းက ဆက်သွယ်ပေးမည်၊ အကြောင်းပြန်မည်ဟု ဆိုသော်လည်း ယနေ့တိုင်အဆက်အသွယ် မရတော့ကြောင်း မှုခင်းမှတ်တမ်းတွင် ဖော်ပြထားသည်။

ထိုဗိုလ်ကြီး၏ မိခင်ဖြစ်သူထံ သွားရောက်မေးမြန်းရာ သူ့သားသည် နေပြည်တော်တွင် သင်းတန်းတက်နေကြောင်း ပြောပြီးဆက်သွယ်ရမည့် ဖုန်းနံပါတ်တစ်ခုပေးအပ်ခဲ့သည်ဟု ပျောက်ဆုံးနေသူ၏ မိခင်ကရဲစခန်းကို ပြောပြထားသည်။

အဆိုပါ ဗိုလ်ကြီးထံသို့ ဖုန်းဆက်ရာလည်း ၎င်းနှင့်မဆိုင်တော့ကြောင်းနှင့် တိုင်ချင်ရာကို တိုင်နိုင်ကြောင်း ပြန်ပြောခဲ့၍ ပြီးခဲ့သည့် စက်တင်ဘာ ၈ ရက်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ သွားရောက်တိုင်တန်း ထားသည်ဟုဆိုသည်။

ယင်းတိုင်တန်းမှုကြောင့် စွပ်စွဲတိုင်တန်းခံရသူ ဗိုလ်ကြီး၏ အစ်မက ရောက်ရှိလာပြီး စက်တင်ဘာ ၁၀ ရက်တွင် ထိုဗိုလ်ကြီးနှင့် တွေ့ဆုံပေးမည်ဟု ပြောဆိုခဲ့သော်လည်း လာရောက်တွေ့ဆုံခြင်း မရှိသဖြင့် ရဲစခန်းသို့ အမှုဖွင့် တိုင်တန်းရခြင်းဖြစ်သည်ဟု ရဲမှတ်တမ်းများအရ သိရသည်။

ယခုကိစ္စသည် လူကုန်ကူးမှုဖြင့် ရဲဌာနက သံသယရှိသည့်အမှုဖြစ်သဖြင့် တရားလိုဘက်မှ ပုဂ်္ဂိုလ်များ၏ အမည်တို့ကို ဂုဏ်သိက္ခာငဲ့ကွက်သည့်အနေဖြင့် မဇ္ဈိမက ချန်လှပ်ခဲ့ပြီး၊ စွပ်စွဲခံရသည့် စစ်တပ်မှ ဗိုလ်ကြီး၏ အမည်သည်လည်း လက်ရှိတွင် အမှုမှာ စွပ်စွဲသည့် အဆင့်သာရှိသေးသဖြင့် ကာယကံရှင်ကို ငဲ့ကွက်သည့် အနေဖြင့် မဖော်ပြခြင်း ဖြစ်သည်။

ယခုအမှုကို မြောက်ဥက္ကလာပရဲစခန်းက အမှုအမှတ် (ပ)၇၂၄/၂၀၁၃ဖြင့် အမှုဖွင့်ပြီး စွပ်စွဲတိုင်တန်းခံထားရသူကို လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄ဖြင့် တရားစွဲရန်ရှာဖွေစုံစမ်းလျက်ရှိသည်ဟုလည်း ထုတ်ပြန် ထားသည်။ စွပ်စွဲခံရသူသည် စစ်တပ်မှ အရာရှိဖြစ်သဖြင့် ရဲတပ်ဖွဲ့အနေဖြင့် အမှုကိုမည်သို့ ဆက်လက်ကိုင်တွယ် မည်ကိုမူ သီးခြားထုတ်ပြန်ခြင်း မရှိသေးပေ။

ဇော်ဇော်ထွေး
Mizzima - News in Burmese

မန္တလေး နှင့်ရေကြီးမူ အန္တရာယ်



ဧရာဝတီမြစ်ရေဟာ မန္တလေးမြို့နားမှာ စိုးရိမ်ရေမှတ် ရောက်လာတဲ့အတွက် ရေဘေးကိုရင်ဆိုင်ဖို့ မန္တလေးမြို့ခံတွေ ပြင်ဆင်နေကြရပါတယ်။ မြို့ပတ်လမ်း တလျှောက် သဲအိတ်တွေနဲ့ ကာရံတာတွေ လုပ်နေသလို ဧရာဝတီမြစ်ကမ်း နံဘေးမှာ စိုက်ပျိုးထားတဲ့သီးနှံတွေကို ရေဘေးကနေ ကြိုတင် ကာကွယ်နိုင်ဖို့ အတွက်လည်း တာဝန်ရှိသူတွေက လုပ်ဆောင်နေကြပါ တယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

စက်တင်ဘာလ ၁၂ ရက်နေ့ကစပြီး  ဧရာဝတီမြစ်ရေဟာ မန္တလေးမြို့မှာတော့ စိုးရိမ်ရေမှတ်ကိုရောက်ရှိလာပြီ ဖြစ်ပါတယ်။ ဒီအတွက် ရေကင်း လုံခြုံရေး ချတာတွေနဲ့ သဲအိတ်အကာအရံတွေကိုရေဝင်နိုင်တဲ့နေရာတွေမှာ မြို့အာဏာပိုင်တွေက လိုက်လံချထားနေပြီ ဖြစ်ပါတယ်။ မြစ်ရေတက်လာတဲ့ အခြေအနေကိုတော့ မန္တလေးမြို့ခံတဦးက အခုလိုပြောပါတယ်။

“မြစ်ကမ်းနဖူးက အရင်က အောက်ကိုတော်တော် ဇောက်နိမ့်တာပေါ့ဗျာ။ အခုကတော့ မြစ်ကမ်းနဖူးက ဒဲ့ (တည့်)ပေါ့ ရေပြင်နဲ့ အဲဒီအနေအထားတော့ ရောက်နေတာပေါ့။ ပုံမှန်တော့ ဆည်မြောင်းဦးစီးဌာနက အဲဒီမှာ ရေကင်းစောင့်တယ်။ အခုဟာကတော့ အောက်ကို သဲအိတ်တို့ ဘာတို့ ချတာပေါ့နော်။ ပြင်ထားတယ်။ အဓိက-က သူက ဒီ ရေတက်တဲ့နှုန်းကို ဌာနက အမြဲတမ်း အကြောင်းကြားနေရမှာပေါ့နော်။ အခုလည်း မိုးတွေတော့ မည်းနေတာပဲ။ အထက်ပိုင်းပေါ့နော်။ ကချင်ပြည်နယ်တို့ဘက်က မိုးကောင်းတဲ့အပေါ်မှာ မူတည်ပါလိမ့်မယ်။”

ဒုဋ္ဌဝတီမြစ်ရေဟာ  စိုးရိမ်ရေမှတ် အထက်ကိုရောက်ရှိခဲ့ပြီးနောက် စဥ့်ကိုင်မြို့နယ်နဲ့ အမရပူရမြို့နယ်ထဲမှာရှိတဲ့  ကျေးရွာတချို့ ပြီးခဲ့တဲ့ရက်တွေက ရေနစ်မြုပ်မှုတွေဖြစ်အပြီးမှာတော့  ဒုဌဝတီမြစ်ရေကြောင့် ဧရာဝတီ မြစ်ရေလျံမူတွေ ပိုပြီးဖြစ်လာတဲ့အကြောင်း၊ ဒါကြောင့် မြစ်နဘေးမှာစိုက်ထားတဲ့ ပဲခင်းတချို့လည်း ပျက်စီးမှုတွေရှိကြောင်းကိုလည်း မန္တလေးမြို့ခံ နောက်တဦးက ရှင်းပြပါတယ်။

“မန္တလေးမှာကြီးတယ်ဆိုတာက ပြင်ဦးလွင်ဘက်ကလာတဲ့ ဒုဌဝတီမြစ်ကလည်း ရေတိုးတယ်။ ဧရာဝတီမြစ် ဟို အထက်ပိုင်းက ဗန်းမော်-မြစ်ကြီးနားက လာတဲ့ မြစ်ဆုံကလာတဲ့ရေကလည်း ကြီးတယ်။ ကြီးတဲ့အတွက် မန္တလေးမှာလာပြီး ဆုံပြီး ရေပိုကြီးနေတာ။ ဒီရာသီဆိုတာက ဒီလို ကြီးရမယ့် ရာသီ မဟုတ်ဘူးလေ။ ဒီလို ရေတိုးရမယ့် အချိန်လည်း မဟုတ်ဘူးလေ။ အခုတော့ အချိန်မဟုတ်၊ အခါမဟုတ် ရေတွေ ကြီးနေတာ- ဧရာဝတီမြစ်ဘေးမှာ ရှိတဲ့ တချို့ ပဲအရင်(ပဲလျင်)ခေါ်တာပေါ့။ အခုကတော့ အများကြီးတော့ မကျဲရသေးဘူး၊ ကျဲတဲ့သူတွေတော့ ကျဲထားကြပြီ။ ပဲပုပ်တို့၊ ပဲယင်းတို့၊ အဲလို ပဲတွေတော့ ဧရာဝတီမြစ်ထဲက တောင်သူတွေက ကျဲထားကြတယ်။ လူစုံတက်စုံတော့ မကျဲရသေးဘူး။ ဒါပေမဲ့ ရေက ရောက်လာတယ်။”

စိုးရိမ်ရေမှတ်ကို ကျော်လွန်ပြီဆိုတာနဲ့ အချိန်မရွေး ရေတက်လာနိုင်ပြီး စိုးရိမ်မှုတွေ ရှိနေကြောင်း၊ ပဲခူးမြို့နဲ့ နေရာတချို့မှာလည်း ရေကြီးမှုတွေ ကြုံနိုင်ကြောင်း မိုးလေဝသနဲ့ ဇလာဗေဒ ညွှန်ကြားမှု ဦးစီးဌာနရဲ့ ညွန်ကြားရေးမှူးချုပ်ဟောင်း ဒေါက်တာထွန်းလွင်ကလည်း ပြောပါတယ်။

“မုတ်သုန်ကတော့ မဟုတ်တော့ဘူး။ မုန်တိုင်းမရှိဘူး၊ မုတ်သုန်မရှိဘူး-နော်။ အောက်ပြည်က ပိုဆိုးတယ်။ မိုးကပိုဆိုးတယ်။ ပဲခူးတိုင်း၊ ပြည်ရှိတယ်။ ပဲခူးရှိတယ်။ နောက် ရန်ကုန်တိုင်းက မင်္ဂလာဒုံတို့၊ နောက်ပြီးတော့ သထုံတို့ အဲဒီဘက်တွေမှာ လောလောဆယ်မှာ စိုးရိမ်ရေမှတ်ထဲရောက်နေတယ်။ ကျနော်ကတော့ ဂြိုဟ်တုအတိုင်းအတာကနေ ပြောပြတာပေါ့။ မိုး/ဇကတော့ စခန်းကနေ တိုင်းတာပေါ့နော်။”

မန္တလေးမြို့နဲ့ အနီးတဝိုက်မှာတော့ စက်တင်ဘာလ ၁၄ ရက်နေ့မှာ နေသာချိန်ရှိပြီး မိုးရွာဖို့ ၈၀ % ရှိတယ်လို့ ဒေါက်တာထွန်းလွင်ရဲ့ မိုးလေဝသ ခန့်မှန်းချက် ဝဘ်ဆိုဒ်မှာ ဖော်ပြထားပါတယ်။ စဥ့်ကိုင်မြို့နယ်၊ အမရပူရမြို့နယ်တွေမှာတော့ ပြီးခဲ့တဲ့ ၃ ရက်ခန့်က စိုးရိမ်ရေမှတ်ထက် ကျော်လွန်ခဲ့တဲ့ အတွက် ရေကြီးခြင်း၊ ရေနစ်မြုပ်ခြင်းတွေကို ဒေသခံကျေးရွာသားတွေ ခံစားခဲ့ကြရတာပါ။ အနိမ့်ပိုင်းနေရာတွေမှာ လူတရပ်ကျော် နစ်မြုပ်တဲ့အတွက် နေထိုင် စားသောက်ရေး အခက်အခဲတွေ ကြုံရကြောင်း ဒေသခံတွေက ဆိုပါတယ်။ နှစ်အတော်ကြာမှာ အခုလို ရေကြီးတာမျိုးကို ထပ်ကြုံရတယ်လို့လည်း ဆိုကြပါတယ်။

မန္တလေးမြို့မှာတော့ လက်ရှိအခြေအနေမှာ မြစ်ရေတက်လာပေမဲ့ အိမ်တွေ နစ်မြုပ်တဲ့အထိ သိသာတဲ့ ရေကြီးမှုတွေ မကြုံရသေးဘဲ မကြာခင် ရေကြီးလာမှာကို ဒေသခံတွေက စိုးရိမ်ပူပန်နေကြပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လကုန်နဲ့ သြဂုတ်လတွေအတွင်းမှာလည်း ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်တွေမှာ မြစ်ရေကြီးမှုတွေကြောင့် လူအသေအပျောက်တွေလည်း ရှိခဲ့တာပါ။

ပြီးခဲ့တဲ့လတွေကပဲ သံလွင်မြစ်ရေ မိုးရေ မြစ်ရေ ကြီးမှုတွေ ရှိခဲ့ပြီး လက်ရှိအခြေအနေမှာတော့ ဒုဌဝတီမြစ်နဲ့ ဧရာဝတီမြစ်၊ သံလွင်မြစ်ရေကြီးမှုတွေနဲ့ ကြုံနေရတာလည်း ဖြစ်ပါတယ်ရှင်။

မအေးအေးမာ (ဗွီအိုအေ)

အမျိုးသမီးများ ဒလမှာ ဆန္ဒပြ


                 

ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်မှာ ဒေသခံအမျိုးသမီး ၃ဝ လောက်က ဒလမြို့နယ်အတွင်း အမျိုးသမီးနဲ့ ကလေးငယ်တွေအပေါ် အကြမ်းဖက်မှုတွေများနေတာကို ထိထိရောက်ရောက် အရေးယူပေးဖို့ ဒီနေ့ တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။

ဒလမြို့ ရာဇသင်္ကြန်ဘုရားကြီးရှေ့ကနေ မြို့လယ်နာရီစင်အထိ ချီတက်လမ်းလျှောက်ဆန္ဒပြခဲ့တာလို့ ဆန္ဒပြပွဲမှာပါဝင်ခဲ့သူ မလှလှမြင့်က အခုလိုပြောပါတယ်။

“အဓိကကတော့ အမျိုးသမီးတွေ ကာကွယ်စောင့်ရှောက်ရေးပေါ့နော်၊ အခုရပ်ကွက်တွေမှာ အမျိုးသမီးတွေ မုဒိန်းမှုတွေ တအားဖြစ်လွန်းအားကြီးတယ်၊ အရွယ်ရောက်ပြီးသား အမျိုးသမီးတွေကို ကာကွယ်လို့ရအောင်ဆိုပြီးတော့၊ နောက်ကလေးတွေ ကာကွယ်စောင့်ရှောက်ရေးအတွက်ဦးတည်ပြီး ကျမတို့ဆန္ဒပြရခြင်းဖြစ်ပါတယ်”

ဒလမြို့အတွင်း အမျိုးသမီးနဲ့ ကလေးငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှုတွေအပြင် ကိုယ်ထိလက်ရောက်ကျူးလွန်မှုတွေ သိသိသာသာ များပြားလာနေတယ်လို့ ဆန္ဒပြသူအမျိုးသမီးတွေက ပြောပါတယ်။ သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ ဒလမြို့ခံအမျိုးသမီးနဲ့ ကလေးငယ်တွေ လုံခြုံရေးအတွက် တာဝန်ယူဆောင်ရွက်ပေးဖို့ကိုလည်း ဆန္ဒပြသူတွေက တောင်းဆိုခဲ့ကြပါတယ်။

RFA Burmese


Friday, September 13, 2013

အမျိုးသမီးများ ရင်သားတွဲ ကျခြင်းကို ကာကွယ်နိုင်သော နည်းလမ်းများ


                           

                              
ပြည့်ဖြိုး တင်းရင်းတဲ့ ရင်သားအလှကို ပိုင်ဆိုင်လိုတာ မိန်းကလေးတိုင်းရဲ့ ဆန္ဒဖြစ်ပါ လိမ့်မယ်။ မိန်းကလေး တစ်ယောက်ရဲ့ အလှတရားကို ထင်ရှား ပေါ်လွင်စေပြီး ဆွဲဆောင်မှု ရှိစေတဲ့ အရာတွေထဲမှာ ရင်သားက မရှိမဖြစ်ပါ။
သင့်ကောက်ကြောင်းလေး အထင်သား ပေါ်လွင်စေဖို့ ရင်သားကလည်း ပံ့ပိုးပေးပါတယ်။ ဒါပေမဲ့ တစ်ချိန်မှာ ဒီအလှတရား ဆုံးရှုံးသွားမှာကို သင်စိုးရိမ် နေပါသလား။ အဆီတွေ၊ ဂလင်းတွေ၊ တွယ်ဆက် တစ်သျှူးတွေနဲ့ ဖွဲ့စည်းထားတဲ့ သင့်ရင်သားဟာ တစ်သျှူးတွေ လျော့ရဲ လာတဲ့အခါ၊ တစ်သျှူးရဲ့ ကျုံ့နိုင်ဆန့်နိုင်တဲ့ စွမ်းအား လျော့နည်း လာတဲ့အခါ မျိုးတွေမှာ တွဲကျလာ တတ်ပါတယ်။
မိန်းကလေး အများစုက ရင်သား တွဲကျလာတာကို မလိုလား ကြသလို သင်တို့ရဲ့ အမျိုးသား အဖော်ကလည်း နှစ်သက်မှာ မဟုတ်ပါဘူး။ ရင်သား တွဲကျတာကို နို့သီးခေါင်းရဲ့ အနေအထားပေါ် မူတည်ပြီး ခွဲခြား နိုင်ပါတယ်။ နို့သီးခေါင်းက ပုံမှန် အနေအထားထက် အနည်းငယ် နိမ့်ကျနေပါက ရင်သား တွဲကျတာ သိပ်မဆိုးပါဘူး။ တကယ်လို့ နို့သီးခေါင်းတွေက ပုံမှန် အနေ အထားထက် အလွန်အမင်း နိမ့်ကျပြီး အောက်ဘက်ကို စိုက်နေရင်တော့ ရင်သား တွဲကျတာ ဆိုးနေပါပြီ။
ရင်သား တွဲကျစေသော အကြောင်းအရာများ
၁။ ကိုယ်အလေးချိန် ကျဆင်းခြင်း
ကိုယ်အလေးချိန် ကျဆင်းတာက ရင်သား တွဲကျတာကို ဖြစ်စေတဲ့ အဓိက အကြောင်းရင်းပါ။ ခန္ဓာကိုယ် အလေးချိန် တိုးလာတဲ့အခါ အရေပြားကို ကျယ်ပြန့်အောင် ဆန့်ထားတာကြောင့် တင်းတင်းရင်းရင်း ဖြစ်စေပါတယ်။ ရုတ်တရက် ကိုယ်အလေးချိန် လျော့သွားတဲ့အခါ ခန္ဓာကိုယ် တစ်ခုလုံးက အရေပြားတွေ လျော့တွဲလာသလို သင့်ရင်သားတွေလည်း လျော့တွဲလာ စေပါတယ်။
၂။ ကမ္ဘာမြေကြီး ဆွဲငင်အား
ကမ္ဘာမြေကြီး ဆွဲငင်အားက သင့်ရင်သားကို တွဲကျစေတယ်ဆိုလို့ မအံ့သြ လိုက်ပါနဲ့။ ဒါက အမှန်တကယ်ပါပဲ။ ကမ္ဘာမြေကြီး ဆွဲငင်အားက အရာ အားလုံးကို ဆွဲထားသလို သင့်ရင်သား ကိုလည်း ဆွဲတာကြောင့် တွဲကျ စေတာပါ။ ရင်သား တစ်သျှူးတွေကို လျော့ရဲစေသလို ရင်သားမှာ အရေး ကြောင်းတွေကိုပါ ဖြစ်ပေါ်စေပါတယ်။
၃။ မီးယပ်သွေးဆုံးခြင်း
အမျိုးသမီးတွေ သွေးဆုံးချိန်မှာ အီစထရိုဂျင် လို့ခေါ်တဲ့ မဟော်မုန်းဓာတ် လျော့နည်း သွားပါတယ်။ အဲဒီအချိန်မှာ ရင်သားကို တင်းရင်း ပြည့်ဖြိုးစေတဲ့ ကော်လာဂျင်တွေ လျော့နည်း သွားပြီး သင့်ရင်သားကို လျော့တွဲလာ စေပါ တယ်။
၎။ လျော့ရဲသော ဘရာစီယာ ဝတ်ဆင်ခြင်း
အမျိုးသမီးတွေ အတွက် အရေးကြီးဆုံးက ဘရာစီယာကို ရင်သား အရွယ် အစား အလိုက် သင့်တော်တဲ့ ပုံစံအနေအထား ဝတ်ဆင်ဖို့ပါ။ ဘာကြောင့်လဲ ဆိုတော့ ဘရာစီယာ ပုံစံမှန်မှန် မဝတ်ဆင်တာက သင့်ရင်သားကို တွဲကျ စေတာကြောင့်ပါ။
ဘယ်လို ကာကွယ်ရမလဲ -
၁။ အစားထိုးခြင်း၊ ခွဲစိတ်ခြင်း
ရင်သားပိုမို ပြည့်ဖြိုးစေဖို့နဲ့ တင်းတင်းရင်းရင်း ရှိစေဖို့ ရင်သား အစားထိုး ခြင်းနဲ့ ရင်သား ခွဲစိတ်ပြုပြင်ခြင်းတွေ ပြုလုပ်လို့ ရပါတယ်။ ရင်သား တွဲကျ နေသူ တစ်ယောက်အနေနဲ့ ရင်သား အစားထိုးခြင်းနဲ့ ရင်သား ခွဲစိတ်ပြုပြင် ခြင်းတွေ လုပ်တာက တွဲကျနေတဲ့ ရင်သားကို အပြည့်အဝ မပြုပြင်နိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ပြုပြင်တာဟာ ရင်သား ပြည့်တင်း လာပေမယ့် နို့သီး ခေါင်းကတော့ အောက်ဆိုက်နေ နိုင်ပါတယ်။
၂။ အရွယ်အစားနဲ့ ကိုက်ညီသော ဘရာစီယာ ဝတ်ဆင်ပါ
ရင်သား အရွယ်အစားနဲ့ ကိုက်ညီပြီး သင့်တော်တဲ့ ဘရာစီယာအရွယ်အစားကို ရွေးချယ် ဝယ်ယူကာ ၀တ်ဆင်ပါ။ ကိုယ်ဝန်ဆောင်ချိန်နဲ့ နို့တိုက်ကျွေးချိန် တွေက ရင်သား တွဲကျနိုင်တာ ကြောင့် သင့်တော်တဲ့ ဘရာစီယာ ဝတ်ဆင် ပေးဖို့ ပိုမို အရေးကြီးပါတယ်။
၃။ သဘာဝကရတဲ့ ဆေး
ဒါတွေကို အသုံးပြုတာဟာ အန္တရာယ် အကင်းဆုံး၊ ငွေကုန်ကြေးကျ အသက် သာဆုံးနဲ့ ခွဲစိတ်စရာ မလိုတဲ့ နည်းလမ်း တစ်ခုပါ။ သဘာဝကရတဲ့ အရာ တွေနဲ့ ဖော်စပ် ထုတ်လုပ်ထားတဲ့ လိမ်းဆေး၊ ဖျန်းဆေးတွေ အသုံးပြုပြီး သင့်ရင်သား အလှကို ပြုပြင်နိုင်ပါတယ်။ အသင့်တော်ဆုံး နည်းလမ်းဖြစ် ပါတယ်။
၎။ နှိပ်နှယ်ပေးခြင်း
သင့်ရင်သားကို နှိပ်နယ်ပေးတာက ဆိုးကျိုး အန္တရာယ် တစ်စုံတစ်ရာ မပေးဘဲ သင့်ရင်သား တွဲကျတာကို ကာကွယ်ပေး နိုင်ပါတယ်။ နှိပ်နယ် ပေးတဲ့ အခါ ရင်သားအတွက် သီးသန့် ထုတ်လုပ်ထားတဲ့ အဆီနဲ့ လိမ်းဆေး တွေကို အသုံးပြုပြီး နှိပ်နယ်ပေးပါ။

အမျိုးသားတွေ ကျန်းမာရေး နည်းလမ်း


                          

                   
အမျိုးသားတွေ အတွက် အရေးကြီးဆုံး ကတော့ အောက်မှာ ဖော်ပြထားတဲ့ အာဟာရဓာတ် သုံးမျိုးကို မျှတအောင် စားသောက် နေထိုင်ခြင်းနဲ့ ကျန်းမာရေး လိုက်စားခြင်းပဲ ဖြစ်ပါတယ် တဲ့....
ဗီတာမင်စီ
ဗီတာမင်စီ ဟာလည်း နှလုံးရောဂါ မဖြစ်အောင် နည်းမျိုးစုံနဲ့ ကာကွယ် နိုင်ပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်ကို လေထု ညစ်ညမ်းမှု ဒဏ်မှလည်း ကာကွယ် ပေးပါတယ်။ အချဉ် အရသာရှိတဲ့ အသီး၊ ငရုတ်သီးစိမ်း၊ ဘရိုကိုလီ (အစိမ်းရောင် ပန်းဂေါ်ဖီ) သခွားမသီး၊ ပန်းဂေါ်ဖီနဲ့ စတော်ဘယ်ရီ သီးတွေမှာ ဗီတာမင်စီ အများအပြား ပါဝင်ပါတယ်။ သွပ် (Zinc) အမျိုးသား တွေရဲ့ မျိုးပွား နိုင်စွမ်းနဲ့ လိင် စွမ်းဆောင်မှုဟာ သွပ်ဓာတ် လုံလုံ လောက်လောက် ရရှိမှု အပေါ် မူတည် ပါတယ်။ သွပ်ဟာ ခန္ဓာကိုယ်မှ ရောဂါဒဏ်ကို ခံနိုင်ရည် ရှိအောင် လွှမ်းမိုး မှုလည်း ရှိပါတယ်။ ပင်လယ်စာ၊ အသည်း၊ မှို၊ နေကြာစေ့နဲ့ ပဲပိစပ် တွေမှာ သွပ်ဓာတ် အများအပြား ပါဝင်ပါတယ်။
မဂ္ဂနီဆီယမ်
မဂ္ဂနီဆီယမ်ဟာ နှလုံး ကြွက်သားတွေ စည်းချက် မှန်မှန် နှလုံးခုန်ဖို့ အရေးတကြီး လိုအပ်ပါတယ်။ မဂ္ဂနီဆီယမ်ဟာ အမျိုးသားတွေကို နှလုံး တိုက်ခိုက်မှု မဖြစ်အောင် ကာကွယ်ပေးရုံ သာမက နှလုံး တိုက်ခိုက်တာ ခံရရင်လည်း အသက်ရှင်နိုင်အောင် ကူညီ နိုင်ပါတယ်။ မဂ္ဂနီဆီယမ် ဓာတ်တွေ များများ ရရှိအောင် ပင်လယ်စာ များများစားပါ။ ပုစွန်၊ ကဏန်း၊ ဟင်းနုနယ်၊ ကောက်နှံ တစ်ခုလုံး၊ ပြောင်းဖူးနဲ့ ပဲအမျိုးမျိုး စားပေးပါ။
အမျှင် (Fibre)
သင်စားတဲ့ အစာထဲမှာ အမျှင်ဓာတ်ကို လုံလုံ လောက်လောက် ရရှိရင် အူမကြီးကင်ဆာ၊ နှလုံး သွေးကြော ရောဂါ၊ ဆီးချိုရောဂါ၊ အဝလွန်တာနဲ့ သွေးတိုးရောဂါတွေ ဖြစ်နိုင်ခြေ လျော့ကျ နိုင်ပါတယ်။ အုတ်စပါးနဲ့ မုန့်ဆန်းလိုမျိုး ကောက်နှံတစ်ခုလုံး ပါဝင်စာ၊ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံ မျိုးစုံမှာ အမျှင်ဓာတ်တွေ အများအပြား ပါဝင်ပါတယ်။

ဝမ်းချုပ်ခြင်း ကိုကာကွယ်ရန်


                          

                         သင့်ကျန်းမားရေး (ဝမ်းချုပ်ခြင်း)
ဝမ်းချုပ်ခြင်းဟာ တွေ့မြင်နေကျ ရောဂါဖြစ်သလို၊ ဝမ်းချုပ်ခြင်းကြောင့် ဝမ်းနုတ်ဆေး အမျိုးမျိုးနဲ့ နေ့စဉ်ဝမ်းပျော့ဆေး စားနေရသူများလည်း တွေ့ရပါတယ်။ ဝမ်းချုပ်ရတဲ့ အကြောင်းကို
ရှာကြည့်မယ်ဆိုရင် ဆေးဝါးကြောင့်၊ ကိုယ်တွင်းရောဂါကြောင့်၊ အခြား ရောဂါများကြောင့် ဆိုတာတွေ့ရတယ်။ အစာအိမ်ဆေး၊ ကိုဒင်းပါတဲ့ အကိုက် အခဲပျောက်ဆေး၊ စိတ်ကျရောဂါ ကုဆေး၊ သွေးပေါင်ထိန်းဆေးတို့မှာ ပါဝင်တဲ့ အလူမီနီယံ ကြောင့် ဝမ်းချုပ်တတ်ပြီး ဆီးချိုရောဂါ၊ ကျောက်ကပ် အားနည်းရောဂါ၊ ပိုတက်စီယမ် ဓာတ်နည်းရောဂါ၊ ကယ်လ်စီယမ်ဓာတ်များခြင်း၊ သိုင်းရွိုက်အကျိတ် အားနည်းရောဂါ၊ ကိုယ်ဝန်ရှိခြင်း စသည့် အချက်များကြောင့်လည်း ဝမ်းချုပ်တတ်ပါတယ်။ စားသောက်မှု လွဲမှားခြင်း၊ ဝမ်းသွားအကျင့်မမှန်ခြင်း၊ အသက်ကြီးသူများ၊ ကာလကြာ အိပ်ရာထဲ လဲနေသူများ၊ အချိန်ကြာမြင့်စွာကား၊ ရထားစီးသူများမှာလည်း ဝမ်းချုပ်တာ တွေ့ရပါတယ်။ အူလမ်းကြောင်း ပိတ်ဆို့ခြင်းမှာ အူမကြီးကင်ဆာ၊ အူကျွံခြင်း၊ အူခေါက်ခြင်း၊ အူလမ်းကြောင်း ပိတ်ခြင်း၊ စအိုဝကျဉ်းခြင်း၊ နာတာရှည် အူမကြီးရောင်ခြင်း၊ အူမကြီးသို့ သွေးလည်ပတ်မှု နည်းခြင်းတို့ကြောင့်လဲ ဖြစ်တတ်ပါတယ်။ အူလမ်းကြောင်း မပိတ်ဆို့ဘဲ ဝမ်းချုပ်ခြင်းမှာ အူလမ်းကြောင်း လှုပ်ရှားမှုမမှန်ခြင်း၊ အူမကြီးပုံမှန်ထက် အဆမတန်ကျယ်ခြင်း၊ စအိုကျွံခြင်း၊ ဝမ်းညှစ်ကြွက်သား အားနည်းခြင်း၊ စိတ်ဓာတ်ကျခြင်း၊ ဝမ်းပုံမှန်မသွားဘဲ ချုပ်ထားခြင်း တို့ကြောင့် ဖြစ်ပါတယ်။
ကုသရာမှာ ဝမ်းချုပ်ခြင်းဖြစ်စေတဲ့ အခြားရောဂါများကို ဦးစွာကုသရမယ်။ ဝမ်းချုပ်စေတဲ့ ဆေးများ၊ ဝမ်းနုတ်ဆေး အပြင်းစားများ ရပ်ထားရမယ်။ အမျှင်ပါတဲ့ သီးနှံနဲ့ ဟင်းသီးဟင်းရွက် များများစားရမယ်။ ရေ၊ ဖျော်ရည်နဲ့ အချိုရည်များများ သောက်ရမယ်။ လက်ဖက်ရည်၊ ကော်ဖီ၊ ဆေးလိပ်၊ ကွမ်းစားခြင်းတို့ကို ရှောင်ရမယ်။ နေ့စဉ် ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်း မှန်မှန် လုပ်ရမယ်။ အမျှင်ပါတဲ့ ဆေးနဲ့အစားစား ရမယ်။
တချို့ကဝမ်းချုပ်လို့ အလွယ်တကူ ဝမ်းနုတ်ဆေးစားကြတယ်။ ဝမ်းနုတ်ဆေးရဲ့ ဆိုးကျိုးတွေ ကတော့ ဝမ်းနုတ်ဆေး ကြာရှည်စွာ သုံးစွဲပါက ခန္ဓာကိုယ်မှာ ပိုတက်စီ ယမ်ဓာတ် လျော့နည်းခြင်းကြောင့် ကြွက်တက်ခြင်း၊ ကြွက်သားအားနည်းခြင်း၊ မောပန်းလွယ်ခြင်းနဲ့ နှလုံးခုန်မမှန်ခြင်းတို့ ဖြစ်တတ်ပါတယ်။
အူလမ်းကြောင်း ကြွက်သားများ ညှစ်အားလျော့နည်းကာ ကြာလာတော့ ဝမ်းနုတ် ဆေးမစားရင် ပုံမှန်ဝမ်းသွားလို့မရ ဖြစ်တတ်တယ်။ နှစ်ရှည်လများ ဝမ်းနုတ်ဆေးစွဲ စားသူများရဲ့ အူမကြီး အမြှေးပါး အရောင်ပြောင်းကာ မူလအရောင်မှ အမည်းရောင် ဒါမှမဟုတ် အညိုရောင် ပြောင်းသွားတတ်တယ်။ တချို့ ဝမ်းနုတ်ဆေးဟာ ဆီးချိုကို ပိုဆိုးစေတယ်။ ဆေးတစ်မျိုးကြောင့် ဗိုက်နာ၊ လေပွ၊ လေမလည်ခြင်း ဖြစ်တတ်တယ်။ အခြားဆေးနဲ့ အတူတွဲလို့ ဝမ်းနုတ်ဆေးစားရင် အခြားဆေးတွေရဲ့ အာနိသင်ထိရောက်မှု လျော့နည်းစေတယ်။
ဝမ်းချုပ်တာဟာ အစားအသောက် အနေအထိုင် မမှန်လို့ဖြစ်တာ၊ ရေသောက်နည်းတာ၊ အမျှင်ပါတဲ့ အစာကို အစားနည်းတာ။ နေ့စဉ်နာရီဝက် ကာယလေ့ကျင့်ခန်း အပြင် လမ်းလျှောက်ခြင်း မလုပ်လို့ဖြစ်တာပါ။ ဒါ့အပြင် ကိုယ်တွင်း ရောဂါကြောင့်၊ သောက်တဲ့ ဆေးတွေကြောင့် ဖြစ်ရတာစသဖြင့် ဘာကြောင့်ဖြစ်တယ်ဆိုတာ အကြောင်းရင်း ဇာစ်မြစ်ကိုသိရှိမှ သဘာဝအတိုင်း ပုံမှန်ဝမ်းသွားနိုင်ဖို့ ဆင်ခြင်ရမှာ ဖြစ်ပါတယ်။ နှစ်စဉ် နှစ်ကြိမ် သံချဆေး တိုက်သင့်တယ်။''ဝမ်းတစ်လုံးကောင်း ခေါင်းမခဲ'' ဆိုသကဲ့သို့ ဝမ်းချုပ်ရင် လွယ်လွယ်ကူကူ ဝမ်းပျော့ဆေးစားမယ့် အစားနေထိုင်မှု၊ စားသောက်မှု စနစ်ပြောင်းလဲ ပေးရုံနဲ့ ဝမ်းမှန်မှန် သွားစေမှာ ဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။

TV ကြည့်များသူ များသိထားသင့် TV ၁ နာရီကြည်တိုင်း အသက် ၂၂ မိနစ်တို

                         

                    တီဗီ ၁ နာရီကြည်တိုင်း အသက် ၂၂ မိနစ်တို
ထူးထူးခြားခြား လေ့လာ တွေ့ရှိချက် တစ်ခု ဖြစ်ပါတယ်။
အမေရိကန် နိုင်ငံ၊ Yale တက္ကသိုလ်မှ ဆေးပညာရှင် များက စစ်တမ်းအရ ရှာဖွေ တွေ့ရှိ ထားခြင်း ဖြစ်ပါတယ်။
တီဗီကို တစ်နာရီ ပတ်လုံး ထိုင်ကြည့်တဲ့ အခါ ကိုယ်လက် လှုပ်ရှားမှုများ မရှိတဲ့ အတွက် အဆီ တက်စေပါတယ်။ ကိုယ်တွင်း ကယ်လိုရီလောင်ကျွမ်းမှု အားနည်းပြီး သွေးကြောပိတ်ခြင်း၊ သွေးကြောကျဉ်းခြင်း၊ Fatty acid တိုးခြင်းတို့ ဖြစ်စေပါတယ်။ တစ်နာရီပတ်လုံး ယင်းဖြစ်စဉ်များ ဆက်တိုက် ဖြစ်ရင် ကိုယ်တွင်း ဇီဝလောင်ကျွမ်းမှု စနစ် အလုပ် လုပ်ဆောင်မှု နှေးကွေးပြီး အကြော အားနည်းတာတို့၊ ဦးခေါင်းသို့ သွေးစီးမှု နှေးတဲ့ အတွက် ခေါင်းမူးတာတို့ ဖြစ်စေပါတယ်။
ဒါကြောင့် ဘာမှ မလှုပ်မရှုက်ပဲ တီဗီ ၁ နာရီ ထိုင်ကြည့် လိုက်ခြင်းဟာ ပျှမ်းမျှ အားဖြင့် တီဗီမကြည့်တဲ့ လူထက် ကျန်းမာရေး ကောင်းမွန်မှုက ၃၀ ရာခိုင်နှုန်းကျော် လျော့နည်းသွားပြီး အသက်နဲ့ တွက်လိုက်ရင် ၂၂ မိနစ်စာ အသက် လျော့သွား စေပါတယ်။ ဒါကြောင့် တစ်ရက်ကို ပျှမ်းမျှ ၆ နာရီ တီဗီ ကြည့်သူဟာ သာမန် လူတွေထက် ငါးနှစ်လောက် အသက် တိုတာကို လည်း လေ့လာ တွေ့ရှိခဲ့ပါတယ်။
ကွန်ပျူတာ အသုံးပြု အလုပ်လုပ်သူတွေထက် တီဗီကြည့်သူများ ပိုဖြစ်ပြီး ကွန်ပျူတာ အသုံးပြု လုပ်ကိုင် သူများကလည်း ကိုယ်လက် လှုပ်ရှားမှု ရှိရန် လိုအပ်တယ်လို့ ဆိုပါတယ်။ ရုံးချိန်ဆက်တိုင် ထိုင်ရာမှ မထ တည်တည် အလုပ်လုပ်ခြင်း ကလည်း တီဗီကြည့်သူနဲ့ မထူးမခြားနား ကျန်းမာရေး ချို့ ယွင်းလို့ အသက်တို နိုင်ကြောင်း သိရပါတယ်။
Ref: medic-facts
Aung Kham (TSJ team)

CAMERA 360 LAST FOR ANDROID

                           https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFgE0CIpv-z-e2aVcjKGrgCrv9L8RVKRMRkDZLmbPOYP8_2zWRh52TglfJWPYNZK9KpVELu9enzal5pn14PiPQZqlVA2s-xnRSLxwSfymPEsCRVQivCj6YBxJsDvwK5naJ8ZEfLf_KeQuK/s1600/unnamed.png
မင်္ဂလာပါခင်ဗျာ တော်ဝင်သစ္စာမိသားစုမှကြိုဆိုပါတယ် ကင်မရာ မန်းတွေအတွက် 360 camera လေးပါခင်ဗျာ အရောင်သွေးစုံလင်စွာရိုက်ကူးလို.ရပါတယ် ရိုက်ချက်ကောင်းကောင်း နဲ.အပုံလှလှတွေကိုရိုက်ကူးချင်းသူတွေအတွက် သင့်တော်ပါတယ်
အသုံးပြုချင်ရင်တော့အောက်ကလင်ခ်မှာဒေါင်းပါခင်ဗျာ

                        အသုံးပြုချင်ရင်ဒီနေရာမှာ DOWNLOAD ဒေါင်းပါ
         

Monday, September 9, 2013

ထိုင်းလူမျိုးက ခွေးကိုဆဲသည့် မြန်မာ အလုပ်သမား ပုလောမြို့နယ် ပလ ကျေးရွာသားအား သေနတ်ဖြင့် ပစ်သတ်



                                    
ထိုင်းနိုင်ငံ တောင်ပိုင်း စူရတ်ဌာနီမြို့ ဘန်ခ်ျရနပ် ကွက်တွင် နေထိုင်သည့် ပုလောမြို့နယ် ပလ ကျေးရွာနေ ဦးကျော်မင်း+ ဒေါ်ထွေးရီ တို့၏ သား ကိုသိန်းမင်းစံ အသက် (၂၁)နှစ် သည် ယမန်နေ့ ညနေ ၆နာရီကျော်ခန့်က အချိုရည်နှင့် မုန့်များ ၀ယ်ယူရန် သွားစဉ် ခွေးတစ်ကောင် လိုက်ကိုက်သဖြင့် ထိုခွေးအား ထိုင်းဘာသာ စကားဖြင့် ဆဲဆိုခဲ့ရာ စားစရာများ ၀ယ်ယူပြီးနောက် ပြန်လာသောအခါ ခွေးပိုင်ရှင် ထိုင်းလူမျိုး က အိမ်ရှေ့မှ စောင့်နေပြီး ညာဘက်ရင်အုံနှင့် ညာဘက် မျက်ခုံး အပေါ်နဖူးစောင်းတို့ကို သေနတ်ဖြင့်၂ချက် ပစ်ခတ်ခဲ့ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

ကိုသိန်းမင်းစံသည် လူပျို လူလွတ်ဖြစ်ကြောင်း သိရှိရပြီး ယခု လုပ်ကိုင်နေသည့် ရာဘာခြံတွင် ၄နှစ်တိုင် အလုပ်လုပ်ကိုင်နေ သည့် အလုပ်သမား တစ်ဦးဖြစ်သည်။ အလောင်းအား စက်တင်ဘာလ ၇ ရက်နေ့တွင် သဂြိုဟ်ခဲ.ပြီးဖြစ်ကြောင်း သတင်းရရှိသည်။

မြိတ်ပုလဲမြေ

စကျင်ရွာသားတစ်ဦးက ဦးကျော်သူ၏ ပုံတူရုပ်တု ထုဆစ်လှူဒါန်း


              

နာရေးကူညီမှုအသင်း၏ ဥက္ကဋ္ဌ ရုပ်ရှင် သရုပ်ဆောင်ဦးကျော်သူ၏ ပုံတူရုပ်တုတစ်ခုကို မတ္တရာမြို့နယ် စကျင်ရွာရှိ ပန်းတမော့လုပ်ငန်းတစ်ခုမှ ကိုဝင်းခိုင်ဆိုသူက ထုဆစ်ခဲ့ပြီး စက်တင်ဘာ ၇ ရက်က လှူဒါန်းခဲ့သည်။

“သူ့ပုံတူကိုစဉ်းစားတဲ့အခါမှာ သူ့စိတ်ဓါတ်နဲ့တူတဲ့ အရောင်ကိုရှာတယ်။ (ကျောက်) အဖြူရောင်ကို ရွေးချယ်ပြီး ထုပါတယ်” ဟု အလှူရှင် ကိုဝင်းခိုင်ဦးက ဆိုသည်။

အမြင့် ၃၁ လက်မနှင့် အကျယ်လက်မ ၃၀ ရှိသော ထိုစကျင်ကျောက်ဖြူရုပ်တုကို မထုလုပ်မီ ကာယကံရှင် ဦးကျော်သူကို ခွင့်တောင်းခဲ့ကြောင်း ကိုဝင်းခိုင်ဦးကဆက်ရှင်းပြသည်။

ထိုရုပ်တုကို ရန်ကုန်ရှိနာရေးကူညီမှုအသင်းတွင် ထားရှိမည်ဟုလည်း ဦးကျော်သူက မဇ္ဈိမကို ပြောသည်။

ကိုဝင်းခိုင်ဦးသည် ထိုရုပ်တုကို နှစ်လကျော်ကြာ တစ်ဦးတည်း မနားတမ်းထုဆစ်ခဲ့ရကြောင်း ၎င်းကဆိုသည်။

ဦးကျော်သူသည် ချို့တဲ့သည့်ပြည်သူများ၏ နာရေးအတွက် အခမဲ့ကူညီဆောင်ရွက်ပေးသည့် နာရေးကူညီမှု အသင်းကို ဒါရိုက်တာဦးသုခနှင့် ပူးတွဲတည်ထောင်ခဲ့ပြီး ဆောင်ရွက်ခဲ့သည်မှာ ၁၂ နှစ်တာကြာမြင့်ပြီ ဖြစ်ပြီး ထိုကာလများအတွင်း ရုပ်အလောင်း ၁၃၀,၀၀၀ ကျော်ကို ပို့ဆောင်ပေးခဲ့သည်ဟု ထိုအသင်းမှစုံ စမ်းရရှိသည်။

ဦးကျော်သူသည် ၂၀၀၉ ခုနှစ်က လန်ဒန်ရောက် မြန်မာများကပေးအပ်သည့် ပြည်သူ့ဘက်တော်သား အနုပညာ သမား ဆုချီးမြှင့်ခံခဲ့ရသလို၊ ၂၀၁၀ ခုနှစ်တွင်လည်း ပြည်သူ့ဂုဏ်ရည်ဆု ပေးအပ်ခြင်းခံ ခဲ့ရသည်။

ယုဝေ၊ ရေခဲ (ပြည်)

မျက်စိနာ ကူးစက်ရောဂါ ဖြစ်ပွားလျက်ရှိ


                    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJAnTQRp7Q9Ios2_cR_3wxEyCVhSh4a9C-jsQEOFQtrMDDtV_5B7Gt9fexspuZ0MRM-ix5czeYd-MrdmzDNV5d3xMVyAdUDepSBk8Lq3bWYLsO_DpxQYu8HJ1uUemIM4Yz33th2CKAmnbA/s1600/eye-news.jpg

ကယား(ကရင်နီ)ပြည်နယ် လွိုင်ကော်မြို့နယ် ချိကယ်ကျေးရွာအုပ်စု ဒေါဆော်ဘီးကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းခွဲတွင် ဇူလိုင်လလယ်မှစ၍ ကျောင်းသူ/သားများ မျက်စိနာရောဂါဖြစ်ပွားလျက်ရှိရာ ယခုအချိန်ထိ လျော့နည်းခြင်းမရှိသေးကြောင်း ၎င်းကျောင်းမှ မူပြဆရာမ ဒေါ်ပလျားမာမောင်က ပြောသည်။

“အခုကလေးတွေရဲ့ အခြေအနေကဆက်ဖြစ်ပွားမည့် အခြေအနေမှာရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခုက တစ်ယောက်ကနေ နှစ်ယောက်၊ နှစ်ယောက်ကနေ သုံးယောက် အဲလိုမျိုးဖြစ်လာပြီလေး။  အဲဒါကြောင့်မလို့ သက်သာတဲ့ အခြေအနေမှာ မရှိလောက်ဘူး၊ တစ်ယောက်ပြီး တစ်ယောက်ကူးစက်မယ့် အခြေအနေမှာပဲရှိတာပေါ့”

ဒေါဆော်ဘိကျေးရွာမှ မျက်စိနာရောဂါဝေဒနာ ခံစားနေရသော ကျောင်းသူတဦး (ဓါတ်ပုံ-ကေတီ)
၎င်းကူးစက်ရောဂါသည် တပြိုင်တည်း သိသိသာသာကူးစက်မှု မဖြစ်ပွားသော်လည်းတဖြည်းဖြည်း ကျောင်းသူ/သား တယောက်ပြီးတယောက် ကူးစက်သွားသည် ဟု ငွေတောင် ကျေးလက်ဆရာမ ဝန်ထမ်းတဦးက ပြောသည်။

"ဗိုင်းရပ်ရောဂါတမျိုးကြောင့်ဖြစ်တာပါ။ တယောက်ဖြစ်နောက် တယောက်၊ တမိသားစုလုံး ဖြစ်သွားတတ်ပါတယ်။ ကူးစက်သွားတာမျိုးပေါ့"

မျက်စိနာရောဂါဝေဒနာ ခံစားနေရသော ဒေါဆော်ဘိကျေး ရွာမှ ကျောင်းသူ၊သားများကို အိမ်တွင်အနားယူရန် ကျောင်း ဆရာ/မ များက ခွင့်ပေးထားကြောင်း သိရသည်။

ဒေါ်ပလျားမာမောင်က “အစကတော့ မူကြိုကျောင်း ကလေးဖြစ်တယ်လို့ ကြားတယ်။ အဲဒါ မူကြိုကျောင်းကလေးကနေ ဒီကျောင်းအထိ ကူးစက်လာတာပေါ့နော်။ အစက သုံးတန်း၊ လေးတန်းကလေးဖြစ်ပြီးမှ အခုကအငယ်တန်းတွေ ဖြစ်တာ ပိုများတာပေါ့နော်” ဟု ဆက်ပြောသည်။

ထိုမျက်စိနာရောဂါသည် ဒေါဆော်ဘီး ကျောင်းသူ၊သားများသာမက ဒေါဆော်ဘီးကျေးရွာရှိဒေသခံ ကျေးရွာသူရွာသားများလည်း ၎င်းရောဂါ ခံစားနေရကြောင်း သိရသည်။

၎င်းမျက်စိနာရောဂါ ခံစားနေရသော ကျောင်းသူ၊သားများနှင့် ရွာသူရွာသားများသည် ခန့်မှန်းခြေအယောက် (၂၀) ကျော် ရှိပြီဖြစ်ကြောင်း သိရသည်။

ထို့အပြင် ဒီးမော့ဆိုမြို့နယ် အမှတ် (၂) အောင်သပြေတွင် ရွာ၏အိမ်ခြေထက်ဝက်ခန့် မျက်စိနာရောဂါ ဖြစ်ပွားခဲ့ကြကြောင်းနှင့် ဒီးမော့ဆိုမြို့နယ်ရှိ ငွေတောင်မူလွန်ကျောင်းတွင်လည်း ကျောင်းသူ/သားများတချို့ ဖြစ်ပွားလျက်ရှိနေသည်ဟု ငွေတောင်ကျေး လက်ဆေးပေးခန်းမှ ဆရာမ ကပြောသည်။

ကျောင်းကျန်းမာရေးအဖွဲ့သည် ကျောင်းအသီးသီးရှိ ကျောင်းများကို တစ်နှစ်လျှင် တကြိမ်သာကျောင်းတွင် သန်ချဆေးနှင့် အဟာရတိုက်ကျွေးခြင်းမှလွှဲ၍ ယခုကဲ့သို့ ကူးစက်ရောဂါဖြစ်ပွားချိန်တွင် လာရောက်ကြည့်ရှု့ပေးခြင်း မရှိသေးကြောင်း ကျောင်း ဆရာ/မ များက ပြောသည်။

by ဖြိုးဝေအောင်

ကန္တာရ၀တီတိုင်း(မ်) 

ရဲများက လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းအား ကြိုဆိုသော ဒေသခံများကို တားဆီး


          


ယနေ့ နံနက် ၉ နာရီဝန်းကျင်တွင် ပြည်ထောင်စုလွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းနှင့်အဖွဲ့သည် တနင်္သာရီတိုင်း၊ ထားဝယ်မြို့သို့ ရောက်ရှိလာကာ ထားဝယ်မြို့ မြို့တော်ခန်းမတွင် အစည်းအဝေးပြုလုပ်ခဲ့ပြီး မောင်းမကန်သို့ ခရီးဆက်ရာတွင် ထားဝယ်လယ်သမားအဖွဲ့က ကြိုဆိုခဲ့ရာ မြို့နယ်ရဲတပ်ဖွဲ့က ကြိုဆိုခွင့် မပြုကြောင်း သိရသည်။

သူရဦးရွှေမန်းအဖွဲ့သည် ထားဝယ်မှ မောင်းမကန်သို့ သွားရာတွင် ဒေသခံ လယ်သမားများက ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းအား ကြိုဆိုပါ၏ လယ်ယာမြေများ မတရားသိမ်းဆည်းခံထားရသော ထားဝယ်မြို့မှ လယ်သမားများ ဟု ရေးသားထားသော ဆိုင်းဘုတ်အား ကိုင်ဆောင်ပြီး ကြိုဆိုရာတွင် မြို့နယ်ရဲတပ်ဖွဲ့ဝင်များက ဆိုင်းဘုတ်အား လုယက်ပြီး ကြိုဆိုခွင့်မပြုပေ။

နောက်ပြီး လယ်သမားများ စုပေါင်းပြီး ကြိုဆိုရန်ထွက်လာစဉ် ကမြောကင်းလမ်း၊ ရွှေနဂါးသစ်ဆိုင်အနီးရှိ လမ်းဆုံတွင် ရဲတပ်ဖွဲ့က ဟိုက်လပ်ကားများဖြင့် ပိတ်ဆို့ တားဆီးခဲ့သည်။

သူရဦးရွှေမန်းနှင့် အဖွဲ့သည် ထားဝယ်တွင် တည တည်းခိုမှာ ဖြစ်ပြီး မနက်ဖြန် မနက်ပိုင်းတွင် ကော့သောင်းနှင့် မြိတ်မြို့များကို ခရီဆက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထားဝယ်လူထုအသံ 

ငွေစက္ကူအတုများ မန္တလေးတွင် ဖမ်းမိ


              

မန္တလေးတိုင်း အောင်မြေသာစံမြို့နယ် အိုးဘိုရွှေကျင်ရပ်တာရိုးဘေးရှိ နေအိမ်တစ်လုံးကို သံသယရှိသဖြင့် မှုခင်းရဲ တပ်ဖွဲ့က စက်တင်ဘာ ၆ ရက် ည ၇ နာရီခန့် တွင် ၀င်ရောက်ရှာဖွေရာ ငါးထောင်ကျပ်တန်နှင့် တစ်ထောင်ကျပ်တန် ငွေစက္ကူအတုများ ဖမ်းဆီးရမိကြောင်း ရဲဌာနက ထုတ်ပြန်သည်။

အိမ်ရှင်၏ အင်္ကျီအိတ်အတွင်းမှ ငါးထောင်ကျပ်တန် ငွေအတုနှစ်ရွက်နှင့် တစ်ထောင်ကျပ်တန် ငွေအတု ငါးရွက်တို့ကို ရဲများက ရှာဖွေတွေ့ရှိခဲ့သောကြောင့် အိမ်အတွင်း၌ ဆက်လက်ရှာဖွေကြရာ ဆာလာအိတ်ဖြင့် ထည့်ပြီး ဂွမ်းစောင်ဖြင့် ပတ်ထားသော တစ်ထောင်ကျပ်တန်ငွေအတု ၅၀၀ ရွက်နှင့် ငါးထောင်ကျပ်တန်ငွေ အတု ၆၀ ရွက်တို့ သိမ်းဆည်းရမိ ခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ထို့ကြောင့် အိမ်ရှင်ဖြစ်သူ အမျိုးသားကို မန္တလေးအမှတ် ၂ ရဲစခန်းက အမှုအမှတ် (ပ)၂၃၂/၂၀၁၃ ဖြင့် အမှုဖွင့် ထားပြီး ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၈၉(ခ) /၄၈၉(ဂ)ဖြင့် တရားစွဲဆိုမည်ဖြစ်ပြီး လက်ရှိတွင် အမှတ် ၁၃ မှုခင်းတပ်ဖွဲ့ စုမှ ရဲများကသံသယရှိသူကို စစ်ဆေးနေကြောင်း ရဲစခန်းမှ စုံစမ်းသိရှိရသည်။

အောင်ကိုဦး
Mizzima - News in Burmese 

Saturday, September 7, 2013

မိုဘိုင်းလ်ဖုန်းသုံးစွဲသူ ဦးရေ တစ်နိုင်ငံလုံးငါးသန်းခွဲကျော်ရှိ


              

မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မိုဘိုင်းလ်ဖုန်းသုံးစွဲသူ ငါးသန်းခွဲကျော် ရှိကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း စာရင်းများအရ သိရသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ယခုလအတွင်း မိုဘိုင်းလ်ဖုန်း လိုင်းသုံးသိန်းခွဲ ထပ်မံချထားပေးခဲ့ပြီးနောက် ပြည်တွင်းတွင် ချထားပေးခဲ့သော လိုင်းအရေအတွက် စုစုပေါင်း ၅ ဒသမ ၅၅ သန်းရှိလာပြီး စုစုပေါင်းလူဦးရေ၏ ၁၀ ရာခိုင်နှုန်းနီးပါး ရှိလာကြောင်း အဆိုပါဝန်ကြီးဌာနထံမှ သိရသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် ၁၅၀၀ ကျပ်တန် ဆင်းမ်ကတ် ၁ ဒသမ ၇၅ သန်းကို ဧပြီလမှ သြဂုတ်လအတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ အသီးသီးမှတစ်ဆင့် ရောင်းချခဲ့ပြီး ဖြစ်သည်။

လက်ရှိတွင် မြန်မာနိုင်ငံအတွင်း အိမ်ထောင်စု အရေအတွက် ၈ ဒသမ ၇ သန်းကျော်ရှိပြီး အိမ်ထောင်စု ၁ ဒသမ ၇ ခုသာလျှင် မိုဘိုင်းလ်ဖုန်း တစ်လုံးနှုန်းခန့် သုံးစွဲနေကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

“ပြည်သူတွေ မိုဘိုင်းလ်ဖုန်းများများသုံးရင် GDP တက်မယ်။ တိုင်းပြည်ရဲ့ စီးပွားရေးပမာဏ ပိုကြီးလာမယ်။ ဒီလိုအားသာချက်တွေ ရှိနေတာတောင်မှ ဆက်သွယ်ရေးက မဖြစ်စလောက် အတိုင်းအတာလေးကို လစဉ်ခွဲချပေးနေတယ်။ လူဦးရေ သန်းခြောက်ဆယ်လောက်ရှိတဲ့ နိုင်ငံမှာ ခြောက်သန်းလောက်သုံးတာ များတယ်လို့ မဆိုနိုင်ဘူး” ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အငြိမ်းစားတစ်ဦးဖြစ်သူ ဦးသန်းဦးက ဆိုသည်။

လူဦးရေ သန်း ၆၀ ခန့် ရှိသော မြန်မာနိုင်ငံတွင်၂၀၁၆ ခုနှစ်တွင် လူဦးရေ စုစုပေါင်း၏ ၇၅ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းအထိ မိုဘိုင်းလ်ဖုန်း သုံးစွဲမှုနှုန်း မြင့်မားလာစေရန် လုပ်ဆောင်နေပြီး ပြည်ပဆက်သွယ် ရေးကုမ္ပဏီနှစ်ခုနှင့် ပြည်တွင်းမှ ဆက်သွယ်ရေးကုမ္ပဏီနှစ်ခုတို့က လာမည့် ၂၀၁၄ ခုနှစ်မှ စတင်၍ မိုဘိုင်းလ်ဆက်သွယ်ရေး ဝန်ဆောင်မှုများ စတင်ပေးအပ်မည် ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းထံမှ သိရသည်။

ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနက သတ်မှတ်ထားသော စည်းမျဉ်းများအရ ယင်းကုမ္ပဏီလေးခုက ၂၀၁၃ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း မိုဘိုင်းလ်ဖုန်း အလုံးရေ သုံးဆယ့်ကိုးသန်းငါးသိန်း ရောင်းချပေးနိုင်ရန် ရည်ရွယ်ထားပြီး ၂၀၁၃-၁၄ တွင် လိုင်း ၁၀ သန်း၊ ၂၀၁၄-၁၅ တွင် လိုင်း ၁၄ သန်း၊ ၂၀၁၅-၁၆ တွင် ၁၅ ဒသမ ၅ သန်း တပ်ဆင် ပေးရမည် ဖြစ်ကြောင်း ယင်းဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

အိမ်နီးချင်း ထိုင်းနိုင်ငံတွင် မိုဘိုင်းလ်ဖုန်း သုံးစွဲသူ ရာနှုန်းပြည့်နီးပါး ရှိသော်လည်း အချို့ကတစ်ဦးတည်း ဖုန်းတစ်လုံးထက် ပိုသုံးသည့်အတွက် လူတိုင်း မိုဘိုင်းလ်ဖုန်း သုံးသည်ဟု မပြောနိုင်သေးကြောင်း ဦးသန်းဦးက ပြောဆိုသည်။

The Voice Weekly 

NLD မှ ဖွဲ့စည်းပုံပြင်ဆင်ရေးကော်မတီ ဖွဲ့စည်း


                

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေးနဲ့ ပတ်သတ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရန်ကုန်မြို့ပါတီဌာနချုပ်မှာ စက်တင်ဘာလ ၆ ရက်နေ့က ဗဟိုအလုပ်အမှုဆောင်ပုံမှန် အစည်းအဝေးမှာ ပါတီဝင် ခုနှစ်ဦးပါဝင်တဲ့ ကော်မတီတစ်ရပ် ဖွဲ့စည်းလိုက်ပါတယ်။ ဒီကော်မတီအနေနဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် ဥပဒေ အထောက်အကူပြုအဖွဲ့တွေနဲ့ ပူးပေါင် ဆောင်ရွက်သွားမယ်လို့လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦှးဥာဏ်ဝင်းက ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးပွဲအပြီးမှာ ပြောပါတယ်။

ပြည်တွင်းပြည်ပက တိုင်းရင်းသားအဖွဲ့အစည်းတွေကတော့ ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအသစ် ရေးဆွဲပြဌာန်းဖို့ ကော်မတီတရပ် ဖွဲ့စည်းဆောင်ရွက်နေချိန်မှာ အန်အယ်လ်ဒီက ဖွဲ့စည်းပုံပြင်ဆင်ဖို့ ခုလို ခြေလှမ်းစတင်လိုက်တာလည်း ဖြစ်ပါတယ်။ အဖွဲ့ချုပ်ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းကကတော့ တိုင်းရင်းသားတွေရေးဆွဲမယ့် ဖက်ဒရယ်ဖွဲစည်းပုံကိုလည်း လေ့လာသွားမှာဖြစ်တဲ့အကြောင်း အန်အယ်လ်ဒီအနေနဲ့ကတော့ ပြင်ဆင်ချင်တဲ့ အချက်တွေနဲ့ ပတ်သက်ပြီး တိုင်းရင်းသားအဖွဲ့ ၁၃ ဖွဲ့နဲ့ စက်တင်ဘာလ ၇ ရက်နေ့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ တွေ့ဆုံသွားဖို့ရှိနေတယ်လို့ ပြောပါတယ်။

ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် အဖွဲ့ချုပ်လွှတ်တော် ကိုယ်စားလှယ်တွေဟာ ဥပဒေရေးရာကျွမ်းကျင်တဲ့ တရားလွှတ်တော်ရှေ့နေ ဦးကိုနီတို့ နဲ့ ဩဂုတ်လ ၂၆ ရက်နေ့ကလည်း ဆွေးနွေးခဲ့ကြပါသေးတယ်။ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေဟာ တပ်မတော်က နိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍမှာ အစဉ်တစိုက်ပါရှိနေတာ လွှတ်တော်တွေမှာ တပ်မတော်သားကိုယ်စားလှယ် လေးပုံတပုံကို လူထု ရွေးကောက်တင်မြှောက်စရာမလိုဘဲ ခန့်ထားဖို့ဆိုတဲ့ ဒီမိုကရေစီ မဆန်တဲ့ အချက်တွေ ပါရှိနေပြီး ပြင်ဆင်ရန် ခက်ခဲတယ်ဆိုပြီး အများက ထောက်ပြဝေဖန်နေကြတာပါ။

အန်အယ်လ်ဒီဟာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်မခံဘဲ ၂၀၁၀ ရွေးကောက်ပွဲကို ၀င်မပြိုင်ဘဲ သပိတ်မှောက်ခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်ဆန်းမှာ ကျင်းပတဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေး ရည်ရွယ်ချက် ၃ ရပ်ကို ကြွေးကြော်ပြီး ကြားဖြတ်ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။ လွှတ်တော်ကလည်း ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် အခြေခံဥပဒေ ပြန်လည်သုံးသပ်ရေး ကော်မတီတရပ်ကို အဖွဲ့ဝင် တရာကျော်နဲ့ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၅ ရက်နေ့မှာ ဖွဲ့စည်းပေးထားပါတယ်။ ဒီကော်မတီအနေနဲ့ လေ့လာ သုံးသပ်တွေ့ရှိချက်တွေကို ၂၀၁၃ ခုနှစ် မကုန်ခင် ပြည်ထောင်စု လွှတ်တော်ကို တင်သွင်းမှာ ဖြစ်ပါတယ်။

 by ပီတာအောင် (ဒီဗွီဘီ) 

တယ်လီနောဝန်ထမ်းခေါ်ယူရာတွင် ရာထူး ၁၄၀ ကျော် ခေါ်ယူ


                  


ဆက်သွယ်ရေး တင်ဒါအောင်မြင်ထားပြီး ၂၀၁၄ ခုနှစ်အတွင်း ဆက်သွယ်ရေး ဝန်ဆောင်မှုများ စတင်ဆောင်ရွက်တာ့မည့် တယ်လီနောမြန်မာကုမ္ပဏီက ရာထူးနေရာ တစ်ခုလျှင် ဝန်ထမ်းတစ်ဦးနှုန်းဖြင့် ရာထူးနေရာ ၁၄၆ နေရာအတွက် မြန်မာဝန်ထမ်းများ စတင်ခေါ်ယူပြီ ဖြစ်ကြောင်း ထုတ်ပြန် ကြေညာသည်။

တယ်လီနောမြန်မာကုမ္ပဏီက အမှုဆောင်အရာရှိချုပ်ရုံး၊ Corporate Affairs၊ ဘဏ္ဍာရေး၊ ဈေးကွက်ချဲ့ထွင်ရေး၊ ဝန်ထမ်းရေးရာနှင့် နည်းပညာပိုင်းဌာနများတွင် တာဝန်ထမ်းဆောင်ရန် လိုအပ်သော ရာထူးနေရာ ၁၄၆ နေရာအတွက် ဝန်ထမ်း လျှောက်ထားနိုင်ကြောင်း ကြေညာခြင်း ဖြစ်သည်။

“ဒီနေ့စခေါ်တာပါ။ ရာထူးက တစ်ရာကျော်ရှိတယ်။ အရင်က ၂၇ နေရာပဲ ခေါ်ထားတာ။ အခုရာထူး အရေအတွက် ထပ်တိုးခေါ်တာ” ဟု တယ်လီနောမြန်မာမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

တယ်လီနောမြန်မာတွင် တာဝန်ထမ်းဆောင်ရန် လျှောက်ထားလိုသူများမှာ http://www.telenor.com/news-and-media/in-focus/telenor-in-myanmar/vacant-positions/ တွင် လေ့လာနိုင်ပြီး ကိုယ်ရေးအချက်အလက်များကို hr.myanmar@telenor.com သို့ အီးမေးပေးပို့ လျှောက်ထားနိုင်ကြောင်း ကြေညာထားသည်။

“တယ်လီနောက လူခေါ်မယ်ဆို ကတည်းက စိတ်ဝင်စားနေတာ။ ပထမ တစ်ခေါက်ခေါ်တုန်းက ထိပ်ပိုင်း ရာထူးတွေဆိုတော့ မလျှောက်ဖြစ်ဘူး။ ဒီတစ်ခါတော့ Marketing ဘက်မှာ လျှောက်မယ်” ဟု ပြည်တွင်း အီလက်ထရွန်နစ်ကုမ္ပဏီ တစ်ခုတွင် လုပ်သက်လေးနှစ်ရှိ Marketing Executive ဒေါ်ဟေမာန်က ဆိုသည်။

တယ်လီနောမြန်မာ ကုမ္ပဏီသည် မြန်မာနိုင်ငံတွင် တာဝန်ထမ်းဆောင်ရန် ဝန်ထမ်း အရေအတွက် စုစုပေါင်း သုံးထောင်ခန့် ခေါ်ယူမည်ဖြစ်ပြီး မြန်မာနိုင်ငံသား ၉၉ ရာခိုင်နှုန်း အသုံးပြုမည် ဖြစ်ကြောင်း ကြေညာထားသည်။

The Voice Weekly 

Shaking Call Receive v1.1 for Android


 




မင်္ဂလာပါခင်ဗျာ တော်ဝင်သစ္စာမိသားစုမှကြိုဆိုပါတယ်ခင်ဗျာ အရင်လိုမျိုးဖုန်းလာတဲ့အခါ Answer ကိုနှိပ်စရာမလို ဘဲ မိမိတို.ဖုန်းကို လူပ်လိုက်ယုံဖြင့် လက်ခံစကားပြောနိုင်မယ့် App လေးပါ သူများနှင့်မတူအောင် အရမ်းလန်းချင်သူတွေအတွက် တော့အဆင်ပြေစေမယ်App လေးပါ
                အသုံးပြုချင်ရင်ဒီနေရာမှာဒေါင်းပါ 
လင့်ခ်3
                 အသုံးပြုချင်ရင်ဒီနေရာမှာဒေါင်းပါ

                     


Facebook v3.7 for Android Update


 




မင်္ဂလာပါခင်ဗျာ တော်ဝင်သစ္စာမိသားစုမှကြိုဆိုပါတယ် မိမိတို.Android ဖုန်းနှင့်Tablet  မှာFacebook အသုံးပြုသူတွေအတွက် စက်တင်ဘာလ ၅ ရက်နေ့ကအသစ်ထွက်ရှိလာတဲ့အသစ်ထွက်ရှိလာတဲ့ Facebook version အသစ်လေးပါခင်ဗျာ  ။facebookက အရင်တုန်းက နဲ.မတူတာတော့သုံးဖူးသူတွေသိမှာပါ Facebook Message နဲ့စကားပြောတဲ့အခါ သူငယ်ချင်းတွေကို sticker ပုံလေးတွေပို့သူတွေအတွက် Animated sticker လေးတွေထပ်တိုးပေးထားသလို ၊ အခြား features အသစ်တွေလည်းထပ်တိုးပေးထးတာတွေ့ရပါတယ် ခင်ဗျာ။ အဆင်ပြေပြေနဲ. သုံးရတာ အဆင်ပြေတာကိုအသုံးပြုတဲ့အခါသိရမှာပါ အသုံးပြုချင်၇င်တော့အောက်ကလင့်ခ်မှာဒေါင်းပါခင်ဗျာ

                      အသုံးပြုချင်ရင်တော့ဒီနေရာမှာDOWNLOAD ဒေါင်းပါ


Thursday, September 5, 2013

Clean Master (Cleaner) v3.8.0. for android



                                      unnamed

                         
3 ရက်နေ့ကအသစ်ထွက်လာတာပါ တကယ်ကိုနာမည်နဲ.လိုက်အောင်ကိုရှင်းလင်းပေးနိုင်စွမ်းရှိပါတယ်
Junk ဖိုင်တွေကိုလည်းဖျတ်
ပေးပါတယ်။မိမိတို.ဖုန်းအတွှက်အရေးကြီးတဲ့ဖိုင်တွေကိုတော့လုံးဝဖျတ်ပေးမှာမဟုတ်ပါဘူး။
Task killer ကလည်း သာမန်Killer တွေထက် စိတ်ကျေနပ်မူ.ကိုပေးနိုင်ပါတယ်။
အသုံးပြုချင်ရင်တော့အောက်ကလင့်ခ်မှာဒေါင်းပါခင်ဗျာ



ခြိမ်းခြောက်ခံနေရသော ဘူးသီးတောင် အထကခွဲ (၂)


                

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ အစိုးရ အထက်တန်းကျောင်းခွဲ (၂) မှ ဆရာ ဆရာမများကို အမည်မသိ ဆူပူ သောင်းကျန်းလိုသူ အချို့မှ ခြိမ်းခြောက်မူများ ရှိနေသည်ဟု သတင်း ရရှိသည်။

၎င်း အထကခွဲ (၂) သည် ဘူးသီးတောင်မြို့ အနောက်ကွင်းခေါ် အမှတ်(၁)ရပ်ကွက်တွင် တည်ရှိပြီး ဘင်္ဂလီ ကျောင်းသား အများစု သင်ကြားနေသော ကျောင်း ဖြစ်သည်ဟု သိရသည်။

လွန်ခဲ့သောလ သြဂတ်စ်လ ၂၁ ရက်နေ့က ၎င်းအခြေခံပညာအထက်တန်းကျောင်းခွဲ(၂) တွင် စစ်ဝတ် ပြောက်ကျား ဂျာကင်(၁) ထည်၊ စစ်ဖိနပ်(၁) ရံ၊ တောဆောင်း စစ်ဦးထုပ် (၁)လုံး၊ ခြေအိတ်(၁) စုံ နှင့် စွပ်ကျယ်(၁)ထည်ကို ကျောင်းဝင်းရှေ့ အုတ်ထရံအနီးတွင် အမည်မသိသူများက လာရောက်ချထားခဲ့သည်ဟု ဆိုသည်။

၎င်းစစ်အသုံးအဆောင် ပစ္စည်းများကို ကျောင်းဝင်းရှေ့တွင် လာရောက် ချထားခြင်းမှာ ဆရာ ဆရာမများကို ခြိမ်းခြောက်လို၍ ဖြစ်ကြောင်း အမည်မဖေါ်လိုသူ ဆရာ တစ်ဦးက ပြောသည်။

၎င်းစစ်အသုံးအဆောင် ပစ္စည်းများကို ရဲတပ်ဖွဲ့က လာရောက် စစ်ဆေးပြီး သိမ်းယူသွားခဲ့သည်ဟု ဆိုသည်။

ယင်းမတိုင်မှီ အစွန်းရောက် အစ္စလာမ်မစ် အဖွဲ့ တစ်ခုမှ ဘူးသီးတောင်တွင် ဗုံးခွဲမည်ဆို၍ အဆိုပါ ကျောင်းအား (၂) ကြိမ်တိုင်တိုင် စစ်တပ်မှ လာရောက် စစ်ဆေးခဲ့သည်ဟု ၎င်းဆရာက ပြောသည်။

ဆရာ ဆရာမများ အနေဖြင့် လုံခြုံရေး စိုးရိမ်ရသဖြင့် ကျောင်းသို့ သွားရောက် စာပြရန်မှာ ၀န်လေး နေကြပြီး အချို့ ဆရာ ဆရာမများမှာ ကျောင်းသို့ မသွားရဲဘဲ ဖြစ်နေကြသည်ဟု ဆိုသည်။

၎င်းနောက်ပိုင်း လုံခြုံရေးကြောင့် ကျောင်းပျက်ကွက်သော ဆရာ ဆရာမများအား ဒေသခံ ဘင်္ဂလီ ကျောင်းသားမိဖများက အထက်သို့ တိုင်ကြားမူများ ရှိလာသဖြင့် ဆရာ ဆရာမများ အနေဖြင့် အခက်ကြုံနေကြရသည်ဟု ဆိုသည်။

အချို့ ဆရာ ဆရာမများမှာ အလုပ်ထွက်ရန်ထိ စဉ်းစားနေကြပြီး အချို့မှာ ခြိမ်းခြောက်မူများရှိနေသော်လည်း ၀မ်းရေး အတွက် သွားရောက် စာပြနေကြသည်ဟု ဆိုသည်။

သက်ဆိုင်ရာ ပညာရေးဌာနမှ အထက်အာဏာပိုင်များ အနေဖြင့် အထက ခွဲ(၂) တွင် ဖြစ်ပေါ်နေသော ခြိမ်းခြောက်ခံ ပြဿနာအား အမြန်ဆုံး ဖြေရှင်းပေးရန်ကို ဆရာ ဆရာမများက အထူး လိုလားနေကြသည်ဟု အဆိုပါ ဆရာက ပြောသည်။

သြဂတ်စ် ၁၈နှင့်  ၁၉ ရက် နေ့များတွင် ဘူးသီးတောင်တွင် ဗုံးဖေါက်ခွဲမည့် သတင်းများကြောင့် အထက်တန်းကျောင်းများ အပါအဝင် မြို့ပေါ်ကျောင်းများတွင် လုံခြုံရေး တင်းကျပ်စွာ ချထားခဲ့ရသည်ဟု သိရသည်။

(နိရဉ္စရာ- ၄ စက်တင်္ဘာ ၂၀၁၃) 

နေရာပြောင်းရွှေ့ ဖွင့်လှစ်တော့မည့် မယ်တော်ဆေးခန်း


                

မြေနေရာငှားရမ်းထားမှု သက်တမ်း စေ့တော့မည်ဖြစ်သဖြင့် ထိုင်း- မြန်မာ နယ်စပ် မဲဆောက်မြို့အနီးတွင် ဖွင့်လှစ် ထားသော မယ်တော်ဆေးခန်းအား နေ ရာပြောင်းေ ရွှ့ဖွင့်လှစ်ရမည်ဖြစ်ပြီး ယင်း အတွက် ဂျပန်အစိုးရက ထိုင်းဘတ်ငွေ ၃ သန်းခန့် ထောက်ပံ့မည်ဟု သိရသည်။

”အဓိက ကတော့ အခု မယ်တော် ဆေးခန်းဖွင့်ထားတဲ့ မြေနေရာက ထိုင်း မိသားစုတစ်စုဆီကနေ ငှားထားတာလေ။ အခုသူတို့က မြေကိုပြန်ယူတော့မယ်။ မငှားတော့ ဘူးဆိုတော့ ပြောင်းရွှေ့ဖို့ပြင် ဆင်ရတာပါ” ဟု မယ်တော် ဆေးခန်း၏ ထရိန်နင်မန်နေဂျာ နော်အိသွဘော်က ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

ထိုင်းနိုင်ငံ တပ်(ခ်)ခရိုင် မဲဆောက် မြို့အနီးတွင် ၁၉၈၉ ခုနှစ်မှ စတင်ဖွင့် လှစ်ကာ ထိုင်း-မြန်မာ နယ်စပ်တစ် လျှောက် ရွှေ့ပြောင်းလုပ်သားများအား ကျန်းမာရေးေ စာင့်ရှောက်မှုပေးနေ သော မယ်တော်ဆေးခန်း အဆင့်မြှင့် တင်ရန်နှင့် နေရာပြောင်းရွှေ့ ဖွင့်လှစ် ရန်အတွက် ဂျပန်အစိုးရက ထိုင်းဘတ် ငွေ ၂၉၉၄၅ဝဝ ထောက်ပံ့ လှူဒါန်းမည် ဖြစ်သည်။ ယင်းအတွက် ထိုင်းနိုင်ငံ ဆိုင်ရာ ဂျပန်သံအမတ်ကြီး Shigekazu Sato နှင့် မယ်တော်ဆေးခန်း တည် ထောင်သူ မြန်မာနိုင်ငံသား ကရင်တိုင်း ရင်းသူ ဒေါက်တာ စင်သီယာမောင်တို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် သြဂုတ် လ ၂၇ ရက်နေ့က သဘောတူညီမှု လက်မှတ်ရေးထိုးခဲ့သည်။

”အခုပြောင်းမယ့်နေရာက အခုလို လမ်းမကြီးဘေးတော့ မဟုတ်ဘူးပေါ့။ ဒါပေမဲ့ အခု ဆေးခန်းနေရာနဲ့တော့ သိပ်မဝေးပါဘူး” ဟု နော်အိသွဘော်က ပြောသည်။

စတင်တည်ထောင်စမှ ယခုအချိန် အထိ ပြည်တွင်းပြည်ပ အလှူရှင်များ ၏ ထောက်ပံ့လှူဒါန်းငွေဖြင့် ရပ်တည် လည်ပတ်နေရသော မယ်တော်ဆေး ခန်း အတွက် ယခုကဲ့သို့ ဂျပန်အစိုးရက ပမာ ဏများများ လှူဒါန်းခြင်းသည် ပထမဆုံး အကြိမ်ဟု သိရသည်။

မယ်တော်ဆေးခန်းကို ၁၉၈၉ ခု နှစ်တွင် ဒေါက်တာစင်သီယာမောင်က ဦးစီးဖွင့်လှစ်ခဲ့ပြီး ပြည်တွင်းစစ်နှင့် နှိပ် စက်ညှဉ်းပန်းခံရမှုတို့ကြောင့် နေရပ်စွန့် ခွာထွက်ပြေးလာ ရသူများနှင့် ဆေးဖိုး ဝါးခမတတ်နိုင်သော ရွှေ့ပြောင်းမြန်မာ လုပ်သားများအား အခမဲ့ဆေးကုသ စောင့်ရှောက်မှု ပြုပေးခဲ့ သည်။ နှစ်စဉ် လူနာတစ်သိန်းခွဲခန့်ကို ဆေးကု သစောင့် ရှောက်မှု ပြုပေးနေသည်ဟု သိရသည်။

”ဆေးခန်းကို ဆေးလာကုတဲ့လူ နာက တစ်ရက်ကို ပျမ်းမျှ ၃၅ဝ လောက် ရှိတယ်” ဟု သူမက ပြောသည်။

ပြီးခဲ့သည့်လအတွင်းက မိုးအ ဆက်မပြတ် ရွာသွန်း၍ သောင်းရင်းမြစ် ကြီး ရေကြီးရေလျှံမှုကြောင့် ဆေးခန်းရှိ အတွင်းလူနာများ ကို နေရာရွှေ့ ပြောင်းခဲ့ ရပြီး အေ ဆာက်အအုံအချို့ ဟောင်းနွ မ်း နေခြင်း ကလည်း ဆေးခန်းနေရာရွှေ့ ပြောင်းဖွင့်လှစ်ရခြင်း အကြောင်းရင်းဟု သိရသည်။

ကျော်ရဲလင်း

Popular Myanmar News Journal 

အစာငတ်ခံဆန္ဒပြဟု ဒေါ်နော်အုန်းလှ ၏ သတင်းများထွက်ပေါ်


              

မုံရွာထောင်တွင် အလုပ်နှင့် ထောင်ဒဏ်နှစ်နှစ်ကျခံနေရသူ ဒေါ်နော်အုန်းလှသည် အစာငတ်ခံ ဆန္ဒပြလျက်ရှိ သည်ဟု မုံရွာအကျဉ်း ထောင်နှင့်နီးစပ်သည့် သတင်းရပ်ကွက်က ဆိုသည်။

ပြီးခဲ့သည့် သြဂုတ်လ ၂၉ ရက်တွင် ပုဒ်မ ၅၀၅ (ခ) ဖြင့် ထောင်ဒဏ်ချမှတ်ခြင်း ခံခဲ့ရပြီးနောက် ဒေါ်နော်အုန်းလှ အစာငတ်ခံ ဆန္ဒပြနေခြင်းဖြစ်သည်ဟု သတင်းရပ်ကွက်ကဆိုသည်။ သို့သော် ထိုသတင်းကို မဇ္ဈိမက သီးခြားအတည်ပြုချက်ရယူနိုင် ခြင်းမရှိပါ။

အစာငတ်ခံဆန္ဒပြမှုအတွက် ထောင်ဆရာဝန်ဒေါက်တာမျိုးမင်းက ကျန်းမာရေး အခြေအနေစောင့်ကြပ်ပေးလျက်ရှိပြီး စိုးရိမ်ဖွယ်ရာမရှိဟု သိရသည်။

ဒေါ်နော်အုန်းလှသည် ဒေသခံ ၁၅၀ ခန့်ကို ဦးဆောင်ကာသြဂုတ် ၁၃ ရက်က မုံရွာမြို့ပေါ်တွင် ကြေးနီ စီမံကိန်း ရပ်ဆိုင်းရေး၊ အခြေခံဥပဒေပြင်ပေးရေး၊ ကြေးနီစီမံ ကိန်းဆန္ဒပြသူများကို အကြမ်းဖက်နှိမ်နင်းခဲ့သည့် ရဲများအား အရေးယူပေးရေးစသည်တို့ကို တောင်းဆိုဆန္ဒပြခဲ့သည်။

ယင်းနောက် မုံရွာအမှတ် (၁) ရဲစခန်းက ပြစ်မှုပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆိုခဲ့ပြီး မုံရွာမြို့နယ်တရားသူကြီး ဦးခင်မောင်ဝင်းမှ ဒေါ်နော်အုန်းလှအား အလုပ်နှင့်ထောင်ဒဏ် နှစ်နှစ်ကျခံစေရန် အမိန့်ချခဲ့သည်။

ဒေါ်နော်အုန်းလှ အစာငတ်ခံ ဆန္ဒပြခြင်းနှင့်ပတ်သက်၍ မုံရွာအကျဉ်းထောင်သို့ မဇ္ဈိမက ဆက်သွယ်မေးမြန်း ရာတွင် တာဝန်ကျ ၀န်ထမ်းတစ်ဦးက ဖြေကြားခွင့်မရှိဟုဆိုသည်။ ဒေါ်နော်အုန်းလှ၏ ရှေ့နေဖြစ်သူ ဦးရောဘတ်စန်းအောင်ကို ဆက်သွယ်မေးမြန်းရာတွင် အဆက်အသွယ်မရရှိသေးဟု မဇ္ဈိမကို ပြောသည်။

ကိုတိုးကြီး
Mizzima - News in Burmese 

ဝ၊ မိုင်းလား တပ်ဖွဲ့ ခေါင်းဆောင်များ နှင့် သူရ ဦးရွှေမန်းနှင့် တွေ့ဆုံ့ 


           

ဝ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် UWSA တပ်ဖွဲ့နဲ့ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (NSAA-ESS) မိုင်းလားတပ်ဖွဲ့က ခေါင်းဆောင်တွေ ဟာ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း ခေါင်းဆောင်တဲ့အဖွဲ့နဲ့ စက်တင်ဘာ ၃ ရက်နေ့ မနေ့ မနက်က ကျိုင်းတုံမြို့ တြိဂံတိုင်းစစ်ဌာနချူပ်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

ဆွေးနွေးပွဲမှာ UWSA အဖွဲ့က တောင်းဆိုနေ တဲ့ ပြည်နယ်ကိစ္စ ပြောဆိုလိုက်တယ်လို့ UWSA ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မြင့် က RFA ကိုပြောပါတယ်။

“ကျိုင်းတုံမှာ တွေ့ဖြစ်ပါတယ်၊ အဓိကတော့ လွှတ်တော်အနားယူတုန်းပေါ့နော်၊ အောက်ခြေ လှည့်ပြီး တောင်းဆိုချက်လေးတွေ ဘာလေးတွေ ပြည်သူတွေရဲ့အသံနားထောင်ချင်လို့ ဆိုပြီးတော့ ဆင်းလာတာဖြစ်တယ်၊ အခုကလွှတ်တော်ရှိတယ်၊ ဥပဒေရှိတယ်၊ ရှိတဲ့ကိစ္စက သူတို့ ဒီဆွေးနွေးပြီးတော့ ဆောင်ရွက်ရမယ့် ကိစ္စတွေပေါ့နော့်၊ ပြောစရာဆိုစရာရှိတာတွေကိုလည်း သူတို့ဆီကို တင်လို့ရတယ်ပေါ့၊ သူတို့ကလည်း အခြေအနေနဲ့ကိုက်အောင် ပြုပြင်တာပေါ့နော့်၊ အဓိကတော့ ဒီဦးတည်ချက်ပါပဲ၊ ကျနော်တို့ ဖွဲ့စည်းပုံကိစ္စပေါ့၊ ဆိုလိုတာက ဝကလည်း ကိုယ်ပိုင်အုပ်ချူပ်ခွင့်ရပြည်နယ် တောင်းနေတယ်မဟုတ်လား၊ ဒါလေးတွေကို ညွှန်းပြနေတာ ဒီလိုကိစ္စမျိုးကို ပြောတာပါ”

ဒီတွေ့ဆုံဆွေးနွေးပွဲဟာ ပထမဆုံးအကြိမ်ဖြစ်ပြီး၊ UWSA ဘက်က ဒုတိယ စစ်သေနာပတိချူပ် တာ့လွန်း၊ ပြည်ပဆက်ဆံရေးဌာနကြီးမှူး ဦးကျောက်ကော်အန်းနဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မြင့်တို့သုံးယောက် တက်ရောက်ခဲ့ပါတယ်။ အစိုးရဘက်ကတော့ သူရဦးရွှေမန်းနဲ့အတူ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီဒုဥက္ကဌ ဦးသိန်းဇော်နဲ့ အဖွဲ့ဝင် ၁၅ ယောက်လောက် ပါဝင်ပါတယ်။

ညနေပိုင်းမှာတော့ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (NSAA-ESS) မိုင်းလားတပ်ဖွဲ့က ဥက္ကဌ ဦးစိုင်းလင်း၊ ဒုဥက္ကဌ ဦးစံပေ့၊ ဒုဥက္ကဌ ခွန်းစံလူတို့ သုံးဦးနဲ့ သူရဦးရွှေမန်းတို့ တွေ့ဆုံခဲ့ပြီး အပစ်အခတ်ရပ်စဲပြီး နောက်ပိုင်းအခြေအနေတွေကို ပြောဆိုဆွေးနွေးခဲ့ကြပါတယ်။

သူရ ဦးရွှေမန်း ခေါင်းဆောင်တဲ့အဖွဲ့ဟာ စက်တင်ဘာလ ၂ ရက်နေ့ကတော့ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှာ SSA ရှမ်းပြည်တောင်ပိုင်းတပ်ဖွဲ့၊ ရှမ်းပြည်လူမျိုးပေါင်းစုံ လွတ်မြောက်ရေးအဖွဲ့ (ရလလဖ)၊ ပအိုဝ်းအမျိုးသားအဖွဲ့ချူပ် PNO က ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

ဒီအတောအတွင်းမှာပဲ ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ UNFC ဥက္ကဌလည်းဖြစ်၊ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ခေါင်းဆောင် ဒုတိယဗိုလ်ချူပ်ကြီး အင်ဘန်လ ဦးဆောင်တဲ့အဖွဲ့ဟာ UWSA ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် ဌာနချူပ် ပန်ဆန်းဒေသကို ရောက်နေပါတယ်။

တိုင်းရင်းသားအဖွဲ့အစည်းတွေ စုံစုံလင်လင် နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ပါဝင်နိုင်ဖို့နဲ့  ဖယ်ဒရယ်စနစ် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲနိုင်ဖို့အတွက် ဖိတ်ကြားဖို့သွားနေတာလို့ UNFC အထွေထွေ အတွင်းရေးမှူး ၂ ဗိုလ်မှူးကြီး ခွန်ဥက္ကာက RFA ကို ပြောပါတယ်။

“UNFC က ကျနော်တို့ ဥက္ကဌ ကိုယ်တိုင်သွားတာပါ၊ ကျနော်တို့က ဒီနိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးပွဲ လုပ်ရင် UNFC ကိုယ်စားလှယ်အဖွဲ့နဲ့ ပူးတွဲပြီးတော့ တွေ့ဆုံဆွေးနွေးပွဲဝင်ဖို့ဆိုပြီးတော့ ၀ ကို ဖိတ်ထားတာရှိတယ်လေ၊ အဲ့ဒီ ဖိတ်ကြားထားတဲ့ကိစ္စကို ထပ်လောင်းပြီးတော့ ဖိတ်နိုင်တယ်၊ ဒါတစ်ချက်ပေါ့၊ ဒုတိယအချက်ကတော့ အခု ဖယ်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးမယ့်ကိစ္စမှာလည်း ကျနော်တို့က အနည်းဆုံးတော့ ၀၊ မိန်းလား၊ ကိုးကန့် ကနေပြီးတော့ ကိုယ်စားလှယ် တစ်ယောက်လောက်ပေးဖို့ ကျနော်တို့ ပြောထားတော့ အဲ့ဒါကိုလည်းပဲ သူတို့ထပ်လောင်းပြီးတော့ နှိုးဆော်တဲ့သဘောလည်း ဖြစ်နိုင်တာပေါ့ဗျာ၊ ကျနော်သိသလောက်တော့ အဲ့သလောက်ပါပဲ၊ ကျနော်တို့ ပြောထားတာကတော့ ပူးပေါင်းဆောင်ရွက်ဖို့ပါပဲ၊ အဲ့ဒီနိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးပွဲမှာ အတူတူဆွေးနွေးကြမယ်၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေအသစ်ရေးတဲ့ထဲမှာ အတူတူပါကြမယ် အဲ့သလို ဖိတ်ခေါ်ထားတာပါပဲ”

UNFC အဖွဲ့နဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုဥက္ကဌဝန်ကြီး ဦးအောင်မင်းခေါင်းဆောင်တဲ့အဖွဲ့တို့ဟာ လာမယ့်စက်တင်ဘာ ၈ ရက်နေ့မှာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ နိုင်ငံရေးဆွေးနွေးပွဲကျင်းပဖို့ စီစဉ်ထားပါတယ်။

RFA Burmese 

ဓားဒဏ်ရာများနှင့် မလေးရှားတွင် ခေါင်းပြတ်နေသော မြန်မာအမျိုးသားအလောင်းတွေ့


             

အမ်ဖန် ၊ စက်တင်ဘာ ၄ ။        ။မလေးရှားနိုင်ငံ ပန်ဒန် မီဝါရှိရေမြောင်းတစ်ခုအတွင်း ဓားဒဏ်ရာ များနှင့် ဆိုးဆိုး ရွားရွားခေါင်းဖြတ်ထားသော မြန်မာအမျိုးသားတစ်ဦး၏ အလောင်းကို တွေ့ရှိခဲ့ရသည် ဟု သိရသည်။ မြန်မာအမျိုးသား တစ်ဦး ၏ အလောင်းကို တွေ့ရှိရသည့် နေရာမှာ ဈေးဆိုင်တန်းတစ်ခု အနီးရှိ ရေမြောင်းတစ်ခုအတွင်း ဖြစ်ပြီး ဖြတ်သွားဖြတ်လာတို့ က တွေ့ရှိခဲ့ကြပြီးနောက် ရဲ တပ်ဖွဲ့ထံ အကြောင်းကြားခဲ့ ခြင်းဖြစ်သည်။

ရဲတပ်ဖွဲ့မှုခင်း ဆေးပညာ အဖွဲ့၏အဆိုအရ တွေ့ရှိရ သော မြန်မာအမျိုးသားအ လောင်း၏ ခန္ဒာကိုယ်နှင့်လက် များတွင် ဓားဒဏ်ရာအများ အပြားတွေ့ရှိခဲ့ရသည်ဟု ခရိုင် ရဲတပ်ဖွဲ့ အကြီးအကဲလက် ထောက်ကော်မရှင်နာ အမီရူဒင် ဂျာမာလူဒင် က ပြောကြား ခဲ့ သည်ဟု သိရသည်။

အလောင်း မှာ ပုပ်ပွလျက် ရှိရာ အနည်းဆုံးလွန်ခဲ့သည့် လေးရက်လောက်က အသတ် ခံရခြင်းဖြစ်ပြီး ဦးခေါင်းကို တိတိ ရိရိဖြတ်တောက်ထားခဲ့ကြောင်း၊ ကနဦးစစ်ဆေးမှုတွင် တွေ့ရှိ ချက်အရ အလောင်းကို အနီး အနားရှိ တစ်နေရာရာတွင် သတ် ဖြတ်ခဲ့ ခြင်း ဖြစ်ကြောင်း၊ သေဆုံး သူမြန်မာအမျိုးသားသည် အ သက် ၃ဝအရွယ်ခန့်ရှိပြီး အ လောင်းအား ခွဲစိတ်စစ်ဆေး မှုပြု၍ မည်သူမည်ဝါဖြစ်သည် ကို စစ်ဆေးဖော်ထုတ်သွားမည် ဖြစ်ကြောင်း မစ္စတာ အမီရူဒင် က ပြောကြားခဲ့သည်။

Ref: AFP

Yangon Media Group

မြန်မာအစိုးရ အကူအညီ အမြန်လိုအပ်နေသော မလေးရောက်မြန်မာများ


             

ရန်ကုန် ၊ စက်တင်ဘာ ၄။     ။ တရား မဝင် နေထိုင်သူများကို စတင်ဖမ်း ဆီးနေသည့် မလေးရှားနိုင်ငံတွင် အထောက်အထားမပြည့်စုံသည့် မြန်မာလုပ်သားများမှာ ယခုအခါ သစ်တောများအတွင်း ပုန်းခိုအိပ် စက်နေရကြောင်းနှင့် မြန်မာ အစိုးရ ၏အကူအညီကို မျှော်လင့်လျက် ရှိနေကြောင်း မလေးရှားနိုင်ငံရှိ မြန်မာသတင်းရင်းမြစ်များထံမှ သိရသည်။

၂၀၁၃ စက်တင်ဘာ ၁ ရက် မှ ဒီဇင်ဘာလကုန်ပိုင်းအထိသတ် မှတ်ထားသည့် တရားမဝင်နေထိုင် သူများ ဖမ်းဆီးရေးစီမံချက်အရ လေးရက်အတွင်း၌ မြန်မာအလုပ် သမားဖမ်းဆီးခံရမှုသည် လူဦးရေ ၅၅ဝကျော်ဖြင့် ဒုတိယအများဆုံး ဖြစ်နေပြီး အလုပ်သမားများအနေ ဖြင့်နေ့ဘက်တွင် သတိဖြင့်အလုပ် ဆင်းနေရကြောင်း မလေးရှားနိုင်ငံ တွင် ရောက်ရှိနေသည့် မြန်မာများ ထံမှသိရသည်။ မလေးရှားနိုင်ငံရောက် မြန် မာအလုပ်သမားများကို ကူညီပေး နေသည့် ဧရာဝတီ လူမှု ကူညီရေး အသင်းမှ တာဝန်ရှိသူတစ်ဦးက ''အခုတွေ့တဲ့သူတွေကတော့ အင် မတန်စိုးရိမ်နေတဲ့ အခြေအနေပါ။ သူတို့တောထဲမှာ ဝင်အိပ်နေကြ တယ်။ ညဘက်ပုလိပ်တွေက အိမ် တွေကိုဝင်စစ်ဆေးတယ်။ နေ့ဘက် မှာတော့ သတိနဲ့ အလုပ်ဝင် နေရတဲ့ သူတွေလဲရှိပါတယ်''ဟု လက်ရှိသူ သွားလာလှုပ်ရှားနေသည့် ပတ် ဝန်းကျင်ရှိ မြန်မာအလုပ်သမား များ အခြေအနေကိုပြောသည်။

လက်ရှိ လေးရက်အတွင်း ဖမ်းဆီးရမိထားမှုတွင် အင်ဒိုနီးရှား လူမျိုးများက အများဆုံးဖြစ်ပြီး ဒုတိယမြန်မာနှင့် အခြားဘင်္ဂလား ဒေ့ရှ်၊ နီပေါ၊ ကမ္ဘောဒီးယား၊ ဗီယက် နမ်၊ အိန္ဒိယ၊ ပါကစ္စတန်၊ ဖိလစ် ပိုင်၊ တရုတ်၊ နိုင်ဂျီးရီးယားနှင့် ထိုင်း နိုင်ငံသား များ ပါဝင်ကြောင်း သိရ သည်။ ''နေရာအစုံပေါ့။ ဖမ်းတဲ့သူ တွေက နေရာတိုင်းဝင်နေတယ်။ စက်ရုံတွေထဲဆိုရင် အဖွဲ့လိုက်ဝင် နေတယ်။ ပါမစ်မရှိသူကို သူဌေးက လက်မခံရဲတော့ဘူး။ စက်ရုံတိုင်း တော့မဟုတ်ဘူး။ သူဌေးတွေက အလုပ်နား ခိုင်းထားတယ်။ အစိုးရ ဘယ်လိုကူညီပေးမလဲလို့ မျှော်လင့် ပါတယ်''ဟု မလေးရှားရောက် အလုပ်သမားတစ်ဦးက ပြောသည်။

အဆိုပါ တရားမဝင်အလုပ် သမားဖမ်းဆီးရေးစီမံချက်တွင် ကုန်တိုက်များ၊ အိမ်ဆိုင်များ၊ ပို့ ဆောင်ရေးဂိတ်များတွင် အဓိက ပြုလုပ်နေပြီး တရားမဝင် ရှိနေ သည့် အလုပ်သမား လေးသိန်းခန့် ကို ဖမ်းဆီးနိုင်ရေး ဆောင်ရွက် မည်ဖြစ်ကြောင်း သိရသည်။ ''တောထဲ အိပ်နေရတဲ့အ ထဲမှာဆိုရင် တခိျု့နေရာတွေမှာ လင်မယားစုံတွဲတွေ၊ တခိျု့နေရာ တွေမှာလဲ မောင်နှမတွေ တွဲလျက် ပေါ့ဗျာ။ နေ့ဖက်တွေလဲ ဖမ်းဆီး နေတာတွေရှိပါတယ်''ဟု ဧရာဝ တီလူမှု ကူညီရေး အသင်းမှ တာ ဝန်ရှိသူ တစ်ဦးက ပြောသည်။

တရားမဝင် အလုပ်လုပ်နေ သူများ ပပျောက်ရေးစစ်ဆင်ရေး များကို မလေးရှား လူဝင်မှုကြီး ကြပ်ရေး၊ ရဲဌာန၊ တပ်မတော်အစ ရှိသည့်အဖွဲ့အစည်းများက အင် အား ၂၀၀၀ ကျော်ဖြင့် ဆောင် ရွက်နေခြင်းဖြစ်ပြီး လက်ရှိတွင် ထိန်းသိမ်း ခံထားရ သည့် နိုင်ငံပေါင်း စုံမှ အလုပ်သမား ၂၀၀၀ ကျော် အတွက် သက်ဆိုင်ရာ နိုင်ငံအစိုးရ များ၏အကူအညီပေးမှုကို မတွေ့ မြင်ရသေးကြောင်း မလေးရှား ရောက် မြန်မာသတင်းရင်းမြစ် များထံမှသိရသည်။

ကျော်ဇေယျ

Yangon Media Group 

LinkWithin

Related Posts Plugin for WordPress, Blogger...