Monday, May 27, 2013

နေပြည်တော်မှာ နောက်သို့ပြန်တက်နေခြင်း (ရုပ်/သံ) Posted: 26 May 2013 03:07 AM PDT

နေပြည်တော် ပုဗ္မသီရီမြို့ နယ် အောင်သီရိကျေးရွာအနီး သတ္တသတ္တာဟ အကျော် ၆ဖာလုံနားမှာ ထူးခြားတဲ့ ဆွဲငင်အားကြောင့် မော်တော်ကားများ၊ ဆိုင်ကယ်များ၊ သုံးဘီးဆိုင်ကယ်များဟာ ကုန်းဆင်း ဖြစ်သော်လည်း (ဂီယာဖရီးထားထားတဲ့ ယာဉ်များဟာ) ရှေ့ကို လိမ့်မဆင်းပဲ နောက်ပြန်တက်ခြင်း၊ အထက်သို့ ဆန်တက်ခြင်း ဖြစ်နေတာကို တွေ့ရှိရပြီး ပျဉ်းမနားမြို့ အနီးတ၀ိုက်ကနေ လာရောက်စမ်းကြည့်ရှုသူများလဲ ရှိနေပါတယ်။

နေပြည်တော်-တပ်ကုန်း အမှတ်(၁)လမ်းမကြီးပေါ် မိုင်တိုင်အမှတ် ၆မိုင် ၅ဖာလုံက ဆင်ခြေလျှောကုန်းဆင်းမှာ အံ့သြဘွယ် ဆွဲငင်အား ရှိနေကြောင်း ကို မေလ ၂၄ ရက်နေ့ထုတ် ကြေးမုံသတင်းစာ ရှေ့မျက်နှာဖုံး ခေါင်းကြီး သတင်းမှာ ဖော်ပြထားတာကိုလည်း တွေ့ရပါတယ်။

အဲဒီ့လို ဆွဲငင်အား ဓါတ်သက်ရောက်မှုဖြစ်ပေါ်နေတဲ့ Magic Hill ကုန်းများကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့အနီး၊ ကနေဒါနဲ့ အိုင်ယာလန်နိုင်ငံတွေမှာလည်း တွေ့ရှိရပါတယ်။ (ဒီဗွီဘီ)

(ရိုက်ကူးပေးပို့ - ဖိုးသား(ပျဉ်းမနား)



0 comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...