ရှမ်းပြည်နယ် ကလောမြို့တွင် ဖြစ်သော မုန်တိုင်းဒဏ်ကြောင့် ရွှေတွင်း လုပ်သား သေဆုံးခဲ့ပြီး နောက် လုပ်သား ၁၂၀ လုပ်ငန်းမှ နှုတ်ထွက်ခဲ့ကြကြောင်း အာရှကမ္ဘာမြေ စက်မှုနှင့် သတ္တုတူးဖော်ရေးလုပ်ငန်း ကုမ္ပဏီ မှ ဥက္ကဌ ဦးမြင့်ဦးက ပြောသည်။
“သဘာဝအန္တရာယ် နဲ့ကြုံရပြီး ၊ သူတို့မျက်စိရှေ့မှာ လူသေတာတွေလည်း မြင်ရတဲ့အတွက် လူသဘာဝ အရ ဒီနေရာမှာမလုပ်ချင်တော့လို့ ထွက်ကြတာ” ဟု ၄င်းက ဆက်ပြောသည်။ မေ လ ၂ ရက်နေ့ နံနက်စောပိုင်းတွင် တိုက်ခိုက်ခဲ့သော မုန်တိုင်းကြောင့် တွင်းပြိုခြင်း ၊ သစ်ပင်ပိခြင်း တို့ကြောင့် ၁၇ ဦး သေဆုံးပြီး ၊ ဒဏ်ရာ ရရှိသူ ၈ ဦးခန့် ရှိခဲ့ကြောင်းြ့ပည်တွင်းမီဒီယာ အချို့၌ ဖော်ပြခဲ့ကြောင်း သတင်းများတွင် လူရာကျော်သေဆုံးသည့် သတင်းမှာ မဟုတ်မှန်ကြောင်း ကုမ္ပဏီမှ ငြင်းဆိုသည်။ “ဖြစ်စဉ်က တစ်နာရီလောက်ပဲကြာတယ် ၊ ၁၂ ခွဲကနေ ၄၅ မိနစ် လောက်ထိပဲ မုန်တိုင်းဒဏ်ကို ၁၅ မိနစ်လောက်ပဲ ခံရတာ ၊ သေဆုံးရတာ အများစုက သစ်ပင်ပိသေတာပါ” ဟု ဦးမြင့်ဦးက ပြောသည်။ မုန်တိုင်းတိုက်ခတ်နေစဉ်ချိန်တွ ခိုင်နွယ်ဦး Popular Myanmar News Journal |
0 comments:
Post a Comment