Friday, August 16, 2013

ဈေးနှုန်းမြင့်မားစွာ အရောင်းအဝယ် ဖြစ်နေသော ၁၅၀၀ တန် SIM Card ရောင်းချခြင်းကို တားမြစ်မည်မဟုတ်





မြန်မာနိုင်ငံတော် သမ္မတ၏ ညွှန်ကြားချက်ဖြင့် GSM SIM Card များ မဲစနစ်ကို အသုံးပြု၍ ၁၅၀၀ ကျပ်နှုန်းဖြင့် ရောင်းချခဲ့သော်လည်း ထပ်ဆင့် ရောင်းချမှု ၁၃၀၀၀၀ ကျပ် ဝန်းကျင် ဈေးပေါက်နေသော်လည်း ထပ်ဆင့် ရောင်းချနေမှုကို အရေးယူမည် မဟုတ်ကြောင်း နိုင်ငံတော် သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်ထံမှ သိရသည်။ ငွေကျပ် ၁၅၀၀ နှုန်းဖြင့် မဲနှိုက်ခွဲဝေ ချထားပေးသော်လည်း အမှန်တကယ် အသုံးပြုရန် လိုအပ်နေသူများမှာ တစ်သိန်းနှစ်သောင်းမှ တစ်သိန်းငါးသောင်း ဝန်းကျင်တွင် ပေးဝယ်နေရခြင်းကို ဦးရဲထွဋ်က မဲပေါက်သူများက ထပ်ဆင့် ပြန်လည် ရောင်းချနေခြင်းမှာ တစ်ဦးချင်းစီ၏ ဆုံးဖြတ်ချက်ဖြစ်၍ ကြားဝင်ဆောင်ရွက်ပေး၍ မရကြောင်း ရှင်းပြသည်။
ဧပြီလမှ စတင်၍ မိုဘိုင်း SIM Card များကို ကျပ် ၁၅၀၀ ကျပ်နှုန်းနှင့် မဲစနစ်ဖြင့် ဖြန့်ဝေပေးရာ ထပ်ဆင့် ရောင်းချခြင်းမှ ကာကွယ်ရန်ဟု ဆိုကာ SIM Card သက်တမ်း သတ်မှတ်ခြင်း၊ လစဉ် အသုံးပြုရမည့် ငွေပမာဏ သတ်မှတ်ခြင်း စသည် ဆောင်ရွက်မှုများ ရှိခဲ့သော်လည်း စတင် ဖြန့်ချိသည့်နေ့မှ ယခုအချိန်အထိ ပြင်ပ ဈေးကွက်တွင် ဖုန်းဆင်းကတ်များ ထပ်ဆင့် ရောင်းချမှု ဈေးနှုန်းမှာ CDMA SIM Card (ရှစ်သောင်းကျပ် ဝန်းကျင်) နှင့် GSM SIM Card ကို (တစ်သိန်း နှစ်သောင်းကျပ်မှ တစ်သိန်းငါးသောင်းကျပ် ဝန်းကျင်) အထိ မြင့်မားလျက် ရှိသည်။ ၁၅၀၀ ကျပ်နှုန်းဖြင့် အစိုးရမှ ရောင်းချပေးသော်လည်း ပြင်ပတွင် တကယ်တမ်း ဝယ်ယူ အသုံးပြုနေရခြင်းမှာ ဟိုအရင်က ဈေးနှုန်းနှင့် သိပ်မကွာဟု ထပ်ဆင့် ဝယ်ယူ အသုံးပြုနေသူများက ပြောဆိုနေကြသည်။
လှိုင်မင်းအောင်

0 comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...