Saturday, August 10, 2013

ကလေးရော ဆရာပါ မူလတန်း တွဲဖက်သင်ရိုးအချို့ နားမလည်


               

ရန်ကုန် ၊ သြဂုတ် - ၉ ။         ။ အခြေခံ ပညာ မူလတန်းတွင် သင်ကြားနေ ရသော တွဲဖက်သင်ရိုးအခိျု့မှာ ကလေးများသာမက ဆရာ၊ ဆရာ မများအတွက်ပါ သင်ကြားရေး တွင် အခက်အခဲဖြစ်စေလျက်ရှိ ကြောင်း ပညာရေး အသိုင်း အဝိုင်း မှ သိရသည်။  မူလတန်း အရွယ်နှင့် မလိုက် ဖက်အောင်ပင် သင်ယူနေရသည့် စိုက်ပျိုးရေး၊ လူမှုဘဝ၊ သိပ္ပံအစ ရှိသည့် ဘာသာရပ်များမှာ ပြဌာန်း မှုမြင့်မားနေသည့်အတွက် ယင်း သို့ အခက်အခဲဖြစ်နေရကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ်ရှိ အမှတ်(၄)အ ခြေခံပညာ အထက်တန်းကျောင်း မှ မူလတန်းပြဆရာမ ဒေါ်စန္ဒာ က ''တွဲဖက်သင်ရိုးတွေထဲက စိုက် ပျိုးရေးဘာသာရပ်က ကလေးတွေ အတွက် နည်းနည်းတော့ခက်တယ်။ ကလေးတွေ အတွက် အလှမ်းဝေးတယ်။ သေ ချာ ဦးနှောက်ထဲစွဲနေဖို့ မဖြစ်နိုင် ဘူး။ မူလတန်းမှာ ကလေးတွေကို ဗီတာမင်ဆိုတဲ့စကားလုံးက သူတို့ အတွက် နားလည်ဖို့ခက်ခဲတယ်။ ဆရာမက အခါခါရှင်းပြပေးရ တယ်။ တအားငယ်တော့ သိပ်မ လိုက်နိုင်ကြဘူး။ စပါးမျိုးတွေကျ တော့လဲ သူတို့အနေနဲ့ကြည့်ရင် အလွန်မြင့်တယ်။ စာမေးပွဲမှာ ဒီ ဘာသာရပ်တွေကို မေးမယ်ဆိုရင် တော့ ကလေးတွေအတွက် ဝန် ထုပ်ဝန်ပိုးဖြစ်နိုင်တယ်။ ကလေး တွေအတွက် ပင်ပန်းသလို သင်ရ တဲ့ဆရာ တွေလဲ ပင်ပန်းပါတယ်'' ဟုပြောသည်။

တတိယတန်းကျောင်းသား ၏ဖခင် ဦးကျော်စွာက ''စိုက်ပျိုး ရေးဘာသာရပ်ဆိုရင် စပါးနာမည် တွေက အင်မတန်ခက်တယ်။ လူ ကြီးတွေတောင် မှတ်လို့မလွယ် ဘူး။ ကလေးဆိုတော့ ပိုဆိုးတာ ပေါ့။ ဒီတစ်ခုအတွက် အချိန်တွေ အများကြီး ပေးရတယ်။ တခြား ဘာသာရပ်တွေဘက် မလှည့်နိုင် ဘူး။ ဒါတွေက သိသင့်တယ်ဆို ပေမယ့် ကလေးတွေအတွက်ကျ တော့ခက်ခဲပါတယ်။ စကားလုံး တွေကလဲ ပညာရှင်ဆန်တော့လေ'' ဟု ဆိုသည်။ ဗဟန်းမြို့နယ် လက်ထောက် ပညာရေးမှူး ဦးတင်ဖုန်းက ''သင် ရိုးတွေကို သေချာ Research လုပ် ထားပြီးသားပါ။ သင်တဲ့ဆရာက စပါးမျိုးတစ်ခုအကြောင်း သင် မယ်ဆိုရင် သင်မယ့်စပါးမျိုးကို ကြိုတင်ရှာထားရမယ်။ ဆရာတို့ နိုင်ငံက စိုက်ပျိုးရေးနိုင်ငံဖြစ်လို့ ငယ်ငယ် ကတည်းက စိုက်ပျိုးရေး အကြောင်းတွေသိအောင် ဒီလို ဘာသာရပ်တွေ ထည့်ထားပေး တာ။ ဒီဘာသာရပ်တွေကို စာမေး ပွဲတော့ မစစ်ဘူး။ တတ်မြောက် မှုစစ်ဆေးတာပဲရှိတယ်''ဟုပြော သည်။

လက်ရှိအခြေခံပညာမူလ တန်းတွင် ကျောင်းသင်ဘာသာရပ် များအပြင် ရသ၊ ကာယ၊ ပန်းချီ၊ စိုက်ပျိုးရေး၊ ပြည်သူ့နီတိ၊ ပြည် ထောင်စုစိတ်ဓာတ်ဟူ၍ တွဲဖက် ဘာသာရပ်ခြောက်ခုကိုပါ သင် ကြားပေးလျက်ရှိကြောင်း သိရ သည်။ ပညာရေး ကျွမ်းကျင်သူ ဒေါက်တာနေက ''သူတို့က အ လွန်တော်စေချင် တတ်စေချင်လို့ ဖိသိပ်သင်ကြားတာက မဖြစ်သင့် ဘူး။ သူတို့သင်ရမယ့်အကြောင်း အရာထဲကမှ အမှတ်ယူတာမျိုး တွေလဲမရှိသင့်ပါဘူး။ ကလေးတွေ စာအုပ်သယ် တာက အစ မသက် သာပါဘူး။ ဒီအတိုင်းဆက်သွား မယ်ဆိုရင် ကလေးတွေအနေနဲ့  (Cranning) ဆိုတဲ့ ငယ်ငယ်ရွယ် ရွယ်နဲ့ ဦးနှောက်ပင်ပန်းတဲ့အဖြစ် မျိုးတွေ ကြုံတွေ့လာရပါလိမ့်မယ်။သူတို့ကို သွယ်ဝိုက်ပြီး နားလည် အောင် သင်တဲ့ ပုံစံမျိုး ဆိုရင် ပို ကောင်းပါလိမ့်မယ်''ဟု ဒေါက် တာနေက ပြောသည်။

အောင်သက်ကို

Yangon Media Group 

0 comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...