Monday, August 19, 2013

မိုးသည်းထန်စွာရွာသွန်း ကာ ဟားခါး၌ လမ်းပြိုမှုများ ဆက်တိုက်ဖြစ်ပေါ်

                                   

ချင်းပြည်နယ် ဟားခါးမြို့၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဟားခါး-ဂန့်ဂေါ-မန္တလေး ကားလမ်း မြေပြိုကျမှုဆက်တိုက်ဖြစ်ပေါ်နေ၍ ခရီးသွားလာမှုနှောင့်နှေးလျက်ရှိသည်။

ဟားခါး-ဂန့်ဂေါ-မန္တလေးလမ်းပေါ်ရှိ ဟားခါးမှမိုင်တိုင် (၁၉/၇)တွင် ဇူလိုင် ၁၆ ရက်၌ တစ်ကြိမ်၊ မိုင်တိုင် (၁၂/၄)တွင် ဩဂုတ် ၁၇ ရက်က တစ်ကြိမ်ကားလမ်းပြိုကျခဲ့မှုကြောင့် ခရီးသွား ပြည်သူများအခက်ကြုံတွေ့နေရသည်။ ''ဒီလမ်းပြိုတဲ့ အတွက် ဟားခါး-ဂန့်ဂေါ-မန္တလေးမြို့တွေကို သွားမယ့်ခရီးသည်တွေ၊ ဟားခါးကိုသွားမယ့်ခရီးသည်တွေဟာ လမ်းပြိုလို့ စက်ကြီးနဲ့ထိုးပြင်နေတာကို စောင့်ဆိုင်းနေရပါတယ်။ မော်တော်ဆိုင်ကယ်သမားတွေကတော့ တစ်ဦးနှင့်တစ်ဦးကူညီပြီး လမ်းတစ်ဖက်ကိုရောက်အောင် အချင်းချင်းကူညီခဲ့ကြရပါတယ်၊ ကားနဲ့သွားတဲ့ ခရီးသည်တွေကတော့ ကားသွားလို့ရတဲ့ထိ စောင့်နေကြပါတယ်၊ နွေရာသီမှာတော့ လမ်းကောင်းပေမယ့် ခုလိုမိုးရာသီမှာ တော့ မိုးပြင်းထန်စွာအဆက်မပြတ် ရွာသွန်းတဲ့အတွက် တောင်ပြို၊ လမ်းပြိုမှုကြောင့် ခရီးသွားလာ ရာမှာ နှောင့်နှေးနေရခြင်းဖြစ်ပါတယ်''လို့ ခရီးသည်တစ်ဦး၏ ပြောပြချက်အရသိရသည်။

ချင်းပြည်နယ်အတွင်းရှိ အဓိက လမ်းမကြီးများပေါ်တွင် မိုးရာသီ အတွင်း တောင်ပြိုမှု၊ ကားလမ်းပြိုကျ မှုကြောင့် သွား လာရေး အခက်အခဲ မရှိစေရေးအတွက် ချင်းပြည်နယ် ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းနှင့် လမ်းအထူးအဖွဲ့မှ သက် ဆိုင်ရာ လမ်းပိုင်းအလိုက် အင်ဂျင်နီယာများ ကိုတာဝန်ချထားပြီး မြေပြိုမှုများကို စက်ယန္တရားကြီးများဖြင့် အချိန် နှင့်တစ်ပြေး ညီ ရှင်းလင်းဖယ်ရှားပေး လျက်ရှိကြောင်းသိရသည်။

သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း 

0 comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...