Wednesday, August 7, 2013

သေမင်းတမန်တောင်ကိစ္စ စုံစမ်းစစ်ဆေးမှုစတင်


မန္တလေး တိုင်းဒေသကြီး သပိတ်ကျင်းမြို့ နယ် သေမင်းတမန်တောင်တွင် ရှိသော ရွှေသတ္တုမိုင်းတစ်ခုတွင် ဂမ်းရောဂါဖြင့် အလုပ်သမားများ နှစ်စဉ်သေဆုံးနေသည့် လုပ်ငန်း ခွင်ကို သက်ဆိုင်ရာအဖွဲ့ အစည်း များ ကသွားရောက်စစ်ဆေးမှုပြု လုပ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ၁၉၉၅ခုနှစ်ဝန်းကျင်က စတင်လုပ်ကိုင်နေပြီး ယနေ့အထိ တူးဖော်နေသော မန္တလေးတိုင်း ဒေသကြီး ပြင်ဦးလွင်ခရိုင် သပိတ် ကျင်းမြို့နယ် ချောင်းကြီး ကျေးရွာ ရှိ 'မီးလန်း'ရွှေသတ္တုတူးဖော်ရေး လုပ်ငန်းခွင်တွင် ဒေသအခေါ် 'ဂမ်း'ရောဂါကြောင့် အလုပ်သမား သေဆုံးမှုသည် ယခုနှစ်အထိ လူ ၃ဝဝကျော်သေဆုံးခဲ့ကြောင်း ကျေး ရွာသားများ ပြောကြားချက်အား ဩဂုတ်၁ရက်ထုတ် ရန်ကုန် တိုင်းမ် နေ့စဉ် ထုတ်သတင်းစာ အတွဲ(၁) အမှတ်(၈၀)တွင် ဖော်ပြခဲ့ပြီးနောက် သက်ဆိုင်ရာအာဏာပိုင်များက ယင်းသို့ ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

ယင်းဖြစ်စဉ် ကို ဩဂုတ်၂ ရက်က သက်ဆိုင်ရာတာဝန်ရှိသူများသိရှိသဖြင့် ကွင်းဆေးစစ်ဆေး မှုများ ပြုလုပ်ခဲ့ကြောင်း၊ ရောဂါ ဖြစ်ပွားမှုကြောင့် သေဆုံးခဲ့သည့် မိသားစုဝင်များနှင့် တွေ့ဆုံမေးမြန်း မှုများ ပြုလုပ်ခဲ့ကြောင်း ချောင်း ကြီးကျေး ရွာသားများ ၏ပြောကြား မှုအရ သိရသည်။ ''ရွာမှာ ဒါမျိုးဖြစ်နေတာကို အခုမှသိကြတယ်နဲ့တူတယ်။ ဩ ဂုတ်၁ရက်က သတင်းသတင်းစာ တစ်စောင်ရဲ့ မျက်နှာဖုံးသတင်း အဖြစ် ရွာက ဖြစ်ရပ်တွေပါပြီး နောက်ပိုင်း အဖွဲ့အစည်း အစုံအ လင် ရောက်လာ ကြတာတွေ့တယ်။ ရွာက 'ဂမ်း'ရောဂါကြောင့် သေ ဆုံးခဲ့ရတဲ့သူတွေရဲ့ မိသားစုတွေ ကို တွေ့ဆုံမေးမြန်းတာတွေ ပြု လုပ်သွားကြတယ်။ တိုင်းဒေသ ကြီးဘက်က အဖွဲ့အစည်းတွေဖြစ် ပုံရတယ်''ဟု ချောင်းကြီးကျေး ရွာသား ဦးဉာဏ်ဝင်း က ပြောသည်။

အဆိုပါ လာရောက်စစ်ဆေး သည့်အဖွဲ့အစည်းတွင်ဒေသစစ် တပ်ရင်းမှတာဝန်ရှိသူများ၊ သတ္တု တွင်းဝန်ကြီးဌာနမှ တာဝန်ရှိသူ များ၊ ကျန်းမာရေးတာဝန်ရှိသူများက ကျေးရွာတွင်းမှယင်းရောဂါ ကြောင့် သေဆုံးခဲ့သည့်မိသားစု များ၊ လက်ရှိ ရောဂါဖြစ်ပွား နေသူ များကို တွေ့ဆုံဆွေးနွေးမေးမြန်း ခြင်းများ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ကျေးရွာသားများထံမှ သိရသည်။ ချောင်းကြီးကျေးရွာသား ဦးဟိန်းလင်းထွန်းက ''ကျွန်တော် တို့နယ်က စစ်ကြောင်းမှူးကိုယ် တိုင်ပါ တယ်။ ဒီသတင်း ကိုသတင်း စာပေါ်မှာပါလာတယ်။ အထက် ကလဲ ညွှန်ကြားတယ်။ အင်တာ နက်မှာလဲ သတင်းက ပျံ့နေတဲ့ အတွက် လာစစ်ဆေးကြတာလို့ ပြောတယ်။ မိသားစုတွေနဲ့တွေ့ ပြီး မေးမြန်းမှုတွေကို သူတို့လုပ် ကြတယ်။ သတင်း စာ ကို ဒီရောဂါ အကြောင်း ပြောကြားခဲ့သူတွေ ရဲ့ မှတ်ပုံတင်တွေကို မှတ်တမ်း ယူသွားကြတယ်''ဟု ဩဂုတ် ၂ ရက်ကစစ်ဆေးရေးအဖွဲ့များလာ ရောက်စဉ် ကိုယ်တိုင်လိုက်ပါပို့ ဆောင်ပေးခဲ့သူ ချောင်းကြီးကျေး ရွာသားက ပြော သည်။

''ဆအဖအဖွဲ့ကဆိုရင် ဒီလို နှစ်ပေါင်းများစွာ ရောဂါဖြစ်ပွား မှုကို မသိဘူးဆိုတာ ဒီသတင်း တွေကို အကာအကွယ်ပေးထား တာမျိုးများ ရှိနေလားမသိဘူး။ အဲဒါကို သူတို့လဲသိချင်တယ်ဆို ပြီး ပြောတာမျိုးရှိတယ်''ဟု ယင်း က ဆက်လက်ပြောသည်။ အဆိုပါစုံစမ်းစစ်ဆေးရေးအဖွဲ့သည် ကျေးရွာတွင်းမှရောဂါ ကြောင့် သေဆုံးခဲ့သူများ၊ လတ် တလော သေဆုံးသူများနှင့်တွေ့ ဆုံပြီး ယခုကဲ့သို့ဖြစ်ရပ်များကြောင့် ကုမ္ပဏီဘက်မှ လျော်ကြေးပေးမှု များရှိ မရှိကို မေးမြန်းကြကြောင်း၊ ရောဂါကြောင့်သေဆုံးခဲ့သူ မိသား စုများဘက်မှ မိမိပိုက်ဆံဖြင့်သာ ဆေးကုသရခြင်းဖြစ်ပြီး လျော် ကြေးပေးတာမျိုးမရှိကြောင်း စစ် ဆေးသူများကို ပြန်လည်ဖြေကြား ခဲ့ကြောင်း ရောဂါကြောင့် သေ ဆုံးခဲ့သည့် မိသားစုဝင်အိမ်များ ကို စစ်ဆေးရေးအဖွဲ့အစည်းများ ကို လိုက်ပါပို့ဆောင်ပေးသူ ဦး ဟိန်းလင်းထွန်းထံမှ သိရသည်။

ဦးဉာဏ်ဝင်းက ''သူတို့လာ စစ်ဆေးတဲ့နေ့မှာပဲ ရွာထဲမှာ 'ဂမ်း' ရောဂါနဲ့ သေဆုံးခဲ့သူတစ်ဦးရဲ့ အသုဘနဲ့ဆုံသွားလို့ ဝင်ရောက် မေးမြန်းကြတယ်။ ရွာမှာလူဦးရေ ၃ဝဝကျော် သေဆုံးခဲ့ပြီဆိုတာ ကို ရွာသားတွေကပြောကြတယ်'' ဟုပြောသည်။
အဆိုပါ စုံစမ်းစစ်ဆေးရေး အဖွဲ့သည် အလုပ်သမားများ ရော ဂါရရှိနေသည့် မီးလန်းသတ္တုတွင်း လုပ်ငန်းကိုလည်း သွားရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။ ''သတ္တုတွင်းကို ဝင်စစ်ဆေး တော့ ၄ဝလောက်ပဲ ဒီရောဂါနဲ့ သေတာလို့ပြော တယ်။ အဲဒီမှာ ရွာသားတွေက ရွာမှာ ၃ဝဝကျော် သွားပြီလို့ ပြန်ပြောခဲ့ကြတယ်''ဟု ချောင်းကြီးကျေးရွာသားတစ် ဦးက ပြောသည်။

အဆိုပါချောင်းကြီးရွာရှိ မီးလန်းသတ္တုတွင်း၌ ဝင်ရောက် အလုပ်လုပ်ကိုင်သည့် အလုပ်သ မားများတွင် ရွှေလုပ်ငန်းခွင်၌ လေ ဂမ်းဖြင့် သတ္တုကိုမှုတ်ပေးသည့် လုပ်ငန်းတွင်လုပ်ကိုင်ရသည့် အ လုပ်သမားများသာ ယခု 'ဂမ်း'ရောဂါကို စွဲကပ်ကြခြင်းဖြစ်ပြီး လုပ်ငန်းခွင်ဝင်ပြီး သုံးနှစ်မှငါးနှစ် အတွင်း ယင်းရောဂါစွဲကပ်သေ ဆုံးခြင်းဖြစ်ကြောင်း သိရသည်။

ကျော်ဇေယျ
Yangon Media Group 

0 comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...