Monday, August 19, 2013

4G မိုဘိုင်းလ် ကွန်ရက်များ မြန်မာနိုင်ငံ အတွင်း တွင်ကျယ်စွာ အသုံးပြုနိုင်ဦးမည် မဟုတ်






အဆင့်မြင့် နည်းပညာများ ပါဝင်သည့် ဈေးအလွန် မြင့်မားသော 4G မိုဘိုင်းလ် ကွန်ရက်များ မြန်မာနိုင်ငံ အတွင်း တွင်ကျယ်စွာ အသုံးပြုနိုင်ဦးမည် မဟုတ်ကြောင်း MTN ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။
အဆိုပါကွန်ရက်သည်တမ္ဘာ လုံး တွင် တွင်ကျယ်မှု ရှိသည်ဆိုသော်လည်း နိုင်ငံပေါင်း ၂၂ နိုင်ငံသာ အသုံးပြုနိုင် သေးကြောင်း၊ ယင်းအတွက် မြန်မာနိုင်ငံတွင် 4G LTE မိုဘိုင်းလ်ကွန်ရက်များ တည်ဆောက် ပြီးစီးသည့် တိုင်အောင် သုံးစွဲနိုင်မှု နည်းပါး နေဦးမည်ဖြစ်ကြောင်း သိရသည်။
ယင်း MTN ကုမ္ပဏီသည် ကမ္ဘာ့ထိပ်တန်း ဆက်သွယ်ရေး ကုမ္ပဏီ တစ်ခု ဖြစ်ပြီး မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းများ ဖွံ့ဖြိုးရေးတို့ အတွက် ဝင်ရောက်လာသော ကုမ္ပဏီဖြစ်သည်။ လက်ရှိ မြန်မာနိုင်ငံ အတွင်း 2G နှင့် 3G မိုဘိုင်းလ်များအတွက် ဝန်ဆောင်မှုများကို လုပ်ဆောင်ပေးလျက် ရှိပြီး 4G မိုဘိုင်းလ် ကွန်ရက်ကိုလည်း အကောင်ထည် ဖော်နိုင်ရန် ဆောင်ရွက်နေကြောင်း သိရသည်။
Ref & Credit: Myawaddy News

0 comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...