Wednesday, June 12, 2013

Wednesday, June 12, 2013 မလေးရှားအစိုးရ၏ ရပ်တည်ကိုင်တွယ်မှုအပေါ် ပြည်တွင်းအင်အားစုများက ပြစ်တင်ရှုတ်ချ



မလေးရှား နိုင်ငံတွင် မြန်မာလုပ်သားများ အကြမ်းဖက်ခံရမှုများနှင့်ပတ်သက် ၍မလေးရှားအစိုးရ၏ရပ်တည် ကိုင်တွယ်မှုကို ပြည်တွင်း ရှိ နိုင်ငံ ရေးပါတီများ၊ လွှတ်တော်ကိုယ် စားလှယ်များနှင့် အလုပ်သမားအ ရေးဆောင်ရွက်နေသူများက ပြင်း ပြင်းထန်ထန်ကန့်ကွက်ခဲ့ကြသည်။
လက်ရှိ မလေးရှားနိုင်ငံတွင် အကြမ်းဖက်ခံနေရသည့် မြန်မာ လုပ်သားများအတွက် မြန်မာနိုင်ငံ အစိုးရအနေဖြင့် ဆောင်ရွက်မှု များရှိနေသော်လည်း မလေးရှား နိုင်ငံအစိုးရ ၏ပြန်ကြားမှု တစ်စုံ တစ်ရာမရှိခြင်းကြောင့် ကန့်ကွက် ကြောင်း ယင်းတို့ကဆိုသည်။

ထို့အပြင် မြန်မာနိုင်ငံအစိုး ရ၏ ထိုအရေးအခင်းအပေါ်ကိုင် တွယ်မှုနှောင့်နှေးနေခြင်းနှင့်ပတ် သက်၍လည်း အားမလိုအားမရ ပြောဆိုဝေဖန်မှုများရှိနေကြောင်း လည်း သိရသည်။ ဝါရင့်နိုင်ငံရေးသမားဦးရန်ကျော်က ''အခုဖြစ်တာတွေက လူ မျိုးရေးကြောင့်၊ ဘာသာရေးကြောင့် ဖြစ်တာတွေမဟုတ်ဘူး။ တစ် ဖက်နဲ့ တစ်ဖက် အမြင်မှားပြီး ဖြစ်ကြတာဖြစ်တယ်။ အခုဖြစ် တာကိုတော့ သက်ဆိုင်ရာအစိုး ရအဖွဲ့က တိတိကျကျလုပ်ပေး ဖို့တောင်းဆိုပါတယ်။ လူသားအ ချင်းချင်း စာနာ ထောက်ထားဖို့ လိုတယ်။ အခုဖြစ်စဉ်မှာ မလေး ရှားအစိုးရကို လုံးဝကန့်ကွက်ပါ တယ်''ဟုပြောသည်။

ပြီးခဲ့သည့် ဇွန်လ၄ရက်က နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဇင်ယော်မှ မြန်မာနိုင်ငံ ဆိုင်ရာ မလေးရှားသံအမတ်ထံ မြန်မာလုပ်သား ထိခိုက်ဒဏ်ရာ ရခြင်း နှင့် အသက်ဆုံးရှုံးမှုများ အတွက် သတိထောက်လွှာပေး ခဲ့ကြောင်းသိရသည်။ အမျိုးသားဒီမိုကရေစီအင် အားစုပါတီမှ ဦးစိုးဝင်းက ''မြန်မာပြည်မှာဖြစ်တဲ့ ကိစ္စတွေ ကို နိုင်ငံ တကာက အားနည်းတယ်လို့ပြော ကြတာတွေရှိတယ်။ အခု မလေး ရှားကိစ္စမှာလဲ သူတို့အစိုးရက လုပ်ကိုင်ပုံက အားနည်းတယ်လို့ မြင်တယ်။ လူ့အ ခွင့် အရေးနဲ့ပြန် ကြည့်မယ်ဆိုရင် မလေးရှားအစိုးရ အနေနဲ့ အခုထက်ပိုပြီးလုပ်ဆောင် ပေးသင့်တယ်''ဟု သုံးသပ်ပြော သည်။

လက်ရှိတွင် မလေးရှားနိုင်ငံ တွင်ဖြစ်ပွားသည့် မြန်မာလုပ်သား များ အကြမ်းဖက်ခံရမှုများအ တွက် အလုပ်သမား၊ အလုပ်အ ကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတို့ မှ ဒုတိယဝန်ကြီးများနှင့် အဆင့် မြင့်ကိုယ်စားလှယ်အဖွဲ့သည် မလေးရှားနိုင်ငံအစိုးရနှင့် ဆွေး နွေးညှိနှိုင်း မှုများ ဆောင်ရွက် ရန် ဇွန် ၁၁ရက်က မလေးရှားနိုင်ငံ သို့ ထွက်ခွာသွားကြောင်း သိရ သည်။

သန်းနိုင်ဦး - Yangon Media Group

0 comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...