Saturday, June 8, 2013

အကျင့်ပျက်ခြစားနေတဲ့ မြေစာရင်း ၀န်ထမ်းများကို အမြန်ဆုံး အရေးယူပေးစေလို Posted: 07 Jun 2013 03:38 PM PDT


ပဲခူးမြို့နယ်၊ ဂုံမနီ ကျေးရွာတွင် ယခင်က အမြောက်တပ်မြေ အဖြစ် အသုံးပြုမည်ဟု သိမ်းထား ခဲ့သော မြေများကို ယခုအခါတွင် အသုံးမပြုတော့ပဲ တိုင်းမြေစာရင်း ဦးစီးဌာမှ ၄င်းမြေနေရာကို စိုက်ပျိုးမြေအဖြစ် ပြန်လည် အသုံးပြု နိုင်ရန် အတွက် နေရာများ ချထားခဲ့ပါသည်။ 

ထိုသို့ချထားခဲ့ရာတွင် မြေစာရင်းဌာနမှ ကျန်ရှိခဲ့သော (မြေပုံပါဧက(၂၀၀)နေရာအား) ယခင် လယ်သမားများကို ပြန်လည် ပေးအပ်ခြင်းမရှိပဲ ကျေးရွာဥကဌဟောင်း ဦးအောင်သန်း၊ မြေပွဲစားဆိုသူ မလွင်နှင့် ပွဲစားများ ပူးပေါင်းပြီး တိုင်းမြေစာရင်းဦးစီးဌာနမှ (၅-၇-၂၀၁၃)နေ့တွင် ၄င်းဧက(၂၀၀)အား စရံငွေ သိန်း(၅၀၀)ယူပြီး (၁၀၅)မြေပုံထုတ်ပေးမည်ဆိုပြီးအရောင်းအ၀ယ်ပြုလုပ်ခဲ့ပါသည်။

 ထိုသို့ ပြုလုပ်နေသည်ကို ကျွန်တော်တို့ ကျေးရွာသားတွေအနေဖြင့် လက်ပိုက်ကြည့် ပြီးတော့ပဲ နေခဲ့ရ ပါသည်။ 

နိုင်ငံတော်ရဲ့ ပလပ်မြေတွေကို ယခုလို အရောင်းအ၀ယ် ပြုလုပ်မှုသည် တရားဥပဒေကို မလေးစား ရာ ရောက်နေပါသည်။ ထိုသို့ မတရားပြု လုပ်နေမှုကို ထိရောက်စွာ အရေးယူပေး ပါရန် တင်ပြအပ်ပါသည်။  

(ဂုံမနီကျေးရွာသားများ)

စိုက်ပျိုးမြေ အဖြစ် ပြန်လည် အသုံးပြုနိုင်ရန် ချထားပေး နိုင်သည့် အခြေအနေပြ မြေပုံနှင့် ကျေးရွာသူ /သားများ လက်မှတ်

0 comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...