Sunday, June 30, 2013

Gita Myanmar Music App v1.2 for Ios




မင်္ဂလာပါခင်ဗျာ  တော်ဝင်သစ္စာမိသားစု မှကြိုဆိုပါတယ်ဒီAppလေးကတော့IOSသမားတွေအတွက်ပါ Jailbreak လုပ်မထားတဲ့ iPhone/Pad/Pod touch တွေကိုင်ဆောင်သူတွေအတွက် အသုံးဝင် မြန်မာဆော့ဝဲလေးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဆော့ဝဲလေးရဲ့နာမည်ကတော့ Gita Myanmar (ဂီတမြန်မာ) လို့ခေါ်ပါတယ်။
ဒီဆော့ဝဲလေးက ဘာတွေကောင်းလဲဆိုတော့ သီချင်းနာမည်ကို မြန်မာလိုပေးထားတာတွေဆိုရင် ဒီဆော့ဝဲလေးထဲကနေကြည့်ရင် မြန်မာလိုရေးထားတဲ့ သီချင်းနာမည်များကို မြန်မာလိုမြင်ရပါတယ်။ Jailbreak လုပ်မထားလို့ မြန်မာစာမသွင်းရသေးတဲ့ဖုန်းတွေအတွက်အဆင်ပြေစေမှာပါ။ ဒါ့အပြင် သီချင်းထဲမှာ သီချင်းစာသား (Lyrics) ထည့်ထားမယ်ဆိုရင်လည်း ဒီ ဂီတမြန်မာဆော့ဝဲလေးက သီချင်းစာသားကိုပါဖော်ပြပေးနိုင်ပါသေးတယ်။ မြန်မာနာမည်နဲ့ရေးထားတဲ့သီချင်းတွေကိုရှာဖို့အတွက်လည်း Built-in မြန်မာကီးဘုတ်တစ်ခုလည်းထည့်သွင်းပေးထားပါတယ်။ ဆော့ဝဲရဲ့ဒီဇိုင်းကလည်း တော်တော်လေးလန်းပါတယ်။ iOS ရဲ့မူရင်း Play နဲ့တော်တော်လေးတူအောင် ဖန်တီးပေးထားပါတယ်။ တခြား features တွေလည်းအများကြီးပါဝင်ပါသေးတယ်။ ဒီဆော့ဝဲလေးကိုဖန်တီးသူကတော့ iOS Developer ကိုဇော်မင်းစိုး (Initial Studio) ဖြစ်ပါတယ်ခင်ဗျာအသုံးပြုချင်ရင်တော့အောက်လင့်ခ်မှာဒေါင်းနိုင်ပါတယ်ခင်ဗျာ ကျွန်တော်တင်သမျှတွေအဆင်မေပြေမူတွေရှိခဲ့ရင်CBOXမှာအကြံညဏ်လေးများပေးခဲ့နိုင်ပါတယ်ကျေးဇူးတင်ပါတယ်



0 comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...