Thursday, June 20, 2013

နေပြည်တော်တွင်ရေခဲချောင်းစားတဲ့ ကလေးငယ်များ အစာအဆိပ်သင့်ခြင်းဖြစ်ပွား

Thursday, June 20, 2013


နေပြည်တော် ဇေယျာသီရိမြို့နယ်အပိုင်းထဲက ကျေးရွာမူလတန်းကျောင်းက ၅ နှစ်ကနေ ၈ နှစ်အရွယ်အကြား မူလတန်းကျောင်းသူနဲ့ ကျောင်းသား ၇ ဦး မနေ့က အစာအဆိပ်သင့်တဲ့အတွက် ပျဉ်းမနားဆေးရုံကို တက်နေရပြီး သက်သာစပြုပြီလို့ နယ်မြေခံသတင်းထောက်တဦးက ပြောပြပါတယ်။

ဇွန်လ ၁၉ ရက်နေ့ နေလယ် ၁၂ နာရီခွဲက နေပြည်တော် ဇေယျာသီရိမြို့နယ် ကျောက်ချက်ကျေးရွာအုပ်စု ၀ဲကြီးကျေးရွာမှာ မူလတန်းကျောင်းကို မျက်နှာစိမ်းအမျိုးသမီးတဦး ကျောင်းဝင်းတွင်းမှာ ရေခဲချောင်း ၀င်ရောင်းခဲ့ကြောင်းနဲ့ မျက်နှာစိမ်းလည်းဖြစ်၊ ကျောင်းမှာလည်း ရောင်းချခွင့် ပိတ်ထားတဲ့အတွက် ကျောင်းအာဏာပိုင်တွေက အဲဒီဈေးသည်ကို မောင်းထုတ်ခဲ့တယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ တွေ့ဆုံခဲ့တဲ့ နယ်မြေခံသတင်းထောက်က ပြောပါတယ်။

အဲဒီရေခဲချောင်းသည်အမျိုးသမီးဟာ ကျောင်းပြင်ကို ထွက်သွားပြီး အပြင်မှာ ကျောင်းသားနဲ့ ကျောင်းသူတွေကို ရေခဲချောင်း အခမဲ့ကျွေးမွေးကြောင်းနဲ့ အဲဒီရေခဲချောင်းစားတဲ့ ကလေးငယ်တွေ အစာအဆိပ်သင့်ခဲ့တာလို့ ဆိုပါတယ်။

အဲဒီထဲက ကျောင်းသားနဲ့ ကျောင်းသူ ၇ ဦးဟာ ပျဉ်းမနားကုတင် ၂၀၀ ဆံ့ဆေးရုံမှာ တက်ရောက် ကုသနေရပြီး စိုးရိမ်လောက်စရာမရှိတော့ဘဲ သက်သာလာနေတယ်လို့ သူက ပြောပါတယ်။

ကျန်ကလေးငယ်တချို့ကတော့ ဆေးရုံတင်ရလောက်အောင် အခြေအနေ မဆိုးတာ ကြောင့် မြန်မာတိုင်းရင်းဆေးနဲ့ပဲ ကုနေကြတယ်လို့ ဆိုပါတယ်။    ရေခဲချောင်းရောင်းတဲ့အမျိုးသမီးကိုတော့ ခုထက်ထိ ရှာဖွေတွေ့ရှိခြင်း မရှိသေးပါဘူး။ 

 by ဒီဗွီဘီ

0 comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...