Saturday, June 22, 2013

ကော်ဖီတွင် ပါဝင်သော ကဖိန်းဓာတ် အကြောင်းသိကောင်းစရာ

 

ကော်ဖီသည် ကျွန်တော်တို့သည် ငယ်စဉ်မှစ၍ လူမမာစာ အဖြစ် စတင် တွေ့ဖူးသည်။ ရောဂါရှိသူများ၊ မကျန်းမာ သူများကို လူမမာစာအဖြစ် ကော်ဖီမှုန့်၊ သကြားနှင့် နို့တို့ကို ရောစပ်ကာ တိုက် သည်။ ဆွမ်းကျွေးမည်။ အလှူအတန်း ပေးမည်ဆိုပါက ဆွမ်းကပ် အပြီးတွင် ဆရာတော်ကြီးများ၊ သံဃာတော် များအား အချိုပွဲ ကပ်ရာတွင် ကော်ဖီဖျော်၍ ကပ်ကြ၏။ ကော်ဖီရောင်းသော ဆိုင်ကို ကာကာ ဆိုင်ဟုလည်း ခေါ်သည်။
ကော်ဖီကို အာဟာရ စွမ်းအင် ပေးစွမ်းနိုင်သော အာဟာရအဖြစ် သုံးဆောင်ကြသည်။ နောက်တော့ ကော်ဖီဆိုင်၊ လက်ဖက်ရည် ဆိုင်များ ပေါ်လာသည်။ ကော်ဖီဆိုင်သည် လူစည်ကားရာ အရပ် ပင် ဖြစ်လာသည်။
ကော်ဖီ သောက်သုံးခြင်းသည် ယဉ်ကျေးမှု တစ်ရပ်ဖြစ်လာ၏။ ယခုတော့ ကော်ဖီတွင် လူအား အထွေထွေ အရပ်ရပ် ဒုက္ခပေးနိုင်သည့် ကဖိန်းဟူသော ဓာတ်တစ်မျိုး ပါဝင်နေသည်။ ထိုကဖိန်းဓာတ် ၏ အစွမ်းသတ္တိ ကိုပင် လူများ မက်မော သုံးစွဲကြ ခြင်းဖြစ်၏။ အထူးသဖြင့် အချိုရည်များ တွင်လည်း ကဖိန်းဓာတ်ကို ထည့်သွင်း၍ အဖိုးတန် စားသောက်ဖွယ်ရာ အဖြစ် ထုတ်လုပ် ရောင်းချသည်။ ကဖိန်းဓာတ် သည် လူတို့၏ အာရုံကို နိုးကြားသည်မှာ အမှန်ဖြစ်၏။
အခြားဆိုးကျိုးများလည်း ရှိကြောင်း လူတို့ သိလာကြ၏။ လူကို သေစေသည် အထိ အန္တရာယ်ရှိကြောင်း သုတေသန ပြုချက်များအရ သိရှိကာ ကမ္ဘာတွင် ကဖိန်းကို သုတေသန ပြုလုပ်သည့် လုပ်ငန်း ၄ဝ ကျော်ရှိကြောင်း သိရ၏။ ကဖိန်း သည် ကော်ဖီတွင် အများအပြား ပါဝင်၏။ ကော်ဖီကို ၁၈ ရာစု အလယ်လောက်မှ စ၍ လူ့ယဉ်ကျေးမှု အသိုင်းအဝိုင်း ထဲသို့ အဆင့်မြင့် သီးနှံထွက် စားသောက်ကုန်များ အဖြစ် ဝင်ရောက်လာသည်။ ကော်ဖီစေ့ကို အမှုန့်ပြုလုပ် အခြောက် ခံကာ ရေနွေး၊ သကြားတို့နှင့် ရောစပ်၍ လည်းကောင်း၊ မုန့်ဖုတ်ရာတွင် အနံ့အရသာ အဖြစ် လည်းကောင်း၊ အဖျော် ယမ ကာများ ချက်လုပ်ရာတွင် လည်းကောင်း အသုံးပြုခဲ့ကြသည်။
၁၉ ရာစု အစဦးပိုင်းတွင် ကော်ဖီနှင့် လူ့အသိုင်းအဝိုင်း ရင်းနှီး ကျွမ်းဝင်မှုက ပိုမိုခိုင်မာ လာကာ ဥရောပ၊ အမေရိက တစ် လွှားတွင် ကမ္ဘာကျော် ကော်ဖီမှုန့် လုပ်ငန်းကြီးများ အပြိုင်းအရိုင်း ပေါ်ထွက် လာသည်။ ၁၉၂ဝ ပြည့်နှစ် ဝန်းကျင်တွင် ကော်ဖီတွင် အဓိက ပါဝင်သော ဓာတ်ပစ္စည်းကို မျိုးရိုး နာမည်လိုက်ကာ ကဖိန်းဟု ခွဲထုတ်ပြီး စစ်ပွဲကြီးများတွင် ဒဏ်ရာ အနာသက်သာ စေ သည့် ဆေးဝါး တစ်မျိုးအဖြစ် တွင်တွင်ကျယ်ကျယ် စတင် အသုံးပြုခဲ့ကြောင်း သိရသည်။
တစ်ဖက်တွင်လည်း ကဖိန်းကြောင့် ဆေးမတိုးသည့် လက္ခဏာများကို တွေ့ရှိခဲ့သည်။ သို့သော် စစ်ပွဲ ကာလအတွင်း ဖြစ်၍ ကဖိန်းကပေးသော ဆိုးကျိုးထက် ကဖိန်း၏ အသုံးတည့်မှုကို ပို၍တန်ဖိုး ထားခဲ့သည်။ ထို့ကြောင့် စစ်ပွဲများလွန် မြောက်ချိန်တွင် ဆေးပညာ အသုံးချ ကဖိန်း ထုတ်လုပ်မှုများ သာမက ကော်ဖီသောက်သုံးသည့် ဓလေ့က ခိုင်မာသ ထက် ခိုင်မာစွာ အမြစ်တွယ် နေပြီဖြစ် သည်။ ကော်ဖီ ထုတ်ကုန် အမယ်သစ်များ၊ ကော်ဖီ ဈေးကွက် ချဲ့ထွင်မှုများ၊ ကဖိန်းပါ အစားအစာနှင့် ဆေးဝါးများသည် ကုန်ချော ထုတ်ကုန် အဆင့်ဖြင့် ကမ္ဘာအနှံ့ ဥဒဟို ကုန်သွယ်နေပြီ ဖြစ် သည်။ ကော်ဖီသည် ဒုတိယ ကမ္ဘာစစ် ၁၉၃၉ မတိုင်မီ ကာလအထိ ယဉ်ကျေးမှု၊ လူ့အဆင့်အတန်း၊ ခေတ်မီ နေထိုင်မှုများနှင့် ကွင်းဆက် ချိတ်မိနေပြီ ဖြစ်ကြောင်း သိသိသာသာ တွေ့ရှိရသည်။
ဂုဏ်သရေရှိ လူကြီး လူကောင်းများက အကောင်းစားကော်ဖီနှင့် ကဖိန်းအဆီ အနှစ်ပါ စားသောက်ဖွယ်ရာများကို ဇိမ်ခံပစ္စည်းတစ်ခုလို သဘောထားကြသည်။ သူတို့၏ ကြီးကျယ် ခမ်းနားမှုကို အကောင်းစား ကော်ဖီဖြင့် ဧည့်ခံကာ ထုတ်ဖော် ပြသ ကြသည်။ လူလတ်တန်းစားနှင့် အောက်ခြေ လူတန်းစားများ အတွက်လည်း ကော်ဖီက တန်ဖိုးကြီး အစားအစာအဖြစ် သောက်သုံးနေကြသည်။ ထိုအချိန်ကို ကော်ဖီ ယဉ်ကျေးမှု အစပျိုးချိန်ဟု ဥရောပတွင် သတ်မှတ် ကြသည်။
၁၉၅ဝ ပြည့်လွန် နှစ်များမှစ၍ ကော်ဖီစီးပွားရေး၊ ကော်ဖီ ယဉ်ကျေးမှုတို့က အရှိန်အဟုန် ကောင်းကောင်းနှင့် ဆက်လက်စီး ဆင်းလာသည်။ လူတန်းစား အသီးသီးအတွက် ကော်ဖီဆိုင်များသည် စိတ်ကူးဥာဏ် အသစ်အဆန်းများ၊ စီးပွား ရေး၊ လူမှုရေး အမြင်သစ်များ စုဝေးရာ နေရာတစ်ခု ဖြစ်လာ၍ လူအစုလိုက် အဝေးလိုက် အပေါင်းမိဆုံး နေရာ များထဲတွင် ကမ္ဘာ့ကော်ဖီ ဆိုင်များကို ''တတိယ နေရာ''ဟုပင် သတ်မှတ်ခဲ့သည်။
ယမကာဆိုင်၊ ကာစီနို လောင်းကစားဝိုင်း၊ ကြေးတန်းစား လက်ဝှေ့ပွဲများ၊ ညကလပ် ပျော်ပွဲရွှင်ပွဲများ၊ စတော့ ရှယ်ယာ ဈေးကွက် များက ''ဒုတိယ နေရာ''တွင် အပြိုင်လုနေသည်။ သို့သော် ပထမနေရာမှ အားကစား ပွဲများ (အထူး သဖြင့် ဘောလုံး)နှင့် တတိယ နေရာမှ ကမ္ဘာ့ ကော်ဖီ ဘားဆိုင်များက ယနေ့တိုင် အပြောင်းအလဲမရှိ ရပ်တည် နေဆဲဖြစ်သည်။
FAO ၏ ၂ဝဝ၆ ခုနှစ် စစ်တမ်းအရ ကမ္ဘာ့လူဦးရေ သုံးပုံနှစ်ပုံသည် ကော်ဖီ သို့မဟုတ် ကဖိန်းပါသော စားသောက် ဖွယ်ရာများကို စားသောက် နေကြောင်း သိရှိရသည်။ ကဖိန်း ပျံ့နှံ့မှုသည် လည်း နေရာ အနှံ့ စိမ့်ဝင်နေပြီး မုန့်ပဲသရေစာ စားသောက် ဖွယ်ရာ (အရက်၊ ယမကာများ အပါအဝင်) ၇၁ ရာခိုင်နှုန်းတွင် ကဖိန်း အနည်းနှင့် အများ ပါဝင် နေကြောင်း လည်း တွေ့ရှိရသည်။ WHO ကမူ ကဖိန်းသည် ၂ဝ ရာစု အဖျက်လက်နက် တစ်ခုဖြစ်ကြောင်း၊ ကဖိန်းကြောင့် နောက် ဆက်တွဲ ဆိုးကျိုးပေါင်း များစွာရှိပြီး စမ်းသပ်ဆဲ ကဖိန်း သုတေသန ၄ဝ ခန့် ရှိကြောင်း ဆိုသည်။
သို့သော် ကမ္ဘာအနှံ့ ကော်ဖီ သောက်သုံးသူ ဦးရေက ပုံမှန်တိုးပွား နေဆဲပင်ဖြစ်သည်။ စားသောက်ဖွယ်ရာ အတော်များများ တွင်လည်း ကဖိန်းက တရားဝင် ကြော်ငြာမရေးသော်လည်း ပါမြဲ ပါနေ သည်။
ကဖိန်းပါသော စားသောက်ဖွယ်ရာ အမယ်သစ်များကလည်း ရေတွက်လို့ မကုန်နိုင်အောင် ဖောင်းပွနေပြီး ကဖိန်း ကြောင့် သေဆုံးသူ ဦးရေ၊ အခြား ကျန်းမာရေး ချို့ယွင်းသူ ဦးရေက ဆယ်စုနှစ် တစ်ခုလျှင် ထက်ဝက်ချိုး မြင့်တက်လာ ကြောင်း WHO က သတင်း ထုတ်ပြန်ခဲ့ကြောင်း တင်ပြ လိုက်ရပေသည်။



0 comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...