Saturday, June 8, 2013

Saturday, June 8, 2013 လားရှိုးတွင် ဓာတ်ဆီလောင်းမီးရှို့ခံရသူကို မန္တလေး ဆေးရုံသို့ ပြောင်းရွှေ့ကုသမည် မန္တလေး၊ ဇွန် ၇



ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ တွင် ဓာတ်ဆီလောင်း မီးရှို့ခံရမှုကြောင့် မီးလောင်ဒဏ်ရာများ ခံစားနေရသော ဒေါ်အေးအေးဝင်းကို ဇွန်လ ၁၂ ရက်နေ့တွင် လားရှိုးဆေးရုံမှ မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီးသို့ ပြောင်းရွှေ့ကုသမှု ခံယူစေမည်ဖြစ်ကြောင်း ၄င်း၏ကျန်းမာရေး အတွက် ကူညီဆောင်ရွက်ပေးသူ အထက်ဗမာပြည် ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (လားရှိုး)မှ ဦးမျိုးက The Voice သို့ ပြောကြားသည်။
"လားရှိုးဆေးရုံအုပ်ကြီးရဲ့ ခွင့်ပြုချက် ရပြီးပါပြီ။ သူ့ရဲ့လည်ပင်းဒဏ်ရာက ပြင်းထန်တယ်။ ပလတ်စတစ်ဆာဂျရီလုပ်ရမယ့် အနေအထားပါ။ လောလောဆယ် အနာမကျက်သေးလို့ မန္တလေးပြောင်းဖို့ မလုပ်သေးတာပါ။ ၁၂ ရက်နေ့မှ မန္တလေး ပြောင်းပါမယ်" ဟု ၄င်းကဆိုသည်။

လိုအပ်ပါက ၄င်းကိုပြည်ပတွင် သွားရောက်ကုသမှု ခံယူစေမည်ဖြစ်ကြောင်း၊ ကုသိုလ်ဖြစ် ကုသပေးမည့် သူများလည်း ရှိကာ ပျောက်ကင်းသည်အထိ တာဝန်ယူမည် ဖြစ်ကြောင်း ပြည်တွင်းပဋိပက္ခများ ကြောင့် နစ်နာသူများအတွက် လူမှုရေးလုပ်ငန်းများ ဆောင်ရွက်လေ့ရှိသည့် ဆရာတော်ဝီရသူက ၄င်း၏လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားထားသည်။

"သူ့ကျောက ဒဏ်ရာတွေကလည်း လေးငါးရက်နေမှ အနာကျက်နိုင်မယ်" ဟု ဦးမျိုးကဆိုသည်။

ပြီးခဲ့သည့်မေလ ၂၈ ရက်နေ့ ညနေ ၅ နာရီခန့်က ရှမ်းပြည်နယ် လားရှိုးမြို့တွင် ဒေါ်အေးအေးဝင်းကို ကျိုင်းတုံမြို့မှလာသည့် ဦးနေဝင်းက ဓာတ်ဆီလောင်း မီးရှို့ခဲ့ရာမှ လားရှိုးမြို့တွင် အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ရာ ယင်းဖြစ်စဉ်ကြောင့် လားရှိုးမြို့တွင် မေလ ၂၉ ရက်နေ့မှ စတင်ကာ ညမထွက်ရ အမိန့် ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည်။

The Voice Weekly

0 comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...