ကချင်ဒေသမှ ဒုက္ခသည်များအရေး ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးမှူး
Mr. Ashok Nigam နှင့် တွေ့ဆုံခြင်း။
ပထမဆုံးအနေနဲ့ အစိုးရနဲ့ KIO က မေ ၃ဝ ရက်နေ့ ဆွေးနွေးပွဲကနေ သဘော တူညီချက် ၇ ချက်ကို ရေးထိုးနိုင်တဲ့ အပေါ် UN က ဘာပြောလိုပါသလဲ။
ဒီအချက် ၇ ချက်က အင်မတန် အပြုသဘောဆောင်တဲ့ ခြေလှမ်းဖြစ်ပါ တယ်။ ကျွန်တော်တို့ ကြိုဆိုပါတယ်။
ဒီ ၇ ချက်ထဲမှာ IDP (ပြည်တွင်း၌ ရွှေ့ ပြောင်းသွားလာသည့် ဒုက္ခသည်)တွေနဲ့ ပတ်သက်ပြီး ထူထောင်ရေးအပိုင်းတွေ ကို နှစ်ဖက် ဆက်လက်ဆောင်ရွက်သွားဖို့ ဆိုပြီး ပါပါတယ်။ အဲဒီလို လုပ်တဲ့အခါ UN ကရော ဘယ်လိုကူညီမှုတွေ ဆက်လက်လုပ်ဖို့ရှိပါမလဲ။
UN အနေနဲ့အကူအညီလိုအပ်တဲ့ သူအားလုံးကို ကူညီပေးဖို့ အမြဲအသင့် ရှိပါတယ်။ တွဲဖက်အဖွဲ့အစည်းတွေ ဖြစ်တဲ့ INGO တွေနဲ့ တောက်လျှောက် လုပ်လာခဲ့တယ်။ သူတို့နဲ့အတူ လုပ်ခဲ့တော့ အစိုးရထိန်းချုပ်နယ်မြေမှာ ဘာတွေလိုအပ်တယ်ဆိုတာ သိရပြီ။ စစ်တမ်းယူပြီးပြီ။ တစ်ခုကဘာလဲဆို တော့ အစိုးရထိန်းချုပ်နယ်မြေ မဟုတ်တဲ့နေရာမှာ ဘာတွေ လိုအပ်တယ်ဆိုတာ အတိအကျ သိဖို့လိုအပ်တယ်။
လက်ရှိမှာ UN က ကချင်ဒုက္ခသည်တွေ ကို ဘယ်လို ကူညီပေးနေလဲ။
ပဋိပက္ခစဖြစ်တဲ့ ၂ဝ၁၁ ခုနှစ်က တည်းက ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် တောင်ပိုင်းက ဒုက္ခသည်တွေအတွက် ဘက်မလိုက်ဘဲ လူသားချင်းဆိုင်ရာ ကူညီမှုတွေ လုပ်ခဲ့ပါတယ်။ UN က ဒုက္ခသည် လေးသောင်းကျော်ကို ကူညီ နိုင်ခဲ့တယ်။ မိတ်ဖက်အဖွဲ့အစည်းတွေ ကလည်း လူသားချင်းစာနာမှုဆိုင်ရာ ကျင့်ဝတ်တွေနဲ့အညီ ကူညီမှုတွေ ဆက် လက်ပေးဖို့ သဘောတူညီခဲ့ကြပါတယ်။
လက်ရှိမှာဒုက္ခသည်တွေအတွက်စားရေ ရိက္ခာ၊ စောင်၊ ဆေးဝါးတွေလည်း မလုံလောက်ဘူးလို့ သိရပါတယ်။ ကချင်ဒုက္ခသည်များရဲ့ လက်ရှိအခြေ အနေကို ပြောပြပေးစေ လိုပါတယ်။
ဒုက္ခသည်တွေဟာ ကမ့်တွေမှာ ခိုလှုံနေရတာ ကာလရှည်ကြာလာပါပြီ။ တချို့ဆို လပေါင်း ၂ဝ ကျော်လာပြီဆို တော့ သူတို့ရဲ့ အခြေခံလိုအပ်ချက်တွေ ကို ပြန်လည်သုံးသပ်ပြီး ပြင်ဆင်ဖြည့် ဆည်းပေးဖို့ လိုအပ်လာပါတယ်။ ပြီးခဲ့ တဲ့နှစ်က ကချင်အပါအဝင် ဒုက္ခသည် စခန်း ၈၄ ခုမှာ လူသားချင်းစာနာမှု ဆိုင်ရာ အကူအညီတွေ ပေးခဲ့တယ်။ အစိုးရထိန်းချုပ်နယ်မြေမှာရှိတဲ့ ဒုက္ခ သည်တွေကို အသက်မွေးဝမ်းကျောင်း ဆိုင်ရာထောက်ပံ့မှုတွေ လုပ်ဆောင်ပေး ခဲ့တယ်။ မူလတန်းကလေးတစ်သောင်း လေးထောင်နီးပါးကိုလည်း သင်ကြား ရေးပစ္စည်းတွေ ထောက်ပံ့နိုင်ခဲ့ပါ တယ်။ ဒါ့အပြင် ဒုက္ခသည်တွေကို စားနပ်ရိက္ခာ မက်ထရစ်တန် ၆၅ဝဝ ထောက်ပံ့နိုင်ခဲ့ပြီး အသက်ငါးနှစ် အောက်ကလေး နှစ်ထောင်ကျော်ကို အာဟာရ ထောက်ပံ့မှုပေးနိုင်ခဲ့တယ်။
ပြီးခဲ့တဲ့နှစ်ကတည်းက ကချင် ပြည်နယ်မှာ ကျန်းမာရေးစောင့်ရှောက် မှုတွေ၊ ဆေးဝါးဖြည့်တင်းမှုတွေ၊ ရောဂါ ဖြစ်ပွားမှုကို ဆန်းစစ်တာတွေ စတာတွေ လုပ်ပေးခဲ့တယ်။ အစိုးရက ကူညီမှု မပေးနိုင်တဲ့နေရာတွေမှာတော့ ဒေသခံ လူမှုအဖွဲ့အစည်းတွေက UN နဲ့ အခြား အဖွဲ့အစည်းတွေရဲ့ ထောက်ပံ့ငွေနဲ့ ကျန်းမာရေးဆိုင်ရာ အကူအညီတွေ ပြု လုပ်ပေးခဲ့တယ်။ ပြည်တွင်း NGO တွေ ကလည်း စစ်ဘေးသင့်ဧရိယာ အကုန်လုံး မှာလိုအပ်နေတဲ့ ကူညီမှုတွေကို အဘက် ဘက်က ဆောင်ရွက်ပေးလျက်ရှိပါတယ်။
တချို့ မီဒီယာတွေရဲ့ ဖော်ပြချက်တွေအရ သွားရောက်ကူညီပေးမယ့် အဖွဲ့အစည်း တွေကို လမ်းကနေ တားမြစ်မှုတွေ ရှိ နေတယ်လို့ သိရပါတယ်ရှင့်။ တစ်ဖက် မှာလည်း အစိုးရက ၂ဝ၁၂ ခုနှစ်ကုန် က စပြီး NGO တွေ ကချင်ဘက်မှာ ထောက်ပံ့မှုတွေ လွတ်လွတ်လပ်လပ် ဆောင်ရွက်ဖို့ ခွင့်ပြုလိုက်တယ်လို့ ပြော ပါတယ်။ အဲဒီတော့ အခုတားမြစ်နေတာ ဘယ်သူတွေက တားတာလဲဆိုတာ သိချင်ပါတယ်။
အစိုးရထိန်းချုပ်ဒေသတွေ အများ စုမှာ ထောက်ပံ့ရေးလုပ်ငန်းက ပုံမှန် လည်ပတ်နေပါတယ်။ အစိုးရထိန်းချုပ် ဒေသမဟုတ်တဲ့ ဒေသတွေမှာတော့ အထောက်အပံ့တွေ ပိုမိုလိုအပ်နေတာ တွေ့ရပါတယ်။ UN ဦးဆောင်တဲ့ အရေးပေါ် ထောက်ပံ့ရေး လုပ်ငန်းစဉ် အရ ၂ဝ၁၂ ခုနှစ် ဇူလိုင်လမှာ စတင် ကတည်းက ဒေသတွင်း အဖွဲ့အစည်း တွေဟာ အထောက်အပံ့ ရယူပြီး ဆောင်ရွက်နိုင်ခဲ့ပါတယ်။ UN ဟာ ဒေသတွင်း အဖွဲ့အစည်းတွေနဲ့ လက် တွဲပြီး ဒီထောက်ပံ့ရေးလုပ်ငန်းစဉ်ကို ဆက်လက် လုပ်ဆောင်နေပါတယ်။
အကူအညီပေးရေး အဖွဲ့အစည်းတွေ ဒုက္ခသည်စခန်းတွေဆီရောက်ဖို့ ဘာတွေ က အဓိကအတားအဆီး ဖြစ်နေပါသလဲ။
အကူအညီပေးတဲ့ ပစ္စည်းတွေ အကုန်လုံးက ဒုက္ခသည်တွေဆီကို ရောက်ရဲ့လားဆိုတာ စဉ်းစားရမယ့် ကိစ္စရပ်တစ်ခုပါ။ မိုးရာသီရောက်ပြီမို့ဒုက္ခသည်တွေရဲ့ ပြန်လည် ထူထောင် ရေးအတွက် အကူအညီတွေ အရေး တကြီး လိုပါတယ်။ အထူးသဖြင့် အစိုး ရ ထိန်းချုပ်နယ်မြေမဟုတ်တဲ့နေရာမှာ ထောက်ပံ့ရေး ပစ္စည်းတွေ ရောက်ဖို့ သိပ်ကို အရေးကြီးပါတယ်။
UN အပါအဝင် တခြားအဖွဲ့အစည်းတွေရဲ့ အထောက်အပံ့အားလုံးက ဒုက္ခ သည်အားလုံးကို လွှမ်းခြုံရောက်ရှိပါသလား။ ဆိုလိုတာက အကူအညီ မရသေးတဲ့ ဒုက္ခသည်စခန်းတွေ ဘယ် လောက်အထိ ရှိနေပါသလဲ။
အစိုးရထိန်းချုပ် နယ်မြေနဲ့ အစိုးရ ထိန်းချုပ်နယ်မြေ မဟုတ်တဲ့ ဒေသနှစ်ခု ကြားမှာ အကူအညီပေးရေး လုပ်ဆောင် မှုတွေက ကွဲပြားခြားနားမှုတွေ ရှိပါ တယ်။ အစိုးရနယ်မြေမဟုတ်တဲ့ ဒေသ က ဒုက္ခသည် ငါးသောင်းကျော်အတွက် အကူအညီတွေ လိုအပ်နေပါတယ်။
အကူအညီမရသေးတဲ့ ဒုက္ခသည်တွေကို UN ကကူညီထောက်ပံ့မှု ဘာတွေဆက်လက် လုပ်ဆောင်သွားမလဲ သိလိုပါတယ်။
ဝေးကွာတဲ့ ခေါင်တဲ့ ဒေသတွင်း လူမှုအဖွဲ့အစည်းတွေတောင် မရောက် နိုင်တဲ့ နယ်စပ်ဒေသက ဒုက္ခသည်စခန်း တွေဟာ အကူအညီကို အကန့်အသတ် နဲ့ ရရှိပါတယ်။ တခြားနေရာတွေကတော့ အဲဒီဒေသတွေထက်စာရင် အကူအညီ ပိုရတယ်။ ကွာဟချက်တွေတော့ ရှိနေ ပါတယ်။ နယ်စပ်ဒေသက ဒုက္ခသည် တွေကတော့ ရေ၊ တစ်ကိုယ်ရေသန့်ရှင်း မှုဆိုင်ရာ ပစ္စည်းတွေ၊ ကျန်းမာရေး ဆိုင်ရာ အကာအကွယ်ပစ္စည်းတွေနဲ့ အခြေခံစောင့်ရှောက်မှုတွေ ရရှိမှုက အခြားစခန်းတွေထက် နည်းပါတယ်။ ကျွန်တော်တို့ကတော့ လိုအပ်တဲ့နေရာ အားလုံးမှာ အကူအညီပေးသွားဖို့ အဆင်သင့်ပါပဲ။
မိုးရာသီနဲ့အတူ နောက်ဆက်တွဲ ဖြစ် ပေါ်လာမယ့် ရောဂါတွေအတွက် ဒုက္ခ သည်စခန်းတွေမှာ UN အနေနဲ့ ဘယ် လို ကျန်းမာရေးကာကွယ်စောင့်ရှောက် မှုတွေ ပြုလုပ်ဖို့ ရှိပါသလဲ။
ကချင်ဒေသ ကူညီစောင့်ရှောက်ရေး အစီအစဉ် (မတ်လမှ ဒီဇင်ဘာ ၂ဝ၁၃ ခုနှစ်အထိ) အရ ကျန်းမာရေးဆိုင်ရာ အစီအစဉ်ကို ၂ဝ၁၃ ခုနှစ် မတ်လမှာ ပြန်လည် သုံးသပ်တယ်။ ဒီ အစီအစဉ်မှာ ဘာတွေပါမလဲဆိုတော့ ဒုက္ခသည်တွေကို စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်မှုနဲ့ ပညာပေးဖို့ အတွက် လုပ်အားပေးတွေကို သင်တန်း ပေးဖို့၊ ဒေသခံလုပ်အားပေးတွေရဲ့ အရည် အသွေးမြှင့်တင်ဖို့၊ ဆေးနဲ့ အခြားပစ္စည်း တွေ ထောက်ပံ့ပေးနိုင်ဖို့ ရောဂါဖြစ်နေ ရင် စောစီးစွာသိနိုင်ပြီး ကျန်းမာရေး စောင့်ရှောက်မှု ချက်ချင်းပေးနိုင်ဖို့ စတဲ့ အစီအစဉ်တွေ ပါဝင်ပါတယ်။
အိုးအိမ်တွေကို နှစ်နှစ်နီးပါး စွန့်ခွာပြီး ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြရတဲ့ ဒေသခံတွေရဲ့ စိတ်ခံစားချက်နဲ့ လိုအပ် မှုက ဘာတွေဖြစ်မလဲ။ UN က သီးခြား စစ်တမ်းကောက်ထားတာမျိုး ရှိပါသလား။
အတိုက်ခိုက်ခံရတဲ့ စိတ်ပိုင်းဆိုင် ရာ နာကျင်မှုခံစားရတဲ့သူတွေမှာ စိတ် ဓာတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ပိုဖြစ် ပါတယ်။ ကျွန်တော်တို့ဆီက ကျန်းမာရေး စောင့်ရှောက်မှု ကဏ္ဍကနေ ဒုက္ခသည် တွေကို စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်မှု၊ အားပေးမှုအစီအစဉ်တွေကို လာမယ့်လ တွေမှာ ပြုလုပ်ပေးသွားဖို့ရှိပါတယ်။
ဒုက္ခသည်တွေအတွက် အစိုးရဘက် ကရော၊ KIO ဘက်ကရော ဘာတွေ ဆောင်ရွက်ပေးဖို့လိုတယ်လို့ UN က သုံးသပ်မိပါသလဲ။
ဒုက္ခသည်တွေ အကုန်လုံးဆီကို ပြန်လည်ထူထောင်ရေး အကူအညီတွေ အတားအဆီးမရှိ ပုံမှန်ရောက်ရှိဖို့က အရေးကြီးတဲ့ကိစ္စရပ်တစ်ခု ဖြစ်ပါတယ်။ နှစ်ဖက်စလုံးက လူသားချင်း စာနာမှု ဆိုင်ရာ အကူအညီပေးသူတွေကို မတားဆီးဖို့၊ လုံခြုံရေးအတွက် အာမခံ ပေးဖို့ လိုပါတယ်။
မေဇင်ဝင်း တွေ့ဆုံမေးမြန်းသည်
Popular Myanmar News Journal

0 comments:
Post a Comment