Friday, June 7, 2013

Friday, June 7, 2013 လယ်ယာမြေ ဥပဒေနှင့်ပတ်သက်သော ဆွေးနွေးပွဲကျင်းပသည့် ခြံပိုင်ရှင်ကို အုပ်ချုပ်ရေးမှူးက တရားစွဲ


ရန်ကုန် ဇွန် - ၆ ။             ။လယ်ယာမြေ ဥပဒေနှင့်ပတ်သက်သည့် ဆွေးနွေး ပွဲပြုလုပ်မှုကို ခြံဝင်းအတွင်း   ပြု လုပ်ခွင့်ပေးခဲ့သည့် လယ်သမား တစ်ဦးကို မြို့နယ် အုပ်ချုပ်ရေးမှူး က တရားစွဲဆိုသည့်အပေါ် ဒေသခံ လယ်သမား၁၅ဝက ဆန္ဒထုတ် ဖော်ကန့်ကွက်မည်ဖြစ်ကြောင်း သိရသည်။

ပဲခူးတိုင်းအရှေ့ခြမ်း သဲကုန်း မြို့နယ် အုတ်ဖိုကျေးရွာအုပ်စု သင်တောကျေးရွာတွင် မေ ၁၉ နှင့် ၂ဝရက်က လယ်ယာမြေ ဥပဒေ၊ နည်းပဒေများ၏ဆိုလို ချက်များကို လယ်သမား ခေါင်း ဆောင် ဒေါ်နော်အုန်းလှအပါ အဝင် လယ်သမား ၁၅ဝခန့်က ယင်းရွာရှိ လယ်သမား ဦးဘိုလေး ၏ ခြံဝင်းအတွင်း ဆွေးနွေးပွဲ တစ်ခုကျင်းပခဲ့ရာမှ ဆွေးနွေး ပွဲ ကို လက်ခံကျင်းပသည့် ခြံပိုင်ရှင် ဦးဘိုလေးကို သဲကုန်းမြို့နယ် အုပ်ချုပ်ရေးမှူးက ကျေးရွာအုပ် ချုပ်ရေးဥပဒေ၂၁ကို ဖီဆန်သည့် အတွက် ပုဒ်မ၂၆အရ တရားစွဲ ခဲ့သဖြင့် ယခုကဲ့သို့ ဆန္ဒထုတ်ဖော် ကန့်ကွက်ရန် ဒေသခံလယ်သမား များက စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းဆန္ဒထုတ်ဖော်ပွဲတွင် တရားစွဲဆိုခံရသူ ဦးဘိုလေး၏ ရုံးချိန်းဖြစ်သည့် လာမည့် ဇွန် ၁၁ရက်တွင်  သဲကုန်းမြို့ပေါ်၌ နံနက် ၈နာရီမှ ၁၁နာရီအထိ ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။ ဒေသခံလယ်သမားဦးထိုက် ကြီးက ''မနေ့က (ဇွန် ၃ရက်)ဦးဘိုလေးကို သဲကုန်းမှာ ရုံးတင် တရားစွဲတယ်။ သင်တောရွာက လယ်သမား ၁ဝဝကျော်က သူ့ရဲ့ရုံး ထုတ်ပွဲကို လာပြီးအားပေးတယ်။ ဖမ်းရင် အကုန်လုံးကိုဖမ်းဖို့ ပြော ကြတယ်။ တရားသူကြီးက အာမခံ ယူဖို့ပြောပေမယ့် ဦးဘိုလေးက မယူတဲ့ အတွက် ဇွန် ၁၁ ရက်ကို ရုံးချိန်းရွှေ့လိုက်တယ်''ဟု ပြော သည်။

အဆိုပါဆန္ဒထုတ်ဖော်မှုကို သဲကုန်းမြို့နယ် ရဲတပ်ဖွဲ့မှူးထံ ကို ခွင့်ပြုမိန့်အတွက် စာတင် ထားပြီးဖြစ်ပြီး ခွင့်ပြုမိန့်မချပေး လျှင် လယ်သမားများအနေဖြင့် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ပွဲကို ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်ဇေယျ - Yangon Media Group

0 comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...