Thursday, June 6, 2013

ကွမ်းဈေး ထိုးကျ၍ ရွာလုံးကျွတ် အရှုံးပေါ် ရွှေဘို၊ ဇွန် ၎

Wednesday, June 5, 2013



စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘို မြို့နယ်တွင် ပြီးခဲ့သည့်နှစ်က ဈေးကောင်းရခဲ့၍ ကွမ်းကို ပိုမို စိုက်ပျိုးကြရာ ကွမ်းပေါ် ချိန်တွင် ဈေးအလွန်အမင်း ကျဆင်းနေမှု များကြောင့် ကွမ်းခြံ ပိုင်ရှင်များ ရွာလုံး ကျွတ်နီးပါး အရှုံးပေါ်လျက် ရှိကြောင်း အဆိုပါ ဒေသခံ ကွမ်းခြံ ပိုင်ရှင်များထံမှ စုံစမ်းသိရှိ ရသည်။

ပြီးခဲ့သည့်နှစ် အလားတူ ကာလအတွင်းက ကွမ်းတစ်ပိဿာလျှင် ၉၀၀၀ မှ ၁၀,၀၀၀ ကျပ်အထိ ရရှိခဲ့ပြီး ဈေးကျဆင်း သွားချိန်တွင်ပင် ကျပ် ၂၅၀၀ မှ ကျပ် ၃၀၀၀ ခန့် ဈေးပေါက်ကာ ဈေးကောင်း ရခဲ့သည့် အတွက် ယခုနှစ် ကွမ်းစိုက်ချိန်၌ ရွှေဘို မြို့နယ် နှမစာရစ် ကျေးရွာတွင် ရွာလုံးကျွတ် ကွမ်းစိုက်ပျိုးခဲ့ ကြကြောင်း၊ လက်ရှိကွမ်း တစ်ပိဿာ ဖောက်သည်ဈေး ၂၀၀ ကျပ်မှ ၃၀၀ ကျပ်အတွင်းသာ ပေါက်ဈေး ရှိ၍ ရွာလုံးကျွတ် အရှုံးပေါ်နေကြောင်း နှမစာရစ် ကျေးရွာရှိ ကွမ်းခြံပိုင်ရှင် ဒေါ်နက်ကြည်က ပြောကြားသည်။

ကွမ်းခြံ အလုပ်သမားတစ်ယောက်၏ တစ်ရက် လုပ်အားခသည် ၂၅၀၀ကျပ် မှ ၃၀၀၀ကျပ် ထိ ဈေးပေါက်သည့်အတွက် လုပ်အားခပင် အရှုံး ပေါ်လျက်ရှိပြီး လက်ရှိ ကွမ်းပေါက်ဈေးအရ ကွမ်းအပင် ၅၀၀ နှင့် အထက် ခြံတစ်ခြံအတွက် တစ်နှစ်လျှင် ကျပ်သိန်း ၂၀ မှ ၂၅ သိန်းခန့်ထိ လုပ်ငန်း အရှုံးပြ နိုင်သည်ဟု ရွှေဘိုမြို့နယ် နှမစာရစ် ကျေးရွာ ဒေသခံကွမ်းခြံ ပိုင်ရှင်များထံမှ စုံစမ်းသိရှိရသည်။
“ကွမ်းဈေး မကောင်းလို့ဆိုပြီး ပစ်ထားရင် နောက်နှစ် ကွမ်းပင်က ပျက်စီးသွားလို့ ဈေး မကောင်းလည်း ဂရုစိုက် ပြုစုနေရတယ်”ဟု ရွှေဘိုမြို့နယ် မြင်းစီးကျေးရွာရှိ ကွမ်းခြံ ပိုင်ရှင် ဦးဝေလွန်းက ဆိုသည်။

ရွှေဘိုမြို့နယ်တွင် ကွမ်းကို မြင်းစီး၊ ဇီးဖြူကုန်းနှင့် နှမစာရစ် ကျေးရွာများ၌ အများဆုံး စိုက်ပျိုးပြီး ပြီးခဲ့သည့်နှစ် ကွမ်းရာသီ မေနှင့် ဇွန်လဆန်း ပိုင်းခန့်တွင် ကွမ်းတစ်ပိဿာ အနိမ့်ဆုံး ဈေးသည် ကျပ် ၃၀၀၀ ခန့် အထိသာ ကျဆင်း ခဲ့သော်လည်း ယခုနှစ် အလားတူကာလတွင် ကွမ်း တစ်ပိဿာ ခြံဝယ်ဈေးသည် ကျပ် ၃၀၀ ခန့် အထိသို့ အဆမတန် ဈေး ကျဆင်းသွားခြင်း ဖြစ်ကြောင်း ရွှေဘိုမြို့ မြို့မဈေး တိုက်တန်းရှိ မြနန္ဒာကွမ်းနှင့် ကွမ်းယာ ပစ္စည်းဆိုင် လုပ်ငန်းရှင်က ပြောကြားသည်။

သုံးနှစ်လျှင် တစ်ကြိမ် ဈေးကောင်း ရတတ်ရာတွင် ပြီးခဲ့သည့်နှစ်က ဈေးကောင်း ရသည့်နှစ် ရောက်ခဲ့ခြင်းဖြစ် ကြောင်းနှင့် ယခုကဲ့သို့ ဈေးနှုန်းအထိ ကျဆင်းခဲ့ခြင်း မကြုံခဲ့ ဖူးကြောင်း ယင်း ဒေသခံများထံမှ သိရသည်။

The Voice Weekly

0 comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...