Sunday, June 2, 2013

အင်းတိုင်းရင်းသားတို့ရဲ့ မြေယာတိုက်ပွဲ

Sunday, June 2, 2013


တောင်ကြီးမြို့ ၂ ဇွန် ၂၀၁၃

ယနေနံနက်  ၇ နာရီအချိန်တွင် ရှမ်းပြည်နယ် အင်းလေးဒေသ ဟော်တယ်ဇုံ စီမံကိန်း နယ်မြေအတွင်း ကန်ဘဲ့ကျေးရွာ အင်ကြင်းကုန်းကျေးရွာ ဝက်သကင်ကျေးရွာ မှ တောင်သူ ၁၅၀ ဉီးခန့်သည် သိမ်းဆည်းထားသော စိုက်ပျိုးမြေများအတွင်း  ဝင်ရောက်ထွန်ယက် စိုက်ပျိုးခဲ့သည်။

သီးနှံလျော်ကြေး မယူသော တောင်သူများ အပါအဝင်ဒေသ ခံအင်းတိုင်းရင်းသားများ ပါဝင်ကြောင်း သိရသည်။

မိမိတို့အနေဖြင့် မိုးကျပြီ ဖြစ်သဖြင့် မိမိတို့ပိုင် ခြံမြေများတွင် ဝင်ရောက်စိုက်ပျိုးခြင်း ဖြစ်ကြောင်း စာသင်ကျောင်းများ ဖွင့်ပြီဖြစ်သဖြင့် သားသမီးများ အတွက် ကျောင်းစရိတ်ကို ခြံစိုက်ပျိုးမှ ရမည်ဖြစ်ကြောင်း ကန်ဘဲ့ကျေးရွာမှ ကိုခင်မောင်ဝင်းက ပြောသည်။

ပြည်နယ်အစိုးရနှင့် တွေ့ဆုံညှိနှိုင်းခွင့် တောင်းထားကြောင်း အခုလိုမြေယာ စိုက်ပျိုးမူ့များ ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ကိုသားကြီးကပြောသည်။

တောင်ကြီးခရိုင် အုပ်ချုပ်ရေးမှူးဉီးအောင်မြိုင်မှ စီမံကိန်းနယ်မြေ ဖြစ်သဖြင့် တရားဥပဒေ အတိုင်း ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း မီဒီယာများကို ပြောကြားခဲ့သည်။

ခရိုင်ရဲတပ်ဖွဲ့မူး ဦးကျော်အေး ဦးစီးသည့် ရဲတပ်ဖွဲ့ အင်အား၅၀ ခန့် လာရောက် စောင့်ကြည့်နေကြောင်း သိရသည်။
                 
သတင်း/ဓာတ်ပုံ  (ကိုမိုး  --မျိုးဆက်သစ်  (ရှမ်းပြည်)
သတင်း/ဓာတ်ပုံ  (ကိုမိုး  --မျိုးဆက်သစ်  (ရှမ်းပြည်) 

0 comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...