Thursday, July 11, 2013

Thursday, July 11, 2013 မုံရွာစီးပွားရေး တက္ကသိုလ်တွင် ကျောင်းသားအား ၀ိုင်းဝန်ရိုက်သတ် ခဲ့သော တရားခံတွေ ဖမ်းမိ


မုံရွာစီးပွားရေး တက္ကသိုလ် မှ တတိယနှစ်ကျောင်းသား မောင်အောင်ဝိုင်းချစ်သူ (၂၁) နှစ်အား ၀ိုင်းဝန်းပြီး ရက်စက်စွာ ရိုက်သတ်ခဲ့သော မုံရွာ စီးပွားရေး တက္ကသိုလ်မှ ကျောင်းသား ဖြစ်သူ ရှမ်းကြီး(ခ)ဇော်မိုးအောင် နှင့် စိုင်းရဲသူရ စာရင်းအင်း ဒုတိယနှစ် (ဘ) ဦးမြိုင်ဆွေ ဟိုပင်မြို့ နေသူ တို့ပါဝင်သော (၉)ဦးအား မုံရွာမြို့နယ်ရဲတပ်ဖွဲ့ မုံရွာအမှတ်(၁/၂)ရဲစခန်းတို့မှ ပူးပေါင်း၍ ဖော်ထုတ်အရေးယူဖမ်းဆီးလိုက်ပြီ ဖြစ်ကြောင်း မုံရွာစီးပွားရေး တက္ကသိုလ် အသိုင်းအ၀ိုင်း နှင့် ရဲတပ်ဖွဲ့ သတင်းများအရ သိရှိရကြောင်း Monywa Times သတင်းမှာ ဖော်ပြထားပါသည်။

မောင်အောင်ဝိုင်းချစ်သူ မှာ မုံရွာမြို့၊ သလ္လာမြို့သစ်ရ့ပ်ကွက်၊ ကျောက္ကာလမ်း၌ တည်ရှိသော ရွှေမင်းသမီး အမျိုးသမီး ဘော်ဒါဆောင်ရှေ့၌ ယခုလ ၂၅ ရက်နေ့ ည ၁၀ နာရီခွဲ အချိန်ခန့်က ဖြစ်ပွားခဲ့သော အမှောင်ရိပ်ခို လူရိုက်ပွဲကြီးတွင် သေဆုံးခဲ့ခြင်း ဖြစ်သည်။

သေဆုံးသူမှာ မုံရွာ စီးပွားရေ တက္ကသိုလ်ကျောင်း၌ စာရင်းအင်း ဘာသာရပ်အား ခုံအ မှတ် တစ/ ၁၇၇ ဖြင့် နောက်ဆုံးနှစ်တန်းခွဲတွင် ပညာသင်ယူနေသူ မောင်အောင်ဝိုင်းချစ်သူ အသက်(၂၁)နှစ်၊ (ဘ)ဦးဌေးဝင်း ဆိုသူဖြစ်ကြောင်း၊ ၎င်းမှာ အင်းတော်မြို့နယ်၊ မော်သစ်ကျေးရွာအုပ်စု၊ ရွာသာရွာမှ လာရောက် ပညာသင် ကြားနေသူ တစ်ဦးလည်း ဖြစ်ကြောင်း အဆိုပါ စီးပွားရေး တက္ကသိုလ် ကျောင်းသားမှတ်တမ်းထိန်း စာ ရင်းများက ဖော်ပြထားသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ မည်သူက ရိုက်နှက်သတ်ပုတ်ခဲ့သည်ကို စုံစမ်းဆောင်ရွက်နိုင်ရန်အ တွက် သေဆုံးသူ၏ သူငယ်ချင်းဖြစ်သူ မောင်ရန်ပိုင်ထွန်းမှ မုံရွာအမှတ်(၂) ရဲစခန်းသို့ တိုင်တန်းခဲ့ရာ ရဲစခန်းက (ပ) ၂၈၁/ ၂၀၁၃ ပြစ်မှုပူဒ်မ ၃၀၂ အရ အမှုဖွင့်လက္ခံခဲ့ပြီး အမှုအား ဆက်လက်ဆောင်ရွက်ခဲ့မှ တရားခံများအား ဖမ်းဆီးဖော်ထုတ် နိုင်ခဲ့ခြင်းဖြစ်သည်။
                    

0 comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...