Wednesday, July 10, 2013

Wednesday, July 10, 2013 ကလေးခရိုင် ရဲမှူးကြီးနှင့် မူးယစ်အရာရှိတို့ကို နေအိမ် အကျယ်ချုပ်ဖြင့် ထိန်းသိမ်း


ကလေးခရိုင် ရဲမှူးကြီးနှင့် ကလေး မူးယစ်ကြီးကြပ်မှု အရာရှိတို့ကို ယနေ့မှ စတင်ကာ နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းလိုက်ကြောင်း ၈၈ မျိုးဆက် (ကလေး) မှဦးအေးမြင့်က ပြောသည်။

ဒုတိယရဲချုပ် ဦးဆောင်သည့် တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင် ရွက်သည့် အဖွဲ့ ကလေးမြို့မှ ပြန်လည် ထွက်ခွာပြီး ၅ ရက်ကျော်အကြာ တွင် ထို သို့ဆောင်ရွက်ခြင်းဖြစ်ပြီး ယခင်က သီးသန့်နေရာတွင် စစ်ဆေးနေခြင်းကို အဆုံးသတ်လိုက်ခြင်းလည်း ဖြစ်သည် ဟု ၄င်းကပြောသည်။

ကလေးခရိုင် ရဲတပ်ဖွဲ့ရုံးမှ တာဝန် ရှိသူတစ်ဦးက ၄င်းတို့ကို အချုပ်ထဲသို့ ဇူလိုင်လ ၈ ရက်နေ့က ထည့်သွင်းလိုက် ပြီး ထိုနေ့ညနေပိုင်းတွင် ပြန် ထုတ်ပေး လိုက်ပြီဟု ပေါ်ပြူလာနယူးစ်သို့ ပြန် လည် ဖြေကြားသည်။

”အရပ်ဘက်တရားရုံးကတော့ ဒီ အမှုကို မကိုင်ဘူး။ ရဲဘက် တရားရုံးကပဲ ကိုင်မယ်။ ဒါကြောင့် သွင်းလိုက်၊ ထုတ် လိုက်လုပ်နေတာပေါ့” ဦးအေြး မင့် က ပြောသည်။ နယ်ထိန်း ဒုရဲအုပ်အဆင့်ရှိသူ တစ်ဦး၊ ခရိုင်ဒုစရိုက်နှိမ် နင်းရေး ရဲအုပ် တစ်ဦး၊တာဟန်းရဲစခန်းမှ ရဲအုပ်တစ်ဦး တို့ကို ဒုတိယရဲ ချုပ်ဦးစီးသည့်အဖွဲ့ စတင် စစ် ဆေးစဉ်မှာပင် အချုပ်ထဲထည့်ထားခဲ့ သည်ဟု ၄င်းက ဆက်ပြောသည်။

”တရားမဝင် ကားတွေ စီးနေတာ၊ ငွေဖောဖောသီသီ သုံးနေတာလောက်ပါ ပဲ။ လက်နက်တို့၊ မူးယစ်တို့နဲ့တိုက်ရိုက် မသက်ဆိုင်လောက်ဘူးထင် တယ်။ အ ဆင့်မြင့်ရဲအရာရှိတွေကတော့ အုပ်ချုပ်မှု ညံ့ဖျင်းမှုလောက်နဲ့ ပဲ ပြစ်ဒဏ်ကျခံရနိုင်မယ်လို့သိထားပါတယ်။ အခု ဒုရဲချုပ်အဖွဲ့ ကစစ်ချက်ေ တွကိုယူသွားကြပြီ။ ဟိုကပဲ အမိန့်ချပါလိမ့်မယ်။ ဥပဒေအရ ဒီလိုပဲ ဖြစ်လိမ့်မယ်”ဟု ဥပဒေအရာရှိဟောင်း လည်းဖြစ်သည့် ဦးအေးမြင့်က ဆက်ြေ ပာ သည်။ ယင်းကိစ္စနှင့် ပတ်သက်၍ ရဲဌာန ချုပ်မှ ရဲမှူးကြီး ဝင်းခေါင်က ၄င်းတို့ အနေဖြင့် ထုတ်ပြန်မှုကို ယခုအချိန်တွင် မပြောနိုင်သေးကြောင်း၊ သို့သော် နောင် တွင် ထုတ်ပြန်ပေးရန် ရှိပါကြောင်း၊ အ ဘယ်ကြောင့်ဆိုသော် စစ်ဆေးဆဲသာ ရှိသည့်အတွက် ဖြစ်ကြောင်း ပြောသည်။

မင်းသုအောင်

Popular Myanmar News Journal

0 comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...