Sunday, July 28, 2013

unday, July 28, 2013 မန္တလေးတွင် တရားမ၀င်အနှိပ်ခန်းများ ဖမ်းဆီစစ်ဆေးခြင်းများဖြစ်ပွား


             

နေပြည်တော်၊ ဇူလိုင် ၂၈

၂၆-၇-၂၀၁၃ ရက်နေ့ ၁၆၀၀ အချိန် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ခ)ရပ်ကွက်၊ ပျူစောထီးလမ်း၊ (၇၁x၇၂)လမ်းကြား၊ သ-၃/၂ ရှိ ““ထူးစတား”” Beauty Sloon ဆိုင်သို့ မန္တလေးခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှတပ်ဖွဲ့ဝင်များ၊ ပြည်ကြီးတံခွန်မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေများနှင့်အတူ ၀င်ရောက်စစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးရာ မန်နေဂျာ အောင်ဝင်း(၂၅)နှစ် ဦးစီးပြီး မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ အုတ်တံတားရွာနေ မဇင်ဇင်(၂၀)နှစ်ပါ အမျိုးသမီး ၉ ဦးနှင့်အတူ တရားမ၀င် အနှိပ်ခန်းလုပ်ကိုင်နေစဉ် ဖမ်းဆီးရမိသဖြင့် အောင်ဝင်းပါ ၁၀ ဦးအား ပြည်ကြီးတံခွန် မြို့မရဲခစန်း မှုသေးအမှတ် ၁၁/၂၀၁၃၊ ပြစ်မှုပုဒ်မ ၁၈၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရှိရသည်။

အလားတူ ၂၇-၇-၂၀၁၃ ရက်နေ့ ၁၃၄၅ အချိန် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၁၀)၊ ကားကြီးကွင်း၊ တိုက်တန်းအမှတ်(၂၀)တွင် တရားမ၀င်အနှိပ်ခန်းပြုလုပ်နေကြောင်း သတင်းအရ မန္တလေးတိုင်းရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ၀န်ထမ်းများပါဝင်သည့်အဖွဲ့မှ သွားရောက်စစ်ဆေးခဲ့သည်။

 ထိုသို့စစ်ဆေးရာ အနှိပ်ခန်းဦးစီးလုပ်ကိုင်သူ မစန်းစန်းကြည်(၄၁)နှစ်နှင့် သရက်မြို့၊ လှည်းတန်းရပ်နေ မဂျူးလိုင်မိုး(ခ)ချယ်ရီအောင်(၂၅)နှစ်ပါ ၆ ဦး၊ စုစုပေါင်း (၇) ဦးတို့အား အနှိပ်ခန်းပြုလုပ်ရာတွင် အသုံးပြုသည့်ပစ်္စည်းများ၊ ငွေကျပ် (၁၁၀၀၀၀ိ/-) နှင့်အတူ တွေ့ရှိဖမ်းဆီးရမိသဖြင့် မစန်းစန်းကြည်ပါ (၇) ဦးအား ပြင်ဦးလွင်မြို့မရဲစခန်း မှုသေးအမှတ် ၈/၂၀၁၃၊ ပြစ်မှုပုဒ်မ ၁၈၈ ဖြင့်အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည် 

0 comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...