Thursday, July 25, 2013

မြင်လွှာ ပျက်စီးမှုကို ကုသနိုင်မည့် မြင်းကြားငါး၏ ပင်မဆဲလ်


                           

                 မြင်လွှာ ပျက်စီးမှုကို ကုသနိုင်မည့် မြင်းကြားငါး၏ ပင်မဆဲလ်
မြင်းကြားငါး (Zebra fish) မှရရှိသော ပင်မဆဲလ်ကို မြင်လွှာ retina ပျက်စီး မှုတွင်
အသုံးပြု နိုင်ပြီး လူသားများ၏ အမြင်အာရုံကို ကာကွယ် နိုင်ကြောင်း သုတေသန တစ်ရပ်တွင် ဖော်ပြ ထားသည်။
မြင်လွှာတွင် ရှိသော သစ်တုံးပုံ ဆဲလ်(rods)နှင့် ကန်တော့ပုံ ဆဲလ်(cone) တို့သည် အမြင် အာရုံခံ receptor များ အတွက် အရေးပါသော ဆဲလ်များ ဖြစ်သည်။ rodsသည် ညဘက် အမြင် အာရုံကို ထောက်ပံ့ ပေးနိုင်ပြီး နေ့ဘက် အချိန်တွင် လောကကြီးကို မြင်တွေ့ နိုင်စေရန် coneက ကူညီ ပေးပါသည်။ University of Alberta မှ သုတေသီ Dr.Ted Allisonက အဆိုပါ ဆဲလ်များ ပျက်စီးပါက မြင်လွှာ ပျက်စီးမှု အပြင် အမြင် အာရုံကိုပါ ဆုံးရှုံး နိုင်ကြောင်း၊ ယခု လေ့လာမှုတွင် ပင်မဆဲလ်ကို အသုံးပြုပြီး ကုသမှုမှာ ကန်တော့ပုံ ဆဲလ် (cone)ကို အစားထိုးရန် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။
ယခု သုတေသနသည် လူသားများ၏ အမြင်အာရုံနှင့် ဆိုင်သဖြင့် အရေးပါသော တွေ့ရှိမှု တစ်ရပ် ဖြစ်ကြောင်း၊ အမြင်အာရုံခံ receptor များကို ကုသရာတွင် coneများ ပျက်စီးနေမှုကို ကုသပေး နိုင်ရန် အရေးကြီးကြောင်း သိရသည်။ နေ့ဖက် အမြင်အာရုံကို ကူညီပေးသော အမြင် အာရုံခံ ဆဲလ်ဖြစ်နေခြင်း ကြောင့်ပင် ဖြစ်သည်။
သုတေသီ များသည် မြင်းကြားငါး (Zebra fish)မှ ရရှိသော ပင်မဆဲလ် အစိတ် အပိုင်းများက ပျက်စီးနေသော ကန်တော့ပုံ ဆဲလ်များ၏ မူလ တာဝန် ထမ်းဆောင် နိုင်စေရန် အသုံးပြု နိုင်သည်ကို တွေ့ရှိခဲ့ကြောင်း၊ ယခု အချက်သည် မျိုးဗီဇ ဆိုင်ရာ အချက် ပေါ်တွင် အခြေခံပြီး တွေ့ရသော ရလဒ် ဖြစ်ကြောင်း၊ မိမိတို့ အဖွဲ့သည် မြင်းကြားငါး၏ ပင်မဆဲလ်က ညဘက် အလင်းရောင်ကို အာရုံခံ နိုင်သော rods များတွင်လည်း အဆိုပါ အာနိသင်ရှိ မရှိကို ဆက်လက် လေ့လာ နေကြောင်း ရှင်းပြ ထားသည်။
ယခု လေ့လာမှုကို Journal Public Library of Science ONE တွင်ဖော်ပြထားခြင်း ဖြစ်သည်။
သက်နှင်း

0 comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...