Sunday, July 28, 2013

Sunday, July 28, 2013 မူးယစ်ဆေးဝါးတွေ မြစ်ကြီးနားမှာ ဆက်တိုက်ဖမ်းမိ ခြင်း


            

၂၇-၇-၂၀၁၃ ရက်နေ့  ၁၂၀၀ အချိန်တွင် မြစ်ကြီးနား မူးယစ်(အထူး)အဖွဲ့ မှ တပ်ဖွဲ့ဝင်များသည် သက်သေ များနှင့်အတူ မူးယစ်ဆေးဝါး သတင်းအရ ၀ိုင်းမော်မြို့နယ်၊ ၀ါရှောင်ကျေးရွာ၊ ရပ်ကွက်(၁)နေ မအေးချို(ခ)မချို ၏ နေအိမ်အား ၀င်ရောက် စစ်ဆေးရှာဖွေရာ မအေးချို(ခ)မချိုနှင့် အတူ မူးယစ်ဆေးဝါး သုံးစွဲရန် ရောက်ရှိနေသူ ငွားဆာ(ကျား)တို့နှစ်ဦးအား တွေ့ ရှိရပြီး ငွားဆာဝတ်ဆင်ထားသော ရှပ်အင်္ကျီ အိတ်ကပ် အတွင်း ပလပ်စတစ်ဗူးငယ်ဖြင့် ထည့်လျက် ဘိန်းဖြူမှုန့် အလေးချိန်(၀.၃၅)ဂရမ်ခန့် (ကာလတန်ဖိုး နှစ်သောင်း ရှစ်ထောင်ကျပ်တိတိ)နှင့် ငွေ(၃)သိန်းကျပ်အား ရှာဖွေတွေ
့ရှိသဖြင့် စစ်မေးရာ အိမ်ရှင် မအေးချို(ခ) မချိုထံမှ ၀ယ်ယူထားခြင်း ဖြစ်ကြောင်း ထွက်ဆိုခဲ့သဖြင့်
ဝိုင်းမော်ရဲစခန်း  မယ(ပ) ၂၀၄/၂၀၁၃၊ မူးစိတ်ပုဒ်မ ၁၅/၁၆(ဂ)/၂၀(က)/၂၁ အရ အမှုဖွင့် အရေးယူဆောင်ရွက်ခဲ့ပါသည်။

၁၂၁၅ အချိန် အိမ်ရှင် ဒေါ်အေးချို(ခ)မချို၏ နေအိမ်အား ဆက်လက်ရှာဖွေရာ နေအိမ်အိပ်ခန်းကုတင်ဘေး တမံတလင်းပေါ်မှ ပလပ်စတစ်ဗူးငယ်ဖြင့်ထည့်ထားသော ဘိန်းဖြူမှုန့်အလေးချိန်(၀.၃)ဂရမ်ခန့် (ကာလတန်ဖိုး နှစ်သောင်း လေးထောင်ကျပ်တိတိ)နှင့် မူးယစ်ဆေးဝါး ရောင်းချရငွ(၂)သောင်း(၅)ထောင် ကျပ်အား ရှာဖွေတွေ့ ရှိသဖြင့် ၀ိုင်းမော်ရဲစခန်း  မယ(ပ)၂၀၅/၂၀၁၃၊
မူးစိတ်ပုဒ်မ ၁၅/၁၆(ဂ)/၂၀(က)/၂၁ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်ခဲ့ပါသည်။

အလားတူ ၂၇-၇-၂၀၁၃ ရက်နေ့  ၁၁၃၀ အချိန်တွင် မြစ်ကြီးနား မူးယစ်(အထူး)အဖွဲ့ မှ တပ်ဖွဲ့ဝင်များသည် သက်သေ များနှင့်အတူ မူးယစ်ဆေးဝါးများ ရောင်းချရန် သယ်ဆောင်လာမည်ဖြစ်ကြောင်း ကြိုတင်သတင်း ရရှိထားဖြင့် ၀ိုင်းမော် - မြစ်ကြီးနား သွားကားလမ်းပေါ်ရှိ ဗလမင်းထင်တံတားအနီးတွင် စောင့်ဆိုင်းနေစဉ် ၀ိုင်းမော်ဘက်မှ မြစ်ကြီးနားဘက်သို့  KENBO 125  အမျိုးအစား အနက်ရောင် မော်တော် ဆိုင်ကယ်အား စီးနင်းရောက်ရှိလာသူ မရွန်ဆိုင်း အား  ရပ်တန့် စစ်ဆေးရှာဖွေခဲ့ရာ မရွယ်ဆိုင်း၏ ၀ဲဘက်ပေါင်တွင် အ၀ါရောင်တိတ်ဖြင့်ပတ်လျက် သယ်ဆောင်လာသော Love is Flower စာတမ်းပါ ပန်းရောင် ဆပ်ပြာ ခွက်အတွင်း ပလပ်စတစ် အကြည်အိတ်ဖြင့်ထည့်လျက် ဘိန်းဖြူမှုန့်အလေးချိန်(၁၂.၅)ဂရမ်ခန့်ပါ(၁)ခွက်၊ (ကာလတန်ဖိုး  ဆယ်သိန်းကျပ်တိတိ)အား ရှာဖွေတွေ့ ရှိသဖြင့် ကွင်းဆက် ဖော်ထုတ်ချက်အရ ၀ိုင်းမော် မြို့ နယ်၊ ၀ါရှောင်ကျေးရွာ၊ ရပ်ကွက်(၁)နေ ဒေါ်မာတောင်(ခ)ဒေါ်နန်လတ်ထံမှ ၀ယ်ယူခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသဖြင့် ဆက်လက်ရှာဖွေရာ ဒေါ်နန်လတ်အား မူးယစ်ဆေးဝါးရောင်းချရငွေ (၄၅၀၀၀ိ/-)ဖြင့် ဖမ်းဆီး ရမိသဖြင့် ၀ိုင်းမော်ရဲစခန်းမယ(ပ)၂၀၃/၂၀၁၃၊
မူးစိတ်ပုဒ်မ ၁၅/၁၉(က)/၂၀(က)/၂၁ အရ အမှုဖွင့် အရေးယူဆောင်ရွက်ခဲ့ ပါသည်။

အလားတူ ၂၇-၇-၂၀၁၃ ရက်နေ့ ၁၀၃၀ အချိန်တွင် မြစ်ကြီးနား မူးယစ်(အထူး)အဖွဲ့ မှ တပ်ဖွဲ့ဝင်များသည် သက်သေ များနှင့်အတူ မူးယစ်ဆေးဝါးများ ရောင်းချရန် သယ်ဆောင်လာမည်ဖြစ်ကြောင်း ကြိုတင်သတင်း ရရှိထားဖြင့် ၀ိုင်းမော်မြို့ နယ်၊ ဗလမင်းထင်တံတားအနီးရှိ ပူးပေါင်းစစ်ဆေးရေး စခန်းတွင် စစ်ဆေး ရှာဖွေစဉ် ၀ိုင်းမော်ဘက်မှ မြစ်ကြီးနားဘက်သို့  မောင်းနှင်လာသော TOYOTA
HILUX အမျိုးအစား အစိမ်းပုပ်ရောင် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေခဲ့ရာ ယာဉ်နောက်ခန်းတွင် ၀ူယန်ကျေးရွာမှ မြစ်ကြီးနားဘက်သို့ခရီးကြုံလိုက်ပါ စီးနင်းခဲ့သော ဒေါ်လွမ်းနန်း နှင့်
သမီးဖြစ်သူ မတိန်မျှော် တို့ နှစ်ဦး ပိုင်ဆိုင်သယ်ဆောင်လာသော ကြိမ်ဆွဲခြင်း အတွင်းတွင် ကြက်မောက်သီးများဖြင့် လျှို့ ဝှက်ဖုံးအုပ် ထားသည့် Love is Flower စာတမ်းပါ ပန်းရောင်ဆပ်ပြာခွက်များဖြင့်ထည့်လျက် ဘိန်းဖြူမှုန့် အလေးချိန်(၁၂)ဂရမ်ခန့် စီပါ (၂)ခွက်(ကာလတန်ဖိုး
တစ်ဆယ့်ကိုးသိန်းနှစ်သောင်း ကျပ်တိတိ)၊ WY စာတမ်းပါ ပန်းရောင်စိတ်ကြွ ရူးသွပ်ဆေးပြား (၇၉၃)ပြား၊(ကာလတန်ဖိုး နှစ်ဆယ့်သုံးသိန်း ခုနှစ်သောင်းကိုးထောင်ကျပ်တိတိ) နှင့် မူးယစ်ဆေးဝါး ရောင်းချရငွေ(တစိသိန်း နှစ်သောင်းကျပ်တိတိ) တို့အား ရှာဖွေတွေ့ ရှိသဖြင့် ၀ိုင်းမော်ရဲစခန်းမယ(ပ)၂၀၂/၂၀၁၃၊ မူးစိတ်ပုဒ်မ ၁၅/၁၉(က)/၂၀(က)/၂၁ အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ခဲ့ပါသည်။

by Myanmar News Now

0 comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...