Wednesday, March 27, 2013

၆၈ နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ NLD ကျင်းပ Posted: 27 Mar 2013 04:12 AM PDT

မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိခဲ့တာဟာ ပြည်သူနဲ့တပ်မတော် လက်တွဲကြိုးပမ်းခဲ့ကြလို့ဖြစ်

သလို ဒီမိုကရေစီရရှိရေးအတွက် ပြည်သူနဲ့အတူ တပ်မတော်ပူးပေါင်းပါဝင်ဖို့ လိုအပ်ကြောင်း NLD ပါတီက ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ဒီကနေ့ကျရောက်တဲ့ ၆၈ နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ အခမ်းအနား NLD ရန်ကုန်ရုံးချုပ်မှာ ကျင်းပရာမှာ အခုလိုထုတ်ပြန်လိုက်တာပါ။ ဒါ့အပြင် တရားဥပဒေစိုးမိုးရေး ၊ ပြည်တွင်းငြိမ်းချမ်းရေးရရှိရေးနဲ့ ပြည်သူအတွက် အကျိုးမပြုတဲ့ အချက်တွေပါဝင်တဲ့၂ဝဝ၈ ဖွဲ့စည်းပုံပြင်ဆင်ရေးတွေမှာ ဂုဏ်သိက္ခာပြည့်ဝတဲ့ တပ်မတော်တစ်ရပ်အနေနဲ့ ပါဝင်ဖို့လိုအပ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့ NLD ပါတီရဲ့ကြေညာချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။

 NLD နာယက ဦးတင်ဦးက ဖက်ဆစ်တော်လှန်ရေးကာလက စစ်တပ်မှာ ကိုယ်တိုင်ပါဝင်တိုက်ပွဲဝင်ခဲ့တာတွေကို သမိုင်းနဲ့နှိုင်းယှဉ်ပြီး ဟောပြောခဲ့ပါတယ်။ ဒီကနေ့ ပြုလုပ်တဲ့အခမ်းအနားကို NLD အဖွဲ့ချုပ်က နာယက ဦးတင်ဦး၊ ဦးဝင်းတင်တို့နဲ့အတူNLD ပါတီဝင်တွေ၊ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီး ၊ မနီလာသိန်း စတဲ့ပုဂ္ဂိုလ်တွေ၊ နိုင်ငံရေးပါတီတစ်ချို့က တာဝန်ရှိသူတွေနဲ့ နိုင်ငံတကာသံရုံးများက သံအရာရှိတွေ တက်ရောက်ကြပါတယ်။ ၈၈ မျိုးဆက်အဖွဲ့က ဒီကနေ့ NLD မှာပြုလုပ်တဲ့ ၆၈ နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ သဝဏ်လွှာပေးပို့ခဲ့ပါတယ်။

RFA Burmese

photo: RFA/ Thiha Tun

0 comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...