Saturday, March 16, 2013

ကြုံရဆုံ ရ ကွန်ပျူတာ

လတ်တလော Hardware အသစ်တွေ တပ်ဆင်တာရှိပါသလား သင့်ကွန်ပျုတာကိုဖွင့်လိုက်တဲ့အခါ ချက်ချင်း reboots လုပ်သွားတယ်ဆိုရင် များသောအားဖြင့် Hardware ပြသနာတွေကြောင့်ဖြစ်နိုင်ပါတယ်။ ဒါကြောင့် မကြာသေးမီက hardware အသစ်တွေ တပ်ဆင်လိုက်သေးလားဆိုတာ စဉ်းစားရမှာပါ။ ဥပမာ-storage devices တို့၊ processorတို့၊ memory card တို့ပေါ့။သင်ဟာ သူတို့ရဲ့  instruction အတိုင်းမှန်ကန်စွာ တပ်ဆင်ခဲ့ပါသလားဆိုတာကို ပြန်လည်စစ်ဆေးဖို့ လိုအပ်ပါတယ်။  နောက်ပြီးတော့ အသစ်တပ်ဆင်လိုက်တဲ့ component ဟာ သင့်system နဲ့ match ဖြစ်ရဲ့လားဆိုတာကိုလည်း ပြန်လည်ဆန်းစစ်ဖို့ လိုအပ်ပါမယ်။ သင့်ကွန်ပျူတာကနေ သတိပေးချက်လိုမျိုး message တွေ ပေါ်လာတဲ့အခါ သေသေချာချာဖတ်ရှုရမှာဖြစ်ပါတယ်။ Cable တွေစစ်မယ် ရှေးဦးစွာ သင်လုပ်ဆောင်ရမှာကတော့ သင့်စက်ကို ပိတ်ထားဖို့ပါပဲ။ ပြီးရင် သင့်ရဲ့  System ပုံးကို ဖွင့်ပြီး memory card ကို သေချာစွာစစ်ဆေးရပါမယ်။ မြဲမြံစွာ အံဝင်ခွင်ကျရှိရဲ့လားဆိုတာ စစ်ဆေးပြီး သေချာတပ်ဆင်ရမယ်။ အလားတူစွာပဲ Hard drive နဲ့ SSD တွေမှာ တပ်ဆင်ထားတဲ့ cable တွေဖြစ်တဲ့ data cable ရော၊ power cable တွေကိုရော မြဲမြံစွာရှိရဲ့လားဆိုတာကို စစ်ဆေးပြီး ခိုင်မြဲအောင်လုပ်ဖို့ လိုအပ်ပါတယ်။  ထို့အတူ processor ရဲ့ heatsink တပ်ဆင်ထား၊ မထားစစ်ပြီး မြဲမြံစွာရှိ၊ မရှိ စစ်ရမယ်။ Graphic ကတ်ဟာ Slot ထဲမှာ အပြည့်စိုက်ထား၊ မထား စစ်ရမယ်။ ပြီးတော့ power supply နဲ့ ချိတ်ထားတဲ့ external ports တွေအားလုံး သေချာစွာတပ်ထားလား၊ မတပ်ထားဘူးလား စစ်ရမယ်။ မားသားဘုတ်မှာရှိသမျှ ports တွေအားလုံး ချိတ်ထား၊ မထား စစ်ရမှာဖြစ်ပါတယ်။ မားသားဘုတ်တော်တော်များများဟာ 24 pin power connector ကို ဘုတ်ရဲ့ညာဘက်ခြမ်းမှာရှိပြီး ဘုတ်ရဲ့အပေါ်ဘက်မှာတော့ 4 pin (သို့မဟုတ်) 8 pin power connection ရှိပါတယ်။ BIOS BIOS (Basic Imput/Output System) ရဲ့ setting ကြောင့်လည်း ဖြစ်နိုင်လို့ BIOS ကို resetting လုပ်ဖို့ လိုအပ်ပါမယ်။ *သင့်ကွန်ပျူတာကို restart ချလိုက်ပြီး BIOS ထဲဝင်မယ့် Key ကို နှိပ်ပါ။ အဲ့ဒီကီးက ကွန်ပျူတာအမျိုးအစားအလိုက်ကွဲပြားမှာဖြစ်ပြီး များသောအားဖြင့်တော့ DELETE, ESC, F1, F2 များပဲဖြစ်ပါတယ်။ *BIOS ထဲရောက်သွားရင် BIOS Setup Utility ရဲ့ Optimized Defaults ကို ရွေးချယ်ကာ Setting ကို Save လုပ်ပြီး restart ပြန်လုပ်ရမှာပါ။ *အဲဒါမှမရသေးရင် BIOS ထဲ ထပ်ဝင်ပြီး Fail-Safe Defaults ကို ရွေးပါ။ restart ပြန်လုပ်ပါ။ *တကယ်လို့များ BIOS ကိုတောင် access လုပ်လို့မရဘူးဆိုရင် သင့်ရဲ့ CMOS (Complementary Metaloxide Semiconsuctor) ကို reset လုပ်ရပါလိမ့်မယ်။ အဲဒီလို reset လုပ်ဖို့အတွက်ကနော့ သင့်ကွန်ပျူတာ manual ထဲမှာဖတ်ရှုဖို့ လိုအပ်ပါတယ်။ မားသားဘုတ်ပေါ်မှာရှိတဲ့ ပင် 3 ပင်ပါရှိတဲ့ CMOS jumper ကို စာအုပ်မှာ ညွှန်ကြားထားတဲ့အတိုင်း ပြောင်းလဲတပ်ဆင်ကာ reset လုပ်ရပါမယ်။ ၁၀ စက္ကန့်လောက်စောင့်ဆိုင်းပြီး jumper ကို နဂိုအတိုင်းပြန်ထားကာ restart ပြန်လုပ်ရပါမယ်။ The Safe Mode or System Restore Options နောက်တစ်နည်းကတော့ သင့်ရဲ့ကွန်ပျူတာကို restart ချပြီး F8 ကိုနှိပ်ကာ Safe Mode နဲ့ ဝင်ပါ။ သင့်ရဲ့ကွန်ပျူတာက Safe Mode နဲ့ boot တက်သွားရင် သင့်ရဲ့ ပြဿနာအဆင်ပြေသွားပြီး normal အတိုင်းပြန်ဝင်ကြည့်ရမှာပါ။ တကယ်လို့များ ပြဿနာရှိနေသေးရင် System Restore နဲ့ try ကြည့်ရမှာပါ။ ဒါကြောင့် Safe Mode နဲ့ ထပ်ဝင်လိုက်ပါ။ ဝင်ပြီးသွားရင် Start > System Restore ရွေးပြီး enter ခေါက်လိုက်ပါ။ သင့်ကွန်ပျူတာ ဘယ်အချိန်ကစပြီး ပြဿနာ တက်သလဲ ပြန်စဉ်းစားပါ။ သင့်ကွန်ပျူတာကောင်းနေတဲ့အချိန်လောက်ကို Restore Point ထားပြီး Restore ပြန်လုပ်ရမှာပါ။      ယခုဖော်ပြခဲ့သည်များကတော့ Common ဖြစ်တဲ့ပြဿနာများ အတွက်ဖြစ်ပြီး ယခုနည်းလမ်းများနဲ

0 comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...