Wednesday, March 13, 2013

မော်စီတုန်း( ကမ္ဘာစစ်ခေါင်းဆောင်ကြီးများ )

မော်စီတုန်း(Mao_Tse_Tung or Mao Zedong )သည်ကမ္ဘာ.လူဦးရေးများဆုံးနိုင်ငံ၏ ၂၂ နှစ်ကြာ လက်နက်ကိုင်တိုက်ခိုက်မူကိုအောင်မြင်ကာ နောက်ထပ်၂၆ နှစ်ကြာထိုနိုင်ငံကို အုပ်ချုပ်ခဲ့သည့်ပြောက်ကျားခေါင်းဆောင်ဖြစ်သည်။သူသည်ဆွန်ဇု၏ စစ်စာပေကိုဖတ်ရူလေ့လာပြီး ကိုယ်ပိုင်စစ်ရေးအတွေးခေါ်များကိုဖော်ထုတ်ခဲ့သည်။ကမ္ဘာပေါ်ရှိအချို.တော်လုန်ရေးခေါင်းဆောင်များသည်သူ၏
သဘောတရားများကို ခံယူကျင့်သုံးကြသည်။၁၉၈၃ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်တွင် ဟူနန်ပြည်နယ် (shao_shan)ကျေးရွာတွင် မွေးဖွားခဲ.သည်။သူမိဘများမှာ အတန်အသင့်ချောင်လည်သောလူလတ်တန်းစားလယ်သမားများဖြစ်ကြသည်။သူကိုပညာကောင်းစွာသင်ကြားပေးနိုင်ကြသည်။
သူသည်ဂျော့ဝါရှင်တန်/နပိုလီယံ နှင့် ဆွန်ဇုတို.၏ဘ၀နှင့် ထူးချွှန်သောလုပ်ဆောင်ချက်များကိုလေ့လာခဲ့သည်။နောက်ဆုံးမင်းဆက်ကိုဖြုတ်ချကာ တရုပ်သမ္မနိုင်ငံထူထောင်ရန်ကြိုးပမ်းတော်လှန်ရေးတွင်မော်သည် သာမန်တပ်သားအဖြစ်ပါဝင်ခဲ့သည်။၁၉၁၈ခုနှစ်အတွင်းပီကင်းတက္ကသိုလ်တွင် လက်ထောက်စာကြည့်တိုက်မူးအဖြစ်ဝင်လုပ်ခဲ့ရာစာပေများစွာဖတ်ရူခွင့်ရရှိလေသည်။သူဖတ်ရူခဲ့သောစာအုပ်များအနက်မတ်စ် နှင့်အိန်ဂျယ် တို့၏သဘောတရားကိုအကြိမ်ကြိမ်လေ့လာခဲ့သည်။သူခေါင်းထဲတွင်ကွန်မြူနစ်အတွေးခေါ်သည်ခိုင်မြဲစွာအမြစ်တွယ်လာခဲ့သည်။

0 comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...