Monday, March 4, 2013

ဆာ ဂျွန်မိုး ( ကမ္ဘာစစ်ခေါင်းဆောင်ကြီးများ)

ဆာဂျွန်မိုး သည်နာမည်ကျော် ကော်ရွန်နာခွာစစ်ကို ခေါင်းဆောင်ခဲ့သည်။ ကော်ရွန်နာတွင် ခံစစ်မှ တစ်ဆင့်ပြင်သစ်တပ်ကို အနိုင်တိုက်ပြခဲ့သူဖြစ်သည်။သူမရှိရင် ကျွန်ုပ်  တို.အောင်ပွဲခံနိုင်လိမ့်မည်မဟုတ်ပါဟု ပင်နင်ဆူလာစစ်ပွဲနှင့် ပတ်သက် သောကြောင့် ၀ယ်လင်တန်မြို.စားကြီးက  မိုး ကိုချီးမွှမ်းခဲ.လေသည်။ မိုးကို ၁၇၆၁ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်တွင်အင်္ဂလန်နိုင်ငံ ဂလပ်စ်ဂို တွင်မွှေးဖွား ခဲ.သည်။ သူ.ဖခင်မှာဆရာဝန်တစ်ယောက်ဖြစ်သည်။ သို.သော် အာချဲမြိုစားက သူကိုမွှေးစားခဲ့သည်။ သူသည် ၁၇၇၆ ခုနှစ် တွင် အမှတ် (၅၁) ခြေလျင်တပ်ရင်းတွင် အရာရှိကလေးဖြစ်လာသည်။၁၇၇၉ခုနှစ်မှ ၁၇၈၃ ခုနှစ်အတွင်း တွင် အမေရိကန်တော်လှန်ရေးစစ်ပွဲ တွင် သူပါဝင်တိုက်ခိုက်ခဲ့သည်။ ၁၇၈၄ ခုနှစ် မှ ၁၇၉၀ ပြည်.နှစ်အတွင်းတွင်ပါလီမန်လွှတ်တော်အမတ်အဖြစ် ထမ်းဆောင်ခဲ့သည်။၁၇၉၀ ပြည်.နှစ်မှာပင် အမှတ်(၅၁) တပ်ရင်းမူးတာဝန် လက်ခံခဲ.သည်။နောက်သုံးနှစ် အကြာတွင်ပြင်သစ်သမ္မတနိုင်ငံသစ်နှင့် စစ်ဖြစ်ရာတွင် သူ.တပ်ရင်းစစ်မြေထွက်ခဲ.ရသည်။၁၇၉၄ ခုနှစ်မှ ၁၇၉၅ ခုနှစ်တွင်မူ ခေတ္တ တပ်မဟာမူးအဖြစ် ကော်စီကာကျွန်းပေါ်တွင် စစ်ဆင်ခဲ.ရသည်။ထိုနောက်တွင် ၀က်စ်အင်ဒီးသို.သွားရောက်တာဝန်ထမ်းဆောင်ပြီး ၁၇၉၈ ခုနှစ်တွင်မူ အိုင်ယာလန် ပုန်ကန်မူကို နှိမ်နင်းခဲ့သည်။ဝက်စ်အင်ဒီးနှင့် အိုင်ယာလန်တိုက်ပွဲစဉ်များတွင်ခြေလျှင်တပ်ခင်းအကျင်း (နည်းဗျူဟာ)တစ်ခုကို သူတီထွင်ခဲ့သည်။မိုး၏နည်းဗျူဟာဟူဆိုကာသူနာမည်နှင့်တွဲကာ ခေါ်ဝေါ်သုံးစွဲကြသည်။ရှေချီတပ်ရင်းကိုအဖွဲ.ငယ်များခွဲကာ ခပ်ကျဲကျဲလူပ် ရှားစေသည်။တိုက်ပွဲငယ်တွေဖြစ်နိုင်သည်။ကိုဘက်ကဆုပ်ပေးရတာလည်းရှိနိုင် သည်။နောက်ကမှကျစ်လစ်သိပ်သည်းသောအဖွဲ.များကိုရင်ပေါင်တန်းထားသော ခြေလျှင်တပ်က လိုက်လာသည်။ပင်မတပ်ဖြစ်သည်။ခိုင်မာသောတံတိုင်းကြီးနှင့်တူသည်။၁၇၉၉ခုနှစ် အင်္ဂလန်နှင့်ရှရှားတိုပူ ပေါင်းကာ ဟော်လန်ကိုဝင်တိုက်ခိုက်ရာတွင် အဲ့လ်စ်မားတိုက်ပွဲတွင် သူဒဏ်ရာရခဲ့သည်။ထို.နောက်ဆာရပ်အက်ဘာခရွန်ဘီလက်အောက်တွင် တပ်မမူးတာဝန်ထမ်းဆောင်ရန် အီဂျစ် သို.သွားရောက်ခဲ့ရသည်။ နောက်တနှစ် တွင် အလက်ဇန္ဒီးယား တွင် ဒဏ်ရာထပ်မံရရှိပြန်သည်။ ၁၈၀၃ ခုနှစ်တွင်အင်္ဂလန်သို.ပြန်လည်အနားယူရသည်။၁၈၀၄ခုနှစ် သူကို '  ဆာ     " ဘွဲ.အပ်နှင်းခဲ့သည်။နပိုလီယံက အင်္ဂလန်ကိုဝင်ရောက်တိုက်ခိုက်ရန် ပြင်သစ် ကမ်းခြေတပ် များကို စုစည်းနေသောအခါ ဗြိတိသျှတို. ကမိုးကိုကင့်သို.စေလွှတ်ပြီးတပ်မဟာကိုတစ်ခုကို ကွပ်ကဲစေသည်။ မိုးလည်း နပိုလီယံကို ရင်ဆိုင်ရန် သူ.တပ်မဟာကို ရှောကလစ်အရပ်သို.ခေါ်သွားပြီး လေ့ကျင့်ပြင်ဆင်သည်။မိုးကသူတပ်ကိုပွဲငယ်ပွဲသေး နည်းဗျူဟာအခင်းကျင်းကို အသားကျအောင်လေ့ကျင့်ပေးသည်။ဓား လှံခေတ်တုန်းကလို မားမားမတ်မတ်ရင်ဆိုင်မည့်အစားအကာကွယ်သုံးတတ်ရန်သင်ပေးသည်။ အခြေနေကိုသုံးသတ်ပြီး ကိုယ်ပိုင်ထိုးထွင်းဥာဏ်အသုံးပြု လုပ်ကိုင် ရန် အားပေးသည်။သူ၏လေ့ကျင့်ရေးပုံစံမှာလည်းပြောင်းလည်းသွားသည်။ကြာပွတ်ဖြင့် ရိုက်နှက်စေမည့်အစားနမူနာလုပ်ပြသောနည်း (သရုပ်ပြခြင်း )ကိုစတင် အသုံးပြုသည်။၎င်းနည်းသည်ဗြိတိသျှ ကြည်းတပ်၏လေ့ကျင့်မူရေး အခြေခံဖြစ်သွားသည်။ ခြေလျှင်တပ်တွေက သူကိုလေ့ကျင့်ရေး၏ ဖခင်ဖြစ် အသိမှတ်ပြုကြလေသည်။

0 comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...