Thursday, June 6, 2013

ဓါတ်လိုက်နေသူအား သွားရောက်ဖယ်ရှားရာမှ (၂)ဦးစလုံးဓါတ်လိုက်သေဆုံး Posted: 05 Jun 2013 05:38 AM PDT


၅.၆.၂၀၁၃ ရက်နေ့ ၀၆၀၀ အချိန် ကွမ်းခြံကုန်းမြို့နယ်၊ လက်ခုပ်ကုန်းကျေးရွာအနောက်ပိုင်းနေ မဌေးဌေးဝင်း၊ ၄၀နှစ်၊ (ဘ)ဦးနီ သည် နေအိမ်နောက်ဖေးရှိ ရေအိမ်သို့သွားစဉ် လမ်းကြားဓါတ်တိုင်မှ နေအိမ်သို့ သွယ်တန်းထားသည့် ပြုတ်ကျနေသော လျှပ်စစ်မီးကြိုးအား ထိမိပြီးဓါတ်လိုက်နေ၍ အိမ်ချင်းကပ်နေ မဇာဇာနွယ်၊ ၃၅နှစ်၊(ဘ)ဦးစိုးဝင်းမှ သွားရောက်ဆွဲယူဖယ်ရှားရာ မဇာဇာနွယ်ပါထပ်မံဓါတ်လိုက်ပြီး ၎င်းတို့ (၂)ဦးစလုံးဓါတ်လိုက်သေဆုံးသွားခဲ့သဖြင့် လက်ခုပ်ကုန်းနယ်မြေရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ် (၁/၂၀၁၃)ဖြင့် ရေးဖွင့် စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ က သတင်း ထုတ်ပြန်ထားပါသည်။ 

Myanmar News Now 

0 comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...