Sunday, June 9, 2013

ဒီချုပ်ဥက္ကဌ ပြင်ဦးလွင်ဒေသခံများနှင့်တွေ့ဆုံကာပြည်သူများ၏မေးမြန်းချက်များကိုဖြေကြား Posted: 09 Jun 2013 06:21 AM PDT


အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ နေ့လည် ၁၂ နာရီခန့်တွင် ပြင်ဦးလွင်မြို့သို့ ရောက်ရှိခဲ့သည်။ ထို့နောက် နေ့လည် ၂ နာရီတွင် ပြင်ဦးလွင်မြို့ မဟာအံ့ထူးကံသာ ဘုရားအနီး ပြင်ဦးလွင် မီးပုံးပျံကွင်းတွင် ဒေသခံ ပြည်သူလူထုကို မိန့်ခွန်းပြောကြားခဲ့သည်။ ပြင်ဦးလွင်ကို လာရောက်တာဟာ ရွှေးကောက်ပွဲနိုင်လာမည်ဟုပြောခဲ့တဲ့လာရောက်ကြောင်း ၊ ပြည်သူလူထုကမေးမြန်းမှုများကိုပြန်လည်ဖြေကြားရာတွင် မြန်မာနိုင်ငံတွင် တရားဥပဒေဆိုးမိုးမှုအားနည်းကြောင်း တရားဥပဒေဆိုးမိုးမှုလိုအပ်ကြောင်း ၊နိုင်ငံတွင်ဖြစ်ပွားနေသော ပဋိပက္ခများနှင့်ပတ်သက်၍ အုပ်ချုပ်ရေးပိုင်းတွင်တာဝန်ရှိကြောင်း ၊ အိုးအိမ်များ လယ်ယာမြေများသိမ်းစည်းမှုနှင့်ပတ်သက်၍ တာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း စသည်ဖြင့်ပြောကြားသွားပြီး တွေ့ဆုံပွဲကိုညနေ ၄ နာရီခန့်တွင် ရပ်နားခဲ့သည်။

National League for Democracy







0 comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...