Thursday, June 6, 2013

စမ်းချောင်းမြို့နယ်ရှိ ဟိုတယ်တွင်သေဆုံးသူဆရာဝန်၏ အလောင်းအား ရင်ခွဲစစ်ဆေး

Wednesday, June 5, 2013


၂.၆.၂၀၁၃ ရက်နေ့ ၂၂၃၀ အချိန် စမ်းချောင်းမြို့နယ်၊ ဓမ္မာရုံလမ်းရှိ ဟိုတယ်တွင် ရောက်ရှိတည်းခိုနေထိုင်သူ ဆရာဝန်စိုင်းဘိုဘိုထွန်းအား ၃.၆.၂၀၁၃ ရက်နေ့ ၁၆၀၀ အချိန်တွင် အခန်းခရှင်းရန် အတွက် ဟိုတယ်ဝန်ထမ်းမှ ခေါ်ရာမရသဖြင့် ရဲစခန်းသို့အကြောင်းကြားပြီး အခန်းအား ဖွင့်လှစ်စစ်ဆေးရာ သေဆုံးနေသည်ကိုတွေ့ရှိရသဖြင့် စမ်းချောင်းမြို့မရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ် ၁၂/၂၀၁၃ ဖြင့်ဖွင့်လှစ်စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

၎.၆.၂၀၁၃ ရက်နေ့ ၁၁၃၀ အချိန် သေဆုံးသူ၏အလောင်းအား ရန်ကုန်ဆေးရုံကြီး၊မှုခင်းဘက်ဆိုင်ရာ ဆရာဝန်ကြီးရုံးရှိ ခွဲစိတ်ခန်းတွင်ပဏာမရင်ခွဲစစ်ဆေးရာ တာဝန်ခံဆရာဝန်မှ
ပြင်ပဒဏ်ရာမရှိဘဲ ရုတ်တရက်သွေးဆုတ်သေဆုံးခြင်း ( Acute Circulatory Collapse ) ဖြစ်ကြောင်း
ပြောပြသိရှိရပြီး သေဆုံးသူ၏အစာအိမ်အား ခွဲစိတ်စစ်ဆေးရာ အစာအိမ်အတွင်း၌ ကျေညက်ခြင်းမရှိသေးသည့် အဖြူရောင်ဆေးပြားငယ်များ တွေ့ရှိကြောင်းနှင့် သေမှုသေခင်းအား စစ်ဆေးသူ စခန်းမှုးမှ သေဆုံးသူတည်းခို နေထိုင်သည့် အခန်းအမှတ် ၄၀၈ အားဖွင့်စဉ် သေဆုံးသူသည် အခန်းသော့လော့ချပြီး သံကြိုးသော့ပါအထဲမှ ချိတ်ဆက်ပိတ်ထားကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ က သတင်း ထုတ်ပြန်ထားပါသည်။

0 comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...