Thursday, October 3, 2013

အသားများကို စားသုံးရာတွင် ကျန်းမာရေးနှင့် ညီညွတ်အောင် ဘယ်လိုကင်မလဲ


                  
အသားများတဲ့အတုံးကို ရွေးဝယ်ပါ။ မကင်ခင်အဆီများကို ပြောင်နေအောင် ဖယ်ရှားပါ။ အဆီကို မီးလောင်လျှင် ကျပ်ခိုးစွဲခြင်းပိုများ တတ်သည်။
- အသားတုံးကို မီးမကင်မီ ရှာလ ကာရည်နှင့် နယ်ဖတ်ခြင်းဖြင့် ကင် ဆာဖြစ်စေသည့် ဒြပ်ပေါင်းများဖွဲ့ စည်းမှု (၈၈) ရာနှုန်းကျဆင်းစေသည်။
- ငါးသည် အသားထက်အကျက်မြန် သည်။ မီးကင်သည့်အချိန်နည်းလေ လေ၊ ကျပ်ခိုးစွဲသည့်ပမာဏ နည်း လေလေဖြစ်ပြီး ကင်ဆာဖြစ်စေသည့် ဒြပ်ပေါင်းပါဝင်မှုလျှော့ချနိုင်သည်။
- ဟော့ဒေါ့များ၊ ဝက်အူချောင်းများ၊ ယိုးဒယားအသားကင်များရှောင်ပါ။ ကြာရှည်ခံအောင် ထည့်သွင်းထား သည့် ဓါတုပစ္စည်းများကြောင့် ကင် ဆာဖြစ်စေသည့် ကာဗွန်ဓါတ်များ ပိုထွက်လာစေသည်။
- မီးမတောက်ပါစေနှင့်၊ အသားကို မီးမစွဲပါစေနှင့်၊ အသားများအိုးနှင့် မကပ်စေရန် မီးကင်သည့် ဇကာအိုး ကို ဆီသုတ်ပါ။
- ဟင်းရွက်များပါထည့်ကင်ပါ။ ကင် ဆာဖြစ်စေသည့် ဒြပ်ပေါင်းများသည် အသားတုံးများ၌သာ ဖြစ်ပေါ်ပြီး အရွက်များ၏ phytochemical ဒြပ် ပေါင်းများက ကင်ဆာဖြစ်ပွားမှု လျော့ ကျစေသည်။
- တစ်ခါကင်ပြီးတိုင်း ဇကာကိုပြောင် နေအောင် တိုက်ချွတ်ဆေးကြောပါ။ ဇကာမဆေးဘဲထားလျှင် ကျပ်ခိုးများ ထပ်ကာထပ်ကာစွဲပြီး တစ်ခါကင်တိုင်း ကင်ဆာဖြစ်စေသည့် ဒြပ်ပေါင်းများ စုပုံလာတတ်သည်။

သီဟ
Source:RD
Health Updates Journal
 

0 comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...