Tuesday, April 30, 2013
သုံးခွမြို့ မှ GSM ဖုန်းလိုင်း ခေါ်မရ၊ ပြောမရ ဖြစ်နေရမှု Posted: 29 Apr 2013 04:30 AM PDT
နေ့ ခင်းဘက် ဖုန်းတစ်ခါ ခေါ်ချင်ရင် လိုင်းအရမ်းကျပ်နေလို့ ခဏခဏ ခေါ်မှ လိုင်းဝင်ပြီး ဖုန်းတစ်ခါပြောမယ် ဆိုရင် လေးခါ ငါးခါ ခေါ်ဆိုနေရပါတယ်။ ဖုန်းပြောလို့ အဆင်မပြေဖြစ်လို့  မက့် ဆေ့ ပိုပြန်တော့လဲ မက်ဆေ့ ပိုလိုတောင်မရတာ အတော်ကြာနေပါပြီ။ ညနေ ၆နာရီ် ကျော်လာရင်
ဖုန်းခေါ်လို့  လုံးဝမရတော့ ပါ။ မက်ဆေ့ ပို့ လို့ လဲ မရတော့ ပါ။ တခြားမြို့ မှ သုံးခွမြို့ က ဖုန်းတွေကိုခေါ်ဆိုနေရင်လဲ (ဆက်သွယ်မှုဧရိယာ ပြင်ပသို့ ရောက်ရှိနေပါသဖြင့် ခေါ်ဆိုမရနိုင်ပါ)
 အဲဒီလိုပဲ ဖြေနေပါတယ်။ ထိုသို့ ဖုန်းလိုင်းများ ကျပ်နေရသည့် အတွက် နောက်ထပ် GSM ဖုန်းလိုင်းများ ချပေးမှာကို လက်ရှိ ဖုန်းသုံးစွဲ နေသူများမှ စိုးရိမ်ကြောင့်ကျ နေရတယ်လို့ မြို့ ခံတွေက ဆိုပါတယ်။
ထိုကဲ့သို့ GSM ဖုန်း တာဝါတိုင်နှင့် သုံးစွဲသည့် GSM ဖုန်း အရေအတွက် မမျှတမှုတို့ကြောင့်   ဖုန်းပြောဆိုရမှု ခက်ခဲနေရတာကို သုံးခွမြို့ မှ ဆက်သွယ်ရေး တာဝန်ရှိသူများကလဲ ဘာမှပြုလုပ်ပေးခြင်း မရှိသည့်အတွက် သုံခွမြို့မှ ဖုန်းသုံးစွဲသူ(ပြည်သူ ပြည်သားများ) (တောင်သူ ဦးကြီးများ) ရဟန်း ရှင်လူ မြို့သူမြို့သားများဟာ GSM ဖုန်း သုံးစွဲရတာကို အလွန်ကိုပဲ အခက်အခဲ ကြုံတွေနေရပါကြောင်း သုံးခွမြို့မှ GSM ဖုန်းကိုင်ဆောင်သူ ပြည်သူများက Myanmar News Now ကို ပြောပါတယ်။
သစ်ထူးလွင်
0 comments:
Post a Comment
LinkWithin
Related Posts Plugin for WordPress, Blogger...