မန်းကျုံးရေပြင်တွင် ရေနစ်သေဆုံးသည်ဟု ယူဆရသည့် လူသေအလောင်းတစ်လောင်း တွေ့ရှိမှု ယနေ့မနက် ၁နာရီ ၄၅မီနစ်ခန့်က ဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ ည ၁၁နာရီခန့် လှည့်ကင်းရဲများ ကင်းလှည့်စဉ် ၂၆လမ်း၊ ၇၀-၇၁လမ်းကြား ကျုံးဘေးပလက် ဖောင်းတွင် ၁ယ/၅၂၅၆၀တစ်စီးရပ်ထားသည်မှာ ကြာမြင့်နေသောကြောင့် လှည့်ကင်းရဲများမှ စစ်ဆေးရာ ဆိုင် ကယ်နှင့်အတူ ဂိုးလွှမ်းပိုင်အမည်ပါ နိုင်ငံသားကဒ်ပြားတစ်ခု၊ ယာဉ်မောင်းလိုင်စဉ်တစ်ခု၊ ဓာတ်ပုံနှစ်ပုံ၊ မန်မိုရီကဒ်တစ် ကဒ်၊ မျက်မှန်တစ်လက်၊ ဂွင်းထိုးဖိနစ်တစ်ရံတို့ကို တွေ့ရှိခဲ့ပြီး အနီးနားဝန်းကျင်အား ထိုဆိုင်ကယ်ပိုင်ရှင်အား လိုက်ရှာရာတွင် မတွေ့ဘဲ ကျုံးရေပြင်သို့ရှာဖွေရာ ၁နာရီ ၄၅မီနစ်အချိန်တွင် လူသေအလောင်းတစ်လောင်း ကျုးရေပြင်မှာ တွေ့ရှိခဲ့ကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
အလောင်းမှာ ပြင်ပဒဏ်ရာမတွေ့ရှိ ရဘဲ ရေနစ်သေဆုံးသည်ဟု ယူဆရသောကြောင့် ခွဲစိတ်စစ်ဆေးရန် မန္တလေးမြို့ အထွေထွေရောဂါကုဆေးရုံ ကြီးသို့ ပို့ဆောင်ထားပြီး သေဆုံးသူမှာ မှတ်ပုံတင်လိပ်စားများအရ ချမ်းအေးသာစံမြို့နယ် ဟေမာဇလရပ်ကွက် တွင်နေထိုင်သူဖြစ်ပြီး အမှုအား အမှတ်(၂)ရဲစခန်းမှ သေမှုသေခင်းအမှတ် ၃၅/၂၀၁၃အရအမှုဖွင့်အရေးယူထား ကြောင်း ရဲမှတ်တမ်းများမှသိ၇သည်။
ဖိုးလပြည့် - Popular Myanmar News Journal
0 comments:
Post a Comment