Thursday, July 4, 2013

Thursday, July 4, 2013 လူငယ်များ ကော်ရှူသည့်ကိစ္စ သမ္မတဆီ သ၀ဏ်လွှာပေး ဆောင်ရွက်မည်


ဒီနေ့ လူငယ်လူရွယ်လေးတွေကြားမှာ ဖြစ်ပေါ်နေတဲ့ မူးယစ်ဆေးဝါးပုံစံ ကော်ရှူတဲ့ ဓလေ့နဲ့ ပတ်သက်ပြီး အမျိုးသားရေး ပြဿနာတရပ်ဖြစ်တာကြောင့် သမ္မတဆီကို သ၀ဏ်လွှာပေးပို့ အကြောင်းကြားသွားမယ့်အပြင် ၀န်ကြီးဌာနအသီးသီး စုပေါင်းဖြေရှင်းပေးဖို့ အစိုးရအဖွဲ့ကိုလည်း အကြောင်းကြားသွားမယ်လို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောပါတယ်။

ဇူလိုင် ၄ ရက်နေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ထီးချိုင့်မြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးစိုးစိုးက ကော်ရှူတဲ့ ဓလေ့နဲ့ ပတ်သက်ပြီး ဥပဒေကြောင်းအပါအ၀င် ဘယ်လို အရေးယူမှုတွေ လုပ်သွားမလဲ ဆိုပြီး မေးတဲ့အပေါ် အခုလို မှတ်ချက် ပေးလိုက်တာပါ။

ကျန်းမာရေး ဒုဝန်ကြီးကတော့ “ကော်”ဟာ မူးယစ်ဆေးလို့ သတ်မှတ်ထားတာ မဟုတ်လို့ ဥပဒေအရ အရေးယူလို့ မရနိုင်ကြောင်း၊ ဒါပေမယ့် ကော်ရှူတဲ့ ဓလေ့ကို သုတေသနလုပ်ပြီး ပညာပေးမှုတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်သွားမယ်လို့ ဖြေကြားခဲ့ပါတယ်။ 

by ဒီဗွီဘီ

0 comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...