Saturday, July 6, 2013

Saturday, July 6, 2013 လမ်းလယ်တွင် ဘတ်စ်ကားများ လူအတင်အချ ပြုလုပ်ပါက ဒဏ်ရိုက် အရေး ယူရန်ရှိ


ရန်ကုန်တိုင်း ဒေသကြီး အတွင်းမှာ မောင်းနှင် လျက်ရှိတဲ့ ခရီးသည်တင် ယာဉ်အချို့ဟာ လက်ရှိ ကာလမှာ လမ်းမ အလယ်ခေါင် များမှာ ရပ်တန့်ပြီး လူအတင်အချ ဆောင်ရွက် နေတာကို တွေ့ရပါတယ်။ 

ဒါကြောင့် ရန်ကုန်တိုင်း ဒေသကြီး ကြိုးမဲ့ကြေးနန်းနှင့် ယာဉ်ထိန်းရဲ တပ်ဖွဲ့မှူးရုံးနဲ့ မ.ထ.သ ဗဟိုတို့ ပူးပေါင်းကာ အဆိုပါ ကိစ္စများ လျော့ပါးအောင် အရေးယူ ဆောင်ရွက် လျက်ရှိပါတယ်။

 ဒီလို အရေးယူ ဆောင်ရွက်ရာမှာ မှတ်တိုင် မဟုတ်ဘဲ ရပ်တန့်ပြီး လူအတင်အချ ပြုလုပ်ပါက ဒဏ်ငွေ ၂၁၅၀၀ ပေးဆောင်ရမှာ ဖြစ်ပါတယ်။

အဲ့ဒီလို ပေးဆောင်ရာ မှာလည်း ယာဉ်မောင်းများ အတွက် ယာဉ်စည်းကမ်း ထိန်းသိမ်းမှု အရေးယူ ဆောင်ရွက်ခြင်း ပြုပေမယ့် ယာဉ်ကို စည်းစနစ်ကျစွာ မောင်းနှင်မှု မရှိပါ ကလည်း ဥပဒေအရ အရေးယူမှုများ ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ 

ဒီလို အရေးယူမှုတွေ အပြင် ယာဉ်မောင်းများ အနေနဲ့ ကျော်တက်ခြင်း၊ တစ်စီးနဲ့ တစ်စီး ကားပြိုင်မောင်းခြင်း၊ မှတ်တိုင် မဟုတ်ဘဲ ရပ်ခြင်းများ ပြုလုပ်ပါက အရေးယူ ဆောင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Mrtv-4                  

0 comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...