Saturday, July 6, 2013

Friday, July 5, 2013 စစ်တပ်က သိမ်းယူထားတဲ့ လယ်မြေတွေ လယ်ပိုင်ရှင်မိဘပြည်သူများကို ပြန်ပေးမည်ဟုဆို


စစ်တပ်က သိမ်းဆည်းထားပြီး အသုံးမပြုတော့တဲ့ လယ်မြေတွေကို မကြာခင်မှာ ဒေသခံတွေကို ပြန်ပေးသွားဖို့ရှိတယ်လို့ ပြည်ထောင်စု လွှတ်တော်က ဖွဲ့စည်းထားတဲ့ လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းခံရမှုစုံစမ်းရေးကော်မရှင်အဖွဲ့ခွဲ(၄) ခေါင်းဆောင် ဦးသိန်းထွန်းဦးက ဒီကနေ့ ပြောလိုက်ပါတယ်။

ဒီကနေ့ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးခန်းမှာပြုလုပ်တဲ့ တောင်သူတွေနဲ့ တွေ့ဆုံပွဲမှာ ဦးသိန်းထွန်းဦးက ပြောကြားလိုက်တာပါ။

"တပ်မြေကိစ္စနဲ့ ပတ်သက်လို့ကတော့ ထွန်တုံးတိုက်ပွဲတွေဘာတွေ မလုပ်ပါနဲ့တော့၊ ကျနော်တို့ရမယ်ဆိုတာ သေချာပေါက်သိနေတဲ့ဟာကို ကျနော်တို့ ဘာလို့လုပ်တော့မှာတုန်း၊ ဒီလိုဆန္ဒဖော်ထုတ်တဲ့ ပုံစံမျိုးတွေလုပ်တယ်ဆိုတာကို လွှတ်တော်ကလည်းသိတယ်၊ အစိုးရကလည်းသိတယ်၊ အကောင်အထည်ဖော်မယ့် ဌာနဆိုင်ရာအဖွဲ့အစည်းကလည်းသိနေမှတော့ ကျနော်တို့ ထွန်တုံးတိုက်ပွဲလုပ်လို့ နွားလည်းမောတယ်၊ လူလည်းပင်ပန်းပါတယ်၊ အဲဒီတော့ မိမိနဲ့ လက်လှမ်းမီတဲ့ တောင်သူလယ်သမားတွေလည်း ပြောပေးပါ၊ စိတ်ရှည်သည်းခံပြီးစောင့်နေပါ"

နေပြည်တော်မှာလည်း အရင်စစ်အစိုးရလက်ထက်က မြို့သစ်တည်ဆောက်မှု၊ စစ်တပ်က တပ်မြေအတွက် သိမ်းဆည်းမှုတွေရှိခဲ့ပါတယ်။

ဒီကနေ့ တွေ့ဆုံပွဲမှာ လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းရေးကော်မရှင်အဖွဲ့မှအဖွဲ့ခွဲ ( ၄ ) ခေါင်းဆောင် လွှတ်တ်ာကိုယ်စားလှယ် ဦးသိန်းထွန်းဦး အပါအဝင် ဒေါ်စန္ဒာမင်း၊ ဦးစိန်ဝင်း၊ ဦးမန်းဂျော်နီစတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဒေသခံတောင်သူ ၅ဝ ကျော် တက်ရောက်ခဲ့ပါတယ်။

RFA Burmese            

0 comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...