Monday, May 27, 2013

တောင်ကိုရီးယားနိုင်ငံတွင် အထပ်မြင့်မှ ခုန်ချကာ မိမိကိုယ်ကို အဆုံးစီရင်သူကြောင့် အသက် ၇ နှစ်အရွယ် မိန်းကလေးတစ်ဦး သေဆုံး Posted: 26 May 2013 12:02 AM PDT


တောင်ကိုရီးယား နိုင်ငံ ဘူဆန် တောင်ပိုင်းရှိ အသက် (၄၀) အရွယ်ရှိ Jang ဆိုသူသည် ၄င်းနေထိုင်ရာ အထပ်မြင့် အဆောက်အဦး၏ ၁၀ လွှာမှ ခုန်ချကာ မိမိကိုယ်ကို အဆုံးစီရင်ခဲ့ရာ ၄င်းပြုတ်ကျသည့် အရှိန်ဖြင့် ရိုက်မိခဲ့သည့် အသက် (၇) နှစ်အရွယ် တောင်ကိုရီးယား မိန်းကလေးငယ် တစ်ဦးလည်း သေဆုံးခဲ့ရကြောင်း

SBS ရုပ်သံလိုင်းမှ သတင်း ထုတ်ပြန်ခဲ့သည်။ အဆုံးစီရင်ခဲ့သူ Jang မှာ အခင်းဖြစ်ပွားရာ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့ပြီး ၄င်းနှင့် ရိုက်မိခဲ့သည့် မိန်းကလေးငယ်မှာ ဆေးရုံသို့ ရောက်ပြီး မကြာခင် သေဆုံးခဲ့ရသည်။

Jang မှာ စိတ်ကျရောဂါနှင် စိတ်ဝေဒနာ ခံစားနေရသူ တစ်ဦးဖြစ်သည်။ စီးပွားရေး ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုနှင့် ဖွံ့ဖြိုး တိုးတက်မှုအဖွဲ့ဝင် နိုင်ငံများ အနက် တောင်ကိုရီးယား နိုင်ငံသည် မိမိကိုယ် အဆုံးစီရင်မှု အဖြစ်ပွား ဆုံး နိုင်ငံဖြစ်ပြီး ၂၀၁၀ ခုနှစ်အတွင်း မိမိကိုယ်ကို အဆုံးစီရင်သူ အရေအတွက်မှာ ပျမ်းမျှ လူ အယောက် (၁၀၀၀၀၀) တွင် (၃၃) ယောက်ကျော် ရှိကြောင်း ၊ တစ်နေ့လျှင် မိမိကိုယ်ကို အဆုံးစီရင်မှု အကြိမ် (၅၀) ခန့် ဖြစ်ပွားကြောင်း သိရှိရသည်။

Source: AFP
MRTV4

0 comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...