Thursday, May 30, 2013

မန္တလေးတွင် သာသနာညှိုးနွမ်းအောင် ပြုလုပ်သူတစ်ဦးကို တွေ့ရှိအရေးယူ Posted: 30 May 2013 01:38 AM PDT မန္တလေး၊ မေ ၂၉


မန္တလေးတိုင်း ဒေသကြီး၊ မန္တလေးခရိုင်၊ ချမ်းအေး သာဇံမြို့နယ်၊ လမ်း၈၀×၈၁လမ်းနှင့်၂၇လမ်း အနီးတစ်ဝိုက်၌ မေ၂၉ရက် ညနေ၅နာရီ အချိန်က မြန်မာနိုင်ငံလုံး ဆိုင်ရာ မော်လဝီ အဖွဲ့ချုပ်
အမှတ်စဉ် ကဒ်ပြား တစ်ခုကို အသုံးပြု၍ သာသနာညှိုး နွမ်းအောင် ပြုလုပ်သူတစ်ဦး ကို တွေ့ရှိရသဖြင့် ချမ်းအေးသာဇံ အရှေ့ရပ်ကွက်၊ အကွက်မှူးမှ ယင်းမြို့နယ် မြို့မရဲစခန်း အမှတ်(၈)ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှသိရသည်။

“သူကဘာသာရေးဝတ်စုံတွေလည်းဝတ်လာတယ်၊နောက်ပြီး ကျမ်းစာအုပ်တွေလည်း ပါလာတယ်။အဲ့နား (လမ်း၈၀×၈၁လမ်းနှင့်၂၇လမ်း )ကဗလီ ထဲဝင်လာပြီး မသင်္ကာတဲ့ပုံစံနဲ့မို့ မေးသင့်မေးထိုက်တာမေးတယ်၊ အထောက်ထားလည်း မပြနိုင်ဘူး၊ တခြားသူတွေဒုက္ခမရောက်အောင်
တာဝန်ရှိသူတွေက ပို့လိုက်တာပါ”ဟု ဗလီ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

သာသနာညှိုးနွမ်းအောင်ပြုလုပ်သူဟု စွပ်စွဲခံရသူမှာ မကွေးတိုင်း ဒေသကြီး၊ ချမ်းမြသာယာကျေးရွာတွင်နေထိုင်သူဖြစ်ကြောင်း၊ချမ်းအေးသာဇံမြို့နယ်၊ မြို့မရဲစခန်းအမှတ်၉မှ မေလ၂၉ရက် နေ့ညနေ၆နာရီတွင် ရဲအရေးမပိုင်မှု အမှတ်စဥ်၁၆/၂၀၁၃ပြစ်မှုပုဒ်မ၂၉၅(က)နှင့်အရေးယူထာပြီး မေလ၃ဝရက်နေ့တွင် တရားစွဲဆိုသွားမည်ဖြစ်ကြောင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

The Voice Weekly

0 comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...