Wednesday, May 22, 2013

ပဲခူးမြို့ ကလေးစစ်သားအမှု

၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့တွင် စစ်တပ်အတွင်းသို့ ကားဆေးမှုတ်ရန် သွားရောက်ရင်း ကလေးစစ်သားအဖြစ် စုဆောင်းခံရသည့် မောင်ချစ်နိုးသူ - ကိုယ်ပိုင်အမှတ် - တ/၄၇၆၄၈၆ ( မွေးသက္ကရာဇ် -၁၉၉၆ခုနှစ်) မောင်အောင်ကိုဟန်း - ကိုယ်ပိုင်အမှတ် - တ/၄၇၆၄၈၇ (မွေးသက္ကရာဇ် - ၁၃၊၂၊၁၉၉၆)တို့အား ပျောက်ပြီး ၁လကျော်အကြာတွင် ILO၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီများသို့ တိုင်ကြားသော်လည်း မေလအထိ အကြောင်းမထူးသေးကြောင်း သိရှိရပါသည်။

 ၎င်းတို့အား ဦးခင်ဇော်မှ ကရင်ပြည်နယ် ကော့ကရိတ် မြို့နယ် အမှတ် (၅၄၈) ခလဂ နဘူးတပ်အတွက် စစ်သားအဖြစ် စုဆောင်းခဲ့ကြောင်း မော်လမြိုင် အမှတ် (၅၂၅) ထောက်ပို့တပ်တွင် ခေတ္တခဏထားပြီး ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့ အမှတ် (၁) စစ်လေ့ကျင့်ရေး ဖောင်ကြီးသင်တန်းကျောင်းတွင် ရောက်ရှိနေကြောင်း သိရပါသည်။

Burma VJ Media Network


မောင်ချစ်နိုးသူ - ကိုယ်ပိုင်အမှတ် - တ/၄၇၆၄၈၆ (မျှားပြထားသူ)

0 comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...