နေပြည်တော်၊ မေ ၂၄
၂၃-၅-၂၀၁၃ ရက်နေ့ ၀၉၀၀ အချိန် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ““ခိုင်လုံ””ကျောက်မျက်ကုမ္ပဏီလု
ပ်ကွက်၊ အမြင့်ပေ(၄၀)ခန့်ရှိ မြေစာပုံဟောင်းမှမြေစာများ ရုတ်တရက် ပြိုကျသဖြင့် မြေစာပုံအောက်ခြေတွင် ရေမဆေးကျောက်ရှာဖွေနေသည့် ဖားကန့်မြို့နယ်၊ သာယာကုန်း ကျေးရွာနေ အောင်ကျော်ညွန့်(၄၂)နှစ်မှာ ယာဘက်ရင်အုံပွန်းပဲ့၊ ၀ဲဘက်နားထင်ပွန်းပဲ့ဒဏ်ရာများ ရရှိ၍ အခင်းဖြစ်နေရာတွင်သေဆုံးခဲ့ပြီး ဖားကန့်မြို့နယ်၊ မှော်စီစာကျေးရွာ၊ ရွာမရပ်ကွက်နေ ခင်မောင်ထွေး(၃၀)နှစ်မှာ ယာဘက်ပုခုံးပွန်းပဲ့၊ ယာဘက်ဒူးခေါင်းပွန်းပဲ့ဒဏ်ရာမျာ
း ရရှိခဲ့သည်။ သို့ဖြစ်၍ သေဆုံးသူ၏အလောင်းနှင့် ဒဏ်ရာရရှိသူခင်မောင်ထွေးတို့အား လုံးခင်းတိုက်နယ်ဆေးရုံသို့ပို
့ဆောင်ခဲ့ပြီး ဖားကန့်မြို့မရဲစခန်း သေမှုသေခင်းအမှတ်စဉ်(၂၂/၂၀၁၃)ြ
ဖင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်း ရရှိသည်။
ရဲဇာနည် (Facebook)
0 comments:
Post a Comment